တခါတုန်းက တိုင်းပြည်တွေကို လိုက်ပြီး ကုန်သွယ်တဲ့ ရတနာကုန်သည်ကြီး တဦးရှိတယ်။ သူ့မှာ အရွယ်ရောက်တဲ့ သားတယောက်လည်း ရှိတယ်။ တနေ့တော့ သားဖြစ်သူက ကုန်သည်ကြီးကို ပြောတယ်။

"အဖေ သား အလုပ် လုပ်တော့မယ်၊ ထိုက်သင့်တဲ့ အမွေတချို့ ပေးပါ"

"ဘာအမွေလိုချင်လဲသား"

"အဖေ့လို့မျိုး အောင်မြင်ချင်တယ်"

"အင်း မင်းလိုချင်တာကို အဖေ ပေးလိုက်မယ်၊ဒါပေမယ့် အဲဒီအရာကို မပေးခင်မှာ တပါတ်တိတိ ငါနဲ့အတူတူ အလုပ် လုပ်ရမယ်"

"ဟုတ်ကဲ့" ဆိုပြီး သားဖြစ်သူက ပြောတယ်။

နောက်နေ့ မနေ့ကြတော့ သားလုပ်သူကို ခေါ်ပြီး ခြံထဲ ဆင်းတယ်။ တံမြတ်စည်းကြမ်း နှစ်ချောင်း ယူလာပြီး သားလုပ်သူကို "ရော့ အမှိုက်တွေ ကုန်အောင်လှဲ" ဆိုပြီး ခိုင်းလိုက်တယ်။ ကုန်သည်ကြီးကတော့ သစ်ပင်အောက်မှာ ထန်းလျက်ခဲ လေးစားလိုက် ရေနွေးလေးသောက်လိုက်နဲ့ သားလုပ်သူက သူ့အဖေ ဘယ်တော့ လာကူနိုး လာကူနိုးနဲ့ လှဲရင်း လှဲရင်း ပြီးသွားတယ်။

ငါ့အဖေ လာတော့ ကူကျူံးမှာပဲ ဆိုပြီး ကွက်ကြည့် ကွက်ကြည့် လုပ်နေမိတယ်။ ကုန်သည်ကြီးက အညှောင်းအညာ ထဆန့်လိုက် ပြန်ထိုင်လိုက်နဲ့ သားလုပ်သူ အမှိုက်တွေပါ ကျူံးပြီးသွားတယ်။

နောက်တရက်ကြတော့ ဓားနှစ်လက် ယူလာတယ်။ ပြီးတော့ တောထဲ ခေါ်သွားပြီး သစ်ပင်ကြီးတပင်ကို ခုတ်ပိုင်းခိုင်းတယ်။ သားလုပ်သူက သစ်ပင်ကြီးကို ခုတ်လိုက် ဓားသွေးနေတဲ့ ကုန်သည်ကြီးကို ကြည့်လိုက်ပေါ့။

သားဖြစ်သူ ခမျာ လက်တွေနာလွန်းလို့ အရည်ကြည်ဖုတွေ ထလာပြီး ပေါက်ပြဲတဲ့အထိ ခုတ်နေရရှာတယ်။ ဒါပေမယ့် ကုန်သည်ကြီးက ဓားသွေးမပျက်ဘူး။ ဝုန်းဆို သစ်ပင်ကြီး လဲသွားတယ်။ ကုန်သည်ကြီး ထလာတယ်။ ပြီးတော့

"ဟိုအကိုင်းအလက်ပါ ဖြတ်လိုက်သား"

"ကျွန်တော်ပင်ပန်းနေပြီးအဖေ လက်တွေလည်း နာကျင်နေပြီ"

"အဲဒါဆိုလည်း မင်းလိုချင်တာ မယူနဲ့တော့ပေါ့"

