တခါက လူတယောက်ဟာ သူ့ရဲ့ယာတောမှာ ရေလိုလို့ ရေတွင်းတတွင်း တူးပါတယ်။ အတောင် (၂၀) လောက်လည်း ရောက်ရော လူလည်း တော်တော်ကြီးကို မောပန်းနေပါတယ်။ ဒါပေမယ့် ရေတွေ့မယ့် အရိပ်အယောင် အနံ့အသက်တောင်မှ မရသေးပါဘူး။

အဲဒါနဲ့ အမောဖြေနေတုန်း လူတယောက် ရောက်လာပြီး ပြောပါတယ်။ "ခင်ဗျားဗျာ၊ ဒီလိုနေရာမှာ ရေတွင်းတူးလို့ ဘယ် ရေတွေ့မှာလဲ။ လာ ကျွန်တော်ပြတဲ့ နေရာမှာသာ တူးလိုက်၊ အတောင် (၂၀) မပြည့်ခင် ရေ မတွေ့ရင် ကျုပ်ကို ပြောချင်သလိုပြော" ဆိုပြီး နေရာသစ် တခုကို လိုက်ပြပါတယ်။

အဲဒါနဲ့ အဲဒီလူ ပြတဲ့နေရာမှာ သူဆက်ပြီး တူးပါတယ်။ အတောင် (၂၀) ကျော် အစိတ်လောက်ရောက်လည်း ရေက မတွေ့ပါဘူး။ သူလည်း မောကလည်းမော၊ စိတ်ကလည်း တော်တော် ပျက်နေပါတော့တယ်။ အဲဒီတုန်း နောက်ထပ် ဆရာတယောက် ရောက်လာ ပြန်ပါတယ်။

သူကလည်း ပြောတယ်။ "ဟာ ဒီလူတွေ ရေကြောအကြောင်း ဘာမှမသိဘဲနဲ့ လျှောက်ပြောနေကြတာ။ ဒုက္ခပါဘဲ လာလာ ကျွန်တော် နောက်လိုက်ခဲ့။ ကျွန်တော်ပြတဲ့ နေရာမှာသာ တူးလိုက်။ အတောင် (၂၀) နဲ့ အစိတ် ကြားလောက် မှာ ရေတွေ့ကို တွေ့ရမယ်" ဆိုပြီး နေရာသစ် တခုကို လိုက်ပြပြန်ပါတယ်။

အဲဒါနဲ့ သူလည်း "အင်း ဒီလူပြောတာတော့ ဟုတ်ဟန် တူတယ်။ နေရာသစ်ကို တူးမှ" ဆိုပြီး နေရာသစ်မှာ နောက်ထပ် ရေတွင်းတတွင်း တူးပြန်ပါတယ်။ ဟိုလူပြောသလို အတောင်အစိတ်ကျော်ပြီး (၃၀) နား ကပ်လာတာတောင် ရေက အရိပ်အငွေ့ တောင် မမြင်ရပါဘူး။ လူကလည်း ဖတ်ဖတ်မောနေပါပြီ။

အဲဒါနဲ့ သူလည်း အမောဖြေရင်း ထိုင်စဉ်းစားတယ်။ "အင်း ပထမဆုံး တူးခဲ့တာ အတောင် ၂၀၊ ဒုတိယတွင်းမှာ အတောင် အစိတ်၊ တတိယတွင်းမှာ အတောင် ၃၀ နဲ့ ပေါင်းလိုက်ရင် ငါတူးခဲ့တာ အတောင် ၇၀ တောင် ကျော်နေပါကောလား။ ငါ့ဟာငါ ဆက်တူးနေရင် ဒီနယ်မှာ အတောင် (၆၀) ကျော်အောင် တူးရတဲ့ ရေတွင်း ခပ်ရှားရှားရယ်။

သူများ စကား နားယောင်ပြီး ဟိုတွင်းတူး ဒီတွင်းတူးနဲ့ မောတာသာ အဖတ်တင်တယ်။ ငါ့တွင်းဘဲ ငါဆက်တူးတော့မယ်" ဆိုပြီး သူပထမဆုံး တူးခဲ့တဲ့ တွင်းဆီ ပြန်သွားပြီး တူးလိုက်တာ အတောင် ၄၀ ကျော် လောက်မှာ ရေတွင်းက အောင်သွားပြီး ရေတွေ့သွားပါတော့တယ်။

