လူသားတွေက ဘဝရဲ့သုံးပုံတစ်ပုံကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးကြပါတယ်။ အိပ်စက်နေချိန်မှာ ခန္ဓာကိုယ်က အနားယူနေပေမယ့် ဦးနှောက်ကတော့ ဆက်လက်အလုပ်လုပ်နေဆဲပါပဲ။

တစ်ခါတရံမှာ မက်ပြီးသား အိပ်မက်တွေကို ထပ်ခါထပ်ခါ ပြန်မက်တာကို ကြုံရတတ်ပါတယ်။ အိပ်မက်တစ်ခုထဲကိုပဲ ထပ်ခါထပ်ခါ မက်ရတဲ့အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အိပ်မက်တစ်ခုထဲကို ထပ်ခါထပ်ခါမက်တာက လူအများစု ကြုံတွေ့ဖူးတဲ့အရာပါ။ အရွယ်မရောက်သေးတဲ့ဆယ်ကျော်သက်တွေမှာလည်း အိပ်မက်တွေ ထပ်ခါထပ်ခါ မက်တတ်သလို အရွယ်ရောက်ပြီးသူတွေမှာလည်း ဒီလိုမျိုး ကြုံဖူးကြပါတယ်။

လေ့လာချက်တွေအရ အိပ်မက်တစ်ခုကို ထပ်ခါထပ်ခါ ပြန်မက်တာက ငယ်စဉ်ဘဝနဲ့လည်း သက်ဆိုင်နေတတ်ပါတယ်။

လူအများစု ထပ်ခါထပ်ခါ မက်တတ်တဲ့အိပ်မက်တွေကို စစ်တမ်းကောက်ကြည့်တဲ့အခါ

-တစ်နေရာက ပြုတ်ကျတာ

-တစ်စုံတစ်ရာက နောက်ကနေ လိုက်တာ

-ကျောင်းကို ပြန်ရောက်သွားတာ

-စာမေးပွဲ သို့မဟုတ် အရေးကြီးတဲ့ပွဲတစ်ခုခုအတွက် ဘာမှမပြင်ဆင်ရသေးတာ

-ပျံသန်းနေတာ

စတဲ့ အိပ်မက် ၅မျိုးဟာ လူအများစု မက်လေ့ရှိတာကို တွေ့ရပါတယ်။ ဒီလိုအိပ်မက်တွေ ခဏခဏမက်ရတာကတော့ စိုးရိမ်ပူပန်စိတ်တွေနဲ့ ဝမ်းနည်းမှုတွေ များနေတာကြောင့်ပါ။ စိတ်ခံစားလွယ်သူ၊ စိတ်ဒဏ်ရာရဖူးသူတွေမှာ ဒီလိုအိပ်မက်တွေ ခဏခဏမက်တာကို ကြုံရလေ့ရှိပါတယ်။

အိပ်မက်တစ်ခုကို ခဏခဏပြန်မက်တာက ခံစားချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စာမေးပွဲနီးနေပေမယ့် ဘာမှမပြင်ဆင်ရသေးဘူးဆိုတဲ့ အိပ်မက် မက်လေ့ရှိသူအများစုဟာ ကျောင်းသူကျောင်းသားတွေ ဖြစ်နေတတ်ပါတယ်။ စိတ်ထဲမှာ ဖိအားများနေတဲ့အရာတွေဟာ အိပ်မက်ထဲမှာပါ ပါဝင်လာတတ်ပါတယ်။ စိတ်မလုံခြုံမှုတွေ၊ အားငယ်မှုတွေကို ထပ်ခါထပ်ခါကြုံရရင်လည်း အိပ်မက်တစ်ခုကို ခဏခဏပြန်မက်တတ်ပါတယ်။

အိပ်မက်တွေဟာ မဖြေရှင်းရသေးတဲ့ပြဿနာတွေနဲ့ ဆက်စပ်နေမယ်လို့ သုတေသီတွေက မှန်းဆကြပါတယ်။ ဖုံးကွယ်ထားတဲ့ဆန္ဒတွေဟာလည်း အိပ်မက်တွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ အဲဒါကြောင့် ဖြစ်ချင်တဲ့ဆန္ဒတွေ အရမ်းပြင်းပြရင်လည်း အိပ်မက်တစ်ခုကို ထပ်ခါထပ်ခါ မက်တတ်ပါတယ်။

အိပ်မက်တစ်ခုကို ခဏခဏပြန်မက်တာကို လျှော့ချနိုင်ဖို့ နည်းလမ်းကတော့ စိတ်ဖိစီးမှု ကင်းဝေးအောင် နေဖို့ပါပဲ။ စိတ်ဖိစီးမှုတွေက အိပ်မက်ဆိုးတွေကိုပါ မက်စေတာကြောင့်ပါ။ အာဟာရမျှတတဲ့အစားအစာတွေကို စားတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ စိတ်ဖိစီးမှုတွေအရမ်းများတဲ့အခါ နှစ်သိမ့်ဆွေးနွေးမှု ခံယူတာက အိပ်မက်ဆိုးတွေကို လျှော့ချပေးနိုင်ပါတယ်။

