ကမ္ဘာပေါ်က နိုင်ငံတိုင်း လူမျိုးတိုင်းမှာ အစားအသောက်နဲ့ပတ်သက်ပြီး ယဉ်ကျေးမှုတွေရှိကြပါတယ်။ ဥမာအားဖြင့် အစားအသောက်ထဲကို ဆားနဲ့ငရုတ်ကောင်းမှုန့်ဖြူးတာက ရိုင်းပျတဲ့အပြုအမူလို့ အချို့နိုင်ငံတွေမှာ သတ်မှတ်ကြပါတယ်။

အဲဒါကြောင့် နိုင်ငံအချို့က ထူးဆန်းတဲ့ အစားအသောက်စည်းကမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ခွက်ထဲမှာ လက်ဖက်ရည်ကို တစ်ဝက်ပဲထည့်တာက ဧည့်သည်ကို ကြိုဆိုတာပါ။

ဒူဘိုင်းနဲ့ ကာဇက်စတန်နိုင်ငံမှာ လက်ဖက်ရည်ကို ခွက်ရဲ့တစ်ဝက်ခန့်ထည့်ရင် ဧည့်သည်ကို ဖော်ဖော်ရွေရွေကြိုဆိုပြီး စကားအကြာကြီး ပြောချင်တဲ့သဘောပါ။ လက်ဖက်ရည်ကို ခွက်အပြည့်ထည့်ပေးရင်တော့ ဧည့်သည်ကို အိမ်ပြန်သင့်ပြီလို့ ဖော်ပြတာပါ။

၂။ သန့်ရှင်းနေတဲ့ ရေနွေးအိုး

တရုတ်နိုင်ငံမှာ လက်ဖက်ရည်အိုးတွေကို ပန်းကန်ဆေးဆပ်ပြာရည်နဲ့ မဆေးကြောပါဘူး။ ရေနွေးအိုးကို ရေ သို့မဟုတ် သဲနဲ့ပဲ ဆေးကြောပါတယ်။

ရေနွေးအိုးထဲမှာ ရှိနေတဲ့ ချိုးတွေက ရေနွေးအိုးရဲ့ဝိဉာဉ်ရဲ့ယူဆတာကြောင့်ပါ။ ရေနွေးအိုးရဲ့ဝိဉာဉ်ကို ဓာတုပစ္စည်းတွေနဲ့ ဆေးကြောတာကို ခွင့်မပြုထားပါဘူး။

၃။ ချိစ်ထပ်တောင်းတဲ့အပြုအမူ

ပီဇာ၊ ပါစတာတို့စားတဲ့အခါ ချိစ်ပါမှသာ အရသာက ပိုကောင်းနေတာပါ။ အီတလီလူမျိုးတွေက ပီဇာကို ကြိုက်ပေမယ့်လည်း ချိစ်အပိုကို ထပ်မတောင်းကြပါဘူး။

ဘာ့ကြောင့်လဲဆိုတော့ ချိစ်ထပ်တောင်းတာက စားဖိုမှူးပြင်ဆင်ပေးတာကို မကြိုက်ဘဲ ကိုယ်တိုင်ပြင်စားချင်သလို သဘောသက်ရောက်သွားတာကြောင့် စားဖိုမှူးကို စော်ကားတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။

၄။ ဆားနဲ့ ငရုတ်ကောင်းကို ထပ်တောင်းလို့မရတဲ့အီဂျစ်နိုင်ငံ

အီဂျစ်နဲ့ ပေါ်တူဂီမှာ ဆား သို့မဟုတ် ငရုတ်ကောင်းကို ထပ်တောင်းတာက လူတွေရဲ့စိတ်ကို နာကျင်စေတယ်လို့ သတ်မှတ်ထားပါတယ်။ ချက်ထားတဲ့ဟင်းက အရသာမရှိလို့ ဆားနဲ့ ငရုတ်ကောင်းထပ်တောင်းတယ်လို့ ယူဆကြပါတယ်။

၅။ တူကို အသုံးမပြုတဲ့ထိုင်းနိုင်ငံ

အစားအစာတွေ စားတဲ့အခါမှာ တူကိုအသုံးပြုလေ့ရှိကြပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာတော့ တူသုံးတာက မကောင်းတဲ့အပြုအမူပါ။ အစားအစာတွေကို ဇွန်း၊ ခက်ရင်းနဲ့သာ စားဖို့ ခွင့်ပြုထားပါတယ်။

၆။ အစားအစာကို ပန်းကန်ထဲမှာ အနည်းငယ်ချန်ထားလို့မရတဲ့တရုတ်နိုင်ငံ

အရသာရှိတဲ့အစားအစာတွေဆိုရင် အကုန်ကုန်အောင်လို့ စားမိတတ်ကြပါတယ်။ တရုတ်နိုင်ငံမှာတော့ ပန်းကန်ထဲက စားစရာတွေကို အကုန်ပြောင်အောင် စားတာက ရိုင်းပျတဲ့အပြုအမူပါ။

ပန်းကန်ထဲမှာ အစားအစာတွေ အကုန်ကုန်သွားရင် အိမ်ရှင်က လုံလုံလောက်လောက်မထည့်ပေးတာကြောင့် ဧည့်သည်က ဗိုက်ဆာပြီး အကုန်စားတယ်လို့ သတ်မှတ်ကြပါတယ်။

တရုတ်နိုင်ငံမှာတော့ ဧည့်သည်နဲ့ ချက်ပြုတ်တဲ့သူကို အသိအမှတ်ပြုတဲ့အနေနဲ့ ဘယ်လောက်အရသာရှိတဲ့ဟင်းပဲဖြစ်ဖြစ် ပန်းကန်ထဲမှာ အနည်းငယ်ချန်ထားရပါတယ်။

၇။ အင်္ဂလန်နိုင်ငံရဲ့ လက်ဖက်ရည်ယဉ်ကျေးမှု

အင်္ဂလန်နိုင်ငံမှာ ညနေ ၅ နာရီက လက်ဖက်ရည်သောက်တဲ့အချိန်ပါ။ အရင်ဆုံး နွားနို့ကို ထည့်ပါတယ်။ ပြီးနောက် လက်ဖက်ရည်အအေး သို့မဟုတ် လက်ဖက်ရည်အပူ ကြိုက်နှစ်သက်ရာကို ထည့်ပါတယ်။ လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း အသံမထွက်အောင် ညင်ညင်သာသာ မွှေလေ့ရှိကြပါတယ်။

၈။ ဂျပန်နိုင်ငံမှာ တူနဲ့စားတဲ့အခါ သတိထားပါ။

ဂျပန်နိုင်ငံမှာ အစားအစာတွေအပေါ်ကို တူကို ဒေါင်လိုက် စိုက်ထားလို့မရပါဘူး။ ယဉ်ကျေးမှုအရ နာရေးတွေမှာသာ အစားအစာပေါ်ကို တူစိုက်ထားပါ။ စားသောက်ဆိုင်တွေမှာ တူကို အစားအစာတွေပေါ် စိုက်ထားရင် ဆိုင်ရှင်ကို စော်ကားတဲ့အပြုအမူပါပဲ။

Zombie (lovemedia)