အသားတွေကို ချက်တဲ့အခါမှာ ထင်သလောက် အရသာမရှိတာကို လူအများစု ကြုံဖူးကြပါတယ်။ အသားတွေကို ချက်တဲ့အခါ လူအများပြုလုပ်တတ်ကြတဲ့ အမှားတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အိုးကို ပူလာတဲ့အထိ စောင့်ပါ။

အသားချက်တော့မယ်ဆိုရင် အိုးပူလာတဲ့အထိ၊ ဆီပူလာတဲ့အထိ စောင့်သင့်ပါတယ်။ အိုးမပူခင် အသားကို ထည့်ချက်လိုက်ရင် သအားတွေက အရသာမရှိဘဲ ခြောက်ကပ်သွားပါတယ်။ အသားကို ခဲထားတယ်ဆိုရင် အနည်းငယ်အပူပေးပြီးမှ ချက်သင့်ပါတယ်။

အသားတွေကိုချေဖို့ သစ်သားဇွန်းကို မသုံးသင့်ပါဘူး။

နုပ်နုပ်စင်းထားတဲ့အသားကို ကြော်ဖို့ဆိုရင် သစ်သားဇွန်းကို မသုံးဘဲ အာလူးချေတဲ့ဇွန်းကို သုံးသင့်ပါတယ်။ အဲဒီအခါ အသားတွေက တစ်ညီတည်းဖြစ်သွားပြီး အရသာလည်း ပိုကောင်းသွားပါတယ်။

အခန်းအပူချိန်မှာ အေးခဲထားတဲ့အသားကို မနွေးသင့်ပါဘူး။

အေးခဲထားတဲ့အသားတွေက မာပြီး ရေခဲတွေ ကပ်နေပါတယ်။ အခန်းအပူချိန်မှာ အေးခဲထားတဲ့အသားကို နွေးလိုက်ရင် ဘက်တီးရီးယားတွေက ပိုပွားလာပါတယ်။ အဲဒါကြောင့် ခဲထားတဲ့အသားတွေကို မိုက်ခရိုဝေ့မီးဖိုထဲမှာ အပူပေးပြီး အရည်ပျော်အောင် ပြုလုပ်သင့်ပါတယ်။

အသားတွေကို ကျက်တဲ့အထိ စောင့်ပါ။

အသားတွေကို ကြော်နေတဲ့အချိန်မှာ တစ်ဖက်ကို ခဏခဏလှည့်တာက အိုးမှာ ကပ်သွားစေပါတယ်။ အသားလည်း အကျက်မညီတော့ပါဘူး။ အသားတွေ ကျက်သွားတဲ့အချိန်မှာ တစ်ဖက်ကို လှည့်တာက အရသာရှိတဲ့အပြင် ဒယ်အိုးလည်း မကပ်တော့ပါဘူး။

အသားတွေကို ပလက်စတစ်အိတ်ထဲ ထည့်ပြီးမှ ထုပါ။

အသားတွေကို ပလက်စတစ်အိတ်ထဲ မထည့်ဘဲ ဒီတိုင်းထုလိုက်ရင် အနံ့အသက်တွေနဲ့ ဘက်တီးရီးယားတွေက ဘေးတွေကို ပျံ့လွင့်သွားပါတယ်။ အဲဒါကြောင့် ပလက်စတစ်အိတ်မှာ ထည့်ပြီးတော့သာ ထုသင့်ပါတယ်။

အသားတွေကို ညီညီညာညာတုံးပါ။

အသားတွေကို တုံးတဲ့အခါ အကြီးအသေးမညီရင် အကျက်လည်းမညီတော့ပါဘူး။ စားရတဲ့အရသာလည်း မကောင်းတော့ပါဘူး။

အသားတွေကို ကျက်ကျက်ချင်း မလှီးသင့်ပါဘူး။

အသားတွေကို ကင်ပြီး ကျက်သွားတဲ့အခါ ခဏစောင့်လိုက်ပါ။ ချက်ချင်းလှီးလိုက်ရင် အရမ်းပူတဲ့အပြင် ပုံစံလည်း မလှတော့ပါဘူး။

Zombie (lovemedia)