ကိုလံဘီယာနိုင်ငံက အမျိုးသမီးတစ်ယောက်ရဲ့ ဝမ်းဗိုက်ထဲမှာ ခွဲစိတ်ရာမှာအသုံးပြုတဲ့အပ်တစ်ချောင်းကျန်ခဲ့တာကြောင့် ရက်ပေါင်း ၄၀၀၀ ကျော် ပြင်းထန်တဲ့ဝေဒနာကို ခံစားခဲ့ရပါတယ်။

Maria Aderlinda Forero ဆိုတဲ့အမျိုးသမီးဟာ ၂၀၁၂ ခုနှစ်မှာ သူမရဲ့လေးယောက်မြောက်ကလေးကို ဝမ်းဗိုက်ခွဲပြီး မွေးဖွားခဲ့ပါတယ်။ Maria Aderlinda Forero က San Isidro ဆိုတဲ့ ရွာလေးမှာ နေထိုင်ပြီးတော့ ကလေးမွေးဖွားဖို့အတွက် ဆေးရုံကို သွားခဲ့ပါတယ်။

ကလေးကို ခွဲစိတ်မွေးဖွားပြီးနောက်မှာ အိမ်ကို ပြန်လာခဲ့ပါတယ်။ အိမ်ပြန်ရောက်ပြီး ရက်အနည်းငယ်အကြာမှာတင် အပြင်းအထန်ဝမ်းဗိုက်နာတာကို ခံစားရပါတယ်။ ဆရာဝန်ကို သွားပြတိုင်းမှာလည်း ဆရာဝန်က ပါရာစီတမောပဲ ပေးလိုက်ပါတယ်။

သူမ နေထိုင်တဲ့ရွာကနေ မြို့ကို ရောက်ဖို့ဆိုရင် အချိန် ၂ နာရီခန့် ကြာမြင့်ပါတယ်။ Maria Aderlinda Forero တို့အိမ်မှာလည်း ဆိုင်ကယ်တစ်စီးသာရှိပြီး ရာသီဥတုဆိုးရွာတဲ့အခါမှာလည်း မြို့ကိုသွားပြီး ဆေးရုံမပြသနိုင်ပါဘူး။ ဒီလိုအခက်အခဲတွေကြောင့် Maria Aderlinda Forero က အကိုက်အခဲပျောက်ဆေးတွေကိုသာ အမြဲသောက်နေခဲ့ရပါတယ်။

ဝမ်းဗိုက်ထဲက နာကျင်မှုကတော့ ပျောက်မသွားဘဲ ပိုပိုဆိုးလာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ ultrasound ရိုက်ကြည့်တဲ့အခါ သူမရဲ့ဗိုက်ထဲမှာ ခွဲစိတ်ခန်းသုံး အပ်တစ်ချောင်းရှိနေတာကို တွေံလိုက်ရပါတယ်။ Maria Aderlinda Forero ရဲ့ဗိုက်ထဲမှာ အပ်က ၁၁ နှစ်ကြာ ရှိနေခဲ့တာပါ။

Maria Aderlinda Forero က တရားစွဲဆိုပေမယ့်လည်း လွန်ခဲ့တဲ့ ၁၁ နှစ်က သူမကို ခွဲစိတ်ပေးခဲ့ဆရာဝန်က သူရဲ့အမှားကို ငြင်းဆိုခဲ့ပါတယ်။ ငြင်းဆိုတဲ့အပြင် Forero က အပ်ကို မျိုချကြောင်း ဆရာဝန်က ပြန်လည်စွပ်စွဲလိုက်ပါသေးတယ်။

vdo

Zombie (lovemedia)

for zawgyi

ခြဲစိတ္ရင္းနဲ႔ ဝမ္းဗိုက္ထဲမွာ အပ္က်န္ေနခဲ့တာေၾကာင့္ ၁၁ ႏွစ္လုံး နာက်င္ေနခဲ့ရတဲ့အမ်ိဳးသမီး

