မွေးကင်းစ ကလေးငယ်တစ်ယောက်ကို အိပ်ပျော်စေဖို့ ဆိုတာက မလွယ်ကူတဲ့ အလုပ်ပါပဲ။ ဆေးရုံမှာတော့ အတွေ့အကြုံရှိတဲ့ ဆရာမတွေရဲ့ ဂရုစိုက်မှုကြောင့် ကောင်းကောင်း အိပ်ပျော်ကြပေမယ့် အိမ်ရောက်ရင် မထင်ရင် မထင်သလို ထထငို တတ်ကြပါတယ်။

ငိုလို့မောရင် အိပ်ပျော်သွားပေမယ့် အိပ်ရေးဝလို့ အမောပြေပြီးရင်လည်း ထပ်ငိုတတ်ကြ ပြန်ပါတယ်။ ကလေးကို လွယ်လွယ်နဲ့ အိပ်ပျော်စေဖို့ စီးပွားရေးသမားတွေက ကုန်ပစ္စည်းမျိုးစုံကို ထုတ်လုပ်ကြပြန်ပါတယ်။ အိနေတဲ့ မွေ့ယာလေးတွေ၊ အရုပ်လေးတွေပါတဲ့ ကုတင်လေးတွေ၊ လှုပ်လှုပ် လှုပ်လှုပ် အရုပ်လေးတွေ၊ တုန်ခါနေတဲ့ အရုပ်လေးတွေ စတာတွေကို တစ်ခုပြီးတစ်ခု မရိုးရအောင် ရောင်းချကြပါတယ်။

ဒါပေမယ့် ဒီပစ္စည်းတွေသုံးလို့ ကလေးက လုံးဝ အိပ်ပျော်သွားမယ်လို့ ဘယ်သူကမှ အာမမခံကြပါဘူး။ အမြဲတမ်း အလုပ်ဖြစ်တာက သဘာဝ နည်းလမ်းတွေနဲ့ ပွေ့ဖက်တာပါပဲ။ ဒီနေ့မှာတော့ သူနာပြုဆရာမလေးရဲ့ ကလေးတစ်ယောက်ကို ဘယ်လို အိပ်ပျော်အောင် လုပ်မလဲဆိုတဲ့ လျှို့ဝှက်ချက်ကို love media ကနေ ပြောပြပေးသွားပါမယ်။ ဖေဖေ၊ မေမေတွေအတွက်လည်း အရမ်းအသုံးဝင်ပါလိမ့်မယ်။

ဆရာမ Lê Thi Ánhရဲ့ နည်းလမ်း

ဒီနည်းလမ်းလေးဟာ အချိန်အရမ်း မပေးရဘဲ ကလေးကို အချိန်တိုလေးအတွင်းမှာ အိပ်ပျော်စေမှာပါ။ အချိန်ကုန်၊ ငွေကုန်လည်း သက်သာစေပြီး ကလေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါလိမ့်မယ်။ ဒီနည်းလမ်းမှာ လိုက်လုပ်ဆောင်ရမယ့် အချက် (၃) ချက်တော့ ရှိပါတယ်။

အဆင့် ၁။ မျက်နှာသုတ်ပုဝါ

- ပုံမှန်ရေချိုးသုတ်ပုဝါ (ခန့်မှန်းခြေအားဖြင့် ၁၂၀ × ၆၀ စင်တီမီတာ) ကိုလိပ်လိုက်ပါ။

- မျက်နှာသုတ်ပုဝါဟာ သန့်ရှင်းပြီးတော့ နူးညံ့နေရပါမယ်။ ပြီးရင် ပုဝါကို hypoallergenic ကလေးဆပ်ပြာဖြင့် ဆေးပါ။

အဆင့် ၂။ ကလေးကို ပုံစံမှန်အောင် ထားပါ။

- ကလေးရဲ့ အဝတ်တွေက သူ့ကို ကျပ်မနေစေအောင် သေချာဂရုစိုက်ပါ။

- ကလေးရဲ့ ခန္ဓာကိုယ် ညာဘက်ခြမ်းကနေပြီးတော့ ပုဝါကို တစ်ပတ်ပြည့်အောင် ပတ်လိုက်ပါ။

- ဦးခေါင်းနဲ့ လည်ပင်းကြားမှာ ပုဝါစလေးကို သေချာခုပေးလိုက်ပါ။ ( ခေါင်းအုံးပုံစံလေးဖြစ်အောင်)

