ခန္ဓာကိုယ်မှာ အဆီတွေ များလာရင် ကျန်းမာရေးလည်း မကောင်းသလို အဝတ်အစားဝတ်ရတာလည်း အခက်အခဲတွေ့လာစေပါတယ်။ တကယ်တော့ အဆီတစ်ရှူးတွေက ဇီဝကမ္မဖြစ်စဉ်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။

ခန္ဓာကိုယ်အတွက် အဆီတွေက မဖြစ်မနေလိုအပ်ပါတယ်။ အဲဒါကြောင့် အဆီတွေကနေ ကျန်းမာရေးအကြောင်း ဘယ်လိုသိနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဝမ်းဗိုက်အဆီ

လူအများစုမှာ ဝမ်းဗိုက်အဆီတွေရှိကြပါတယ်။ ဝမ်းဗိုက်အဆီက ခန္ဓာကိုယ်ကိုယ်တွင်းအင်္ဂါတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမယ့် ကယ်လိုရီပါဝင်တဲ့ အစားအစာတွေ အများကြီးစားတဲ့အခါ၊ ခန္ဓာကိုယ် လှုပ်ရှားမှုမရှိတဲ့အခါ ဝမ်းဗိုက်မှာ အဆီတွေ များလာပါတယ်။

ခန္ဓာကိုယ်မှာ ဝမ်းဗိုက်အဆီတွေ အရမ်းများလာရတဲ့အကြောင်းအရင်းထဲမှာ ဇီဝကမ္မဖြစ်စဉ်နှေးကွေးမှုနဲ့ ဟော်မုန်းမမျှတမှုလည်း ပါဝင်ပါတယ်။ အမျိုးသမီးတွေ သွေးဆုံးချိန်မှာ ကြွက်သားတွေနည်းပါးပြီး ဝမ်းဗိုက်အဆီတွေ တိုးလာပါတယ်။ အဲဒါကြောင့် အမျိုးသမီးတွေမှာ အသက်ကြီးလာလေ ဝမ်းဗိုက်အဆီများလာလေ ဖြစ်လာပါတယ်။

၂။ လက်မောင်းအဆီ

လက်မောင်းမှာ အဆီတွေ ထိုးတက်လာရတဲ့အကြောင်းကတော့ ခန္ဓာကိုယ်ဟော်မုန်းအပြောင်းအလဲကြောင့်ပါ။ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ ယှဉ်လိုက်ရင် အမျိုးသမီးတွေမှာ လက်မောင်းအဆီက ပိုများနေတတ်ပါတယ်။ အမျိုးသမီးတွေ သွေးဆုံးချိန်မှာ testosterone ဟော်မုန်းလျော့ကျပြီး လက်မောင်းအဆီ များပြားလာပါတယ်။

၃။ တင်ပါးအဆီ

တင်ပါးမှာ အဆီတွေ အများကြီးသိုလှောင်ပါတယ်။ ကစီဓာတ်အများကြီးပါဝင်တဲ့အစားအစာတွေ စားရင် သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုနည်းရင် တင်ပါးမှာ အဆီတွေ စုနေပါတယ်။ အီစထရိုဂျင်ဟော်မုန်းပါဝင်တဲ့ ဆေးဝါးတွေ သောက်သုံးတဲ့အခါမှာလည်း တင်ပါးမှာ အဆီတွေ များပါးလာပါတယ်။

၄။ ကျောနဲ့ ခါးအဆီ

ပရိုတိန်းဓာတ်ပါဝင်မှုနည်းပါးတဲ့ အစားအစာတွေကို စားရင် ကျောနဲ့ ခါးအဆီတွေ တိုးလာပါတယ်။ အချိုများတဲ့အစားအစာတွေ၊ ကာဗွန်ဟိုက်ဒရိတ်များတဲ့ အစားအစာတွေကြောင့်လည်း ခါးအဆီတွေ စုလာပါတယ်။ ခါးအဆီနဲ့ ကျောအဆီက အမျိုးသားသမီးရော အမျိုးသားမှာပါ ဖြစ်ပေါ်ပါတယ်။

Zombie(Lovemedia)

for zawgyi

ခႏၶာကိုယ္မွာ အဆီမ်ားျပားေနတဲ့ေနရာေတြကေန က်န္းမာေရးအေၾကာင္း ဘယ္လိုသိႏိုင္မလဲ

ခႏၶာကိုယ္မွာ အဆီေတြ မ်ားလာရင္ က်န္းမာေရးလည္း မေကာင္းသလို အဝတ္အစားဝတ္ရတာလည္း အခက္အခဲေတြ႕လာေစပါတယ္။ တကယ္ေတာ့ အဆီတစ္ရႉးေတြက ဇီဝကမၼျဖစ္စဥ္ကို ထိန္းညႇိေပးတဲ့ ေဟာ္မုန္းေတြကို ထုတ္လုပ္ေပးပါတယ္။