သားဖြစ်သူလည်း "ခုတ်ပါ့မယ် အဖေ၊ အဖေ့ ကတိသာတည်ပါစေ" အားလုံး ခုတ်ထွင်ရှင်းလင်းပြီးချိန်မှာတော့ ကုန်သည်ကြီး ရဲ့ သားလက်မှာ သွေးတွေကို ရွှဲလို့။ နောက်နေ့မနက်လင်းတော့ "အဖေ သား လက်တွေ နာကျင်လွန်းလို့ မလုပ်နိုင်တော့ဘူး" ဆိုတော့ ကုန်သည်ကြီးက

မင်းကိုဒီနေ့ ဘာမှမခိုင်းဘူး။ ဒီကနေ ကျောက်တောင်ကို ကျော်ပြီးသွားရင် ဦးမောင်လေး ဆိုတဲ့ ငါ့မိတ်ဆွေရှိတယ်။ သူ့ဆီကိုသွား ငါအပ်ထားတဲ့ အောင်မြင်ရေး လျို့ဝှက်ချက် ပေးပါလို့ ပြောပြီးတောင်းခဲ့။ မနက်ဖြန် မင်းအလုပ် စပြီး လုပ်ရမယ်။ လုံးဝ အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ အဲဒီလျို့ဝှက်ချက်အတိုင်း လုပ်ဆောင်ပါသား"

ဒီလိုနဲ့ သားဖြစ်သူလာ ကျောက်တောင်တခုကို ကျော်ပြီး ဦးမောင်လေးဆီက အောင်မြင်ရေး လျို့ဝှက်ချက်ဆိုတာကို ယူဆောင်လာတယ်။ အိမ်ပြန်ရောက်တော့ "အဖေ ပြောတာ ဒါလား" ဆိုပြီး ရွှေနဲ့ မျက်နှာဖုံး လုပ်တဲ့ စာအုပ်ကလေး ပြလိုက်တယ်။

"အေး ဟုတ်တယ်သား မင်းလုံးဝ အခက်အခဲတွေနဲ့ တွေ့ဆုံချိန်မှာ စာအုပ်ထဲကအတိုင်း တသွေမတိမ်း လုပ်ဆောင်ပါ။ ကဲ နားတော့ မနက်ဖြန် မင်းရဲ့ ကုန်သွယ်ခြင်း ခရီးစဉ် စမယ်"

မနက်လင်းတော့ အားလုံး ခရီးထွက်ဖို့ အဆင်သင့် ဖြစ်နေပြီ။

"သွားတော့လေ မင်းဘာလုပ်နေတာ"

"အဖေ မလိုက်ဘူးလား"

"ငါက ဘာလိုက်လုပ်ရမှာလဲ မင်း ဒီအရွယ်ရောက်နေပြီပဲ မင်း လုပ်နိုင်သလောက်လုပ်ပါ"

အဲ့ဒီလိုနဲ့ ကုန်သည်ကြီးရဲ့ သားဟာ ကုန်သွယ်ဖို့ ထွက်သွားခဲ့တယ်။ ချောင်းတွေဖြတ် လွင်ပြင်တွေ ဖြတ်ရင်း တောကြီးတတောကို အရောက် သူ့ကို ခြင်္သေ့တကောင်ချောင်းနေမှန်း သိလိုက်တယ်။ သိသိချင်းပဲ သူဟာ ပုန်းလို့ကောင်းမယ့် နေရာကို ရှာရင်း ရုတ်တရက် ပြေးထွက်သွားတယ်။ လူတကိုယ်စာ ဝင်လို့ရတဲ့ ကျောက်တုံးတွေ ကြားမှာ ဝင်နေလိုက်တယ်။ ခြင်္သေ့ကလည်း မျက်ခြေပျက် မခံပဲ လိုက်လာတယ်။

အဲ့ဒီလိုနဲ့ ညရောက်တယ်တယ်။ ခြင်္သေ့ကလည်း ဘယ်မှမသွားဘူး သူဝင်ရှေ့တဲ့ရှေ့မှာ ဝပ်ပြီး စောင့်နေတယ်။ သူဟာ ရုတ်တရက် ကုန်သည်ကြီးနဲ့ အောင်မြင်ရေး လျို့ဝှက်ချက် စာအုပ်ကို သတိရသွားတယ်။ ပထမဆုံး စာမျက်နှာကို ကြည့်လိုက်တယ်။ "ကိုယ့်အခက်အခဲတွေ ဘယ်သူ့ကိုမှ မမျှော်လင့်ပါနဲ့။ ကိုယ်တိုင် ပြီးဆုံးအောင်လုပ်ပါ" လို့ ရေးထားတယ်။

