သင်က မိဘတစ်ယောက်ဖြစ်လာတဲ့အခါ ကလေးကို အချစ်တွေအားလုံး ပေးထားပေမယ့် ကလေးက အလေးမထားတဲ့အခါ ခံစားရမှာပါ။

ကလေးက မိဘနှစ်ပါးထဲက တစ်ယောက်ထဲကိုသာ ကွက်ပြီးချစ်နေရင် သင့်အတွက် စိတ်မကောင်းဖြစ်ရမှာ အသေအချာပါပဲ။ အဲဒါကြောင့် ဒီပြဿနာကို ဘယ်လိုဖြေရှင်းသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အကြောင်းအရင်းကို ရှာဖွေပါ။

သင်က ကလေးနဲ့ အချိန်ကုန်တာများတဲ့အခါ ကလေးက သူ့ကို အချိန်မပေးတဲ့သူနားကို ပိုကပ်ချင်လာပါတယ်။ အမြဲတမ်းအနီးကပ်ရှိနေသူထက် တစ်ခါတရံမှ တွေ့ရတဲ့သူက သူတို့လိုချင်တာတွေ၊ ဖြစ်ချင်တာတွေ ဖြည့်ဆည်းပေးနိုင်မယ့်လို့ ထင်လာပါတယ်။

အဲဒါကြောင့် ကလေးကို မိဘနှစ်ပါးလုံးက အချိန်ညီညီမျှမျှ ပေးပြီး စောင့်ရှောက်သင့်ပါတယ်။

၂။ ဒီလိုအချိန်က အခိုက်အတန့်ပါပဲ။

လမ်းလျှောက်တတ်စကလေးတွေက မိဘနှစ်ပါးထဲက တစ်ယောက်ကိုပဲ ပိုပြီးခင်တွယ်တတ်ပါတယ်။ ဒါက ခဏတာဖြစ်ပြီးတော့ မကြာခင်မှာ မိဘနှစ်ပါးလုံးကို ညီညီမျှမျှ ချစ်လာပါတယ်။

ဒါ့ပေမယ့် ငယ်သေးတဲ့ကလေးတွေအတွက် မိဘနှစ်ယောက်လုံးကို ညီညီမျှမျှ ချစ်ဖို့ဆိုတာ ခက်ခဲပါသေးတယ်။ လမ်းလျှောက်တတ်စ ကလေးတွေကတော့ အမေကို ပိုပြီး ခင်တွယ်တတ်ပါတယ်။

၃။ ခံစားချက်တွေကို ထိန်းချုပ်ပါ။

ကလေးကို သင်ကိုယ်တိုင် ပြုစုပေးချင်ပေမယ့် ကလေးက လက်မခံတဲ့အခါ သင့်အတွက် စိတ်မကောင်းဖြစ်ရမှာပါ။ ဒါပေမယ့် ကလေးကို အပြစ်မတင်သင့်ဘဲ နားလည်အောင် ရှင်းပြပေးနိုင်ပါတယ်။ ကလေးနဲ့ ရင်းရင်းနှီးနှီးနေရင် သံယောဇဉ်တွေ ပိုဖြစ်လာမှာပါ။

၄။ ကလေးနဲ့ ထပ်တူခံစားကြည့်ပါ။

တစ်ခါတရံမှာ ကလေးက သင့်ရဲ့အကူအညီတွေကို ယူဖို့ ငြင်းနေပါလိမ့်မယ်။ အဲဒီအခါ ဒေါသမထွက်ဘဲ ကလေးရဲ့ ခံစားချက်ကို နားလည်ပေးလိုက်ပါ။ ဒါ့အပြင် ကလေးရဲ့အခက်အခဲကို သင်ကလည်း ကူညီပေးနိုင်သူဖြစ်ကြောင်း စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးပါ။

၅။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးရှိကြောင်း ပြသပါ။

ကလေးက သင့်ကို မရွေးချယ်တာက မကောင်းတဲ့မိဘဖြစ်နေလို့မဟုတ်ပါဘူး။ သင့်ရဲ့တန်ဖိုးက ကလေးရဲ့ရွေးချယ်မှုအပေါ်မှာ မတူတည်ပါဘူး။

