ဗိုက်ဆာတယ်ဆိုတာက ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေက ကောင်းစွာအလုပ်လုပ်နေကြောင်း ဖော်ပြတဲ့လက္ခဏာပါ။ အချိန်ကြာကြာ အစားမစားပေမယ့် ဗိုက်မဆာဘူးဆိုတာက ပုံမှန်အခြေအနေတစ်ရပ်မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် အားအင်တွေ ကုန်လာပြီဆိုရင် ဗိုက်ဆာလာပါတယ်။

ဒါပေမယ့် အချို့တွေက ဗိုက်ဆာမှသာ အစားအစာတွေကို စားကြပါတယ်။ ဗိုက်ဆာတဲ့အထိမစောင့်ဘဲ အချိန်မှန် ဘာ့ကြောင့် စားသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဗိုက်ဆာတဲ့အချိန်မှာ မစားရင် ပိုပြီး စားမိသွားတတ်ပါတယ်။

အချို့တွေက မနက်စာမစားဘဲနေတတ်ကြပါတယ်။ မနက်စာမစားဘဲနေရင် နေ့လယ်စာကို ပိုပြီးစားမိသွားတတ်ပါတယ်။ လူသားတွေရဲ့ ခန္ဓာကိုယ်က အာဟာရဓာတ်ကို ၄ နာရီခြားတစ်ခါ လိုအပ်ပါတယ်။

အစားကို လုံးဝမစားဘဲ နေပြီးနောက် ပြန်စားတဲ့အခါ ပုံမှန်ထက် ပိုစားမိသွားတတ်ပါတယ်။ အဲဒီအခါ ကိုယ်အလေးချိန်က မလျော့ဘဲ ပိုပြီးတိုးလာမှာပါ။

၂။ ဗိုက်ဆာတာက ကိုယ်အလေးချိန်ကျဖို့ အကူအညီမဖြစ်ပါဘူး။

ဗိုက်အဆာခံရင် ကိုယ်အလေးချိန်ကျမယ်လို့ အချို့တွေက ယူဆကြပါတယ်။ လက်တွေ့မှာတော့ နေ့စဉ်သွားလာလှုပ်ရှားဖို့အတွက် အားအင်တွေက လိုအပ်ပါတယ်။

ဗိုက်အဆာခံပေမယ့်လည်း ကိုယ်အလေးချိန်က မကျပါဘူး။ ကယ်လိုရီနည်းတဲ့အစားအစာကို စားတာ သို့မဟုတ် နည်းနည်းပဲ စားတာက ကိုယ်အလေးချိန်လျှော့ချဖို့ အထောက်အကူဖြစ်စေမှာပါ။

၃။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကိုလည်း မရွေးချယ်ဖြစ်တော့ပါဘူး။

အစားကို အချိန်မှန်မစားဘဲ ဗိုက်အရမ်းဆာလာမှ စားတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို မရွေးချယ်မိတော့ပါဘူး။ ဗိုက်အရမ်းဆာတာကြောင့် စားချင်တဲ့အစားအစာတွေကို အထိန်းအကွပ်မဲ့ စားမိသွားပါတယ်။

အစားကို အချိန်မှန်မစားရင် ချိုတဲ့မုန့်တွေကို ပိုပြီး စားချင်လာတတ်ပါတယ်။ ချိုတဲ့မုန့်တွေက ကိုယ်အလေးချိန်ကို သိသိသာသာ တိုးလာစေမှာပါ။

၄။ ဗိုက်ဆာနေမှန်း သတိထားမိမှာ မဟုတ်တော့ပါဘူး။

ခန္ဓာကိုယ်ထဲမှာ ghrelin ဆိုတဲ့ဟော်မုန်းက အစားစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး leptin က‌တော့ အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတာပါ။ ဗိုက်အဆာလွန်တဲ့အထိနေရင် ghrelin ဟော်မုန်းက တိုးလာပြီး တွေ့သမျှကို စားချင်လာပါတော့တယ်။

ဒါ့အပြင် ဗိုက်ဆာတဲ့အချိန်ကမမှန်တော့ဘဲ အချိန်တိုင်းလိုလို စားချင်နေတာ၊ အစားစားချင်စိတ်ကို ထိန်းချုပ်မရတာတို့ ဖြစ်ပေါ်စေပါတယ်။

