ကလေးတွေအပေါ် လူကြီးတွေက လိမ်ပြောခြင်းက အနာဂတ်မှာ ပြဿနာတွေ ဖြစ်လာစေရုံမက လက်ရှိအချိန်ကိုပါ ထိခိုက်စေပါတယ်။

မိဘတွေက ကလေးတွေအပေါ်မှာ မုသားဖြူကိုလည်း အသုံးပြုတတ်ပါတယ်။ ဒါပေမယ့် မုသားဖြူအသုံးပြုတာကလည်း ကလေးတွေအတွက် ထိခိုက်နစ်နာစေပါတယ်။

လိမ်ပြောတာက ကလေးကို စိတ်ဖိစီးမှုဖြစ်ပေါ်စေပါတယ်။

လူကြီးမိဘတွေက ကလေးတွေကို ပြောစကားနားထောင်စေချင်တာကြောင့် မုသားဖြူကို သုံးတတ်ကြပါတယ်။ ဒါပေမယ့် ကလေးတွေကို ခဏခဏလိမ်ညာပြောတဲ့အခါ မိဘတွေအပေါ်မှာ ယုံကြည်မှုနည်းလာပါတယ်။

ကလေးတွေကို အမှန်အတိုင်းရှင်းပြပြီးတော့ နားလည်အောင် ပြောတာက ကလေးတွေရဲ့ စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။

ကလေးနဲ့မိဘကြားမှာ ဆက်ဆံရေးထိခိုက်လာပါတယ်။

ကလေးကို ပန်းခြံခေါ်သွားမယ်ပြောပြီး သွားဆေးခန်းကို ခေါ်သွားတာက ကလေးအတွက် အရမ်းကို အံ့ဩစရာဖြစ်နေမှာပါ။ ကလေးတွေက ဖြူစင်တာကြောင့် လူကြီးတွေပြောတာကို အများကြီးစဉ်းစားမနေဘဲ လွယ်လွယ်ကူကူ ယုံကြည်လိုက်ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ မိဘနဲ့ကလေးကြားမှာ ယုံကြည်မှုနည်းပါးပြီး ဆက်ဆံရေးတွေ ထိခိုက်ပါတယ်။

အလိမ်ခံရတဲ့ကလေးက အသက်ကြီးလာတဲ့အခါမှာလည်း လိမ်တတ်သွားပါတယ်။

မိဘတွေက မလွှဲမရှောင်သာတာကြောင့် ကလေးတွေအပေါ် လိမ်ပြောမိသွားတတ်ပါတယ်။ အဲဒီအခါ ကလေးတွေက ခဏခဏလိမ်ပြောတာကို အပြစ်တစ်ခုလို့ မထင်မှတ်တော့ဘဲ သာမန်လို့ပဲ ယူဆသွားပါတော့တယ်။

အသက်ကြီးလာတဲ့အခါ အခြားသူတွေကို လိမ်ညာပြောဖို့ ဝန်မလေးတော့ပါဘူး။ အဲဒါကြောင့် ကလေးတွေကို မုသားဖြူမသုံးဘဲ အမှန်အတိုင်းနဲ့ နားလည်အောင် ရှင်းပြတာက ကလေးရဲ့အနာဂတ်ကိုပါ ကောင်းမွန်စေမှာပါ။

အသက်ကြီးလာတဲ့အခါမှာလည်း အခက်အခဲတွေ ဖြစ်ပေါ်စေမှာပါ။

လိမ်ညာပြောလိုက်တာက အရမ်းလွယ်ကူပါတယ်။ ဒါပေမယ့် အမှန်တရားပေါ်ပေါက်သွားတဲ့အခါ ယုံကြည်မှုကို ပြန်တည်ဆောက်ရတာက မလွယ်ကူတော့ပါဘူး။

အမြဲတမ်းလိုလို လိမ်ညာခံရတဲ့ကလေး၊ သူများကို လိမ်ညာခဲ့တဲ့ကလေးက အသက်ကြီးလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကြုံတွေ့လာရနိုင်ပါတယ်။ လိမ်ညာပြောတတ်တဲ့အကျင့်ကြောင့် ပေါင်းသင်းဆက်ဆံရေးလည်း ထိခိုက်လာစေနိုင်ပါတယ်။

Zombie (lovemedia)

for zawgyi

ကေလးေတြအေပၚ မုသားျဖဴသုံးၿပီး လိမ္ညာေျပာတဲ့အခါ အနာဂတ္ကို ဘယ္လိုထိခိုက္ေစလဲ

ကေလးေတြအေပၚ လူႀကီးေတြက လိမ္ေျပာျခင္းက အနာဂတ္မွာ ျပႆနာေတြ ျဖစ္လာေစ႐ုံမက လက္ရွိအခ်ိန္ကိုပါ ထိခိုက္ေစပါတယ္။