၆။ ကလေးကို အလိုမလိုက်သင့်ပါဘူး။

ကလေးက သင့်အပေါ် နည်းနည်းလေး စိမ်းနေတာကြောင့် အလိုတော့မလိုက်သင့်ပါဘူး။ အလိုလိုက်တဲ့အခါ ကလေးအတွက် ချမှတ်ပေးထားတဲ့ စည်းကမ်းတော့ လျော့သွားမှာပါ။ အလိုမလိုက်တဲ့နည်းနဲ့ ကလေးနဲ့ရင်းနှီးအောင် ပြုလုပ်လို့ရပါတယ်။

၇။ အကောင်းမြင်စိတ်ထားလိုက်ပါ။

ကလေးက သင့်အပေါ် စိမ်းကားနေလို့ အပြစ်မမြင်သင့်ပါဘူး။ ဘယ်လိုအချက်တွေက ကလေးတွေနဲ့ ဝေးကွာသွားစေလဲဆိုတာကို မိဘနှစ်ပါးလုံးက အသေအချာဆွေးနွေးရင် အဖြေကို ရှာတွေ့နိုင်မှာပါ။

ဆွေးနွေးအဖြေရှာတဲ့နည်းက ကလေးအတွက် ပိုမိုအဆင်ပြေစေမယ့်နည်းလမ်းတွေကိုပါ ရရှိလာစေပါတယ်။

Zombie (lovemedia)

for zawgyi

ကေလးက အေဖနဲ႔အေမထဲက တစ္ေယာက္ထဲကိုပဲ ပိုခ်စ္ေနရင္ ဘယ္လိုျပဳလုပ္သင့္လဲ

သင္က မိဘတစ္ေယာက္ျဖစ္လာတဲ့အခါ ကေလးကို အခ်စ္ေတြအားလုံး ေပးထားေပမယ့္ ကေလးက အေလးမထားတဲ့အခါ ခံစားရမွာပါ။

ကေလးက မိဘႏွစ္ပါးထဲက တစ္ေယာက္ထဲကိုသာ ကြက္ၿပီးခ်စ္ေနရင္ သင့္အတြက္ စိတ္မေကာင္းျဖစ္ရမွာ အေသအခ်ာပါပဲ။ အဲဒါေၾကာင့္ ဒီျပႆနာကို ဘယ္လိုေျဖရွင္းသင့္လဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ အေၾကာင္းအရင္းကို ရွာေဖြပါ။

သင္က ကေလးနဲ႔ အခ်ိန္ကုန္တာမ်ားတဲ့အခါ ကေလးက သူ႔ကို အခ်ိန္မေပးတဲ့သူနားကို ပိုကပ္ခ်င္လာပါတယ္။ အၿမဲတမ္းအနီးကပ္ရွိေနသူထက္ တစ္ခါတရံမွ ေတြ႕ရတဲ့သူက သူတို႔လိုခ်င္တာေတြ၊ ျဖစ္ခ်င္တာေတြ ျဖည့္ဆည္းေပးႏိုင္မယ့္လို႔ ထင္လာပါတယ္။

အဲဒါေၾကာင့္ ကေလးကို မိဘႏွစ္ပါးလုံးက အခ်ိန္ညီညီမွ်မွ် ေပးၿပီး ေစာင့္ေရွာက္သင့္ပါတယ္။

၂။ ဒီလိုအခ်ိန္က အခိုက္အတန႔္ပါပဲ။

လမ္းေလွ်ာက္တတ္စကေလးေတြက မိဘႏွစ္ပါးထဲက တစ္ေယာက္ကိုပဲ ပိုၿပီးခင္တြယ္တတ္ပါတယ္။ ဒါက ခဏတာျဖစ္ၿပီးေတာ့ မၾကာခင္မွာ မိဘႏွစ္ပါးလုံးကို ညီညီမွ်မွ် ခ်စ္လာပါတယ္။