ကျွန်တော်တို့ ဘဝမှာလည်း ဒီလိုဘဲ အစကတော့ အားကြိုးမာန်တက်နဲ့ စခဲ့ကြပေမယ့် တဝက်တပျက် ရောက်ခါမှ အကြောင်းအမျိုးမျိုးနဲ့ ရပ်နားထားတဲ့ အလုပ်တွေ၊ စီမံကိန်းတွေ၊ ဘဝရည်မှန်းချက်တွေ ဘယ်လောက်တောင်မှ များခဲ့ပြီလဲ။ ကြီးမားတဲ့ ဘဝရည်မှန်းချက်တွေ သာမက အတတ်ပညာတခု သင်ယူတာ၊ သင်တန်းတခု တက်တာ၊ ကိုယ်အလေးချိန်ချတာ စတဲ့ ကိစ္စလေးတွေ အပါအဝင်ပေါ့။

အထက်က ရေတွင်းတူးတဲ့ လူလို စပြီး တူးမိတဲ့ ရေတွင်းတခုကိုသာ ရေတွေ့သည်အထိ ပြီးစီးအောင် တူးမယ်၊ ပြီးရင် နောက်တတွင်း ဆက်ပြီး တူးမယ်ဆိုရင် ကျွန်တော်တို့မှာ ရေထွက်နေတဲ့ ရေတွင်းပေါင်းများစွာ ပိုင်ဆိုင်နေပြီပေါ့။ အခုတော့ ရေမထွက်တဲ့တွင်းတွေ ဟိုမှာလည်း တတွင်း၊ ဒီမှာလည်း တတွင်းနဲ့ တွင်းတွေသာ များနေပြီး ဘာမှ သောက်လို့မရ၊ သုံးလို့မရနဲ့ "အသုံးမကျတဲ့ ရေတွင်းပိုင်ရှင်တွေ" ပဲ ဖြစ်နေရတော့တာပေါ့။

ကဲ မိတ်ဆွေ ခင်ဗျားလည်း လူ၊ သူတို့လည်းလူ အတူတူပါဘဲဗျာ။ ဘာမှ ကွာခြားချက် မရှိပါဘူး။ ကျွန်တော်တို့ တကယ် လိုအပ်နေတာကတော့ ရေတွင်းကို ပြီးစီးအောင် ဆက်မတူးကြတာပါဘဲ။

ကဲ ဒီနေ့ကစပြီး ကျွန်တော်နဲ့အတူတူ ခင်ဗျားတူးလက်စ ရေတွင်းတွေထဲက ခင်ဗျားအတူးချင်ဆုံး ရေတွင်းတတွင်းကို ပြန်ရွေးချယ်လိုက်ပြီး ပြန်တူးကြရအောင်လား။ ရေထွက်သည့် တိုင်အောင်ပေါ့။ ကိုယ်တူးလိုက်တဲ့ ရေတွင်းက ရေထွက်လာတဲ့ အောင်မြင်မှုနဲ့၊ ကျေနပ်ပီတိဖြစ်ရမှုတို့ကို ကျွန်တော်တို့ ခံစားရယူကြမယ်လေ။

"ငါ လုပ်နိုင်တယ်၊ ငါ စွမ်းဆောင်နိုင်တယ်" ဆိုတဲ့ ယုံကြည်မှုတွေကို ကျွန်တော်တို့ ဘဝမှာ ပြန်ပြီး တည်ဆောက်ယူကြမယ်။ ကျွန်တော်တို့ စိတ်ဓာတ်ခွန်အားတွေ မွေးပြီး ပြန်ကြိုးစားကြရအောင်လား။ ကျွန်တော်တို့မှာ တူးလက်စ ရေတွင်းတခုမဟုတ် တခုကတော့ ကိုယ်စီ ရှိနေကြတာဘဲ မဟုတ်လား။

ဒီတော့ အခုဘဲ စ လိုက်ကြပါစို့။ အချိန်မနှောင်းသေးပါဘူး။ ကျွန်တော်တို့ ရေတွင်း ပြန်တူးကြမယ်လေ။ ဇွဲနဲ့သာ တစိုက်မတ်မတ်တူးပါ။ နောက်ဆုံး ရေတွေ့ရမှာ မလွဲပါဘူး။ crd

for zawgyi

တန္ဖိုးမရွိေသာ ေရတြင္းမ်ား

တခါက လူတေယာက္ဟာ သူ႔ရဲ႕ယာေတာမွာ ေရလိုလို႔ ေရတြင္းတတြင္း တူးပါတယ္။ အေတာင္ (၂၀) ေလာက္လည္း ေရာက္ေရာ လူလည္း ေတာ္ေတာ္ႀကီးကို ေမာပန္းေနပါတယ္။ ဒါေပမယ့္ ေရေတြ႕မယ့္ အရိပ္အေယာင္ အနံ႔အသက္ေတာင္မွ မရေသးပါဘူး။