Zombie (lovemedia)

for zawgyi

အိပ္မက္တစ္ခုတည္းကိုပဲ ထပ္ခါထပ္ခါ မက္ေနရတဲ့အေၾကာင္းအရင္းမ်ား

လူသားေတြက ဘဝရဲ႕သုံးပုံတစ္ပုံကို အိပ္စက္ျခင္းနဲ႔ ကုန္ဆုံးၾကပါတယ္။ အိပ္စက္ေနခ်ိန္မွာ ခႏၶာကိုယ္က အနားယူေနေပမယ့္ ဦးေႏွာက္ကေတာ့ ဆက္လက္အလုပ္လုပ္ေနဆဲပါပဲ။ တစ္ခါတရံမွာ မက္ၿပီးသား အိပ္မက္ေတြကို ထပ္ခါထပ္ခါ ျပန္မက္တာကို ႀကဳံရတတ္ပါတယ္။ အိပ္မက္တစ္ခုထဲကိုပဲ ထပ္ခါထပ္ခါ မက္ရတဲ့အေၾကာင္းအရင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

အိပ္မက္တစ္ခုထဲကို ထပ္ခါထပ္ခါမက္တာက လူအမ်ားစု ႀကဳံေတြ႕ဖူးတဲ့အရာပါ။ အ႐ြယ္မေရာက္ေသးတဲ့ဆယ္ေက်ာ္သက္ေတြမွာလည္း အိပ္မက္ေတြ ထပ္ခါထပ္ခါ မက္တတ္သလို အ႐ြယ္ေရာက္ၿပီးသူေတြမွာလည္း ဒီလိုမ်ိဳး ႀကဳံဖူးၾကပါတယ္။ ေလ့လာခ်က္ေတြအရ အိပ္မက္တစ္ခုကို ထပ္ခါထပ္ခါ ျပန္မက္တာက ငယ္စဥ္ဘဝနဲ႔လည္း သက္ဆိုင္ေနတတ္ပါတယ္။

လူအမ်ားစု ထပ္ခါထပ္ခါ မက္တတ္တဲ့အိပ္မက္ေတြကို စစ္တမ္းေကာက္ၾကည့္တဲ့အခါ

-တစ္ေနရာက ျပဳတ္က်တာ

-တစ္စုံတစ္ရာက ေနာက္ကေန လိုက္တာ

-ေက်ာင္းကို ျပန္ေရာက္သြားတာ

-စာေမးပြဲ သို႔မဟုတ္ အေရးႀကီးတဲ့ပြဲတစ္ခုခုအတြက္ ဘာမွမျပင္ဆင္ရေသးတာ

-ပ်ံသန္းေနတာ

စတဲ့ အိပ္မက္ ၅မ်ိဳးဟာ လူအမ်ားစု မက္ေလ့ရွိတာကို ေတြ႕ရပါတယ္။ ဒီလိုအိပ္မက္ေတြ ခဏခဏမက္ရတာကေတာ့ စိုးရိမ္ပူပန္စိတ္ေတြနဲ႔ ဝမ္းနည္းမႈေတြ မ်ားေနတာေၾကာင့္ပါ။ စိတ္ခံစားလြယ္သူ၊ စိတ္ဒဏ္ရာရဖူးသူေတြမွာ ဒီလိုအိပ္မက္ေတြ ခဏခဏမက္တာကို ႀကဳံရေလ့ရွိပါတယ္။

အိပ္မက္တစ္ခုကို ခဏခဏျပန္မက္တာက ခံစားခ်က္ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ စာေမးပြဲနီးေနေပမယ့္ ဘာမွမျပင္ဆင္ရေသးဘူးဆိုတဲ့ အိပ္မက္ မက္ေလ့ရွိသူအမ်ားစုဟာ ေက်ာင္းသူေက်ာင္းသားေတြ ျဖစ္ေနတတ္ပါတယ္။ စိတ္ထဲမွာ ဖိအားမ်ားေနတဲ့အရာေတြဟာ အိပ္မက္ထဲမွာပါ ပါဝင္လာတတ္ပါတယ္။ စိတ္မလုံၿခဳံမႈေတြ၊ အားငယ္မႈေတြကို ထပ္ခါထပ္ခါႀကဳံရရင္လည္း အိပ္မက္တစ္ခုကို ခဏခဏျပန္မက္တတ္ပါတယ္။

အိပ္မက္ေတြဟာ မေျဖရွင္းရေသးတဲ့ျပႆနာေတြနဲ႔ ဆက္စပ္ေနမယ္လို႔ သုေတသီေတြက မွန္းဆၾကပါတယ္။ ဖုံးကြယ္ထားတဲ့ဆႏၵေတြဟာလည္း အိပ္မက္ေတြနဲ႔ ဆက္စပ္ေနတတ္ပါတယ္။ အဲဒါေၾကာင့္ ျဖစ္ခ်င္တဲ့ဆႏၵေတြ အရမ္းျပင္းျပရင္လည္း အိပ္မက္တစ္ခုကို ထပ္ခါထပ္ခါ မက္တတ္ပါတယ္။

အိပ္မက္တစ္ခုကို ခဏခဏျပန္မက္တာကို ေလွ်ာ့ခ်ႏိုင္ဖို႔ နည္းလမ္းကေတာ့ စိတ္ဖိစီးမႈ ကင္းေဝးေအာင္ ေနဖို႔ပါပဲ။ စိတ္ဖိစီးမႈေတြက အိပ္မက္ဆိုးေတြကိုပါ မက္ေစတာေၾကာင့္ပါ။ အာဟာရမွ်တတဲ့အစားအစာေတြကို စားတာ၊ ေလ့က်င့္ခန္းလုပ္တာ၊ စိတ္ဖိစီးမႈေတြအရမ္းမ်ားတဲ့အခါ ႏွစ္သိမ့္ေဆြးေႏြးမႈ ခံယူတာက အိပ္မက္ဆိုးေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

Zombie (lovemedia)