မျက်လုံးအောက်မှာ မျက်ကွင်းညိုတာတွေဖြစ်ရတဲ့အကြောင်းအရင်းများစွာ ရှိပါတယ်။ အိပ်ရေးမဝတာ၊ မျိုးရိုးဗီဇ၊ အသက်အရွယ်၊ ရေဓာတ်ခန်းခြောက်မှု စတဲ့အကြောင်းအချက်တွေကြောင့် မျက်ကွင်းညိုပါတယ်။

မျက်ကွင်းညိုတာကို ဖုံးအုပ်ဖို့အတွက် concealer ကို အသုံးပြုကြပါတယ်။ Concealer ကို အသုံးပြုပြီး မျက်ကွင်းညိုတာကို ဖယ်ရှားတဲ့အခါ အသုံးဝင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မှန်ကန်တဲ့အရောင်ကို အသုံးပြုပါ။ 

Concealer သုံးတဲ့အခါ အသားအရောင်ထက် ဖျော့တဲ့အရောင်ကို မသုံးသင့်ပါဘူး။ အနီရောင်၊ လိမ္မော်ရောင်၊ မက်မွန်သီးရောင်တို့က Concealer အတွက်ရွေးချယ်သင့်တဲ့အရောင်တွေပါ။ ဒီလိုအရောင်တွေက သင့်ရဲ့အသားအရောင်နဲ့ ခပ်ဆင်ဆင်တူတာကြောင့် မျက်ကွင်းညိုတာလည်း မသိသာတော့ပါဘူး။

၂။ Concealer ကို မျက်လုံးရဲ့အောက်ဘက်တစ်နေရာတည်းမှာပဲ မလိမ်းသင့်ပါဘူး။

Concealer ကို မျက်ကွင်းညိုတဲ့တစ်နေရာတည်းမှာတင် လိမ်းတာက မျက်ကွင်းညိုတာအားလုံးကို မဖုံးကွယ်ပေးနိုင်ပါဘူး။ အဲဒါကြောင့် မျက်လုံးအောက်ဘက်မှာ Concealer ကို တြိဂံပုံစံလေး လိမ်းလိုက်ပါ။ အဲဒီအခါ အသားအရောင်နဲ့ တပြေးညီတည်းဖြစ်သွားပါတယ်။

၃။ ရေဓာတ်ဖြည့်ပါ။

မျက်လုံးအောက်က အသားအရေက ခြောက်သွေ့လွယ်ပါတယ်။ အဲဒါကြောင့် ရေဓာတ်ပြည့်အောင်လို့  အမြဲဂရုစိုက်ပေးသင့်ပါတယ်။ ရေဓာတ်ပြည့်အောင်နေထိုင်တာက မျက်လုံးအောက်က အသားအရေကိုသာမက ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

၄။ ပေါင်ဒါကို အသုံးပြုပါ။

မျက်လုံးအောက်က အသားအရေမှာ မိတ်ကပ်ကွက်သွားတာတို့ မဖြစ်စေဖို့အတွက် ပေါင်ဒါကို အသုံးပြုပေးသင့်ပါတယ်။ ပေါင်ဒါကို လိမ်းပေးရင် မျက်လုံးအောက် အရေးအကြောင်းဖြစ်တာကို ကာကွယ်ပေးတဲ့အပြင် မိတ်ကပ်ကိုလည်း ကြာရှည်ခံစေပါတယ်။

၅။ Concealer မလိမ်းခင်မှာ အောက်ခံမိတ်ကပ်ကို လိမ်းပါ။

ပေါ့ပေါ့ပါးပါးအောက်ခံမိတ်ကပ်ကို အရင်လိမ်းပြီးမှ Concealer ကို လိမ်းပါ။ အဲဒါဆိုရင် မျက်ကွင်းညိုတာကို ပိုမိုဖုံးအုပ်ပြီးသား ဖြစ်စေပါတယ်။

၆။ မိတ်ကပ်ဖျက်တဲ့အခါ မျက်လုံးအောက်ကိုလည်း သေချာဖျက်ပေးပါ။

မျက်လုံးအောက်အသားအရေကို ရေဓာတ်ပြည့်စေဖို့သာမက မိတ်ကပ်သေချာဖျက်ဖို့လည်း လိုအပ်ပါတယ်။ မိတ်ကပ်တွေ ကျန်နေတဲ့အခါ အသားအရေခြောက်သွေ့ပြီး အရေးအကြောင်းတွေလည်း ဖြစ်ပေါ်လာစေပါတယ်။ ဒါ့အပြင် မျက်ကွင်းညိုတဲ့နေရာကို ရေခဲနဲ့ပွတ်တိုက်ပေးလို့လည်း ရပါတယ်။