ကောင်လေးဟာ ခဏ ကြောင်သွားတယ်။ သူသိလိုက်ပြီ ကိုယ့်ကိုယ်ကို ကယ်တင်ရန်သာ ကြိုးစားရတော့မယ်။ အဲဒါနဲ့ သူရှေ့မှာဝပ်နေတဲ့ ခြင်္သေ့ကို ကြည့်လိုက်တယ်။ အဲဒီကျောက်တုံးတွေ ကြားကပဲ ကျောက်တုံးတခုရဲ့ အောက်ခြေကို ကျောက်တုံးအပိုင်းအစတွေ ရိုက်ထည့်တယ်။ အဲဒီလို ရိုက်ရင်းထည့်ရင်းနဲ့ ကျောက်တုံးကြီးဟာ ခြင်္သေ့ရဲ့ ကိုယ်ပေါ် ပိကျပြီး ခြင်္သေ့ဟာသေဆုံးသွားတယ်။

အဲဒီလိုနဲ့ တိုင်းပြည်တပြည်ကို ရောက်သွားတယ်။ သူ့မှာပါတဲ့ ရတနာတွေ ရောင်းတယ်။ သူပြန်ရောင်းလို့ ရမယ့် ရတနာတွေပြန်ဝယ်ပြီး သူ့တိုင်းပြည်ကို ပြန်လာခဲ့တယ်။ လမ်းတဝက်မှာပဲ ခရီးပန်းမှုကြောင့် အဖျားဝင်လာတယ်။ သူဌေးသားဆိုတော့ ဖျားနာမှုကြောင့် အားငယ်စိတ်တွေ ဝင်လာတယ်။ ပြုစုခံခဲ့ရတဲ့ အရာတွေကို မြင်ယောင်ပြီး မျက်ရည်တွေလို့ သူ့အဖေကို တောင်းတနေမိတယ်။

နောက်ဆုံး မခံမရပ်နိုင်ချိန်မှာတော့ သူ့အဖေပေးတဲ့ စာအုပ်ကို လှန်ကြည့်လိုက်တယ်။ ပထမ စာမျက်နှာမှာ အရင် သူဖတ်ဖူးတဲ့ စာကြောင်းက လွဲပြီး ဘာမှ ရှိမနေခဲ့ဘူး။ နောက်ဆုံးစာမျက်နှာ စာတကြောင်း ရေးထားတာ တွေ့သွားတယ်။

"ငါ့လို ဖြစ်ချင်ရင် ငါကို အားမကိုးပါနဲ့။ မင်းဟာ မင်းဘဝရဲ့ ကယ်တင်ရှင်ပါ။ စာအုပ်တအုပ်ထဲက အောင်မြင်ခြင်းဆိုတာ လူက ဖန်တီးတာပါ။ မင်းရဲ့ အောင်မြင်ခြင်းကို လွတ်နေတဲ့ စာရွက်တွေမှာ ရေးပါ" တဲ့။ ကောင်လေး ဖျားနေတဲ့ကြားက ရယ်မိတယ်။ ပြီးတော့ စာအုပ်ကို လွှင့်ပစ်လိုက်တယ်။ သူနားလည်သွားပြီ သူ့အဖေ ပေးလိုက်တာ ယုံကြည်မှုနဲ့ ကိုယ့်အား ကိုယ်ကိုးမှုဆိုတာ။

ကောင်လေးဟာ အသက်အောင့်လိုက် မှုတ်ထုတ်လိုက်လုပ်ရင်း အဖျားကျအောင် လုပ်တယ်။ အာဟာရ ဖြစ်စေမယ် သစ်သီးတွေကို ရှာစားတယ်။ မီးမွှေးပြီး ရေနွေးငွေ့လှုံ့ပြီး ချွေးထွက်တယ်။ သက်သာလာတာနဲ့ သူ့တိုင်းပြည်ကို အမြန်ပြန်လာတယ်။ အဲဒီလိုနဲ့ သူ့အဖေဆီ ပြန်ရောက်လာတယ်။

