ကလေးတွေကို ကောင်းမွန်အောင် ပြုစုပျိုးထောင်ပေးတာဟာ သူတို့ဘဝတစ်လျှောက် ပျော်ရွှင်အောင် ပြုလုပ်ပေးတာနဲ့ အတူတူပါပဲ။ ကလေးတစ်ယောက်အတွက် ကျန်းမာဖို့နဲ့ ပျော်ရွှင်ဖို့က အမြဲတမ်းဦးစားပေးအချက်ပါ။

ကလေးတွေ ကျန်းမာပျော်ရွှင်ဖို့က မိဘတွေရဲ့ အုပ်ထိန်းမှုနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ သင်ဟာ ကလေးတွေအပေါ် ပြုစုပျိုးထောင်မှုကောင်းကြောင်းကို ဒီအချက်တွေကနေတစ်ဆင့် သိနိုင်ပါတယ်။

၁။ ကလေးတွေ အားပေးခြင်း

ကလေးတွေ ပြုစုပျိုးထောင်တဲ့အခါ ချော့တစ်ခါခြောက်တစ်လှည့်နည်းကို အသုံးပြုသင့်ပါတယ်။ အမြဲတမ်းလည်း ပျော့ပျောင်းနေလို့ မရသလို အမိန့်ဆန်ဆန်ပြောဆိုတာကလည်း ရိုင်းပျတဲ့ကလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားစေပါတယ်။

အဲဒါကြောင့် ကလေးတွေနဲ့ ရင်းရင်းနှီးနှီးနေထိုင်ပြီး သူတို့ပြောတာတွေ နားထောင်ပေးတာ၊ သူတို့အတွက် အကြံဉာဏ်ကောင်းတွေ ပေးတာက သင့်တော်တဲ့နည်းလမ်းတစ်ခုပါ။

၂။ အမှားကို ဝန်ခံခြင်း

မိဘနဲ့ကလေးတွေအကြားမှာ အငြင်းအခုန်တွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ တစ်ခါတရံ မိဘတွေလည်း မှားတတ်ပေမယ့် မိဘအများစုကတော့ သူတို့အမှားတွေကို ဝန်ခံလေ့မရှိကြပါဘူး။ ကလေးအပေါ်ပဲ အပြစ်ပုံချတတ်ကြပါတယ်။

ဒီလိုအဖြစ်တွေနဲ့ ကြုံရတဲ့အခါ မိဘတွေကလည်း အမှားကို ဝန်ခံပြီး ကလေးတွေကိုလည်း အမှားဝန်ခံတတ်အောင် သင်ကြားပေးသင့်ပါတယ်။

၃။ ကလေးတွေနဲ့အတူ ရည်မှန်းချက်တွေ ထားခြင်း

ကလေးတွေကို ရည်မှန်းချက်တွေ ထားတတ်အောင် လမ်းညွှန်ပေးဖို့က အရမ်းကို အရေးကြီးပါတယ်။ ရည်မှန်းချက်တွေထားတတ်ဖို့အပြင် ရည်မှန်းချက်တွေ ဖြစ်ပေါ်လာအောင်လို့ ပံ့ပိုးပေးဖို့လည်း လိုအပ်ပါတယ်။ ကလေးတစ်ယောက်ရဲ့အနာဂတ်အောင်မြင်ဖို့က မိဘတွေနဲ့လည်း အများကြီး သက်ဆိုင်နေတာကြောင့်ပါ။

၄။ အချိန်ဇယားပြုလုပ်ပေးခြင်း

တစ်နေ့တာမှာ လုံခြုံမှု၊ ယုံကြည်မှုရှိရှိဖြတ်သန်းဖို့အတွက် ကလေးတွေကို အချိန်ဇယားတွေ ပြုလုပ်ပေးသင့်ပါတယ်။ အိပ်ရာထချိန်၊ အစားစားချိန်၊ ကျောင်းသွားချိန်၊ ကစားချိန်၊ အပန်းဖြေချိန် စတဲ့အချိန်တွေကို ခွဲထားပေးတာက ကလေးတွေကို အချိန်စီမံခန့်ခွဲတတ်အောင် သင်ကြားပေးတာနဲ့အတူတူပါပဲ။ နောက်ပိုင်းမှာတော့ ကလေးတွေက အချိန်နဲ့အလုပ်လုပ်တတ်သွားပြီး ကိုယ့်တာဝန်ကိုယ်ယူတတ်လာပါတယ်။