၇။ Concealer ကို အများကြီး အသုံးမပြုသင့်ပါဘူး။

ပိုများတာက အမြဲတမ်းအတွက် မကောင်းပါဘူး။ Concealer ကို အနည်းငယ်လောက်အသုံးပြုပေးရုံနံ လုံလောက်ပါတယ်။ အများကြီးသုံးတဲ့အခါ မိတ်ကပ်က သဘာဝမဆန်တော့ဘဲ ကြည့်မလှဖြစ်နေတတ်ပါတယ်။

၈။ အသုံးဝင်သည့်နည်းလမ်း

Concealer အသုံးပြုတဲ့အခါ နှာခေါင်းအသားအရေနဲ့တစ်ဆက်တည်းဖြစ်အောင်လို့ နှာခေါင်းပေါ်မှာလည်း အနည်းငယ်လိမ်းလိုက်ပါ။ အဲဒီအခါ အသားအရောင်ညီသွားပြီး မျက်ကွင်းညိုတာလည်း မသိသာတော့ပါဘူး။

Bonus

-သခွားသီးတွေကို ပါးပါးလှီးပြီး မျက်လုံးအောက်မှာ ကပ်ပေးပါ။ အဲဒီနောက် ရေနွေးနဲ့ ဆေးချလိုက်ပါ။

-ခရမ်းချဉ်သီး အကွင်းလိုက်လှီးပြီး မျက်လုံးအောက်မှာ လိမ်းပေးတာကလည်း ထိရောက်တဲ့နည်းပါပဲ။

-အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ်လေးကိုလည်း မျက်လုံးအောက်မှာ ကပ်ပေးနိုင်ပါတယ်။

Zombie (lovemedia)

for zawgyi

မ်က္ကြင္းညိဳတာကို ဖုံးအုပ္ဖို႔အတြက္ Concealer ကို စနစ္တက်သုံးႏိုင္မယ့္နည္းလမ္း (၈) ခု

မ်က္လုံးေအာက္မွာ မ်က္ကြင္းညိဳတာေတြျဖစ္ရတဲ့အေၾကာင္းအရင္းမ်ားစြာ ရွိပါတယ္။ အိပ္ေရးမဝတာ၊ မ်ိဳး႐ိုးဗီဇ၊ အသက္အ႐ြယ္၊ ေရဓာတ္ခန္းေျခာက္မႈ စတဲ့အေၾကာင္းအခ်က္ေတြေၾကာင့္ မ်က္ကြင္းညိဳပါတယ္။ မ်က္ကြင္းညိဳတာကို ဖုံးအုပ္ဖို႔အတြက္ concealer ကို အသုံးျပဳၾကပါတယ္။ Concealer ကို အသုံးျပဳၿပီး မ်က္ကြင္းညိဳတာကို ဖယ္ရွားတဲ့အခါ အသုံးဝင္မယ့္နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ မွန္ကန္တဲ့အေရာင္ကို အသုံးျပဳပါ။ 

Concealer သုံးတဲ့အခါ အသားအေရာင္ထက္ ေဖ်ာ့တဲ့အေရာင္ကို မသုံးသင့္ပါဘူး။ အနီေရာင္၊ လိေမၼာ္ေရာင္၊ မက္မြန္သီးေရာင္တို႔က Concealer အတြက္ေ႐ြးခ်ယ္သင့္တဲ့အေရာင္ေတြပါ။ ဒီလိုအေရာင္ေတြက သင့္ရဲ႕အသားအေရာင္နဲ႔ ခပ္ဆင္ဆင္တူတာေၾကာင့္ မ်က္ကြင္းညိဳတာလည္း မသိသာေတာ့ပါဘူး။

၂။ Concealer ကို မ်က္လုံးရဲ႕ေအာက္ဘက္တစ္ေနရာတည္းမွာပဲ မလိမ္းသင့္ပါဘူး။

Concealer ကို မ်က္ကြင္းညိဳတဲ့တစ္ေနရာတည္းမွာတင္ လိမ္းတာက မ်က္ကြင္းညိဳတာအားလုံးကို မဖုံးကြယ္ေပးႏိုင္ပါဘူး။ အဲဒါေၾကာင့္ မ်က္လုံးေအာက္ဘက္မွာ Concealer ကို ႀတိဂံပုံစံေလး လိမ္းလိုက္ပါ။ အဲဒီအခါ အသားအေရာင္နဲ႔ တေျပးညီတည္းျဖစ္သြားပါတယ္။

