သေသောသူ ကြာရင်မေ့ဆိုပေမယ့် အချို့တွေမှာတော့ အချိန်ကြာသွားလည်း မမေ့နိုင်ပါဘူး။ အိန္ဒိယနိုင်ငံက အမျိုးသားတစ်ယောက်ဟာ ကွယ်လွန်သွားတဲ့ဇနီးသည်ကို သတိရတဲ့အထိမ်းအမှတ်အနေနဲ့ ဇနီးသည်နဲ့ပုံစံတူ ၃၀ ကီလိုဂရမ်လေးတဲ့ ဆီလီကွန်အရုပ်ကြီး ပြုလုပ်ခဲ့ပါတယ်။


Tapas Sandilya က ပင်စင်ယူထားတဲ့အစိုးရဝန်ထမ်းတစ်ဦးဖြစ်ပြီး အိန္ဒိယနိုင်ငံမှာနေထိုင်ပါတယ်။ အသက် ၃၉ နှစ်အရွယ် သူ့ရဲ့အမျိုးသမီးကတော့ ကိုဗစ်ရောဂါနဲ့ ၂၀၂၁ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။


ဇနီးသည် Indrani က ဆေးရုံတက်နေရပြီး Tapas ကတော့ အိမ်မှာ ကျန်နေခဲ့ရပါတယ်။ ဇနီးသည်ကွယ်လွန်ချိန်မှာတော့ သီးခြားစီခွဲနေရတာဖြစ်တာကြောင့် အနားမှာ မရှိပေးနိုင်ခဲ့ပါဘူး။


ဇနီးသည်ကို အရမ်းလွမ်းဆွတ်နေတာကြောင့် ပုံစံတူဆီလီကွန်ရုပ်တုကြီး ပြုလုပ်ခဲ့ပါတယ်။ ဆီလီကွန်ရုပ်တုကြီးကို ပြုလုပ်ဖို့ ၆ လကြာခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ထောင် ကုန်ကျခဲ့ပါတယ်။


Indrani က သူမ အရင်ကွယ်လွန်သွားခဲ့ရင် သူမနဲ့ပုံစံတူရုပ်တုကို ထားရှိပေးဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဇနီးသည်ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းဖို့ Tapas က မဖြစ်ဖြစ်အောင် ကြိုးစားအားထုတ်ခဲ့ပါတယ်။

အသက် ၆၅ နှစ်အရွယ်က Indrani ရဲ့ မျက်နှာအမူအရာနဲ့ ပုံစံတူရဖို့ ဂရုတစိုက် စီမံခဲ့တာပါ။ နောက်ဆုံးမှာတော့ အရမ်းကို အသက်ဝင်တဲ့ Indrani ရဲ့ပုံစံတူရုပ်တု ရရှိလာပါတယ်။


ရုပ်တုကို သူမ မင်္ဂလာဆောင်စဉ်က ဝတ်ခဲ့တဲ့ဝတ်စုံလေး ဝတ်ပေးခဲ့ပါတယ်။ အရုပ်ကိုလည်း အိမ်က သူမအကြိုက်ဆုံးနေရာမှာ ထားပေးခဲ့ပါတယ်။ မိသားစုဝင်တွေကတော့ ပုံစံတူဆီလီကွန်ရုပ်လုပ်တာကို သဘောမကျကြပါဘူး။


ဒါပေမယ့် ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်းတွေကတော့ ကူညီပေးကြပါတယ်။ Tapas Sandilya ကတော့ ဇနီးသည်ရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ပေးနိုင်လို့ ဝမ်းသာနေပါတယ်။

Zombie (lovemedia)