အဲဒါနဲ႔ အေမာေျဖေနတုန္း လူတေယာက္ ေရာက္လာၿပီး ေျပာပါတယ္။ "ခင္ဗ်ားဗ်ာ၊ ဒီလိုေနရာမွာ ေရတြင္းတူးလို႔ ဘယ္ ေရေတြ႕မွာလဲ။ လာ ကြၽန္ေတာ္ျပတဲ့ ေနရာမွာသာ တူးလိုက္၊ အေတာင္ (၂၀) မျပည့္ခင္ ေရ မေတြ႕ရင္ က်ဳပ္ကို ေျပာခ်င္သလိုေျပာ" ဆိုၿပီး ေနရာသစ္ တခုကို လိုက္ျပပါတယ္။

အဲဒါနဲ႔ အဲဒီလူ ျပတဲ့ေနရာမွာ သူဆက္ၿပီး တူးပါတယ္။ အေတာင္ (၂၀) ေက်ာ္ အစိတ္ေလာက္ေရာက္လည္း ေရက မေတြ႕ပါဘူး။ သူလည္း ေမာကလည္းေမာ၊ စိတ္ကလည္း ေတာ္ေတာ္ ပ်က္ေနပါေတာ့တယ္။ အဲဒီတုန္း ေနာက္ထပ္ ဆရာတေယာက္ ေရာက္လာ ျပန္ပါတယ္။

သူကလည္း ေျပာတယ္။ "ဟာ ဒီလူေတြ ေရေၾကာအေၾကာင္း ဘာမွမသိဘဲနဲ႔ ေလွ်ာက္ေျပာေနၾကတာ။ ဒုကၡပါဘဲ လာလာ ကြၽန္ေတာ္ ေနာက္လိုက္ခဲ့။ ကြၽန္ေတာ္ျပတဲ့ ေနရာမွာသာ တူးလိုက္။ အေတာင္ (၂၀) နဲ႔ အစိတ္ ၾကားေလာက္ မွာ ေရေတြ႕ကို ေတြ႕ရမယ္" ဆိုၿပီး ေနရာသစ္ တခုကို လိုက္ျပျပန္ပါတယ္။

အဲဒါနဲ႔ သူလည္း "အင္း ဒီလူေျပာတာေတာ့ ဟုတ္ဟန္ တူတယ္။ ေနရာသစ္ကို တူးမွ" ဆိုၿပီး ေနရာသစ္မွာ ေနာက္ထပ္ ေရတြင္းတတြင္း တူးျပန္ပါတယ္။ ဟိုလူေျပာသလို အေတာင္အစိတ္ေက်ာ္ၿပီး (၃၀) နား ကပ္လာတာေတာင္ ေရက အရိပ္အေငြ႕ ေတာင္ မျမင္ရပါဘူး။ လူကလည္း ဖတ္ဖတ္ေမာေနပါၿပီ။

အဲဒါနဲ႔ သူလည္း အေမာေျဖရင္း ထိုင္စဥ္းစားတယ္။ "အင္း ပထမဆုံး တူးခဲ့တာ အေတာင္ ၂၀၊ ဒုတိယတြင္းမွာ အေတာင္ အစိတ္၊ တတိယတြင္းမွာ အေတာင္ ၃၀ နဲ႔ ေပါင္းလိုက္ရင္ ငါတူးခဲ့တာ အေတာင္ ၇၀ ေတာင္ ေက်ာ္ေနပါေကာလား။ ငါ့ဟာငါ ဆက္တူးေနရင္ ဒီနယ္မွာ အေတာင္ (၆၀) ေက်ာ္ေအာင္ တူးရတဲ့ ေရတြင္း ခပ္ရွားရွားရယ္။

သူမ်ား စကား နားေယာင္ၿပီး ဟိုတြင္းတူး ဒီတြင္းတူးနဲ႔ ေမာတာသာ အဖတ္တင္တယ္။ ငါ့တြင္းဘဲ ငါဆက္တူးေတာ့မယ္" ဆိုၿပီး သူပထမဆုံး တူးခဲ့တဲ့ တြင္းဆီ ျပန္သြားၿပီး တူးလိုက္တာ အေတာင္ ၄၀ ေက်ာ္ ေလာက္မွာ ေရတြင္းက ေအာင္သြားၿပီး ေရေတြ႕သြားပါေတာ့တယ္။

