Holloywood star တွေက ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် နာမည်ကြီးပါတယ်။ နာမည်ကျော် Holloywood star တွေထဲကမှ အိုင်ကျူမြင့်တဲ့ star ၈ ယောက်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Rowan Atkinson - 178

Rowan လိုမျိုး ဉာဏ်ရည်ဉာဏ်သွေးမြင့်မားသူတွေက ကမ္ဘာ့မှာ ၀.၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။ Rowan က Newcastle University နဲ့ Oxford University တို့ကနေ လျှစ်စစ်အင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အင်ဂျင်နီယာအနေနဲ့ အသက်မွေးဝမ်းကြောင်းမပြုဘဲ သရုပ်ဆောင်အလုပ်ကို ရွေးချယ်ခဲ့ပါတယ်။ Rowan က ကားတွေကို အရမ်းသဘောကျပြီး တန်ဖိုးကြီးမားတဲ့ကားတွေကို စုဆောင်းထားပါတယ်။

၂။ Lady Gaga - 166

Lady Gaga က New York University မှာ ဂီတနဲ့ ပြဇာတ်ဘာသာရပ်ကို လေ့လာခဲ့ပါတယ်။ Lady Gaga ရဲ့အိုင်ကျူကလည်း အလွန်မြင့်မားတဲ့အထဲမှာ ပါဝင်ပါတယ်။ Lady Gaga က ကျောင်းတက်စဉ်တုန်းက စိတ်ဖိစီးမှုတွေ၊ အထီးကျန်မှုတွေကို များစွာခံစားခဲ့ရပါတယ်။

၃။ Cindy Crawford - 154

Cindy Crawford က Northwestern University မှာ ဓာတုအင်ဂျင်နီယာဘာသာရပ်ကို လေ့လာရင်းနဲ့ မော်ဒယ်လုပ်ခဲ့ပါတယ်။ မော်ဒယ်အလုပ်ကနေ ရတဲ့ပထမဆုံးဝင်ငွေကို ပညာသင်ဖို့အတွက် အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တက္ကသိုလ်ကနေ ထွက်ခဲ့ပြီး မော်ဒယ်အလုပ်ကိုပဲ အာရုံစိုက်လုပ်ခဲ့ပါတယ်။

၄။ Ashton Kutcher - 160

Ashton Kutcher က ဇီဝဓာတုအင်ဂျင်နီယာဘာသာရပ်ကို တက်ရောက်ရင်းနဲ့ မော်ဒယ်လုပ်ခဲ့ပါတယ်။ ကျောင်းမပြီးခဲ့ပေမယ့် Kutcher က နည်းပညာမှာ စွန့်ဦးတီထွင်သူတစ်ယောက်အဖြစ် အောင်မြင်ခဲ့ပါတယ်။ Skype, Airnan တို့မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားသူပါ။

၅။ Matt Damon -160

Matt Damon က Harvard တက္ကသိုလ်မှာ အင်္ဂလိပ်စာဘာသာရပ်ကို လေ့လာခဲ့ပေမယ့် ဘွဲ့မရခဲ့ပါဘူး။ သူဟာ ပြဇာတ်ရေးရတာကို သဘောကျသူပါ။ Assignment အတွက် ပြဇာတ် ၃ပုဒ်ရေးရမှာဖြစ်ပေမယ့်လည်း တစ်ပုဒ်ပဲ ရေးခဲ့ပါတယ်။

အဲဒါကြောင့် ကျောင်းထွက်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့ပါတယ်။ ဒါပေမယ့် ဆရာက Matt Damon ကို အားပေးပြီး Grade A ပေးခဲ့ပါတယ်။

၆။ Quentin Tarantino - 160

နာမည်ကျော် ဒါရိုက်တာ Quentin က ကောလိပ်ကိုတောင်မရောက်ခဲ့ပါဘူး။ ၁၅ နှစ်အရွယ်မှာ ကျောင်းထွက်ခဲ့ပြီး ရုပ်ရှင်ရုံမှာ ဧည့်ကြိုဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဇာတ်ညွှန်းတွေကို ရေးသားခဲ့ပါတယ်။