"သား အဆင်ပြေရဲ့လား"

"တစုံတယောက်ရဲ့ အကူအညီကို မမျှော်လင့်တတ်တော့လို့ အများကြီး အဆင်ပြေပါတယ် အဖေ"

"အေး မင်း ငါ့လို အောင်မြင်ဖို့အတွက် လမ်းစတွေ့နေပြီပဲ" လို့ ပြောပြီး ထွက်ခွာသွားတယ်။

ဘဝဆိုတာ တစုံတခုကို မျော်လင့်ရင်း ကိုယ့်ဘာသာ ပြီးဆုံးအောင် လုပ်ရတာမျိုးပါ။ ကိုယ့်ရဲ့ ယုံကြည်မှုဆိုတာလည်း ကိုယ့်ရဲ့ ကြုံဆုံတွေ့မှုကို အခြေခံပြီးမှ ဖြစ်တည်လာတာပါ။ သူ့လိုဖြစ်ချင်ရင် ကိုယ့်ကိုယ်ကို အားကိုးပါ။ crd

for zawgyi

ကိုယ့္ကိုယ္ကိုပဲ အားကိုးလိုက္ပါ

တခါတုန္းက တိုင္းျပည္ေတြကို လိုက္ၿပီး ကုန္သြယ္တဲ့ ရတနာကုန္သည္ႀကီး တဦးရွိတယ္။ သူ႔မွာ အ႐ြယ္ေရာက္တဲ့ သားတေယာက္လည္း ရွိတယ္။ တေန႔ေတာ့ သားျဖစ္သူက ကုန္သည္ႀကီးကို ေျပာတယ္။

"အေဖ သား အလုပ္ လုပ္ေတာ့မယ္၊ ထိုက္သင့္တဲ့ အေမြတခ်ိဳ႕ ေပးပါ"

"ဘာအေမြလိုခ်င္လဲသား"

"အေဖ့လို႔မ်ိဳး ေအာင္ျမင္ခ်င္တယ္"

"အင္း မင္းလိုခ်င္တာကို အေဖ ေပးလိုက္မယ္၊ဒါေပမယ့္ အဲဒီအရာကို မေပးခင္မွာ တပါတ္တိတိ ငါနဲ႔အတူတူ အလုပ္ လုပ္ရမယ္"

"ဟုတ္ကဲ့" ဆိုၿပီး သားျဖစ္သူက ေျပာတယ္။

ေနာက္ေန႔ မေန႔ၾကေတာ့ သားလုပ္သူကို ေခၚၿပီး ၿခံထဲ ဆင္းတယ္။ တံျမတ္စည္းၾကမ္း ႏွစ္ေခ်ာင္း ယူလာၿပီး သားလုပ္သူကို "ေရာ့ အမႈိက္ေတြ ကုန္ေအာင္လွဲ" ဆိုၿပီး ခိုင္းလိုက္တယ္။ ကုန္သည္ႀကီးကေတာ့ သစ္ပင္ေအာက္မွာ ထန္းလ်က္ခဲ ေလးစားလိုက္ ေရေႏြးေလးေသာက္လိုက္နဲ႔ သားလုပ္သူက သူ႔အေဖ ဘယ္ေတာ့ လာကူႏိုး လာကူႏိုးနဲ႔ လွဲရင္း လွဲရင္း ၿပီးသြားတယ္။

ငါ့အေဖ လာေတာ့ ကူက်ဴံးမွာပဲ ဆိုၿပီး ကြက္ၾကည့္ ကြက္ၾကည့္ လုပ္ေနမိတယ္။ ကုန္သည္ႀကီးက အေညႇာင္းအညာ ထဆန႔္လိုက္ ျပန္ထိုင္လိုက္နဲ႔ သားလုပ္သူ အမႈိက္ေတြပါ က်ဴံးၿပီးသြားတယ္။

