နယ်သာလန်နိုင်ငံက သေးငယ်တဲ့ ဥရောပနိုင်ငံတစ်နိုင်ငံပါ။ နယ်သာလန်နိုင်ငံရဲ့ သဘာဝအလှပအတွေ၊ နိုင်ငံသားတွေရဲ့ ဖော်ရွေမှုတွေကြောင့် ကမ္ဘာမှာ နာမည်ကြီးပါတယ်။ နယ်သာလန်နိုင်ငံမှာသာ တွေ့နိုင်တဲ့ ထူးထူးဆန်းဆန်းအကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နယ်သာလန်နိုင်ငံမှာ လမ်းဘေးခွေးမရှိပါဘူး။

နယ်သာလန်နိုင်ငံက ကမ္ဘာပေါ်မှာ လမ်းဘေးခွေးမရှိတဲ့ ပထမဆုံးနိုင်ငံပါ။ ခွေးတွေကလည်း လူသားတွေနဲ့တန်းတူအခွင့်အရေးရပါတယ်။ ခွေးလေးတွေအပေါ် ရက်စက်တဲ့အခါမှာ ပြင်းထန်တဲ့ပြစ်ဒဏ်တွေကို ချမှတ်လေ့ရှိပါတယ်။

၂။ အချို့အိမ်တွေမှာ နယ်သတ်မျဉ်းတွေ ရှိပါတယ်။

နယ်သာလန်နိုင်ငံက သေးငယ်တဲ့နိုင်ငံငယ်လေးဖြစ်ပြီး အချို့အိမ်တွေက နယ်သတ်မျဉ်းတွေပေါ်မှာ ရောက်ရှိနေပါတယ်။ နယ်သတ်မျဉ်းတွေပေါ်မှာ အဆောက်အဦးဆောက်ထားသူတွေက နှစ်နိုင်ငံလုံးမှာ နေထိုင်နိုင်ပါတယ်။

၃။ ရေချိုးခန်းထဲမှာ ဓာတ်ပုံတွေ ချိတ်ထားခြင်း

နယ်သာလန်နိုင်ငံက ရေချိုးခန်း၊ အိမ်သာတွေထဲမှာ သူတို့ချစ်ရတဲ့လူတွေရဲ့ ဓာတ်ပုံတွေကို ချိတ်ဆွဲထားတတ်ပါတယ်။ ဘဝမှာ အရေးကြီးတဲ့ရက်စွဲတွေကို မမေ့အောင်လို့ အိမ်သာထဲမှာတင် ပြက္ခဒိန်တွေလည်း ထားတတ်ကြပါတယ်။

၄။ ပုလင်းကို ခြစ်တဲ့ကိရိယာထားခြင်း

နယ်သာလန်နိုင်ငံသားတွေက အရမ်းကို ချွေတာတတ်ကြပါတယ်။ ပုလင်းတွေထဲမှာ အစားအစာတွေ ကျန်ရင် နှမြောတတ်ပါတယ်။ အဲဒါကြောင့် ပုလင်းတွေ၊ ဘူးတွေထဲက အစားအစာအကြွင်းအကျန်တွေကို ခြစ်ယူဖို့ ကိရိယာလေးကို အသုံးပြုကြပါတယ်။

၅။ နယ်သာလန်နိုင်ငံသားတွေက ပါတီသွားရတာထက် အိမ်မှာနေရတာကို ပိုသဘောကျကြပါတယ်။

နယ်သာလန်နိုင်ငံက ကော်ဖီဆိုင်တွေ၊ စူပါမားကတ်တွေက ညနေ ၆ ခြောက်နာရီဆိုရင် ပိတ်သွားပါပြီ။ နယ်သာလန်နိုင်ငံသားတွေက အိမ်မှာနေရတာကို ပိုပြီးသဘောကျကြပါတယ်။

