အဖေတွေဟာ သားသမီးတွေအတွက် အများကြီးအဓိပ္ပါယ်ပြည့်ဝစေသူပါ။ အချို့သော အဖေတွေက သူတို့ရဲ့အချစ်တွေကို ထုတ်မပြတတ်ပါဘူး။

ဒါပေမယ့် အဖေတွေက သားသမီးတွေကို အဆုံးမရှိတဲ့အချစ်တွေနဲ့ ချစ်ကြပါတယ်။ အဖေတွေက ကလေးတွေရဲ့ဘဝကို ဘယ်လိုလွှမ်းမိုးနိုင်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ စိတ်လုံခြုံမှု ပေးနိုင်ခြင်း

အဖေက ကလေးတွေရဲ့ စိတ်ခံစားချက်တွေကို နားထောင်ပေးနိုင်သူပါ။ ဘဝမှာကြုံတွေ့လာတဲ့ ပြဿနာတွေ၊ အနိမ့်အမြင့်အတက်အကျတွေကို အဖေတွေက သူတို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ အကြံပေးနိုင်ပါတယ်။

ဒါ့အပြင် အဖေတွေမှာ ကလေးတွေရဲ့ စိတ်ကို သန်မာအောင် ပြုလုပ်ပေးနိုင်တဲ့အစွမ်းလည်း ရှိပါတယ်။

၂။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်အောင် ပြုလုပ်ပေးခြင်း

ကလေးတွေက မိဘတွေရဲ့ အပြုအမူ၊ အပြောအဆိုအားလုံးကို သိသိသာသာရော မသိမသာပါ အတုယူပါတယ်။

အဖေတွေက အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ဘယ်လိုရှိလဲဆိုတာကို ကလေးတွေက အမြဲတမ်းစိတ်ဝင်စားပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့အတွက် အဖေက အမြဲတမ်းစံပြဖြစ်နေပါတယ်။

၃။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေခြင်း

အဖေတွေက အလုပ်များပေမယ့်လည်း ကလေးတွေရဲ့ ဝါသနာတွေ၊ ရည်မှန်းချက်တွေကို ထိထိရောက်ရောက်ပံ့ပိုးပေးနိုင်ပါတယ်။ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ဝေဝါးလာတဲ့အခါ၊ ကြောက်စိတ်တွေဖြစ်ပေါ်လာတဲ့အခါ အမြဲတမ်းအားပေးနေသူကတော့ အဖေပါပဲ။

၄။ တွေးခေါ်တတ်အောင် သင်ကြားပေးခြင်း

အဖေတွေက သူတို့ရဲ့အတွေ့အကြုံတွေကို သားသမီးတွေကို ပြောပြချင်ကြပါတယ်။ အတွေ့အကြုံကနေ ရရှိတဲ့ ဒဿနတွေက ကလေးတွေအတွက် ဆက်စပ်စဉ်းစားစရာ ရရှိလာမှာပါ။

အဖေတွေက ပြဿနာဖြေရှင်းနိုင်တဲ့အရည်အချင်းတွေကို သင်ကြားပေးဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေသူပါ။

၅။ မတူညီတဲ့အမြင်တွေကို သင်ပေးနိုင်ခြင်း

အဖေနဲ့အမေရဲ့ အတွေးအခေါ်ချင်းက မတူနိုင်ပါဘူး။ သားတွေက အဖေတွေကို အတုယူပြီး စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ လေ့လာကြပါတယ်။ အဖေရဲ့အတွေးအခေါ်တွေက ကလေးတွေရဲ့ဘဝကို အပြောင်းအလဲအများကြီး ဖြစ်ပေါ်စေပါတယ်။

၆။ တကယ့်ဘဝအစစ်အမှန်ကို ပြင်ဆင်ပေးနိုင်ခြင်း

လက်တွေ့ဘဝက ထင်သလောက်မလွယ်ကူပါဘူး။ အမေတွေက ကလေးတွေကို အမြဲစိုးရိမ်တတ်ပြီး မျက်လုံးဒေါက်ထောက်ကြည့်နေပေမယ့် အဖေတွေကတော့ စွန့်စားတာကို ပိုသဘောကျပါတယ်။

အဖေတွေက ကလေးတွေကို လက်တွေ့ဘဝမှာ လက်တွေ့ကျကျရှင်သန်နိုင်ဖို့ ကြမ်းတမ်းနဲ့နည်းလမ်းတွေနဲ့တောင် လမ်းညွှန်ပေးနိုင်သူတွေပါ။

Zombie (lovemedia)