တနိုင်ငံနဲ့ တနိုင်ငံဟာ ယဉ်ကျေးမှုချင်းကွဲပြားသလို စားသောက်ပုံချင်းလည်း မတူညီကြပါဘူး။ အဲဒါကြောင့် ကမ္ဘာပေါ်က နိုင်ငံအချို့ရဲ့ စားပွဲဝိုင်းယဉ်ကျေးမှုတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပြင်သစ်

ပြင်သစ်မှာ ဆလတ်ရွက်တွေကို ဓားနဲ့ဖြတ်တာကို မနှစ်သက်ကြပါဘူး။ ရှေးခေတ်တုန်းက ငွေနဲ့ပြုလုပ်ထားတဲ့ဓားနဲ့ ဆလတ်ရွက်ကို လှီးဖြတ်ပါတယ်။ အဲဒီအခါ သတ္တုက ရှာလကာရည်နဲ့ ထိရင် ဓာတ်ပြုပြီး အရောင်မည်းသွားပါတယ်။

ယနေ့ခေတ်မှာတော့ ဓားကို စတီးနဲ့ပြုလုပ်ပေမယ့် ပြင်သစ်ရောက်တဲ့အခါ ဆလတ်ရွက်ကို လက် သို့မဟုတ် ကတ်ကြေးနဲ့သာ ဖြတ်သင့်ပါတယ်။

၂။ တရုတ်

တရုပ်နိုင်ငံက ဟင်းပွဲတွေမှာ ငါးကို တကောင်လုံးချက်ပြီး စားသောက်ကြပါတယ်။ ငါးကို လှန်လိုက်တာကို ကံဆိုးတတ်လို့ သတ်မှတ်ကြပါတယ်။ အဲဒါကြောင့် ငါးကို မလှန်ဘဲ သူတို့ချပေးတဲ့အတိုင်းသာ စားသင့်ပါတယ်။

၃။ ကိုရီးယား

နိုင်ငံအများစုရဲ့ အများသုံးသန့်စင်ခန်းတွေမှာ လက်ဆေးရည်ကို အလိုအလျောက်ကျလာတဲ့စနစ်ကို အသုံးပြုကြပါတယ်။ ကိုရီးယားနိုင်ငံရဲ့ အများသုံးသန့်စင်ခန်းတွေမှာ ဆပ်ပြာတုံးတွေကို ပေးထားပါတယ်။

၄။ ကိုရီးယား

ကိုရီးယားနိုင်ငံမှာ သင်ဟာ ဘယ်လောက်ပဲ ဗိုက်ဆာနေပါစေ အသက်ကြီးဆုံးလူမစားမချင်း စတင် စားလို့မရပါဘူး။ အသက်ကြီးတဲ့မစားသေးဘဲ စတင်စားရင် နောက်တစ်ခါ အိမ်ကို ထမင်းစား မဖိတ်ကြတော့ပါဘူး။

၅။ အင်္ဂလန်

အင်္ဂလန်နိုင်ငံမှာ လက်ဖက်ရည်သောက်တဲ့အချိန်ကို သီးသန့်ထားကြပါတယ်။ လက်ဖက်ရည်သောက်တဲ့အချိန် ခွက်ကို အသံမြည်အောင် မွှေရင် သို့မဟုတ် ခွက်ထဲမှာ လက်ဖက်ရည်ကျန်နေရင် မကြိုက်ကြပါဘူး။

၆။ ကမ္ဘောဒီးယား

ကမ်ဘောဒီးယားနိုင်ငံက အိမ်သာတွေမှာ အသုံးပြုပြီးသားတစ်ရှူးကို အမှိုက်တောင်းထဲကိုသာ ထည့်ရပါတယ်။ ဒါ့အပြင် ရေမဆွဲချဘဲ ရေပန်းနဲ့သာ သန့်ရှင်းရေးလုပ်ကြပါတယ်။

၇။ အိန္ဒိယ

အိန္ဒိယနိုင်ငံမှာ ပန်းကန်ထဲက စားစရာတွေ အကုန်လုံး ကုန်အောင် စားနိုင်ရင် ယဉ်ကျေးတယ်လို့ သတ်မှတ်ကြပါတယ်။ အစားအသောက်ကို တန်ဖိုးထားတာကြောင့် ပန်းကန်ထဲမှာရှိသမျှတွေအားလုံးကို ကုန်အောင် စားရပါတယ်။

၈။ အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံမှာတော့ လက်တစ်ဖက်ကို သန့်ရှင်းရေးလုပ်ဖို့၊ လက်တစ်ဖက်ကို စားသောက်ဖို့အတွက် ခွဲခြားထားပါတယ်။ ဘယ်ဘက်လက်က သန့်ရှင်းရေးလုပ်ဖို့ ဖြစ်ပြီး ညာဘက်လက်က အစားစားဖို့ပါ။ ဘယ်လက်နဲ့ အစားအစာတွေကို ကိုင်ရင် ရိုးပျတယ်လို့ ယူဆကြပါတယ်။

၉။ အာဖဂန်နစ္စတန်

အာဖဂန်နစ္စတန်နိုင်ငံမှာ ပေါင်မုန့်ပိုင်းတစ်ခုက အောက်ကို ပြုတ်ကျသွားရင် ချက်ချင်းပြန်ကောက်ပြီး နမ်းရပါတယ်။ ဒီနည်းကတော့ အစားအစာအပေါ် တန်ဖိုးထားလေးစားမှုကို ဖော်ပြတာပါ။

ပိုးမွှားတွေ ကပ်နေမှာလည်း မကြောက်ကြပါဘူး။ အဲဒါကြောင့် အာဖဂန်နစ္စတန်ရောက်ရင် အစားအစာတွေကို အောက်ပြုတ်မကျအောင် သတိထားပြီး စားသင့်ပါတယ်။

၁၀။ ချီလီ

ချီလီနိုင်ငံမှာ အစားအစာတွေကို လက်နဲ့တိုက်ရိုက်ကိုင်တာကို မယဉ်ကျေးဘူးလို့ သတ်မှတ်ကြပါတယ်။ အစားအစာတွေကို ဇွန်းခက်ရင်းတွေနဲ့ပဲ စားကြပါတယ်။ အာလူးကြော်နဲ့ ဘာဂါကိုတောင် ဇွန်းခက်ရင်း၊ ဓားတို့နဲ့သာ စားကြပါတယ်။

Zombie (lovemedia)