- ပုဝါကို ကလေးရဲ့ လက်နဲ့မလှမ်းမကမ်းမှာ ထားပါ။ သူတို့ဖက်ပြီးတော့ အိပ်နိုင်အောင်လို့ပါ။

အဆင့် ၃။ ကလေးကို ချော့သိပ်ပေးလိုက်ပါ။

- မျက်နှာသုတ်ပုဝါကို နေရာတကျသာ ထားရင် ကလေးဟာ ပုဝါကို ဖက်ပြီး အိပ်ပျော်နေမှာပါပဲ။

- ကလေးကို သေချာလေး ပုတ်သိပ်ပေးလိုက်တာနဲ့ တန်းအိပ်ပျော်သွားပြီး အိမ်မက်လေးတွေတောင် လှနေမှာပါ။

ပုံမှန်လို သိပ်မယ်ဆိုရင် ကလေးက ခဏလေးပဲ အိပ်ပျော်သွားပြီး ပြန်နိုးလာတတ်ပါတယ်။ ဒီနည်းလမ်းလေးကို ကလေးကို နွေးနွေးထွေးထွေး ရှိနေစေတဲ့အပြင် သူတို့ကို ဖက်အိပ်စရာလေး ပေးထားတာကြောင့် တော်ရုံနဲ့ မနိုးနိုင်ပါဘူး။

ရုပ်သံ

Zombie (Lovemedia)

for zawgyi

ဗီယက္နမ္သူနာျပဳဆရာမေလး ေျပာျပတဲ့ ေမြးကင္းစကေလး ျမန္ျမန္အိပ္ေပ်ာ္ေစတဲ့ လွ်ိဳ႕ဝွက္ခ်က္

ေမြးကင္းစ ကေလးငယ္တစ္ေယာက္ကို အိပ္ေပ်ာ္ေစဖို႔ ဆိုတာက မလြယ္ကူတဲ့ အလုပ္ပါပဲ။ ေဆး႐ုံမွာေတာ့ အေတြ႕အႀကဳံရွိတဲ့ ဆရာမေတြရဲ႕ ဂ႐ုစိုက္မႈေၾကာင့္ ေကာင္းေကာင္း အိပ္ေပ်ာ္ၾကေပမယ့္ အိမ္ေရာက္ရင္ မထင္ရင္ မထင္သလို ထထငို တတ္ၾကပါတယ္။

ငိုလို႔ေမာရင္ အိပ္ေပ်ာ္သြားေပမယ့္ အိပ္ေရးဝလို႔ အေမာေျပၿပီးရင္လည္း ထပ္ငိုတတ္ၾက ျပန္ပါတယ္။ ကေလးကို လြယ္လြယ္နဲ႔ အိပ္ေပ်ာ္ေစဖို႔ စီးပြားေရးသမားေတြက ကုန္ပစၥည္းမ်ိဳးစုံကို ထုတ္လုပ္ၾကျပန္ပါတယ္။ အိေနတဲ့ ေမြ႕ယာေလးေတြ၊ အ႐ုပ္ေလးေတြပါတဲ့ ကုတင္ေလးေတြ၊ လႈပ္လႈပ္ လႈပ္လႈပ္ အ႐ုပ္ေလးေတြ၊ တုန္ခါေနတဲ့ အ႐ုပ္ေလးေတြ စတာေတြကို တစ္ခုၿပီးတစ္ခု မ႐ိုးရေအာင္ ေရာင္းခ်ၾကပါတယ္။