၆။ ရှေးတုန်းက နယ်သာလန်နိုင်ငံသားတွေဟာ ဗီရိုထဲက အိပ်ရာမှာ အိပ်လေ့ရှိပါတယ်။

၁၉ရာစုမတိုင်ခင်အထိ နယ်သာလန်နိုင်ငံမှာ ဗီရိုထဲ အိပ်ရာပါ ထည့်သွင်းပြုလုပ်ထားပါတယ်။ ရှေးရှေးတုန်းက ဗီရိုထဲ ဝင်အိပ်တာကတော့ တောရိုင်းတိရစ္ဆာန်တွေရဲ့ ရန်ကနေ ကင်းဝေးဖို့အတွက်ပါ။

၇။ အာလူးနဲ့ ကြက်သွန်နီက နယ်သာလန်နိုင်ငံသားတွေကြိုက်တဲ့ အစားအစာပါ။

နယ်သာလန်နိုင်ငံမှာ ဟမ်ဘာဂါတွေနဲ့ ချိစ်ဘာဂါတွေက သာမန်အာလူးတွေလောက်တောင် လူကြိုက်မများပါဘူး။ အာလူးအပြင် ကြက်သွန်နီကို မြောက်အတ္တလန္တိတ်ငါးသလောက်နဲ့ စားရတာကိုလည်း သဘောကျပါတယ်။

အာလူး၊ ကြက်သွန်နီနဲ့ ပြုလုပ်ထားတဲ့အစားအစာတွေကို မြို့ကြီးတွေမှာရော မြို့ငယ်လေးတွေမှာရော လူကြိုက်များကြပါတယ်။

၈။ နယ်သာလန်နိုင်ငံသားတွေက လိုက်ကာတွေ ထားရတာကို သဘောမကျပါဘူး။

အလယ်ခေတ်မှာကတည်းက နယ်သာလန်နိုင်ငံသားတွေက အိမ်နီးချင်းတွေကို သူတို့ရိုးသားကြောင်း၊ မရိုးသားတာကို ဘာမှမဖုံးကွယ်ထားကြောင်း ပြသလိုခဲ့ကြပါတယ်။

အဲဒါကြောင့် အိမ်တွေမှာ လိုက်ကာတွေ မထားကြပါဘူး။ ပြတင်းပေါက်တွေက မျက်နှာကျက်ကနေ ကြမ်းပြင်အထိ ရှည်လျားနေတတ်ပါတယ်။

၉။ နယ်သာနိုင်ငံသားတွေမှာ ကိုယ်ပိုင်လှေအကြီးစားတွေ ရှိကြပါတယ်။

သမိုင်းတစ်လျှောက် နယ်သာလန်နိုင်ငံက ရေကြီးတာ၊ ရေနစ်မြုပ်တာကို ခံစားခဲ့ရပါတယ်။ ရေကြီးတာကို အမြဲလိုလိုပူပန်တာကြောင့် သူဌေးကြီးတွေက လှေအကြီးစားတွေကို တည်ဆောက်ထားကြပါတယ်။

၁၀။ ဈေးဝယ်ထွက်တဲ့အခါ လက်တွန်းလှည်းကို အသုံးပြုကြပါတယ်။

မနက်ခင်းရောက်ရင် လက်တွန်းလှည်းတွန်းပြီး ဈေးဝယ်ထွက်ကြတဲ့ အမျိုးသမီးတွေကို နယ်သာလန်နိုင်ငံမှာ တွေ့ရမှာပါ။

ဈေးဝယ်လက်တွန်းလှည်းကို အမျိုးသမီးကြီးတွေသာမက အမျိုးသမီးငယ်တွေလည်း အသုံးပြုကြပါတယ်။ ဒီလက်တွန်းလှည်းအိတ်တွေကို နေ့စဉ်ဘဝမှာ ဈေးဝယ်တာအပြင် လိုအပ်တဲ့အခါတိုင်းမှာ သုံးလေ့ရှိကြပါတယ်။

Zombie (lovemedia)