တခါတုန်းက ဘီလုံးငှက်မတကောင်ဟာ သူ့ရဲ့သားသမီးတွေနဲ့ ပြောင်းခင်းထဲမှာ အသိုက်ဖွဲ့ နေခဲ့တယ်။ ဒီလိုနဲ့ သူ့ရဲ့ သားသမီးတွေဟာ မပျံသန်းနိုင်သေးတဲ့ အရွယ်မှာပဲ ပြောင်းခင်းဟာ ရင့်မှည့်လာပြီး ရိတ်သိမ်းဖို့ အချိန် ရောက်လာခဲ့တယ်။

အဲဒါနဲ့ ဘီလုံးငှက်မဟာ အစာရှာမထွက်မီ သားသမီးတွေကို အခုလို မှာကြားခဲ့တယ်။ "ဒီပြောင်းခင်းကနေ တို့တတွေ ပြောင်းရလိမ့်မယ်။ ဒါပေမယ့် ဘယ်တော့ ပြောင်းရမှာလဲ ဆိုတာတော့ မသိသေးဘူး။ ဒါကြောင့် ဒီအနားကို လာပြီး ပြောဆိုနေကြတဲ့ လယ်သမားတွေရဲ့ စကားကို မှတ်သားထားပါ" လို့ မှာခဲ့တယ်။

ညနေစောင်းလို့ ဘီလုံးငှက်မကြီး အစာရှာပြီး ပြန်လာတဲ့ အချိန်မှာ ငှက်ကလေးတွေက ပြောလိုက်တယ်။ "အမေ လယ်သမားကြီးက သူ့ရဲ့သားကို ခိုင်းတယ်။ ပြောင်းတွေ ရင့်မှည့်လို့ ရိတ်သိမ်းချိန်တန်ပြီ။ မိတ်ဆွေတွေကို မနက်ဖြန် လာကူရိတ်ဖို့ အကူအညီ သွားတောင်းတဲ့" "ဟုတ်လား"

"အမေရယ် သားတို့ သမီးတို့ကို ပြောင်းပေးပါ" လို့ ငှက်ကလေးတွေက တောင်းပန်တယ်။ အမေက "အင်း ကိစ္စမရှိသေးဘူး သားတို့ သမီးတို့ရယ်။ လယ်သမားတွေဟာ မိတ်ဆွေ အိမ်နီးနားချင်းတွေကို အားကိုးရင် ဘာမှ အလုပ်ဖြစ်မှာ မဟုတ်သေးဘူး" လို့ ဖျောင်းဖျလိုက်လေသတဲ့။ အဲဒါနဲ့ သူတို့တတွေဟာ အေးဆေးစွာ အိပ်ကြတယ်။

နောက်တနေ့မှာလည်း ဘီလုံးငှက်မဟာ သားသမီးတွေကို ထုံးစံအတိုင်း လယ်သမားသားအဖရဲ့ စကားကို မှတ်သားထားကြဖို့မှာပြီး အစာရှာ ထွက်သွားသတဲ့။

ညနေကျတဲ့အခါ သူ့အမေ ဘီလုံးငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေက ပြောပြတယ်။ "အမေရေ လယ်သမားကြီးနဲ့သူ့ရဲ့ သားဟာ စောင့်နေပေမယ့် ဘယ်သူမှ မလာဘူး "အမေပြောသလိုပေါ့"

"ဟုတ်တယ်အမေ။ အဲဒါနဲ့ လယ်သမားကြီးက သူ့ရဲ့သားကို ခိုင်းပြန်တယ်။ ဆွေမျိုးတွေကို မနက်ဖြန် လာကူရိတ်သိမ်းပေးဖို့ အကူအညီ သွားတောင်းလို့ မှာတယ်"

"ဟုတ်လား"

"ဟုတ်တယ် အမေရယ် သားတို့ သမီးတို့ကို ပြောင်းပေးပါ" လို့ ပြောကြပြန်တယ်။

ဒီတခါလည်း အမေက "ကိစ္စမရှိသေးပါဘူး သားတို့သမီးတို့။ လယ်သမားဟာ ဆွေမျိုးတွေကို အားကိုးတာပဲ။ ဒါဆိုရင် ဘာမှအလုပ်ဖြစ်မှာ မဟုတ်သေးဘူး" လို့ နှစ်သိမ့်ပြန်သတဲ့။ အဲဒါနဲ့ သူတို့တတွေဟာ အသိုက်မှာ အေးဆေးစွာ အိပ်ကြတယ်။