၅။ ဗိုက်ဆာက ကျန်းမာရေးကို ထိခိုက်စေပါတယ်။

အစားအစာတွေကို ပုံမှန်မစားဘဲ ဗိုက်ဆာတဲ့အထိ စောင့်နေရင် ခန္ဓာကိုယ်ကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ဗိုက်ဆာလာပြီဆိုရင် စိတ်က မကြည်လင်တော့ဘဲ စိတ်တိုလာတတ်ပါတယ်။ ဒါ့အပြင်

- အာရုံစုစည်းလို့မရတာ

- ဗိုက်ထဲမှာ တဂွီဂွီမြည်တာ

- အားနည်းတာ

- မူးတာ

- အန်တာ

- ခေါင်းကိုက်တာ

- အိပ်မပျော်တာတို့ကိုလည်း ခံစားရစေပါတယ်။

Bonus

ခန္ဓာကိုယ်က ဗိုက်ဆာတာ၊ စိတ်ပိုင်းဆိုင်ရာ ဗိုက်ဆာတာ၊ အစားအစာတွေကို မြင်ရလို့ ဗိုက်ဆာတာဆိုပြီး ဗိုက်ဆာနည်းက သုံးမျိုးရှိပါယ်။

စိတ်ပိုင်းဆိုင်ရာ ဗိုက်ဆာကတော့ တကယ်ဗိုက်ဆာတာမဟုတ်ဘဲ စိတ်ဖိစီးမှုတွေကြောင့် အစားအစာတွေကို အမြဲစားချင်နေတာပါ။ အစားကို ပုံမှန်အချိန်နဲ့စားရင် ကျန်းမာရေးနဲ့သင့်တော်ပြီး အဝလွန်တာကိုလည်း ထိန်းချုပ်ပြီးသားဖြစ်စေမှာပါ။

Zombie (lovemedia)

for zawgyi

ဗိုက္ဆာတဲ့အထိမေစာင့္ဘဲ အစားအစာေတြကို အခ်ိန္မွန္စားသင့္တဲ့အေၾကာင္းအရင္း (၅) ခ်က္

ဗိုက္ဆာတယ္ဆိုတာက ခႏၶာကိုယ္ရဲ႕ဇီဝျဖစ္စဥ္ေတြက ေကာင္းစြာအလုပ္လုပ္ေနေၾကာင္း ေဖာ္ျပတဲ့လကၡဏာပါ။ အခ်ိန္ၾကာၾကာ အစားမစားေပမယ့္ ဗိုက္မဆာဘူးဆိုတာက ပုံမွန္အေျခအေနတစ္ရပ္မဟုတ္ပါဘူး။ ခႏၶာကိုယ္အတြက္ အားအင္ေတြ ကုန္လာၿပီဆိုရင္ ဗိုက္ဆာလာပါတယ္။

ဒါေပမယ့္ အခ်ိဳ႕ေတြက ဗိုက္ဆာမွသာ အစားအစာေတြကို စားၾကပါတယ္။ ဗိုက္ဆာတဲ့အထိမေစာင့္ဘဲ အခ်ိန္မွန္ ဘာ့ေၾကာင့္ စားသင့္လဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ဗိုက္ဆာတဲ့အခ်ိန္မွာ မစားရင္ ပိုၿပီး စားမိသြားတတ္ပါတယ္။

အခ်ိဳ႕ေတြက မနက္စာမစားဘဲေနတတ္ၾကပါတယ္။ မနက္စာမစားဘဲေနရင္ ေန႔လယ္စာကို ပိုၿပီးစားမိသြားတတ္ပါတယ္။ လူသားေတြရဲ႕ ခႏၶာကိုယ္က အာဟာရဓာတ္ကို ၄ နာရီျခားတစ္ခါ လိုအပ္ပါတယ္။

အစားကို လုံးဝမစားဘဲ ေနၿပီးေနာက္ ျပန္စားတဲ့အခါ ပုံမွန္ထက္ ပိုစားမိသြားတတ္ပါတယ္။ အဲဒီအခါ ကိုယ္အေလးခ်ိန္က မေလ်ာ့ဘဲ ပိုၿပီးတိုးလာမွာပါ။

၂။ ဗိုက္ဆာတာက ကိုယ္အေလးခ်ိန္က်ဖို႔ အကူအညီမျဖစ္ပါဘူး။

ဗိုက္အဆာခံရင္ ကိုယ္အေလးခ်ိန္က်မယ္လို႔ အခ်ိဳ႕ေတြက ယူဆၾကပါတယ္။ လက္ေတြ႕မွာေတာ့ ေန႔စဥ္သြားလာလႈပ္ရွားဖို႔အတြက္ အားအင္ေတြက လိုအပ္ပါတယ္။