ဒါေပမယ့္ ဒီပစၥည္းေတြသုံးလို႔ ကေလးက လုံးဝ အိပ္ေပ်ာ္သြားမယ္လို႔ ဘယ္သူကမွ အာမမခံၾကပါဘူး။ အၿမဲတမ္း အလုပ္ျဖစ္တာက သဘာဝ နည္းလမ္းေတြနဲ႔ ေပြ႕ဖက္တာပါပဲ။ ဒီေန႔မွာေတာ့ သူနာျပဳဆရာမေလးရဲ႕ ကေလးတစ္ေယာက္ကို ဘယ္လို အိပ္ေပ်ာ္ေအာင္ လုပ္မလဲဆိုတဲ့ လွ်ိဳ႕ဝွက္ခ်က္ကို love media ကေန ေျပာျပေပးသြားပါမယ္။ ေဖေဖ၊ ေမေမေတြအတြက္လည္း အရမ္းအသုံးဝင္ပါလိမ့္မယ္။

ဆရာမ Lê Thi Ánhရဲ႕ နည္းလမ္း

ဒီနည္းလမ္းေလးဟာ အခ်ိန္အရမ္း မေပးရဘဲ ကေလးကို အခ်ိန္တိုေလးအတြင္းမွာ အိပ္ေပ်ာ္ေစမွာပါ။ အခ်ိန္ကုန္၊ ေငြကုန္လည္း သက္သာေစၿပီး ကေလးကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစပါလိမ့္မယ္။ ဒီနည္းလမ္းမွာ လိုက္လုပ္ေဆာင္ရမယ့္ အခ်က္ (၃) ခ်က္ေတာ့ ရွိပါတယ္။

အဆင့္ ၁။ မ်က္ႏွာသုတ္ပုဝါ

- ပုံမွန္ေရခ်ိဳးသုတ္ပုဝါ (ခန႔္မွန္းေျခအားျဖင့္ ၁၂၀ × ၆၀ စင္တီမီတာ) ကိုလိပ္လိုက္ပါ။

- မ်က္ႏွာသုတ္ပုဝါဟာ သန႔္ရွင္းၿပီးေတာ့ ႏူးညံ့ေနရပါမယ္။ ၿပီးရင္ ပုဝါကို hypoallergenic ကေလးဆပ္ျပာျဖင့္ ေဆးပါ။

အဆင့္ ၂။ ကေလးကို ပုံစံမွန္ေအာင္ ထားပါ။

- ကေလးရဲ႕ အဝတ္ေတြက သူ႔ကို က်ပ္မေနေစေအာင္ ေသခ်ာဂ႐ုစိုက္ပါ။

- ကေလးရဲ႕ ခႏၶာကိုယ္ ညာဘက္ျခမ္းကေနၿပီးေတာ့ ပုဝါကို တစ္ပတ္ျပည့္ေအာင္ ပတ္လိုက္ပါ။

- ဦးေခါင္းနဲ႔ လည္ပင္းၾကားမွာ ပုဝါစေလးကို ေသခ်ာခုေပးလိုက္ပါ။ ( ေခါင္းအုံးပုံစံေလးျဖစ္ေအာင္)

- ပုဝါကို ကေလးရဲ႕ လက္နဲ႔မလွမ္းမကမ္းမွာ ထားပါ။ သူတို႔ဖက္ၿပီးေတာ့ အိပ္ႏိုင္ေအာင္လို႔ပါ။

အဆင့္ ၃။ ကေလးကို ေခ်ာ့သိပ္ေပးလိုက္ပါ။

- မ်က္ႏွာသုတ္ပုဝါကို ေနရာတက်သာ ထားရင္ ကေလးဟာ ပုဝါကို ဖက္ၿပီး အိပ္ေပ်ာ္ေနမွာပါပဲ။

- ကေလးကို ေသခ်ာေလး ပုတ္သိပ္ေပးလိုက္တာနဲ႔ တန္းအိပ္ေပ်ာ္သြားၿပီး အိမ္မက္ေလးေတြေတာင္ လွေနမွာပါ။

ပုံမွန္လို သိပ္မယ္ဆိုရင္ ကေလးက ခဏေလးပဲ အိပ္ေပ်ာ္သြားၿပီး ျပန္ႏိုးလာတတ္ပါတယ္။ ဒီနည္းလမ္းေလးကို ကေလးကို ေႏြးေႏြးေထြးေထြး ရွိေနေစတဲ့အျပင္ သူတို႔ကို ဖက္အိပ္စရာေလး ေပးထားတာေၾကာင့္ ေတာ္႐ုံနဲ႔ မႏိုးႏိုင္ပါဘူး။

Zombie (Lovemedia)