အိမ်က သန့်ရှင်းနေတဲ့အခါ စိတ်ကလည်း ကြည်လင်နေမှာပါ။ အိမ်သန့်ရှင်းတာကလည်း မိသားစုဝင်တွေရဲ့ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။

အဲဒါကြောင့် အိမ်ကို တောက်ပြောင်သန့်ရှင်းသွားစေဖို့ လွယ်ကူမြန်ဆန် အချိန်ကုန်သက်သာမယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အိမ်သာသုံးတစ်ရှူး

အိမ်သာသုံးတစ်ရှူးကို အစရှာမရတဲ့အခါ အချိန်ကုန်နေမှာပါ။ အချိန်မကုန်စေဖို့အတွက် ရေပိုက်ခေါင်းနဲ့ တစ်ရှူးပေါ်ကို ဖိလိုက်ပါ။ ဒါဆိုရင်တော့ တစ်ရှူးရဲ့အစကို လွယ်လွယ်ကူကူ ရှာတွေ့နိုင်ပါတယ်။

၂။ ပြတင်းပေါက်ဘောင်

ပြတင်းပေါက်ဘောင်ရဲ့ ကြားတွေထဲမှာ ဖုန်တွေရှိနေရင် သန့်ရှင်းရေးလုပ်ဖို့ ခက်နေတတ်ပါတယ်။ ဓားတစ်ချောင်းကို အဝတ်စဟောင်းတစ်ခုနဲ့ ပတ်ပြီး ပြတင်းပေါက်ဘောင်ထဲမှာ စုနေတဲ့ဖုန်တွေကို သန့်ရှင်းလို့ရပါပြီ။

၃။ ကြယ်သီး

ရှပ်အင်္ကျီတွေမှာ တပ်တဲ့ကြယ်သီးတွေဟာ အချိန်ကြာလာရင် ချည်ပြေပြီး ပြုတ်ထွက်သွားပါတယ်။ ကြယ်သီးကို တွဲချုပ်ထားတဲ့ အပ်ချည်မပြုတ်အောင်လို့ လက်သည်းနီအကြည်ကို ကြယ်သီးပေါ်မှာ ဆိုးထားပေးနိုင်ပါတယ်။

၄။ ရှာလကာရည်

အဝတ်အစားတွေကို လျှော်ပြီးတဲ့အခါ မာခေါက်ခေါက်ကြီးမဖြစ်အောင်လို့ fabric softener ကို အသုံးပြုကြပါတယ်။

Fabric softener မရှိတဲ့အခါ အဝတ်လျှော်တဲ့အချိန်မှာ ရှာလကာရည်အနည်းငယ်ထည့်ပြီး လျှော်နိုင်ပါတယ်။ ရှာလကာရည်က အဝတ်အစားတွေကို နူးညံ့ပျော့ပျောင်းစေတဲ့အပြင် ရနံ့လည်း မွှေးစေပါတယ်။

၅။ ရေပိုက်ခေါင်း

အချိန်လာရင် ရေပိုက်ခေါင်းတွေက အရောင်မှိန်လာပါတယ်။ သံပုရာသီး သို့မဟုတ် သံပုရိုသီးကို ပါးပါးလေးလှီးပြီး ရေပိုက်ခေါင်းမှာ ပွတ်တိုက်ပေးပါ။ အဲဒီအခါမှာတော့ ရေပိုက်ခေါင်းက မှန်ကြည့်လို့ရလောက်အောင် တောက်ပြောင်လာပါတယ်။

၆။ မိုက်ခရိုဝေ့မီးဖို

ရှာလကာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်တို့ကို ပန်းကန်တစ်လုံးထဲမှာ ရောမွှေပြီး မိုက်ခရိုဝေ့ထဲ ထည့်ထားလိုက်ပါ။ ၅ မိနစ်ခန့် အပူပေးပြီးနောက်မှာတော့ မိုက်ခရိုဝေ့အတွင်းပိုင်းက အညစ်အကြေးတွေဟာ ပြောင်စင်သွားပါတယ်။

၇။ ရေချိုးခန်းမှန်

ရေချိူးခန်းထဲက မှန်တွေက ညစ်ပတ်နေရင် အလုပ်မရှုပ်တော့ပါဘူးနော်။ မုတ်ဆိတ်ရိတ်ခရင်မ်ကို မှန်မှာ ပွတ်တိုက်ပေးလိုက်ပါ။ ပြီးနောက် ရေဆေးချလိုက်ရင် ပြောင်စင်တဲ့မှန်ကို ရရှိပါပြီ။

၈။ ဖုန်

လက်လှမ်းမမီနိုင်တဲ့ ပရိဘောဂပစ္စည်းတွေပေါ်မှာ ဖုန်တွေ တက်နေရင် သန့်ရှင်းရခက်နေမှာပါ။ သတင်းစာအဟောင်းတွေကို လက်လှမ်းမမီနိုင်တဲ့ ပရိဘောဂပစ္စည်းတွေပေါ်မှာ တင်ထားလိုက်ရင် လွယ်လွယ်ကူကူ သန့်ရှင်းရေးလုပ်လို့ရပါပြီ။

၉။ Air fresher

အိမ်ထဲကို ဝင်လိုက်တာနဲ့ မွှေးပျံ့တဲ့ရနံ့ရရီစေဖို့ သံပုရာသီး၊ ရေ၊ ဗနီလာလက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောပြီး အပူပေးပါ။

ရေငွေ့တွေငွေ့ပျံသွားတဲ့အထိ ထားပြီးနောက်မှာ တစ်အိမ်လုံးမှာရှိတဲ့ အနံ့ဆိုးတွေ ကင်းစင်သွားပါတယ်။ ပိုမွှေးဖို့အတွက် နှစ်သက်ရာရနံ့ဆီအနည်းငယ်ကိုလည်း ထည့်နိုင်ပါတယ်။

Zombie (lovemedia)