ဗိုက္အဆာခံေပမယ့္လည္း ကိုယ္အေလးခ်ိန္က မက်ပါဘူး။ ကယ္လိုရီနည္းတဲ့အစားအစာကို စားတာ သို႔မဟုတ္ နည္းနည္းပဲ စားတာက ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔ အေထာက္အကူျဖစ္ေစမွာပါ။

၃။ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့အစားအစာေတြကိုလည္း မေ႐ြးခ်ယ္ျဖစ္ေတာ့ပါဘူး။

အစားကို အခ်ိန္မွန္မစားဘဲ ဗိုက္အရမ္းဆာလာမွ စားတဲ့အခါ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့အစားအစာေတြကို မေ႐ြးခ်ယ္မိေတာ့ပါဘူး။ ဗိုက္အရမ္းဆာတာေၾကာင့္ စားခ်င္တဲ့အစားအစာေတြကို အထိန္းအကြပ္မဲ့ စားမိသြားပါတယ္။

အစားကို အခ်ိန္မွန္မစားရင္ ခ်ိဳတဲ့မုန႔္ေတြကို ပိုၿပီး စားခ်င္လာတတ္ပါတယ္။ ခ်ိဳတဲ့မုန႔္ေတြက ကိုယ္အေလးခ်ိန္ကို သိသိသာသာ တိုးလာေစမွာပါ။

၄။ ဗိုက္ဆာေနမွန္း သတိထားမိမွာ မဟုတ္ေတာ့ပါဘူး။

ခႏၶာကိုယ္ထဲမွာ ghrelin ဆိုတဲ့ေဟာ္မုန္းက အစားစားခ်င္စိတ္ကို ျဖစ္ေပၚေစၿပီး leptin က‌ေတာ့ အစားစားခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးတာပါ။ ဗိုက္အဆာလြန္တဲ့အထိေနရင္ ghrelin ေဟာ္မုန္းက တိုးလာၿပီး ေတြ႕သမွ်ကို စားခ်င္လာပါေတာ့တယ္။

ဒါ့အျပင္ ဗိုက္ဆာတဲ့အခ်ိန္ကမမွန္ေတာ့ဘဲ အခ်ိန္တိုင္းလိုလို စားခ်င္ေနတာ၊ အစားစားခ်င္စိတ္ကို ထိန္းခ်ဳပ္မရတာတို႔ ျဖစ္ေပၚေစပါတယ္။

၅။ ဗိုက္ဆာက က်န္းမာေရးကို ထိခိုက္ေစပါတယ္။

အစားအစာေတြကို ပုံမွန္မစားဘဲ ဗိုက္ဆာတဲ့အထိ ေစာင့္ေနရင္ ခႏၶာကိုယ္က်န္းမာေရးကိုသာမက စိတ္က်န္းမာေရးကိုလည္း ထိခိုက္ေစပါတယ္။ ဗိုက္ဆာလာၿပီဆိုရင္ စိတ္က မၾကည္လင္ေတာ့ဘဲ စိတ္တိုလာတတ္ပါတယ္။ ဒါ့အျပင္

- အာ႐ုံစုစည္းလို႔မရတာ

- ဗိုက္ထဲမွာ တဂြီဂြီျမည္တာ

- အားနည္းတာ

- မူးတာ

- အန္တာ

- ေခါင္းကိုက္တာ

- အိပ္မေပ်ာ္တာတို႔ကိုလည္း ခံစားရေစပါတယ္။

Bonus

ခႏၶာကိုယ္က ဗိုက္ဆာတာ၊ စိတ္ပိုင္းဆိုင္ရာ ဗိုက္ဆာတာ၊ အစားအစာေတြကို ျမင္ရလို႔ ဗိုက္ဆာတာဆိုၿပီး ဗိုက္ဆာနည္းက သုံးမ်ိဳးရွိပါယ္။

စိတ္ပိုင္းဆိုင္ရာ ဗိုက္ဆာကေတာ့ တကယ္ဗိုက္ဆာတာမဟုတ္ဘဲ စိတ္ဖိစီးမႈေတြေၾကာင့္ အစားအစာေတြကို အၿမဲစားခ်င္ေနတာပါ။ အစားကို ပုံမွန္အခ်ိန္နဲ႔စားရင္ က်န္းမာေရးနဲ႔သင့္ေတာ္ၿပီး အဝလြန္တာကိုလည္း ထိန္းခ်ဳပ္ၿပီးသားျဖစ္ေစမွာပါ။

Zombie (lovemedia)