ခွေးလေးတွေက သခင်ကို အရမ်းခင်တွယ်ပါတယ်။ သခင်တွေကို စောင့်ရှောက်ပေးရုံသာမက အမှတ်တရများစွာကိုလည်း ဖန်တီးပေးပါတယ်။

ခွေးလေးတွေက တစ်ခါတရံမှာ သခင်တွေထံ သူတို့ရဲ့လက်လေးတွေကို လှမ်းပေးကြပါတယ်။ ခွေးလေးတွေ ဘယ်လိုအဓိပ္ပါယ်မျိုးနဲ့ လက်ပေးလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သခင်တွေကို သံယောဇဉ်ရှိခြင်း

ခွေးလေးတွေက သင့်နားကို ရောက်တဲ့အခါတိုင်း လက်လှမ်းပေးတာကို သတိထားမိမှာပါ။ အဲဒါကတော့ ခွေးလေးတွေက သင့်ကို ချစ်ကြောင်းဖော်ပြတာပါ။

ခွေးလေးတွေက သူတို့မချစ်တဲ့သူတွေကို လက်ပေးလေ့မရှိပါဘူး။ တကယ်သံယောဇဉ်သူတွေကိုသာ လက်ပေးပြီး ဂရုစိုက်မှုကို ခံယူလိုတာပါ။

၂။ ဘေးနားမှာ အမြဲရှိလိုခြင်း

ခွေးလေးတွေက လူသားတွေရဲ့ မျက်နှာကို ဖတ်တတ်ပြီး စိတ်ခံစားချက်တွေကို နားလည်ပါတယ်။ သူ့ရဲ့သခင် ဝမ်းနည်းနေတာကို သတိထားမိတဲ့အခါ နှစ်သိမ့်ပေးလိုတာကြောင့် လက်ပေးလေ့ရှိပါတယ်။

သူတို့ရဲ့လက်ကို ပေးပြီး အားလုံးအဆင်ပြေသွားမှာဖြစ်ကြောင်း ခွေးလေးတွေက ဖော်ပြချင်တာပါ။

၃။ အာရုံစိုက်မှုကို လိုအပ်ခြင်း

ခွေးလေးတွေက လက်ကို မကြာခဏလာပေးနေရင် သင့်ရဲ့အာရုံစိုက်မှုကို ခံယူလိုတာပါ။ ခွေးလေးတွေကလည်း ကလေးလေးတွေလိုပဲ ဂရုစိုက်မှု၊ ကြင်နာမှုကို လိုချင်ကြပါတယ်။

လူသားတွေက အပြင်ထွက်ပြီး တစ်နေကုန်အလုပ်လုပ်နေတဲ့အခါ အထီးကျန်နေတတ်တာကြပါတယ်။ အာရုံစိုက်မှုကို လိုအပ်တာကြောင့် လက်ပေးတတ်ကြပါတယ်။

၄။ စိတ်ဖိစီးမှု လျော့နည်းလိုခြင်း

ခွေးလေးတွေမှာလည်း စိတ်ဖိစီးမှုတွေ၊ နေမကောင်းတာတွေ ဖြစ်ပေါ်ပါတယ်။ အဲဒီလိုအခြေအနေတွေမှာ သခင်ဆီ လက်ပေးတတ်ကြပါတယ်။

လက်ပေးတာကို သတိထားမိပြီး ဆော့ကစားရတဲ့အခါ ခွေးလေးတွေ ခံစားနေရတဲ့ အထီးကျန်မှုတွေ၊ စိတ်ဖိစီးမှုတွေက လျော့နည်းသွားပါတယ်။

Zombie (lovemedia)