မိဘေတြက ကေလးေတြအေပၚမွာ မုသားျဖဴကိုလည္း အသုံးျပဳတတ္ပါတယ္။ ဒါေပမယ့္ မုသားျဖဴအသုံးျပဳတာကလည္း ကေလးေတြအတြက္ ထိခိုက္နစ္နာေစပါတယ္။

လိမ္ေျပာတာက ကေလးကို စိတ္ဖိစီးမႈျဖစ္ေပၚေစပါတယ္။

လူႀကီးမိဘေတြက ကေလးေတြကို ေျပာစကားနားေထာင္ေစခ်င္တာေၾကာင့္ မုသားျဖဴကို သုံးတတ္ၾကပါတယ္။ ဒါေပမယ့္ ကေလးေတြကို ခဏခဏလိမ္ညာေျပာတဲ့အခါ မိဘေတြအေပၚမွာ ယုံၾကည္မႈနည္းလာပါတယ္။

ကေလးေတြကို အမွန္အတိုင္းရွင္းျပၿပီးေတာ့ နားလည္ေအာင္ ေျပာတာက ကေလးေတြရဲ႕ စိတ္ဖိစီးမႈကို ေလ်ာ့ပါးေစပါတယ္။

ကေလးနဲ႔မိဘၾကားမွာ ဆက္ဆံေရးထိခိုက္လာပါတယ္။

ကေလးကို ပန္းၿခံေခၚသြားမယ္ေျပာၿပီး သြားေဆးခန္းကို ေခၚသြားတာက ကေလးအတြက္ အရမ္းကို အံ့ဩစရာျဖစ္ေနမွာပါ။ ကေလးေတြက ျဖဴစင္တာေၾကာင့္ လူႀကီးေတြေျပာတာကို အမ်ားႀကီးစဥ္းစားမေနဘဲ လြယ္လြယ္ကူကူ ယုံၾကည္လိုက္ၾကပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ မိဘနဲ႔ကေလးၾကားမွာ ယုံၾကည္မႈနည္းပါးၿပီး ဆက္ဆံေရးေတြ ထိခိုက္ပါတယ္။

အလိမ္ခံရတဲ့ကေလးက အသက္ႀကီးလာတဲ့အခါမွာလည္း လိမ္တတ္သြားပါတယ္။

မိဘေတြက မလႊဲမေရွာင္သာတာေၾကာင့္ ကေလးေတြအေပၚ လိမ္ေျပာမိသြားတတ္ပါတယ္။ အဲဒီအခါ ကေလးေတြက ခဏခဏလိမ္ေျပာတာကို အျပစ္တစ္ခုလို႔ မထင္မွတ္ေတာ့ဘဲ သာမန္လို႔ပဲ ယူဆသြားပါေတာ့တယ္။

အသက္ႀကီးလာတဲ့အခါ အျခားသူေတြကို လိမ္ညာေျပာဖို႔ ဝန္မေလးေတာ့ပါဘူး။ အဲဒါေၾကာင့္ ကေလးေတြကို မုသားျဖဴမသုံးဘဲ အမွန္အတိုင္းနဲ႔ နားလည္ေအာင္ ရွင္းျပတာက ကေလးရဲ႕အနာဂတ္ကိုပါ ေကာင္းမြန္ေစမွာပါ။

အသက္ႀကီးလာတဲ့အခါမွာလည္း အခက္အခဲေတြ ျဖစ္ေပၚေစမွာပါ။

လိမ္ညာေျပာလိုက္တာက အရမ္းလြယ္ကူပါတယ္။ ဒါေပမယ့္ အမွန္တရားေပၚေပါက္သြားတဲ့အခါ ယုံၾကည္မႈကို ျပန္တည္ေဆာက္ရတာက မလြယ္ကူေတာ့ပါဘူး။

အၿမဲတမ္းလိုလို လိမ္ညာခံရတဲ့ကေလး၊ သူမ်ားကို လိမ္ညာခဲ့တဲ့ကေလးက အသက္ႀကီးလာတဲ့အခါ စိတ္ပိုင္းဆိုင္ရာျပႆနာေတြကို ႀကဳံေတြ႕လာရႏိုင္ပါတယ္။ လိမ္ညာေျပာတတ္တဲ့အက်င့္ေၾကာင့္ ေပါင္းသင္းဆက္ဆံေရးလည္း ထိခိုက္လာေစႏိုင္ပါတယ္။

Zombie (lovemedia)