ေနာက္တရက္ၾကေတာ့ ဓားႏွစ္လက္ ယူလာတယ္။ ၿပီးေတာ့ ေတာထဲ ေခၚသြားၿပီး သစ္ပင္ႀကီးတပင္ကို ခုတ္ပိုင္းခိုင္းတယ္။ သားလုပ္သူက သစ္ပင္ႀကီးကို ခုတ္လိုက္ ဓားေသြးေနတဲ့ ကုန္သည္ႀကီးကို ၾကည့္လိုက္ေပါ့။

သားျဖစ္သူ ခမ်ာ လက္ေတြနာလြန္းလို႔ အရည္ၾကည္ဖုေတြ ထလာၿပီး ေပါက္ၿပဲတဲ့အထိ ခုတ္ေနရရွာတယ္။ ဒါေပမယ့္ ကုန္သည္ႀကီးက ဓားေသြးမပ်က္ဘူး။ ဝုန္းဆို သစ္ပင္ႀကီး လဲသြားတယ္။ ကုန္သည္ႀကီး ထလာတယ္။ ၿပီးေတာ့

"ဟိုအကိုင္းအလက္ပါ ျဖတ္လိုက္သား"

"ကြၽန္ေတာ္ပင္ပန္းေနၿပီးအေဖ လက္ေတြလည္း နာက်င္ေနၿပီ"

"အဲဒါဆိုလည္း မင္းလိုခ်င္တာ မယူနဲ႔ေတာ့ေပါ့"

သားျဖစ္သူလည္း "ခုတ္ပါ့မယ္ အေဖ၊ အေဖ့ ကတိသာတည္ပါေစ" အားလုံး ခုတ္ထြင္ရွင္းလင္းၿပီးခ်ိန္မွာေတာ့ ကုန္သည္ႀကီး ရဲ႕ သားလက္မွာ ေသြးေတြကို ႐ႊဲလို႔။ ေနာက္ေန႔မနက္လင္းေတာ့ "အေဖ သား လက္ေတြ နာက်င္လြန္းလို႔ မလုပ္ႏိုင္ေတာ့ဘူး" ဆိုေတာ့ ကုန္သည္ႀကီးက

မင္းကိုဒီေန႔ ဘာမွမခိုင္းဘူး။ ဒီကေန ေက်ာက္ေတာင္ကို ေက်ာ္ၿပီးသြားရင္ ဦးေမာင္ေလး ဆိုတဲ့ ငါ့မိတ္ေဆြရွိတယ္။ သူ႔ဆီကိုသြား ငါအပ္ထားတဲ့ ေအာင္ျမင္ေရး လ်ိဳ႕ဝွက္ခ်က္ ေပးပါလို႔ ေျပာၿပီးေတာင္းခဲ့။ မနက္ျဖန္ မင္းအလုပ္ စၿပီး လုပ္ရမယ္။ လုံးဝ အခက္အခဲေတြနဲ႔ ရင္ဆိုင္ရခ်ိန္မွာ အဲဒီလ်ိဳ႕ဝွက္ခ်က္အတိုင္း လုပ္ေဆာင္ပါသား"

ဒီလိုနဲ႔ သားျဖစ္သူလာ ေက်ာက္ေတာင္တခုကို ေက်ာ္ၿပီး ဦးေမာင္ေလးဆီက ေအာင္ျမင္ေရး လ်ိဳ႕ဝွက္ခ်က္ဆိုတာကို ယူေဆာင္လာတယ္။ အိမ္ျပန္ေရာက္ေတာ့ "အေဖ ေျပာတာ ဒါလား" ဆိုၿပီး ေ႐ႊနဲ႔ မ်က္ႏွာဖုံး လုပ္တဲ့ စာအုပ္ကေလး ျပလိုက္တယ္။

"ေအး ဟုတ္တယ္သား မင္းလုံးဝ အခက္အခဲေတြနဲ႔ ေတြ႕ဆုံခ်ိန္မွာ စာအုပ္ထဲကအတိုင္း တေသြမတိမ္း လုပ္ေဆာင္ပါ။ ကဲ နားေတာ့ မနက္ျဖန္ မင္းရဲ႕ ကုန္သြယ္ျခင္း ခရီးစဥ္ စမယ္"

