ဆွစ်ဇာလန်နိုင်ငံက မုန့်ဖုတ်ဆရာမတစ်ယောက်ဟာ ဝတ်လို့လည်းရတဲ့ ကမ္ဘာ့အကြီးဆုံး ကိတ်မုန့်ကို ပြုလုပ်ခဲ့ပါတယ်။

Natasha Coline Kim Fah Lee က သူမရဲ့ဖန်တီးမှုတွေကို Bern မှာရှိတဲ့ ပြပွဲမှာ ပြသခဲ့ပါတယ်။

ကိတ်ကို အင်စတာဂရမ်မှာ ဗွီဒီယိုတင်လိုက်တဲ့အခါ ကြည့်ရှုသူပေါင်း ၁.၃ သန်းတောင် ရှိသွားခဲ့ပါတယ်။


ကိတ်က ၂၉၀ ပေါင်လေးပြီး ပြပွဲမှာ ဝတ်ပြခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံးကိတ်မုန့်ဖြစ်တာကြောင့် ဂင်းနစ်စံချိန်တောင် ဝင်သွားခဲ့ပါတယ်။ အရင်က ဂင်းနစ်စံချိန်ဝင်ခဲ့တဲ့ကိတ်မုန့်က ပေါင် ၁၅၀ ပါ။

Natasha ကတော့ ပေါင် ၂၉၀ အလေးချိန်ကိတ်မုန့်နဲ့ စံချိန်ကို ချိုးသွားခဲ့ပါတယ်။ စံချိန်ကို ချိုးဖို့အတွက် ကိတ်ကို ဝတ်ပြပြီး ၁၅ ပေ လမ်းလျှောက်ပြခဲ့ပါသေးတယ်။


ကိတ်ကို အလှဆင်ဖို့အတွက်ပစ္စည်းတွေနဲ့ပေါင်းလိုက်မယ်ဆိုရင် အလေးချိန်က ၅၃၅ ပေါင်တောင် ရှိပါတယ်။ မင်္ဂလာဝတ်စုံပြပွဲမှာ ဒီဝတ်စုံကို ဝတ်ပြခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ကိတ်ကို ခွဲလိုက်ပြီး ပွဲကို ရောက်လာတဲ့သူတွေကို ဝေကျွေးခဲ့ပါတယ်။

Zombie (lovemedia)