နောက်တနေ့မှာ ဘီလုံးငှက်မဟာ အစာရှာမသွားမီ သားသမီးတွေကို ထုံးစံအတိုင်း လယ်သမားသားအဖရဲ့ စကားကို သေသေချာချာ မှတ်သားထားဖို့ မှာပြန်တယ်။ ညနေ သူ့အမေ ဘီလုံးငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေက ပြောပြတယ်။

"အမေရေ လယ်သမားကြီးနဲ့ သူ့ရဲ့သားဟာ စောင့်နေပေမယ့် ဘယ်သူမှ မလာဘူး"

"အေး သူတို့ဟာ ဆွေမျိုးအားကိုးတာကိုး"

"ဟုတ်တယ်အမေ ဘယ်သူမှ မလာတော့ လယ်သမားကြီးက သူ့ရဲ့ သားကိုပြောတယ်။ မနက်ဖြန် တို့နှစ်ယောက်ပဲ ပြောင်းခင်းကို ရိတ်ကြမယ်တဲ့"

"ဟုတ်လား ဒါဆို သားတို့သမီးတို့ ပြောင်းဖို့အချိန် ရောက်လာပြီ" လို့ ပြောကာ အသိုက်ပြောင်းသွား လေသတဲ့။ သူတပါးကို အားကိုးတတ်တဲ့ အကျင့်ကို ဖျောက်ပါ။ ကိုယ့်ကိုယ်ကိုသာ အားကိုးပါ။ crd

for zawgyi

အားကိုးတတ္ေသာ အက်င့္ကို ေဖ်ာက္ပါ

တခါတုန္းက ဘီလုံးငွက္မတေကာင္ဟာ သူ႔ရဲ႕သားသမီးေတြနဲ႔ ေျပာင္းခင္းထဲမွာ အသိုက္ဖြဲ႕ ေနခဲ့တယ္။ ဒီလိုနဲ႔ သူ႔ရဲ႕ သားသမီးေတြဟာ မပ်ံသန္းႏိုင္ေသးတဲ့ အ႐ြယ္မွာပဲ ေျပာင္းခင္းဟာ ရင့္မွည့္လာၿပီး ရိတ္သိမ္းဖို႔ အခ်ိန္ ေရာက္လာခဲ့တယ္။

အဲဒါနဲ႔ ဘီလုံးငွက္မဟာ အစာရွာမထြက္မီ သားသမီးေတြကို အခုလို မွာၾကားခဲ့တယ္။ "ဒီေျပာင္းခင္းကေန တို႔တေတြ ေျပာင္းရလိမ့္မယ္။ ဒါေပမယ့္ ဘယ္ေတာ့ ေျပာင္းရမွာလဲ ဆိုတာေတာ့ မသိေသးဘူး။ ဒါေၾကာင့္ ဒီအနားကို လာၿပီး ေျပာဆိုေနၾကတဲ့ လယ္သမားေတြရဲ႕ စကားကို မွတ္သားထားပါ" လို႔ မွာခဲ့တယ္။

ညေနေစာင္းလို႔ ဘီလုံးငွက္မႀကီး အစာရွာၿပီး ျပန္လာတဲ့ အခ်ိန္မွာ ငွက္ကေလးေတြက ေျပာလိုက္တယ္။ "အေမ လယ္သမားႀကီးက သူ႔ရဲ႕သားကို ခိုင္းတယ္။ ေျပာင္းေတြ ရင့္မွည့္လို႔ ရိတ္သိမ္းခ်ိန္တန္ၿပီ။ မိတ္ေဆြေတြကို မနက္ျဖန္ လာကူရိတ္ဖို႔ အကူအညီ သြားေတာင္းတဲ့" "ဟုတ္လား"

