ယနေ့ခေတ်မှာတော့ ကလေးတွေက အရုပ်တွေနဲ့ ကစားဖို့ထက် ဖုန်းနဲ့တဘက်လက်ကို စွဲလမ်းလာကြပါတယ်။ အချိန်အများစုဟာ ဗွီဒီယိုကြည့်တာ၊ ဂိမ်းဆော့တာနဲ့ပဲ ကုန်ဆုံးကြပါတယ်။

တရုတ်နိုင်ငံ Shenzhen Guangdong ပြည်နယ်က Huang ဆိုတဲ့အဖေဟာ သားဖြစ်သူ ည တစ်နာရီထိုးတဲ့အထိ ဂိမ်းဆော့နေကြောင်း သိသွားခဲ့ပါတယ်။

Huang က သားဖြစ်သူကို အိမ်စာတွေလုပ်လို့ပြီးရင် နာရီဝက် ဂိမ်းကစားဖို့ ခွင့်ပြုပေးပါတယ်။ ပိတ်ရက်တွေမှာတော့ တစ်နာရီကြာ ဂိမ်းကစားခွင့်ပေးပါတယ်။


ဒါပေမယ့် သားက ဂိမ်းကို ညနက်တဲ့အထိ မအိပ်ဘဲ ဆော့နေတာကြောင့် အဖေက ဒေါသထွက်သွားခဲ့ပါတယ်။ ဒီကိစ္စကို ဇနီးသည်နဲ့ တိုင်ပင်ပြီးတော့ အကြံတစ်ခုရသွားခဲ့ပါတယ်။

အဖေက ကျောင်းမှာ ကလေးအတွက် ခွင့်တစ်ရက် သွားတိုင်ပေးလိုက်ပါတယ်။ သားဖြစ်သူက ဂိမ်းကို အရမ်းဆော့ချင်နေတာကြာင့် ခွင့်တစ်ရက်ပေးဖို့ ပြောခဲ့တာပါ။


သားဖြစ်သူကလည်း ပျော်ပျော်ရွှင်ရွှင်ပဲ ဂိမ်းကို ဆော့နေခဲ့ပါတယ်။ ထိုင်ခုံပေါ်မှာ ထိုင်လိုက်၊ ထလိုက်နဲ့ ပုံစံမျိုးစုံနဲ့ဆော့နေပြီး နောက်ဆုံးမှာတော့ အိပ်ပျော်သွားပါတယ်။

အဲဒီအခါ အဖေက သားဖြစ်သူကို နှိုးပြီး ဂိမ်းဆက်ဆော့ခိုင်းပါတယ်။ ညတစ်နာရီကနေ ညနေ ၆ နာရီခွဲအထိ ဆော့ပြီးနောက် ဂိမ်းဆက်မဆော့နိုင်တော့ကြောင်း သားဖြစ်သူက ငိုပြီးပြောပါတော့တယ်။


အသက် ၁၁ နှစ်အရွယ်ရှိတဲ့သားဖြစ်သူက ဂိမ်းကို နောက်ဘယ်တော့မှ မဆော့တော့ပါဘူးလို့ စာရွက်မှာ ရေးပြီး အဖေကို ကတိပေးလိုက်ပါတယ်။

ဒါပေမယ့် Huang ကတော့ ကလေးတွေ ဂိမ်းအရမ်းဆော့တဲအ့ခါ ဒီနည်းနဲ့မဖြေရှင်းဖို့ အခြားသော မိသားစုတွေကို အကြံပြုထားပါတယ်။

Zombie (lovemedia)