၇။ Lisa Kudrow - 154

Lisa Kudrow က Vassar College ကနေ ဘွဲ့ရခဲ့ပြီး အာရုံကြောသိပ္ပံပညာကို လေ့လာခဲ့ပါတယ်။ ရုပ်ရှင်မင်းသမီးမလုပ်ခင် ရှစ်နှစ်ခန့် ခေါင်းကိုက်ရောဂါနဲ့ပတ်သက်တဲ့ သုတေသနတွေကို ပြုလုပ်ခဲ့ပါတယ်။ Lisa Kudrow က အိုင်ကျူ ၁၅၄ ရှိရုံမက ဟာသဉာဏ်လည်း ရှိပါသေးတယ်။

၈။ Ben Affleck- 154

Ben Affleck က မက်ဆာချူးဆက်က Rindge Latin ကျောင်းမှာ တက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Vermont တက္ကသိုလ်ကို တက်ပြီး စပိန်ဘာသာစကားကို လေ့လာခဲ့ပါတယ်။

ကျောင်းထွက်ပြီးနောက်မှာတော့ ရုပ်ရှင်လောကထဲကို ဝင်ခဲ့ပါတယ်။ Ben Affleck က အနုပညာဘာသာရပ်မှာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို Brown တက္ကသိုလ်ကနေ ရရှိခဲ့ပါသေးတယ်။

Zombie (lovemedia)

for zawgyi

အိုင္က်ဴအလြန္ျမင့္မားတဲ့ ေဟာလိဝုဒ္အႏုပညာရွင္ (၈) ဦး

Holloywood star ေတြက ေျပာင္ေျမာက္တဲ့ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ နာမည္ႀကီးပါတယ္။ နာမည္ေက်ာ္ Holloywood star ေတြထဲကမွ အိုင္က်ဴျမင့္တဲ့ star ၈ ေယာက္အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ Rowan Atkinson - 178

Rowan လိုမ်ိဳး ဉာဏ္ရည္ဉာဏ္ေသြးျမင့္မားသူေတြက ကမာၻ႔မွာ ၀.၁ ရာခိုင္ႏႈန္းပဲ ရွိပါတယ္။ Rowan က Newcastle University နဲ႔ Oxford University တို႔ကေန လွ်စ္စစ္အင္ဂ်င္နီယာဘာသာရပ္နဲ႔ ဘြဲ႕ရရွိခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ အင္ဂ်င္နီယာအေနနဲ႔ အသက္ေမြးဝမ္းေၾကာင္းမျပဳဘဲ သ႐ုပ္ေဆာင္အလုပ္ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ Rowan က ကားေတြကို အရမ္းသေဘာက်ၿပီး တန္ဖိုးႀကီးမားတဲ့ကားေတြကို စုေဆာင္းထားပါတယ္။

၂။ Lady Gaga - 166

Lady Gaga က New York University မွာ ဂီတနဲ႔ ျပဇာတ္ဘာသာရပ္ကို ေလ့လာခဲ့ပါတယ္။ Lady Gaga ရဲ႕အိုင္က်ဴကလည္း အလြန္ျမင့္မားတဲ့အထဲမွာ ပါဝင္ပါတယ္။ Lady Gaga က ေက်ာင္းတက္စဥ္တုန္းက စိတ္ဖိစီးမႈေတြ၊ အထီးက်န္မႈေတြကို မ်ားစြာခံစားခဲ့ရပါတယ္။

၃။ Cindy Crawford - 154

Cindy Crawford က Northwestern University မွာ ဓာတုအင္ဂ်င္နီယာဘာသာရပ္ကို ေလ့လာရင္းနဲ႔ ေမာ္ဒယ္လုပ္ခဲ့ပါတယ္။ ေမာ္ဒယ္အလုပ္ကေန ရတဲ့ပထမဆုံးဝင္ေငြကို ပညာသင္ဖို႔အတြက္ အသုံးျပဳခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ တကၠသိုလ္ကေန ထြက္ခဲ့ၿပီး ေမာ္ဒယ္အလုပ္ကိုပဲ အာ႐ုံစိုက္လုပ္ခဲ့ပါတယ္။