မနက္လင္းေတာ့ အားလုံး ခရီးထြက္ဖို႔ အဆင္သင့္ ျဖစ္ေနၿပီ။

"သြားေတာ့ေလ မင္းဘာလုပ္ေနတာ"

"အေဖ မလိုက္ဘူးလား"

"ငါက ဘာလိုက္လုပ္ရမွာလဲ မင္း ဒီအ႐ြယ္ေရာက္ေနၿပီပဲ မင္း လုပ္ႏိုင္သေလာက္လုပ္ပါ"

အဲ့ဒီလိုနဲ႔ ကုန္သည္ႀကီးရဲ႕ သားဟာ ကုန္သြယ္ဖို႔ ထြက္သြားခဲ့တယ္။ ေခ်ာင္းေတြျဖတ္ လြင္ျပင္ေတြ ျဖတ္ရင္း ေတာႀကီးတေတာကို အေရာက္ သူ႔ကို ျခေသၤ့တေကာင္ေခ်ာင္းေနမွန္း သိလိုက္တယ္။ သိသိခ်င္းပဲ သူဟာ ပုန္းလို႔ေကာင္းမယ့္ ေနရာကို ရွာရင္း ႐ုတ္တရက္ ေျပးထြက္သြားတယ္။ လူတကိုယ္စာ ဝင္လို႔ရတဲ့ ေက်ာက္တုံးေတြ ၾကားမွာ ဝင္ေနလိုက္တယ္။ ျခေသၤ့ကလည္း မ်က္ေျခပ်က္ မခံပဲ လိုက္လာတယ္။

အဲ့ဒီလိုနဲ႔ ညေရာက္တယ္တယ္။ ျခေသၤ့ကလည္း ဘယ္မွမသြားဘူး သူဝင္ေရွ႕တဲ့ေရွ႕မွာ ဝပ္ၿပီး ေစာင့္ေနတယ္။ သူဟာ ႐ုတ္တရက္ ကုန္သည္ႀကီးနဲ႔ ေအာင္ျမင္ေရး လ်ိဳ႕ဝွက္ခ်က္ စာအုပ္ကို သတိရသြားတယ္။ ပထမဆုံး စာမ်က္ႏွာကို ၾကည့္လိုက္တယ္။ "ကိုယ့္အခက္အခဲေတြ ဘယ္သူ႔ကိုမွ မေမွ်ာ္လင့္ပါနဲ႔။ ကိုယ္တိုင္ ၿပီးဆုံးေအာင္လုပ္ပါ" လို႔ ေရးထားတယ္။

ေကာင္ေလးဟာ ခဏ ေၾကာင္သြားတယ္။ သူသိလိုက္ၿပီ ကိုယ့္ကိုယ္ကို ကယ္တင္ရန္သာ ႀကိဳးစားရေတာ့မယ္။ အဲဒါနဲ႔ သူေရွ႕မွာဝပ္ေနတဲ့ ျခေသၤ့ကို ၾကည့္လိုက္တယ္။ အဲဒီေက်ာက္တုံးေတြ ၾကားကပဲ ေက်ာက္တုံးတခုရဲ႕ ေအာက္ေျခကို ေက်ာက္တုံးအပိုင္းအစေတြ ႐ိုက္ထည့္တယ္။ အဲဒီလို ႐ိုက္ရင္းထည့္ရင္းနဲ႔ ေက်ာက္တုံးႀကီးဟာ ျခေသၤ့ရဲ႕ ကိုယ္ေပၚ ပိက်ၿပီး ျခေသၤ့ဟာေသဆုံးသြားတယ္။