ဒါ့ေပမယ့္ ငယ္ေသးတဲ့ကေလးေတြအတြက္ မိဘႏွစ္ေယာက္လုံးကို ညီညီမွ်မွ် ခ်စ္ဖို႔ဆိုတာ ခက္ခဲပါေသးတယ္။ လမ္းေလွ်ာက္တတ္စ ကေလးေတြကေတာ့ အေမကို ပိုၿပီး ခင္တြယ္တတ္ပါတယ္။

၃။ ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ပါ။

ကေလးကို သင္ကိုယ္တိုင္ ျပဳစုေပးခ်င္ေပမယ့္ ကေလးက လက္မခံတဲ့အခါ သင့္အတြက္ စိတ္မေကာင္းျဖစ္ရမွာပါ။ ဒါေပမယ့္ ကေလးကို အျပစ္မတင္သင့္ဘဲ နားလည္ေအာင္ ရွင္းျပေပးႏိုင္ပါတယ္။ ကေလးနဲ႔ ရင္းရင္းႏွီးႏွီးေနရင္ သံေယာဇဥ္ေတြ ပိုျဖစ္လာမွာပါ။

၄။ ကေလးနဲ႔ ထပ္တူခံစားၾကည့္ပါ။

တစ္ခါတရံမွာ ကေလးက သင့္ရဲ႕အကူအညီေတြကို ယူဖို႔ ျငင္းေနပါလိမ့္မယ္။ အဲဒီအခါ ေဒါသမထြက္ဘဲ ကေလးရဲ႕ ခံစားခ်က္ကို နားလည္ေပးလိုက္ပါ။ ဒါ့အျပင္ ကေလးရဲ႕အခက္အခဲကို သင္ကလည္း ကူညီေပးႏိုင္သူျဖစ္ေၾကာင္း စိတ္ရွည္ရွည္နဲ႔ ရွင္းျပေပးပါ။

၅။ ကိုယ့္ကိုယ္ကိုယ္တန္ဖိုးရွိေၾကာင္း ျပသပါ။

ကေလးက သင့္ကို မေ႐ြးခ်ယ္တာက မေကာင္းတဲ့မိဘျဖစ္ေနလို႔မဟုတ္ပါဘူး။ သင့္ရဲ႕တန္ဖိုးက ကေလးရဲ႕ေ႐ြးခ်ယ္မႈအေပၚမွာ မတူတည္ပါဘူး။

၆။ ကေလးကို အလိုမလိုက္သင့္ပါဘူး။

ကေလးက သင့္အေပၚ နည္းနည္းေလး စိမ္းေနတာေၾကာင့္ အလိုေတာ့မလိုက္သင့္ပါဘူး။ အလိုလိုက္တဲ့အခါ ကေလးအတြက္ ခ်မွတ္ေပးထားတဲ့ စည္းကမ္းေတာ့ ေလ်ာ့သြားမွာပါ။ အလိုမလိုက္တဲ့နည္းနဲ႔ ကေလးနဲ႔ရင္းႏွီးေအာင္ ျပဳလုပ္လို႔ရပါတယ္။

၇။ အေကာင္းျမင္စိတ္ထားလိုက္ပါ။

ကေလးက သင့္အေပၚ စိမ္းကားေနလို႔ အျပစ္မျမင္သင့္ပါဘူး။ ဘယ္လိုအခ်က္ေတြက ကေလးေတြနဲ႔ ေဝးကြာသြားေစလဲဆိုတာကို မိဘႏွစ္ပါးလုံးက အေသအခ်ာေဆြးေႏြးရင္ အေျဖကို ရွာေတြ႕ႏိုင္မွာပါ။

ေဆြးေႏြးအေျဖရွာတဲ့နည္းက ကေလးအတြက္ ပိုမိုအဆင္ေျပေစမယ့္နည္းလမ္းေတြကိုပါ ရရွိလာေစပါတယ္။

Zombie (lovemedia)