၅။ စံပြဖြစ်အောင် နေထိုင်ခြင်း

မိဘတွေက ကလေးတွေရဲ့ လက်ဦးဆရာပါပဲ။ ကလေးတွေက မိဘတွေထံကနေ အရာအားလုံးနီးပါး အတုယူပါတယ်။ ကောင်းတဲ့အပြုအမူတွေရော မကောင်းတဲ့အပြုအမူတွေပါ ကလေးတွေက အတုယူလေ့ရှိပါတယ်။ ကလေးတွေအတွက် စံပြဖြစ်အောင် နေထိုင်တာက အနာဂတ်မှာ လူကောင်းတွေအဖြစ် ကြီးပြင်းလာစေမှာပါ။

၆။ ကလေးတွေရဲ့နောက်မှာ ဘယ်လိုအချိန်ရှိပေးရမလဲဆိုတာကို နားလည်ခြင်း

ကလေးတွေကို ကိုယ့်အားကိုယ်ကိုးပြီး အမှီအခိုကင်းကင်းနေထိုင်တတ်ဖို့အတွက် ငယ်စဉ်ကတည်းက သင်ကြားပေးသင့်ပါတယ်။ အမြဲတမ်းလိုလို စိုးရိမ်လွန်ပြီး နေရာတကာလိုက်လုပ်ပေးတာက ကလေးကို ကိုယ့်အားကိုယ်မကိုးတတ်အောင် သင်ကြားပေးတာနဲ့ အတူတူပါပဲ။

အဲဒါကြောင့် အချို့နေရာတွေမှာ ကလေးကို ကိုယ်တိုင် လျှောက်လှမ်းခိုင်းပြီး တကယ်လိုအပ်တဲ့အချိန်အခါမှသာ ကလေးရဲ့နောက်ကွယ်မှာ ရှိနေပေးခြင်းက ဘဝမှာ နေထိုင်တတ်စေဖို့ အလေ့အကျင့်ကောင်းတွေ ရသွားစေမှာပါ။

Zombie (lovemedia)

for zawgyi

သင္ဟာ မိဘေကာင္းတစ္ေယာက္ျဖစ္ေၾကာင္း သိႏိုင္မယ့္အခ်က္ (၆) ခ်က္

ကေလးေတြကို ေကာင္းမြန္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးတာဟာ သူတို႔ဘဝတစ္ေလွ်ာက္ ေပ်ာ္႐ႊင္ေအာင္ ျပဳလုပ္ေပးတာနဲ႔ အတူတူပါပဲ။ ကေလးတစ္ေယာက္အတြက္ က်န္းမာဖို႔နဲ႔ ေပ်ာ္႐ႊင္ဖို႔က အၿမဲတမ္းဦးစားေပးအခ်က္ပါ။ ကေလးေတြ က်န္းမာေပ်ာ္႐ႊင္ဖို႔က မိဘေတြရဲ႕ အုပ္ထိန္းမႈနဲ႔လည္း အမ်ားႀကီးသက္ဆိုင္ပါတယ္။ သင္ဟာ ကေလးေတြအေပၚ ျပဳစုပ်ိဳးေထာင္မႈေကာင္းေၾကာင္းကို ဒီအခ်က္ေတြကေနတစ္ဆင့္ သိႏိုင္ပါတယ္။

၁။ ကေလးေတြ အားေပးျခင္း

ကေလးေတြ ျပဳစုပ်ိဳးေထာင္တဲ့အခါ ေခ်ာ့တစ္ခါေျခာက္တစ္လွည့္နည္းကို အသုံးျပဳသင့္ပါတယ္။ အၿမဲတမ္းလည္း ေပ်ာ့ေပ်ာင္းေနလို႔ မရသလို အမိန႔္ဆန္ဆန္ေျပာဆိုတာကလည္း ႐ိုင္းပ်တဲ့ကေလးတစ္ေယာက္အျဖစ္ ေျပာင္းလဲသြားေစပါတယ္။ အဲဒါေၾကာင့္ ကေလးေတြနဲ႔ ရင္းရင္းႏွီးႏွီးေနထိုင္ၿပီး သူတို႔ေျပာတာေတြ နားေထာင္ေပးတာ၊ သူတို႔အတြက္ အႀကံဉာဏ္ေကာင္းေတြ ေပးတာက သင့္ေတာ္တဲ့နည္းလမ္းတစ္ခုပါ။

၂။ အမွားကို ဝန္ခံျခင္း

မိဘနဲ႔ကေလးေတြအၾကားမွာ အျငင္းအခုန္ေတြ ျဖစ္ေပၚေလ့ရွိပါတယ္။ တစ္ခါတရံ မိဘေတြလည္း မွားတတ္ေပမယ့္ မိဘအမ်ားစုကေတာ့ သူတို႔အမွားေတြကို ဝန္ခံေလ့မရွိၾကပါဘူး။ ကေလးအေပၚပဲ အျပစ္ပုံခ်တတ္ၾကပါတယ္။ ဒီလိုအျဖစ္ေတြနဲ႔ ႀကဳံရတဲ့အခါ မိဘေတြကလည္း အမွားကို ဝန္ခံၿပီး ကေလးေတြကိုလည္း အမွားဝန္ခံတတ္ေအာင္ သင္ၾကားေပးသင့္ပါတယ္။