ခႏၶာကိုယ္အတြက္ အဆီေတြက မျဖစ္မေနလိုအပ္ပါတယ္။ အဲဒါေၾကာင့္ အဆီေတြကေန က်န္းမာေရးအေၾကာင္း ဘယ္လိုသိႏိုင္မလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ဝမ္းဗိုက္အဆီ

လူအမ်ားစုမွာ ဝမ္းဗိုက္အဆီေတြရွိၾကပါတယ္။ ဝမ္းဗိုက္အဆီက ခႏၶာကိုယ္ကိုယ္တြင္းအဂၤါေတြအတြက္ မရွိမျဖစ္ လိုအပ္ပါတယ္။ ဒါေပမယ့္ ကယ္လိုရီပါဝင္တဲ့ အစားအစာေတြ အမ်ားႀကီးစားတဲ့အခါ၊ ခႏၶာကိုယ္ လႈပ္ရွားမႈမရွိတဲ့အခါ ဝမ္းဗိုက္မွာ အဆီေတြ မ်ားလာပါတယ္။

ခႏၶာကိုယ္မွာ ဝမ္းဗိုက္အဆီေတြ အရမ္းမ်ားလာရတဲ့အေၾကာင္းအရင္းထဲမွာ ဇီဝကမၼျဖစ္စဥ္ေႏွးေကြးမႈနဲ႔ ေဟာ္မုန္းမမွ်တမႈလည္း ပါဝင္ပါတယ္။ အမ်ိဳးသမီးေတြ ေသြးဆုံးခ်ိန္မွာ ႂကြက္သားေတြနည္းပါးၿပီး ဝမ္းဗိုက္အဆီေတြ တိုးလာပါတယ္။ အဲဒါေၾကာင့္ အမ်ိဳးသမီးေတြမွာ အသက္ႀကီးလာေလ ဝမ္းဗိုက္အဆီမ်ားလာေလ ျဖစ္လာပါတယ္။

၂။ လက္ေမာင္းအဆီ

လက္ေမာင္းမွာ အဆီေတြ ထိုးတက္လာရတဲ့အေၾကာင္းကေတာ့ ခႏၶာကိုယ္ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ပါ။ အမ်ိဳးသမီးေတြနဲ႔ အမ်ိဳးသားေတြ ယွဥ္လိုက္ရင္ အမ်ိဳးသမီးေတြမွာ လက္ေမာင္းအဆီက ပိုမ်ားေနတတ္ပါတယ္။ အမ်ိဳးသမီးေတြ ေသြးဆုံးခ်ိန္မွာ testosterone ေဟာ္မုန္းေလ်ာ့က်ၿပီး လက္ေမာင္းအဆီ မ်ားျပားလာပါတယ္။

၃။ တင္ပါးအဆီ

တင္ပါးမွာ အဆီေတြ အမ်ားႀကီးသိုေလွာင္ပါတယ္။ ကစီဓာတ္အမ်ားႀကီးပါဝင္တဲ့အစားအစာေတြ စားရင္ သို႔မဟုတ္ ကိုယ္လက္လႈပ္ရွားမႈနည္းရင္ တင္ပါးမွာ အဆီေတြ စုေနပါတယ္။ အီစထ႐ိုဂ်င္ေဟာ္မုန္းပါဝင္တဲ့ ေဆးဝါးေတြေသာက္သုံးတဲ့အခါမွာလည္း တင္ပါးမွာ အဆီေတြ မ်ားပါးလာပါတယ္။

၄။ ေက်ာနဲ႔ ခါးအဆီ

ပ႐ိုတိန္းဓာတ္ပါဝင္မႈနည္းပါးတဲ့ အစားအစာေတြကို စားရင္ ေက်ာနဲ႔ ခါးအဆီေတြ တိုးလာပါတယ္။ အခ်ိဳမ်ားတဲ့အစားအစာေတြ၊ ကာဗြန္ဟိုက္ဒရိတ္မ်ားတဲ့ အစားအစာေတြေၾကာင့္လည္း ခါးအဆီေတြ စုလာပါတယ္။ ခါးအဆီနဲ႔ ေက်ာအဆီက အမ်ိဳးသားသမီးေရာ အမ်ိဳးသားမွာပါ ျဖစ္ေပၚပါတယ္။

Zombie(Lovemedia)