အဲဒီလိုနဲ႔ တိုင္းျပည္တျပည္ကို ေရာက္သြားတယ္။ သူ႔မွာပါတဲ့ ရတနာေတြ ေရာင္းတယ္။ သူျပန္ေရာင္းလို႔ ရမယ့္ ရတနာေတြျပန္ဝယ္ၿပီး သူ႔တိုင္းျပည္ကို ျပန္လာခဲ့တယ္။ လမ္းတဝက္မွာပဲ ခရီးပန္းမႈေၾကာင့္ အဖ်ားဝင္လာတယ္။ သူေဌးသားဆိုေတာ့ ဖ်ားနာမႈေၾကာင့္ အားငယ္စိတ္ေတြ ဝင္လာတယ္။ ျပဳစုခံခဲ့ရတဲ့ အရာေတြကို ျမင္ေယာင္ၿပီး မ်က္ရည္ေတြလို႔ သူ႔အေဖကို ေတာင္းတေနမိတယ္။

ေနာက္ဆုံး မခံမရပ္ႏိုင္ခ်ိန္မွာေတာ့ သူ႔အေဖေပးတဲ့ စာအုပ္ကို လွန္ၾကည့္လိုက္တယ္။ ပထမ စာမ်က္ႏွာမွာ အရင္ သူဖတ္ဖူးတဲ့ စာေၾကာင္းက လြဲၿပီး ဘာမွ ရွိမေနခဲ့ဘူး။ ေနာက္ဆုံးစာမ်က္ႏွာ စာတေၾကာင္း ေရးထားတာ ေတြ႕သြားတယ္။

"ငါ့လို ျဖစ္ခ်င္ရင္ ငါကို အားမကိုးပါနဲ႔။ မင္းဟာ မင္းဘဝရဲ႕ ကယ္တင္ရွင္ပါ။ စာအုပ္တအုပ္ထဲက ေအာင္ျမင္ျခင္းဆိုတာ လူက ဖန္တီးတာပါ။ မင္းရဲ႕ ေအာင္ျမင္ျခင္းကို လြတ္ေနတဲ့ စာ႐ြက္ေတြမွာ ေရးပါ" တဲ့။ ေကာင္ေလး ဖ်ားေနတဲ့ၾကားက ရယ္မိတယ္။ ၿပီးေတာ့ စာအုပ္ကို လႊင့္ပစ္လိုက္တယ္။ သူနားလည္သြားၿပီ သူ႔အေဖ ေပးလိုက္တာ ယုံၾကည္မႈနဲ႔ ကိုယ့္အား ကိုယ္ကိုးမႈဆိုတာ။

ေကာင္ေလးဟာ အသက္ေအာင့္လိုက္ မႈတ္ထုတ္လိုက္လုပ္ရင္း အဖ်ားက်ေအာင္ လုပ္တယ္။ အာဟာရ ျဖစ္ေစမယ္ သစ္သီးေတြကို ရွာစားတယ္။ မီးေမႊးၿပီး ေရေႏြးေငြ႕လႈံ႕ၿပီး ေခြၽးထြက္တယ္။ သက္သာလာတာနဲ႔ သူ႔တိုင္းျပည္ကို အျမန္ျပန္လာတယ္။ အဲဒီလိုနဲ႔ သူ႔အေဖဆီ ျပန္ေရာက္လာတယ္။

"သား အဆင္ေျပရဲ႕လား"

"တစုံတေယာက္ရဲ႕ အကူအညီကို မေမွ်ာ္လင့္တတ္ေတာ့လို႔ အမ်ားႀကီး အဆင္ေျပပါတယ္ အေဖ"

"ေအး မင္း ငါ့လို ေအာင္ျမင္ဖို႔အတြက္ လမ္းစေတြ႕ေနၿပီပဲ" လို႔ ေျပာၿပီး ထြက္ခြာသြားတယ္။

ဘဝဆိုတာ တစုံတခုကို ေမ်ာ္လင့္ရင္း ကိုယ့္ဘာသာ ၿပီးဆုံးေအာင္ လုပ္ရတာမ်ိဳးပါ။ ကိုယ့္ရဲ႕ ယုံၾကည္မႈဆိုတာလည္း ကိုယ့္ရဲ႕ ႀကဳံဆုံေတြ႕မႈကို အေျခခံၿပီးမွ ျဖစ္တည္လာတာပါ။ သူ႔လိုျဖစ္ခ်င္ရင္ ကိုယ့္ကိုယ္ကို အားကိုးပါ။ crd