"အေမရယ္ သားတို႔ သမီးတို႔ကို ေျပာင္းေပးပါ" လို႔ ငွက္ကေလးေတြက ေတာင္းပန္တယ္။ အေမက "အင္း ကိစၥမရွိေသးဘူး သားတို႔ သမီးတို႔ရယ္။ လယ္သမားေတြဟာ မိတ္ေဆြ အိမ္နီးနားခ်င္းေတြကို အားကိုးရင္ ဘာမွ အလုပ္ျဖစ္မွာ မဟုတ္ေသးဘူး" လို႔ ေဖ်ာင္းဖ်လိုက္ေလသတဲ့။ အဲဒါနဲ႔ သူတို႔တေတြဟာ ေအးေဆးစြာ အိပ္ၾကတယ္။

ေနာက္တေန႔မွာလည္း ဘီလုံးငွက္မဟာ သားသမီးေတြကို ထုံးစံအတိုင္း လယ္သမားသားအဖရဲ႕ စကားကို မွတ္သားထားၾကဖို႔မွာၿပီး အစာရွာ ထြက္သြားသတဲ့။

ညေနက်တဲ့အခါ သူ႔အေမ ဘီလုံးငွက္မႀကီး ျပန္ေရာက္ေတာ့ ငွက္ကေလးေတြက ေျပာျပတယ္။ "အေမေရ လယ္သမားႀကီးနဲ႔သူ႔ရဲ႕ သားဟာ ေစာင့္ေနေပမယ့္ ဘယ္သူမွ မလာဘူး "အေမေျပာသလိုေပါ့"

"ဟုတ္တယ္အေမ။ အဲဒါနဲ႔ လယ္သမားႀကီးက သူ႔ရဲ႕သားကို ခိုင္းျပန္တယ္။ ေဆြမ်ိဳးေတြကို မနက္ျဖန္ လာကူရိတ္သိမ္းေပးဖို႔ အကူအညီ သြားေတာင္းလို႔ မွာတယ္" "ဟုတ္လား" "ဟုတ္တယ္ အေမရယ္ သားတို႔ သမီးတို႔ကို ေျပာင္းေပးပါ" လို႔ ေျပာၾကျပန္တယ္။

ဒီတခါလည္း အေမက "ကိစၥမရွိေသးပါဘူး သားတို႔သမီးတို႔။ လယ္သမားဟာ ေဆြမ်ိဳးေတြကို အားကိုးတာပဲ။ ဒါဆိုရင္ ဘာမွအလုပ္ျဖစ္မွာ မဟုတ္ေသးဘူး" လို႔ ႏွစ္သိမ့္ျပန္သတဲ့။ အဲဒါနဲ႔ သူတို႔တေတြဟာ အသိုက္မွာ ေအးေဆးစြာ အိပ္ၾကတယ္။

ေနာက္တေန႔မွာ ဘီလုံးငွက္မဟာ အစာရွာမသြားမီ သားသမီးေတြကို ထုံးစံအတိုင္း လယ္သမားသားအဖရဲ႕ စကားကို ေသေသခ်ာခ်ာ မွတ္သားထားဖို႔ မွာျပန္တယ္။ ညေန သူ႔အေမ ဘီလုံးငွက္မႀကီး ျပန္ေရာက္ေတာ့ ငွက္ကေလးေတြက ေျပာျပတယ္။

"အေမေရ လယ္သမားႀကီးနဲ႔ သူ႔ရဲ႕သားဟာ ေစာင့္ေနေပမယ့္ ဘယ္သူမွ မလာဘူး" "ေအး သူတို႔ဟာ ေဆြမ်ိဳးအားကိုးတာကိုး" "ဟုတ္တယ္အေမ ဘယ္သူမွ မလာေတာ့ လယ္သမားႀကီးက သူ႔ရဲ႕ သားကိုေျပာတယ္။ မနက္ျဖန္ တို႔ႏွစ္ေယာက္ပဲ ေျပာင္းခင္းကို ရိတ္ၾကမယ္တဲ့"

"ဟုတ္လား ဒါဆို သားတို႔သမီးတို႔ ေျပာင္းဖို႔အခ်ိန္ ေရာက္လာၿပီ" လို႔ ေျပာကာ အသိုက္ေျပာင္းသြား ေလသတဲ့။ သူတပါးကို အားကိုးတတ္တဲ့ အက်င့္ကို ေဖ်ာက္ပါ။ ကိုယ့္ကိုယ္ကိုသာ အားကိုးပါ။ crd