စမ်းသပ်မှုတွေနဲ့ လေ့လာမှုတွေအပြီးမှာ အကျင့်စရိုက်တွေနဲ့ စိတ်နေစိတ်ထားတွေက ဆက်စပ်နေကြောင်း ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ လူတစ်ယောက်ကို အကဲဖတ်ဖို့အတွက် သူ့ရဲ့အပြုအမူတွေကို လေ့လာကြည့်နိုင်ပါတယ်။
၁။ အိတ်ကို လွယ်တဲ့ပုံစံ
အိတ်ကို လွယ်တဲ့ပုံစံကနေ သင့်အကြောင်းကို ခန့်မှန်းသိရှိနိုင်ပါတယ်။ အိတ်ကို ပုခုံးမှာလွယ်တတ်ရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိသူပါ။ အိတ်ကို မလွယ်ဘဲ လက်ကနေ ကိုင်သွားတတ်ရင် စိတ်အေးအေးထားတတ်ပြီး သင့်ရဲ့အသွင်အပြင်အတွက်လည်း စိတ်မပူတတ်ပါဘူး။ အိတ်ကို အောက်ခြေကနေ ပိုက်ပြီးလွယ်ရင် စိတ်ထဲမှာ မလုံခြုံမှုတွေ များနေကြောင်း ဖော်ပြနေတာပါ။
၂။ အိမ်သာသုံးစက္ကူကို အသုံးပြုသည့်ပုံစံ
အိမ်သာသုံးစက္ကူကို အသုံးပြုတဲ့ပုံစံကနေလည်း သင့်အကြောင်းကို သိနိုင်ပါတယ်။ အိမ်သာသုံးစက္ကူကို အပေါ်ကနေ ယူရင် လွှမ်းမိုးခြယ်လှယ်တတ်ပြီးတော့ အောက်ကနေ ယူရင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသူဖြစ်ကြောင်း ဖော်ပြနေတာပါ။
၃။ ဆယ်လ်ဖီရိုက်တဲ့ပုံစံ
ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေနေတတ်သူက ဆယ်လ်ဖီရိုက်တဲ့အခါ ဖုန်းကို မျက်နှာအောက်မှာ အနည်းငယ်နှိမ့်ပြီး ရိုက်တတ်ပါတယ်။ စိတ်ပူပန်သူတွေကတော့ ဖုန်းကို အပေါ်ပင့်တင်ပြီး ဆယ်လ်ဖီရိုက်လေ့ရှိတာကို တွေ့ရပါတယ်။
၄။ လမ်းလျှောက်တဲ့ပုံစံ
ခန္ဓာကိုယ်အမူအရာကလည်း သင့်အကြောင်းကို ပြောပြနိုင်ပါတယ်။ စိတ်အခြေအနေပေါ်မူတည်ပြီး လမ်းလျှောက်တဲ့ပုံစံက ပြောင်းလဲသွားပါတယ်။ ပုခုံးကို ညွှတ်ပြီး လမ်းလျှောက်တတ်သူတွေက ဝမ်းနည်းမှုတွေကို မကြာခဏ ကြုံတွေ့ရသူပါ။ လမ်းလျှောက်နေစဉ်မှာ ခေါင်းကို ဟိုယိမ်းဒီယိမ်းလုပ်နေတတ်ရင် စိတ်ဆတ်လွယ်သူပါ။
၅။ လက်ဆွဲနှုတ်ဆက်သည့်ပုံစံ
လူတစ်ယောက်ရဲ့ လက်ဆွဲနှုတ်ဆက်တဲ့ပုံစံကို အကဲခတ်ကြည့်ပါ။ တင်းတင်းကြပ်ကြပ် လက်ဆွဲနှုတ်ဆက်တတ်သူတွေက ပွင့်လင်းရိုးရှင်းစွာ နေထိုင်တတ်ကြပါတယ်။ ဒါ့အပြင် စကားပြောကောင်းတာကိုလည်း တွေ့ရပါတယ်။
၆။ ဖုန်းအသုံးပြုသည့်အချိန်ပမာဏ
လေ့လာချက်တစ်ခုအရ ဖုန်းအသုံးပြုတဲ့အချိန်များသူတွေဟာ အထီးကျန်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ဖုန်းအသုံးပြုတာများသူတွေကလည်း အထီးကျန်လာတတ်တာကြောင့် ဒီနှစ်ခုက အပြန်အလှန်ဆက်စပ်နေပါတယ်။
၇။ အချိန်တိကျမှု
အလုပ်လုပ်တဲ့အခါ အချိန်တိကျဖို့က အရမ်းကို အရေးကြီးပါတယ်။ အလုပ်ကို အမြဲလိုလို အချိန်နောက်ကျမှ လာတတ်သူတွေဟာ အလုပ်အပေါ်မှာ စိတ်ဝင်စားမှု နည်းကြောင်းတွေ့ရပါတယ်။ အချိန်ကို လေးစားတတ်သူတွေဟာ အလုပ်ကို ပိုအာရုံစိုက်ပြီး အောင်မြင်မှု ပိုရတာကိုလည်း တွေ့ရပါတယ်။
၈။ စိတ်လှုပ်ရှားရင် ပြုလုပ်တတ်တဲ့အမူအရာ
လူတွေက စိတ်လှုပ်ရှားတဲ့အခါမှာ လက်သည်းကိုက်တာ၊ ခြေထောက်လှုပ်ရမ်းတာ၊ လက်နှစ်ဖက်ကို ပွတ်တာ စတာတွေကို ပြုလုပ်တတ်ကြပါတယ်။ စိတ်ဖိစီးမှုတွေကို မထိန်းချုပ်နိုင်တဲ့သူတွေဟာ မျက်မှောင့်ကျုံ့တာနဲ့ အခြားသောအမူအရာတွေကိုပါ ပိုမိုပြုလုပ်တတ်ကြပါတယ်။
Zombie (lovemedia)
for zawgyi
အသေးစိတ်အပြုအမူ (၈) ခုကနေတစ်ဆင့် သိနိုင်မယ့်သင့်အကြောင်း 
၁။ အိတ်ကို လွယ်တဲ့ပုံစံ
၎။ လမ်းလျှောက်တဲ့ပုံစံ
၇။ အချိန်တိကျမှု
Zombie (lovemedia)