ကိုလံဘီယာႏိုင္ငံက အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ဝမ္းဗိုက္ထဲမွာ ခြဲစိတ္ရာမွာအသုံးျပဳတဲ့အပ္တစ္ေခ်ာင္းက်န္ခဲ့တာေၾကာင့္ ရက္ေပါင္း ၄၀၀၀ ေက်ာ္ ျပင္းထန္တဲ့ေဝဒနာကို ခံစားခဲ့ရပါတယ္။

Maria Aderlinda Forero ဆိုတဲ့အမ်ိဳးသမီးဟာ ၂၀၁၂ ခုႏွစ္မွာ သူမရဲ႕ေလးေယာက္ေျမာက္ကေလးကို ဝမ္းဗိုက္ခြဲၿပီး ေမြးဖြားခဲ့ပါတယ္။ Maria Aderlinda Forero က San Isidro ဆိုတဲ့ ႐ြာေလးမွာ ေနထိုင္ၿပီးေတာ့ ကေလးေမြးဖြားဖို႔အတြက္ ေဆး႐ုံကို သြားခဲ့ပါတယ္။ ကေလးကို ခြဲစိတ္ေမြးဖြားၿပီးေနာက္မွာ အိမ္ကို ျပန္လာခဲ့ပါတယ္။ အိမ္ျပန္ေရာက္ၿပီး ရက္အနည္းငယ္အၾကာမွာတင္ အျပင္းအထန္ဝမ္းဗိုက္နာတာကို ခံစားရပါတယ္။ ဆရာဝန္ကို သြားျပတိုင္းမွာလည္း ဆရာဝန္က ပါရာစီတေမာပဲ ေပးလိုက္ပါတယ္။

သူမ ေနထိုင္တဲ့႐ြာကေန ၿမိဳ႕ကို ေရာက္ဖို႔ဆိုရင္ အခ်ိန္ ၂ နာရီခန႔္ ၾကာျမင့္ပါတယ္။ Maria Aderlinda Forero တို႔အိမ္မွာလည္း ဆိုင္ကယ္တစ္စီးသာရွိၿပီး ရာသီဥတုဆိုး႐ြာတဲ့အခါမွာလည္း ၿမိဳ႕ကိုသြားၿပီး ေဆး႐ုံမျပသႏိုင္ပါဘူး။ ဒီလိုအခက္အခဲေတြေၾကာင့္ Maria Aderlinda Forero က အကိုက္အခဲေပ်ာက္ေဆးေတြကိုသာ အၿမဲေသာက္ေနခဲ့ရပါတယ္။

ဝမ္းဗိုက္ထဲက နာက်င္မႈကေတာ့ ေပ်ာက္မသြားဘဲ ပိုပိုဆိုးလာခဲ့ပါတယ္။ ၂၀၂၂ ခုႏွစ္မွာေတာ့ ultrasound ႐ိုက္ၾကည့္တဲ့အခါ သူမရဲ႕ဗိုက္ထဲမွာ ခြဲစိတ္ခန္းသုံး အပ္တစ္ေခ်ာင္းရွိေနတာကို ေတြံလိုက္ရပါတယ္။ Maria Aderlinda Forero ရဲ႕ဗိုက္ထဲမွာ အပ္က ၁၁ ႏွစ္ၾကာ ရွိေနခဲ့တာပါ။

Maria Aderlinda Forero က တရားစြဲဆိုေပမယ့္လည္း လြန္ခဲ့တဲ့ ၁၁ ႏွစ္က သူမကို ခြဲစိတ္ေပးခဲ့ဆရာဝန္က သူရဲ႕အမွားကို ျငင္းဆိုခဲ့ပါတယ္။ ျငင္းဆိုတဲ့အျပင္ Forero က အပ္ကို မ်ိဳခ်ေၾကာင္း ဆရာဝန္က ျပန္လည္စြပ္စြဲလိုက္ပါေသးတယ္။

Zombie (lovemedia)