၄။ Ashton Kutcher - 160

Ashton Kutcher က ဇီဝဓာတုအင္ဂ်င္နီယာဘာသာရပ္ကို တက္ေရာက္ရင္းနဲ႔ ေမာ္ဒယ္လုပ္ခဲ့ပါတယ္။ ေက်ာင္းမၿပီးခဲ့ေပမယ့္ Kutcher က နည္းပညာမွာ စြန႔္ဦးတီထြင္သူတစ္ေယာက္အျဖစ္ ေအာင္ျမင္ခဲ့ပါတယ္။ Skype, Airnan တို႔မွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျပဳလုပ္ထားသူပါ။

၅။ Matt Damon -160

Matt Damon က Harvard တကၠသိုလ္မွာ အဂၤလိပ္စာဘာသာရပ္ကို ေလ့လာခဲ့ေပမယ့္ ဘြဲ႕မရခဲ့ပါဘူး။ သူဟာ ျပဇာတ္ေရးရတာကို သေဘာက်သူပါ။ Assignment အတြက္ ျပဇာတ္ ၃ပုဒ္ေရးရမွာျဖစ္ေပမယ့္လည္း တစ္ပုဒ္ပဲ ေရးခဲ့ပါတယ္။

အဲဒါေၾကာင့္ ေက်ာင္းထြက္ရမယ္လို႔ ကိုယ့္ကိုယ္ကိုယ္ ထင္ခဲ့ပါတယ္။ ဒါေပမယ့္ ဆရာက Matt Damon ကို အားေပးၿပီး Grade A ေပးခဲ့ပါတယ္။

၆။ Quentin Tarantino - 160

နာမည္ေက်ာ္ ဒါ႐ိုက္တာ Quentin က ေကာလိပ္ကိုေတာင္မေရာက္ခဲ့ပါဘူး။ ၁၅ ႏွစ္အ႐ြယ္မွာ ေက်ာင္းထြက္ခဲ့ၿပီး ႐ုပ္ရွင္႐ုံမွာ ဧည့္ႀကိဳဝန္ထမ္းအျဖစ္ လုပ္ကိုင္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဇာတ္ၫႊန္းေတြကို ေရးသားခဲ့ပါတယ္။

၇။ Lisa Kudrow - 154

Lisa Kudrow က Vassar College ကေန ဘြဲ႕ရခဲ့ၿပီး အာ႐ုံေၾကာသိပၸံပညာကို ေလ့လာခဲ့ပါတယ္။ ႐ုပ္ရွင္မင္းသမီးမလုပ္ခင္ ရွစ္ႏွစ္ခန႔္ ေခါင္းကိုက္ေရာဂါနဲ႔ပတ္သက္တဲ့ သုေတသနေတြကို ျပဳလုပ္ခဲ့ပါတယ္။ Lisa Kudrow က အိုင္က်ဴ ၁၅၄ ရွိ႐ုံမက ဟာသဉာဏ္လည္း ရွိပါေသးတယ္။

၈။ Ben Affleck- 154

Ben Affleck က မက္ဆာခ်ဴးဆက္က Rindge Latin ေက်ာင္းမွာ တက္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Vermont တကၠသိုလ္ကို တက္ၿပီး စပိန္ဘာသာစကားကို ေလ့လာခဲ့ပါတယ္။

ေက်ာင္းထြက္ၿပီးေနာက္မွာေတာ့ ႐ုပ္ရွင္ေလာကထဲကို ဝင္ခဲ့ပါတယ္။ Ben Affleck က အႏုပညာဘာသာရပ္မွာ ဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႕ကို Brown တကၠသိုလ္ကေန ရရွိခဲ့ပါေသးတယ္။

Zombie (lovemedia)