အမြဲတမ်းနုပျိုပြီး လှပချင်နေတာက အမျိုးသမီးတိုင်းရဲ့ဆန္ဒပါပဲ။ လှပဖို့အတွက် အချို့သောနည်းလမ်းတွေက အန္တရာယ်များတာကြောင့် မစမ်းသပ်သင့်ပါတယ်။ ဒါပေမယ့် အောက်ပါနည်းလမ်းတွေကတော့ အရမ်းလွယ်ကူပြီးတော့ အမြဲတမ်းလည်း အသုံးဝင်နေမှာပါ။

၁။ ရေနွေးနဲ့ရေချိုးခြင်း

ရေနွေးနဲ့ရေချိုးတာက ခန္ဓာကိုယ်ကို အပန်းပြေစေပါတယ်။ ရေချိုးကန်ထဲမှာ ရေနွေးထည့်ပြီး အချိန်ကြာကြာ ရေစိမ်နေရုံပါပဲ။ ခန္ဓာကိုယ်က လက်ခံနိုင်လောက်တဲ့ ရေနွေးအပူချိန်က အသင့်တော်ဆုံးပါ။ အရမ်းပူနွေးနေတဲ့ရေနွေးက အသားအရေကို ခြောက်စေပါတယ်။

၂။ ဒိန်ချဉ်

ဒိန်ချဉ်က မျက်နှာနေလောင်ဒဏ်ကို သက်သာစေပါတယ်။ ဒိန်ချဉ်မှာ ပဋိဇီဝနဲ့ လက်တစ်အက်စစ်ပါဝင်ပါတယ်။ နေလောင်ဒဏ်ကြောင့် မလှမပဖြစ်နေတဲ့မျက်နှာကို ဒိန်ချဉ်က ကုစားပေးနိုင်ပါတယ်။ ဘယ်ဒိန်ချဉ်အမျိုးအစားကိုမဆို အသုံးပြုနိုင်ပါတယ်။

၃။ သကြား

သကြားနဲ့ အမွေးအမျှင်ကို ဖယ်ရှားတဲ့နည်းလမ်းက အရမ်းကို အဆင်ပြေပါတယ်။ သကြားကို အရည်ကြိုပြီး အမွေးအမျှင်တွေကို ဖယ်ရှားရင် နာကျင်မှုလည်း နည်းသလို အချိန်တိုတွင်းမှာလည်း သန့်ရှင်းသွားစေပါတယ်။ ဒါ့အပြင် နူးညံ့ချောမွတ်တဲ့အသားအရေကိုလည်း ရရှိစေမှာပါ။

၄။ ကုလားအုတ်နို့

ကုလားအုတ်နို့မှာ ဗီတာမင်စီပါဝင်ပါတယ်။ အဲဒါကြောင့် ကော်လဂျင်ထုတ်လုပ်မှုကို အားပေးပြီး အသားအရေကို တင်းရင်းလှပစေပါတယ်။

ကုလားအုတ်နို့က ဘယ်အသားအရေအမျိုးအစားကိုမဆို ရေဓာတ်ဖြည့်ပေးသေးတယ်။ ကုလားအုတ်နို့ကို သောက်ပေးရင် မျက်နှာသာမက ခန္ဓာကိုယ်တစ်ခုလုံးကိုပါ အကျိုးပြုပါတယ်။

၅။ သဖန်းသီး

သဖန်းသီးကို စားပေးရင် မျက်နှာက အရေးအကြောင်းတွေကို ကာကွယ်ပြီးသားပါပဲ။ သဖန်းသီးက အသားအရေအရောင်ကိုလည်း ညီသွားအောင် ပြုလုပ်ပေးပါတယ်။

ကြွက်နို့အသားမာကိုလည်း ကုစားပေးပါတယ်။ လတ်ဆတ်တဲ့သဖန်းသီးထက် သဖန်းသီးအခြောက်က ပိုပြီး ကောင်းပါတယ်။

၆။ အရယ်အပြုံးနည်းခြင်း

ရယ်မောခြင်းက အသက်ရှည်စေပါတယ်။ ဒါပေမယ့် အချို့သောအမျိုးသမီးတွေကတော့ ရယ်တဲ့အခါ မျက်နှာမှာ အရေးအကြောင်းတွေ ပိုများလာမှာစိုးတာကြောင့် အရယ်အပြုံးတွေကို လျှော့ချလိုက်ပါတယ်။ Tess Christian က အသက် ၅၀ အရွယ်ရှိပြီဖြစ်ပြီး သူမရဲ့နုပျိုမှုကို ထိန်းသိမ်းဖို့ မပြုံးတာ ၁၀ နှစ်ကြာသွားခဲ့ပါပြီ။

Zombie (lovemedia)