၃။ ေရဓာတ္ျဖည့္ပါ။

မ်က္လုံးေအာက္က အသားအေရက ေျခာက္ေသြ႕လြယ္ပါတယ္။ အဲဒါေၾကာင့္ ေရဓာတ္ျပည့္ေအာင္လို႔  အၿမဲဂ႐ုစိုက္ေပးသင့္ပါတယ္။ ေရဓာတ္ျပည့္ေအာင္ေနထိုင္တာက မ်က္လုံးေအာက္က အသားအေရကိုသာမက က်န္းမာေရးကိုလည္း ေကာင္းမြန္ေစပါတယ္။

၄။ ေပါင္ဒါကို အသုံးျပဳပါ။ 

မ်က္လုံးေအာက္က အသားအေရမွာ မိတ္ကပ္ကြက္သြားတာတို႔ မျဖစ္ေစဖို႔အတြက္ ေပါင္ဒါကို အသုံးျပဳေပးသင့္ပါတယ္။ ေပါင္ဒါကို လိမ္းေပးရင္ မ်က္လုံးေအာက္ အေရးအေၾကာင္းျဖစ္တာကို ကာကြယ္ေပးတဲ့အျပင္ မိတ္ကပ္ကိုလည္း ၾကာရွည္ခံေစပါတယ္။

၅။ Concealer မလိမ္းခင္မွာ ေအာက္ခံမိတ္ကပ္ကို လိမ္းပါ။

ေပါ့ေပါ့ပါးပါးေအာက္ခံမိတ္ကပ္ကို အရင္လိမ္းၿပီးမွ Concealer ကို လိမ္းပါ။ အဲဒါဆိုရင္ မ်က္ကြင္းညိဳတာကို ပိုမိုဖုံးအုပ္ၿပီးသား ျဖစ္ေစပါတယ္။

၆။ မိတ္ကပ္ဖ်က္တဲ့အခါ မ်က္လုံးေအာက္ကိုလည္း ေသခ်ာဖ်က္ေပးပါ။

မ်က္လုံးေအာက္အသားအေရကို ေရဓာတ္ျပည့္ေစဖို႔သာမက မိတ္ကပ္ေသခ်ာဖ်က္ဖို႔လည္း လိုအပ္ပါတယ္။ မိတ္ကပ္ေတြ က်န္ေနတဲ့အခါ အသားအေရေျခာက္ေသြ႕ၿပီး အေရးအေၾကာင္းေတြလည္း ျဖစ္ေပၚလာေစပါတယ္။ ဒါ့အျပင္ မ်က္ကြင္းညိဳတဲ့ေနရာကို ေရခဲနဲ႔ပြတ္တိုက္ေပးလို႔လည္း ရပါတယ္။

၇။ Concealer ကို အမ်ားႀကီး အသုံးမျပဳသင့္ပါဘူး။

ပိုမ်ားတာက အၿမဲတမ္းအတြက္ မေကာင္းပါဘူး။ Concealer ကို အနည္းငယ္ေလာက္အသုံးျပဳေပး႐ုံနံ လုံေလာက္ပါတယ္။ အမ်ားႀကီးသုံးတဲ့အခါ မိတ္ကပ္က သဘာဝမဆန္ေတာ့ဘဲ ၾကည့္မလွျဖစ္ေနတတ္ပါတယ္။

၈။ အသုံးဝင္သည့္နည္းလမ္း

Concealer အသုံးျပဳတဲ့အခါ ႏွာေခါင္းအသားအေရနဲ႔တစ္ဆက္တည္းျဖစ္ေအာင္လို႔ ႏွာေခါင္းေပၚမွာလည္း အနည္းငယ္လိမ္းလိုက္ပါ။ အဲဒီအခါ အသားအေရာင္ညီသြားၿပီး မ်က္ကြင္းညိဳတာလည္း မသိသာေတာ့ပါဘူး။

Bonus

-သခြားသီးေတြကို ပါးပါးလွီးၿပီး မ်က္လုံးေအာက္မွာ ကပ္ေပးပါ။ အဲဒီေနာက္ ေရေႏြးနဲ႔ ေဆးခ်လိုက္ပါ။

-ခရမ္းခ်ဥ္သီး အကြင္းလိုက္လွီးၿပီး မ်က္လုံးေအာက္မွာ လိမ္းေပးတာကလည္း ထိေရာက္တဲ့နည္းပါပဲ။

-အသုံးျပဳၿပီးသား လက္ဖက္ေျခာက္အိတ္ေလးကိုလည္း မ်က္လုံးေအာက္မွာ ကပ္ေပးႏိုင္ပါတယ္။

Zombie (lovemedia)