ကြၽန္ေတာ္တို႔ ဘဝမွာလည္း ဒီလိုဘဲ အစကေတာ့ အားႀကိဳးမာန္တက္နဲ႔ စခဲ့ၾကေပမယ့္ တဝက္တပ်က္ ေရာက္ခါမွ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ရပ္နားထားတဲ့ အလုပ္ေတြ၊ စီမံကိန္းေတြ၊ ဘဝရည္မွန္းခ်က္ေတြ ဘယ္ေလာက္ေတာင္မွ မ်ားခဲ့ၿပီလဲ။ ႀကီးမားတဲ့ ဘဝရည္မွန္းခ်က္ေတြ သာမက အတတ္ပညာတခု သင္ယူတာ၊ သင္တန္းတခု တက္တာ၊ ကိုယ္အေလးခ်ိန္ခ်တာ စတဲ့ ကိစၥေလးေတြ အပါအဝင္ေပါ့။

အထက္က ေရတြင္းတူးတဲ့ လူလို စၿပီး တူးမိတဲ့ ေရတြင္းတခုကိုသာ ေရေတြ႕သည္အထိ ၿပီးစီးေအာင္ တူးမယ္၊ ၿပီးရင္ ေနာက္တတြင္း ဆက္ၿပီး တူးမယ္ဆိုရင္ ကြၽန္ေတာ္တို႔မွာ ေရထြက္ေနတဲ့ ေရတြင္းေပါင္းမ်ားစြာ ပိုင္ဆိုင္ေနၿပီေပါ့။ အခုေတာ့ ေရမထြက္တဲ့တြင္းေတြ ဟိုမွာလည္း တတြင္း၊ ဒီမွာလည္း တတြင္းနဲ႔ တြင္းေတြသာ မ်ားေနၿပီး ဘာမွ ေသာက္လို႔မရ၊ သုံးလို႔မရနဲ႔ "အသုံးမက်တဲ့ ေရတြင္းပိုင္ရွင္ေတြ" ပဲ ျဖစ္ေနရေတာ့တာေပါ့။

ကဲ မိတ္ေဆြ ခင္ဗ်ားလည္း လူ၊ သူတို႔လည္းလူ အတူတူပါဘဲဗ်ာ။ ဘာမွ ကြာျခားခ်က္ မရွိပါဘူး။ ကြၽန္ေတာ္တို႔ တကယ္ လိုအပ္ေနတာကေတာ့ ေရတြင္းကို ၿပီးစီးေအာင္ ဆက္မတူးၾကတာပါဘဲ။

ကဲ ဒီေန႔ကစၿပီး ကြၽန္ေတာ္နဲ႔အတူတူ ခင္ဗ်ားတူးလက္စ ေရတြင္းေတြထဲက ခင္ဗ်ားအတူးခ်င္ဆုံး ေရတြင္းတတြင္းကို ျပန္ေ႐ြးခ်ယ္လိုက္ၿပီး ျပန္တူးၾကရေအာင္လား။ ေရထြက္သည့္ တိုင္ေအာင္ေပါ့။ ကိုယ္တူးလိုက္တဲ့ ေရတြင္းက ေရထြက္လာတဲ့ ေအာင္ျမင္မႈနဲ႔၊ ေက်နပ္ပီတိျဖစ္ရမႈတို႔ကို ကြၽန္ေတာ္တို႔ ခံစားရယူၾကမယ္ေလ။

"ငါ လုပ္ႏိုင္တယ္၊ ငါ စြမ္းေဆာင္ႏိုင္တယ္" ဆိုတဲ့ ယုံၾကည္မႈေတြကို ကြၽန္ေတာ္တို႔ ဘဝမွာ ျပန္ၿပီး တည္ေဆာက္ယူၾကမယ္။ ကြၽန္ေတာ္တို႔ စိတ္ဓာတ္ခြန္အားေတြ ေမြးၿပီး ျပန္ႀကိဳးစားၾကရေအာင္လား။ ကြၽန္ေတာ္တို႔မွာ တူးလက္စ ေရတြင္းတခုမဟုတ္ တခုကေတာ့ ကိုယ္စီ ရွိေနၾကတာဘဲ မဟုတ္လား။

ဒီေတာ့ အခုဘဲ စ လိုက္ၾကပါစို႔။ အခ်ိန္မေႏွာင္းေသးပါဘူး။ ကြၽန္ေတာ္တို႔ ေရတြင္း ျပန္တူးၾကမယ္ေလ။ ဇြဲနဲ႔သာ တစိုက္မတ္မတ္တူးပါ။ ေနာက္ဆုံး ေရေတြ႕ရမွာ မလြဲပါဘူး။ crd