စစ်တမ်းတစ်ခုအရ အမျိုးသားတွေက ခါးသေးသွယ်တဲ့အမျိုးသမီးကို ပိုပြီး သဘောကျတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေရဲ့ စိတ်ထဲမှာ ခါးသေးသွယ်တဲ့အမျိုးသမီးတွေက အခြားသော အမျိုးသမီးတွေထက် အများကြီး အားသာချက်ရှိတယ်လို့ ထင်ကြပါတယ်။

မွေးဖွားရလွယ်ကူခြင်း

ခါးသေးတဲ့အမျိုးသမီးတွေက တင်ပါးကားနေတတ်ကြပါတယ်။ ခန္ဓာကိုဘ်အချိုးအစား လှပတာကြောင့် ကလေးတွေကို မွေးဖွားတဲ့အခါ အဆင်ပြေချောမွေ့နိုင်တယ်လို့ အမျိုးသားတွေက ယူဆကြပါတယ်။ အမျိုးသားတွေက မျက်နှာလှပတဲ့အမျိုးသမီးတွေထက် ခါးသေးသွယ်တဲ့အမျိုးသမီးတွေကို ပိုသဘောကျကြပါတယ်။

ဉာဏ်ပိုကောင်းခြင်း

ခါးသေးသွယ်တဲ့အမျိုးသမီးတွေက ကြည့်ကောင်းတဲ့အပြင် ဉာဏ်ရည်ထက်မြက်မယ်လို့ အမျိုးသားတွေက တွေးထင်ကြပါတယ်။ ခါးသေးသွယ်တဲ့အမျိုးသမီးတွေက တင်ပါးနဲ့ပေါင်မှာ အိုမီဂါ ၃ တွေကို သိုလှောင်ထားကြပါတယ်။ ဒီအဆီတွေက ဦးနှောက်ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။

ပိုမိုကျန်းမာခြင်း

သဲနာရီလိုပုံစံရှိတဲ့ခန္ဓာကိုယ်ပိုင်ရှင်တွေက များသောအားဖြင့် ကျန်းမာနေပါတယ်။ ဒီလိုအမျိုးသမီးတွေက အစားအသောက်ကို ဆင်ခြင်စားသုံးတာကြောင့် အဝလွန်တာလည်း မဖြစ်တော့ပါဘူး။ ခါးဘေးမှာ အဆီတွေများနေတာက နှလုံးကျန်းမာရေးကို ထိခိုက်လာစေပါတယ်။

ပိုမိုဆွဲဆောင်မှုရှိခြင်း

ရုပ်ရှည်လှပတာထက် ခါးသေးတာကို အမျိုးသားတွေက ပိုသဘောကျကြပါတယ်။ ခါးရဲ့အတိုင်းအတာနဲ့ တင်ပါးနဲ့အတိုင်းအတာက ကွာခြားနေရင် လှပတဲ့ခန္ဓာကိုယ်လို့ ယူဆတာကြောင့်ပါ။

ဖက်ရှင်ကျခြင်း

ခါးသေးသွယ်တဲ့အမျိုးသမီးတွေက ဘယ်အဝတ်အစားနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်နေတတ်ပါတယ်။ Marilyn Monroe, Elizabeth Taylor, Sophia Loren, Rihanna, Kardashians စတဲ့နာမည်ကြီး အမျိုးသမီးတွေကလည်း ခါးသေးသွယ်ပြီး ဖက်ရှင်မိမိုက်သူတွေပါပဲ။

Zombie (lovemedia)

for zawgyi

အမျိုးသားတွေက ခါးသေးသွယ်တဲ့ အမျိုးသမီးတွေကို ဘာလို့ပိုသဘောကျတာလဲ




ဉာဏ်ပိုကောင်းခြင်း


ပိုမိုကျန်းမာခြင်း




ဖက်ရှင်ကျခြင်း


Zombie (lovemedia)