၃။ ကေလးေတြနဲ႔အတူ ရည္မွန္းခ်က္ေတြ ထားျခင္း

ကေလးေတြကို ရည္မွန္းခ်က္ေတြ ထားတတ္ေအာင္ လမ္းၫႊန္ေပးဖို႔က အရမ္းကို အေရးႀကီးပါတယ္။ ရည္မွန္းခ်က္ေတြထားတတ္ဖို႔အျပင္ ရည္မွန္းခ်က္ေတြ ျဖစ္ေပၚလာေအာင္လို႔ ပံ့ပိုးေပးဖို႔လည္း လိုအပ္ပါတယ္။ ကေလးတစ္ေယာက္ရဲ႕အနာဂတ္ေအာင္ျမင္ဖို႔က မိဘေတြနဲ႔လည္း အမ်ားႀကီး သက္ဆိုင္ေနတာေၾကာင့္ပါ။

၄။ အခ်ိန္ဇယားျပဳလုပ္ေပးျခင္း

တစ္ေန႔တာမွာ လုံၿခဳံမႈ၊ ယုံၾကည္မႈရွိရွိျဖတ္သန္းဖို႔အတြက္ ကေလးေတြကို အခ်ိန္ဇယားေတြ ျပဳလုပ္ေပးသင့္ပါတယ္။ အိပ္ရာထခ်ိန္၊ အစားစားခ်ိန္၊ ေက်ာင္းသြားခ်ိန္၊ ကစားခ်ိန္၊ အပန္းေျဖခ်ိန္ စတဲ့အခ်ိန္ေတြကို ခြဲထားေပးတာက ကေလးေတြကို အခ်ိန္စီမံခန႔္ခြဲတတ္ေအာင္ သင္ၾကားေပးတာနဲ႔အတူတူပါပဲ။ ေနာက္ပိုင္းမွာေတာ့ ကေလးေတြက အခ်ိန္နဲ႔အလုပ္လုပ္တတ္သြားၿပီး ကိုယ့္တာဝန္ကိုယ္ယူတတ္လာပါတယ္။

၅။ စံျပျဖစ္ေအာင္ ေနထိုင္ျခင္း

မိဘေတြက ကေလးေတြရဲ႕ လက္ဦးဆရာပါပဲ။ ကေလးေတြက မိဘေတြထံကေန အရာအားလုံးနီးပါး အတုယူပါတယ္။ ေကာင္းတဲ့အျပဳအမူေတြေရာ မေကာင္းတဲ့အျပဳအမူေတြပါ ကေလးေတြက အတုယူေလ့ရွိပါတယ္။ ကေလးေတြအတြက္ စံျပျဖစ္ေအာင္ ေနထိုင္တာက အနာဂတ္မွာ လူေကာင္းေတြအျဖစ္ ႀကီးျပင္းလာေစမွာပါ။

၆။ ကေလးေတြရဲ႕ေနာက္မွာ ဘယ္လိုအခ်ိန္ရွိေပးရမလဲဆိုတာကို နားလည္ျခင္း

ကေလးေတြကို ကိုယ့္အားကိုယ္ကိုးၿပီး အမွီအခိုကင္းကင္းေနထိုင္တတ္ဖို႔အတြက္ ငယ္စဥ္ကတည္းက သင္ၾကားေပးသင့္ပါတယ္။ အၿမဲတမ္းလိုလို စိုးရိမ္လြန္ၿပီး ေနရာတကာလိုက္လုပ္ေပးတာက ကေလးကို ကိုယ့္အားကိုယ္မကိုးတတ္ေအာင္ သင္ၾကားေပးတာနဲ႔ အတူတူပါပဲ။ အဲဒါေၾကာင့္ အခ်ိဳ႕ေနရာေတြမွာ ကေလးကို ကိုယ္တိုင္ ေလွ်ာက္လွမ္းခိုင္းၿပီး တကယ္လိုအပ္တဲ့အခ်ိန္အခါမွသာ ကေလးရဲ႕ေနာက္ကြယ္မွာ ရွိေနေပးျခင္းက ဘဝမွာ ေနထိုင္တတ္ေစဖို႔ အေလ့အက်င့္ေကာင္းေတြ ရသြားေစမွာပါ။

Zombie (lovemedia)