ကိုရီးယားအမျိုးသမီးတွေရဲ့ အသားအရေက စိုပြေလှပပြီး ချောမွတ်နေပါတယ်။ ကိုရီးယားအမျိုးသမီးတွေက အသားအရေကို ရေဓာတ်ပြည့်အောင် အမြဲတမ်းဂရုစိုက်ကြပါတယ်။

အဲဒါကြောင့် Glow skin ရရှိဖို့ ကိုရီးယားအမျိုးသမီးတွေ အသုံးပြုတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မျက်နှာကို ရေနွေးရော ရေအေးနဲ့ပါ သစ်ခြင်း

ကိုရီးယားအမျိုးသမီးတွေက မျက်နှာကို ရေနွေးနဲ့ ၂ မိနစ်ကြာသစ်ပြီး ရေအေးနဲ့ ၂ မိနစ်ကြာ ထပ်သစ်ပါတယ်။ ရေနွေးနဲ့ မျက်နှာသစ်တာက မျက်နှာက အဆီတွေကို ဖယ်ရှားပေးပြီး သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ရေအေးနဲ့ သစ်တာကတော့ ချွေးပေါက်တွေကို ကျဉ်းသွားစေတာပါ။

၂။ ခရုရဲ့အချွဲကနေ ထုတ်ထားတဲ့ အလှအပပစ္စည်းတွေကို အသုံးပြုခြင်း

အလှကုန်ပစ္စည်းတွေမှာ ခရုရဲ့အချွဲတွေကို အသုံးပြုခဲ့တာက ရှေးဂရိခေတ်ကတည်းပါ။ ခရုရဲ့အချွဲမှာ ဇင့်ပါဝင်ပြီး အသားအရေကို ချောမွေ့စေပါတယ်။ Glow skin ကိုလည်း ရရှိစေတာကြောင့် ကိုရီးယားအလှကုန်ပစ္စည်းတွေမှာလည်း ထည့်သွင်းအသုံးပြုကြပါတယ်။

၃။ ဆန်နဲ့ပြုလုပ်ထားတဲ့ mask ကို အသုံးပြုခြင်း

နေရောင်အောက်မှာ အလုပ်လုပ်ပါများတဲ့အခါ အသားအရေက ခြောက်သွေ့လာပါတယ်။ ကိုရီးယားအမျိုးသမီးတွေက ဆန်မှုန့်နဲ့ သံလွင်ဆီကို ရောပြီး မျက်နှာမှာ mask အဖြစ်အသုံးပြုကြပါတယ်။ ဆန်နဲ့ပြုလုပ်ထားတဲ့ mask ကို ခန္ဓာကိုယ်အသားအရေလှပဖို့လည်း အသုံးပြုနိုင်ပါတယ်။

၄။ မနက်ခင်းပိုင်းမှာ မျက်နှာကို ရေနဲ့သာ သစ်ခြင်း

နူးညံ့တဲ့ cleanser ကို တစ်နေ့နှစ်ကြိမ်အသုံးပြုရင်တောင် များနေပြီဖြစ်ကြောင်း အလှအပကျွမ်းကျင်သူတွေက ပြောပါတယ်။ အဲဒါကြောင့် မနက်ခင်းပိုင်းမှာ မျက်နှာကို ရေတစ်မျိုးနဲ့သာ သစ်ပြီး ညနေပိုင်းရောက်မှသာ cleanser ကို အသုံးပြုကြပါတယ်။

၅။ အလှအပပစ္စည်းတွေကို ရေခဲသေတ္တာထဲမှာ သိမ်းထားခြင်း

မျက်နှာမှာ အရေးအကြောင်းတွေကို လျှော့ချဖို့ ကိုရီးယားအမျိုးသမီးတွေက mask နဲ့ ခရင်မ်တွေကို ရေခဲသေတ္တာထဲမှာ ခဏလောက် သိမ်းထားကြပါတယ်။ အသုံးပြုတဲ့အခါမှာလည်း မျက်နှာပေါ်မှာ အရမ်းမပွတ်တိုက်ဘဲ ညင်ညင်သာသာပဲ လိမ်းပေးကြပါတယ်။

၆။ မျက်နှာကို ကြက်ဆူဆီလိမ်းပြီး နှိပ်နယ်ပေးခြင်း

မျက်နှာမှာ ကြက်ဆူဆီကို လိမ်းပေးပြီး ၄မိနစ်ကြာအောင် နှိပ်နယ်ပေးရုံနဲ့ နူးညံ့တဲ့အသားအရေကို ရရှိလာမှာပါ။ ဒီလိုနှိပ်နယ်ပေးတာက မျက်နှာအသားအရေကို တင်းရင်းလှပစေပါတယ်။ ဒါပေမယ့် မျက်နှာအသားအရေနဲ့ ကိုက်ညီတဲ့ဆီကို ရွေးချယ်ဖို့တော့ အရေးကြီးပါတယ်။

၇။ စပါးလင်ရေတွေးကြမ်း

စပါးလင်ကို အာရှအစားအစာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြပါတယ်။ စပါးလင်က ရနံ့မွှေးတဲ့အပြင် အစာကြေလွယ်စေပါတယ်။ စပါးလင်ရေနွေးကြမ်းကို သောက်သုံးပေးရင် အသားအရေမှာ လိုအပ်တဲ့အာဟာရတွေနဲ့ Glow skin ကိုပါ ရရှိစေမှာပါ။

၈။ ဆန်ဆေးရည်နဲ့ မျက်နှာသစ်ခြင်း

ဆန်ဆေးရည်က ဈေးမကြီးပေမယ့် အလှအပအတွက် အများကြီး အကျိုးပြုပါတယ်။ ဆန်ဆေးရည်က တံတောင်ဆစ်မည်းနေတာတွေကိုတောင် သက်သာစေပြီး နေလောင်နေတဲ့အသားအရေကို အေးမြစေပါတယ်။

၉။ Gel ကို အခြေခံထားတဲ့ eye cream ကို primer အဖြစ် အသုံးပြုခြင်း

Concealer မသုံးဘဲ အသားအရေကို ချောမွေ့အောင် လုပ်ဖို့နည်းလမ်းတစ်ခုရှိပါတယ်။ Gel type eye cream ကို preimer အဖြစ်လိမ်းပေးရင် မျက်ကွင်းညိုတာသက်သာပြီး မိတ်ကပ်လည်း ကြာရှည်ခံပါတယ်။

၁၀။ မျက်နှာကို နေ့စဉ်နှိပ်နယ်ပေးခြင်း

နုပျိုလှပတဲ့မျက်နှာရဖို့ ငွေမကုန်ဘဲ ပြုလုပ်နိုင်တာကတော့ မျက်နှာကို နှိပ်နယ်ပေးတာပါ။ မျက်နှာသစ်ပြီးတဲ့အချိန်မှာ စက်ဝိုင်းပုံစံနှိပ်နယ်ပေးရင် အသားအရေတင်းရင်းပြီး အသက်အရွယ်နဲ့မလိုက်ဖက်အောင်နုပျိုနေမှာပါ။

Zombie (lovemedia)