Los Algodones က မက္ကဆီကိုနိုင်ငံက မြို့ငယ်လေးတစ်မြို့ဖြစ်ပြီး လူပေါင်း ၇၀၀၀ နေထိုင်ကြပါတယ်။ ဒီမြို့လေးရဲ့ထူးခြားချက်ကတော့ မြို့မှာ သွားဆရာဝန်တွေ အလွန်များပြားနေတာပါ။

အမေရိကန်နိုင်ငံသားပေါင်းများစွာက Los Algodones ကို နှစ်စဉ်လာလည်ကြပါတယ်။ ဒီမြို့လေးကို လာတာကတော့ ကမ်းခြေမှာ အပန်းဖြေဖို့ လာတာမဟုတ်ပါဘူး။ သွားနဲ့ပတ်သက်တဲ့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ရောက်လာခဲ့ကြတာပါ။

Los Algodones မြို့မှာ နေထိုင်သူပေါင်း ၇၀၀၀ ရှိပေမယ့် လူ ၆၀၀ ခန့်က သွားဆရာဝန်တွေ ဖြစ်နေပါတယ်။ မြို့ရဲ့အဓိကလမ်းမကြီးရဲ့ဘေးမှာ သွားဆေးခန်းတွေနဲ့ ပြည့်နေပါတယ်။ သွားနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုမျိုးစုံကို ရရှိနိုင်ပါတယ်။

နှစ်စဉ် နိုဝင်ဘာလနဲ့ ဧပြီလကတော့ Los Algodones မြို့မှာ လူဦးရေနှစ်ဆခန့်တိုးသွားတဲ့လတွေပါပ။ ဘာကြောင့်လဲဆိုတော့ အမေရိကန်နိုင်ငံအပြင် ယူကေ၊ ကနေဒါတို့က ခရီးသွားတွေကပါ Los Algodones မြို့မှာ သွားဆေးခန်းလာပြကြပါတယ်။

Los Algodones မြို့ကို သွားမြို့တော်လို့လည်း ခေါ်ကြပါတယ်။ Los Algodones မြို့မှာ ရှိတဲ့သွားဆေးခန်းတွေရဲ့ ဝန်ဆောင်မှုဈေးနှုန်းတွေက အမေရိကန်နိုင်ငံက သွားဆေးခန်းဝန်ဆောင်မှုဈေးနှုန်းတွေထက် သက်သာပါတယ်။ အမေရိကန်နဲ့ ကနေဒါနိုင်ငံက သွားဆေးခန်းဈေးနှုန်းတွေထက် ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းလောက်အထိ သက်သာတာပါ။

သွားဆေးခန်းတွေကများတာကြောင့် တစ်ဆိုင်နဲ့တစ်ဆိုင် ဝန်ဆောင်မှုကောင်းအောင်လို့ အပြိုင်အဆိုင်ကြိုးစားကြပါတယ်။ အဲဒါကြောင့်လည်း သွားနဲ့ပတ်သက်ပြီးတော့ Los Algodones မြို့က နာမည်ကြီးသထက် ကြီးလာခဲ့ပါတယ်။

vdo

Zombie (lovemedia)

for zawgyi

ကမာၻေပၚမွာ သြားဆရာဝန္အမ်ားဆုံးၿမိဳ႕

Los Algodones က မကၠဆီကိုႏိုင္ငံက ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕ျဖစ္ၿပီး လူေပါင္း ၇၀၀၀ ေနထိုင္ၾကပါတယ္။ ဒီၿမိဳ႕ေလးရဲ႕ထူးျခားခ်က္ကေတာ့ ၿမိဳ႕မွာ သြားဆရာဝန္ေတြ အလြန္မ်ားျပားေနတာပါ။

အေမရိကန္ႏိုင္ငံသားေပါင္းမ်ားစြာက Los Algodones ကို ႏွစ္စဥ္လာလည္ၾကပါတယ္။ ဒီၿမိဳ႕ေလးကို လာတာကေတာ့ ကမ္းေျခမွာ အပန္းေျဖဖို႔ လာတာမဟုတ္ပါဘူး။ သြားနဲ႔ပတ္သက္တဲ့ျပႆနာေတြကို ေျဖရွင္းဖို႔အတြက္ ေရာက္လာခဲ့ၾကတာပါ။ Los Algodones ၿမိဳ႕မွာ ေနထိုင္သူေပါင္း ၇၀၀၀ ရွိေပမယ့္ လူ ၆၀၀ ခန႔္က သြားဆရာဝန္ေတြ ျဖစ္ေနပါတယ္။ ၿမိဳ႕ရဲ႕အဓိကလမ္းမႀကီးရဲ႕ေဘးမွာ သြားေဆးခန္းေတြနဲ႔ ျပည့္ေနပါတယ္။ သြားနဲ႔ပတ္သက္တဲ့ ဝန္ေဆာင္မႈမ်ိဳးစုံကို ရရွိႏိုင္ပါတယ္။

ႏွစ္စဥ္ ႏိုဝင္ဘာလနဲ႔ ဧၿပီလကေတာ့ Los Algodones ၿမိဳ႕မွာ လူဦးေရႏွစ္ဆခန႔္တိုးသြားတဲ့လေတြပါပ။ ဘာေၾကာင့္လဲဆိုေတာ့ အေမရိကန္ႏိုင္ငံအျပင္ ယူေက၊ ကေနဒါတို႔က ခရီးသြားေတြကပါ Los Algodones ၿမိဳ႕မွာ သြားေဆးခန္းလာျပၾကပါတယ္။

Los Algodones ၿမိဳ႕ကို သြားၿမိဳ႕ေတာ္လို႔လည္း ေခၚၾကပါတယ္။ Los Algodones ၿမိဳ႕မွာ ရွိတဲ့သြားေဆးခန္းေတြရဲ႕ ဝန္ေဆာင္မႈေဈးႏႈန္းေတြက အေမရိကန္ႏိုင္ငံက သြားေဆးခန္းဝန္ေဆာင္မႈေဈးႏႈန္းေတြထက္ သက္သာပါတယ္။ အေမရိကန္နဲ႔ ကေနဒါႏိုင္ငံက သြားေဆးခန္းေဈးႏႈန္းေတြထက္ ၅၀ ရာခိုင္ႏႈန္းကေန ၇၀ ရာခိုင္ႏႈန္းေလာက္အထိ သက္သာတာပါ။

သြားေဆးခန္းေတြကမ်ားတာေၾကာင့္ တစ္ဆိုင္နဲ႔တစ္ဆိုင္ ဝန္ေဆာင္မႈေကာင္းေအာင္လို႔ အၿပိဳင္အဆိုင္ႀကိဳးစားၾကပါတယ္။ အဲဒါေၾကာင့္လည္း သြားနဲ႔ပတ္သက္ၿပီးေတာ့ Los Algodones ၿမိဳ႕က နာမည္ႀကီးသထက္ ႀကီးလာခဲ့ပါတယ္။

Zombie (lovemedia)