နှစ်တွေ ပြောင်းလဲလာတာနဲ့အမျှ ဖက်ရှင်အမြင်တွေကလည်း မတူတော့ပါဘူး။ အချို့သော အဝတ်အစားဝတ်ဆင်ပုံတွေက သင့်ကို အသက်ငယ်ပေမယ့်လည်း အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။

၁။ မလိုက်ဖက်တဲ့ အဝတ်အစားအတွဲအစပ်

အဝတ်အစားဝတ်ဆင်တဲ့အခါ အင်္ကျီနဲ့ဘောင်းဘီကို ဆန့်ကျင်ဘက်တွဲဖက်ပြီး ဝတ်တာက ပိုပြီးနုပျိုစေပါတယ်။ တီရှပ်အပွနဲ့ ဘောင်းဘီအကျပ် သို့မဟုတ် အင်္ကျီအကျပ်နဲ့ ဘောင်းဘီအပွကို တွဲဝတ်တာက ပိုမိုလိုက်ဖက်ပါတယ်။ အဝတ်အစားကို ခန္ဓာကိုယ်ပုံစံပေါ်မူတည်ပြီး ရွေးချယ်တာကတော့ အလိုက်ဖက်ဆုံးပါ။

၂။ အရောင်တူညီတဲ့အသုံးအဆောင်

အမြဲတမ်းစတိုင်ကျနေဖို့ အသုံးအဆောင်ပစ္စည်းတွေကို အရောင်တူညီတာတွေ မရွေးချယ်သင့်ပါဘူး။ ဖိနပ်၊ အိတ်၊ ခါးပတ်၊ အဝတ်အစားတွေက အားလုံးအရောင်တူညီနေရင် အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။

အသုံးအဆောင်ပစ္စည်းတွေကို အရောင်ဖျော့လေးတွေရွေးထားရင် ဘယ်အဝတ်အစားနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်နေမှာပါ။

၃။ ခါးပတ်

အဝတ်အစားခပ်ပွပွတွေက သင့်ကို မသပ်မရပ်ဖြစ်ပေါတယ်။ ဝတယ်လို့ထည်း ထင်ရစေပါတယ်။ အဲဒါကြောင့် အဝတ်အစားခပ်ပွပွတွေဝတ်တဲ့အခါ ခါးပတ်ကိုပါ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။

၄။ ဆယ်ကျော်သက်အဝတ်အစား

အသက်ကြီးလာတာနဲ့အမျှ စတိုင်လ်တွေလည်း ပြောင်းလဲလာပါတယ်။ နုပျိုအောင်လို့ ဆယ်ကျော်သက်တွေဝတ်တဲ့အဝတ်အစားဝတ်ပေမယ့်လည်း နုပျိုတယ်လို့ မထင်ရပါဘူး။ တည်ငြိမ်တဲ့အရောင်လေးတွေနဲ့ ဂျင်းအဝတ်အစားတွေ ရွေးချယ်တာက အရွယ်တင်စေပါတယ်။

၅။ မျက်မှန်

မျက်မှန်ကလည်း သင့်ရဲ့ရုပ်ရည်ကို ပြောင်းလဲသွားစေပါတယ်။ မျက်မှန်ကို မျက်နှာပုံစံပေါ်မှာ မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ မျက်မှန်ဘောင်ရွေးချယ်မှုမှားတဲ့အခါ အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။

၆။ ဆံပင်

ဆံပင်ရှည်ပြီးတော့ မပြင်ဆင်တဲ့အခါ အသက်ကြီးသလို ခံစားရစေပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ လှပတဲ့ဆံပင်ပုံစံတိုတိုလေးတွေက အသားအရေကိုပါ ဝင်းလက်သွားစေပါတယ်။

၇။ လက်သည်းနီ

လက်က အသက်ကို ဖော်ပြပေးနိုင်ပါတယ်။ ခရမ်းရောင်၊ ပန်းရောင်ရင့်ရင့်လက်သည်းနီတွေက အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။ ဒါ့အပြင် အသားရောင်တိုင်းနဲ့လည်း မလိုက်ဖက်ပါဘူး။ ရိုးရှင်းလှပပြီး အရောင်ဖျော့တဲ့လက်သည်းနီတွေက လူငယ်ဆန်စေပါတယ်။

၈။ ပါးနီ

ပါးစုံမို့ပေါ်မှာ ပါးနီခြယ်သတာက ငယ်ရွယ်တဲ့မိန်းကလေးတွေနဲ့ပဲ လိုက်ဖက်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ မျက်နှာပုံစံက ပြောင်းလဲလာတာတဲ့အပြင် အရေးအကြောင်းတွေကို ဖုံးအုပ်ဖို့လည်း လိုအပ်လာပါပြီ။

ပါးနီကို ပါးရိုးတစ်လျှောက်ကနေ နားထင်နားအထိ ခြယ်သတာက အသက်ကြီးသူတွေအတွက် အလိုက်ဖက်ဆုံးပါ။

၉။ Bronzer

Bronzer ကို နဖူးရဲ့အလယ်၊ ပါးနှစ်ဖက်၊ မေးစေ့နဲ့ လည်ပင်းမှာ ခြယ်သပါ။ ဒီနည်းက မျက်နှာရဲ့အလှအပကို ပိုမိုပေါ်လွင်စေပါတယ်။

Zombie (lovemedia)