အိန္ဒိယနိုင်ငံက အရာရှိတစ်ယောက်ဟာ သူ့ရဲ့ဖုန်း ရေလှောင်ဆည်ထဲကို ပြုတ်ကျသွားပြီးနောက် ရာထူးကနေ ခေတ္တရပ်ဆိုင်းခံထားရပါတယ်။ အကြောင်းအရင်းကတော့ ပြုတ်ကျသွားတဲ့ဖုန်းကို ဖယ်ဖို့အတွက် ရေလှောင်ကန်ထဲကနေတွေကို အကုန်စုပ်ထုတ်လိုက်လိုက်ပါ။

အရာရှိတစ်ယောက်ဖြစ်တဲ့ Rajesh Vishwas က ဆည်ဘေးမှာ ဆယ်လ်ဖီရိုက်ရင်းနဲ့ သူ့ရဲ့ဖုန်းက ဆည်ထဲကို ပြုတ်ကျသွားပါတယ်။ ၃ရက်အကြာမှာ ဖုန်းကို ပြန်ရဖို့အတွက် ဆယ်ထဲကရေ လီတာပေါင်း ၂သန်းကို စုပ်ထုတ်ခဲ့ပါတယ်။ ရေထဲပြုတ်ကျသွားတဲ့ဖုန်းက ပြန်ရပေမယ့် ဖွင့်လို့မရတော့ပါဘူး။

Rajesh Vishwas က ရေထဲပြုတ်ကျသွားတဲ့ ဖုန်းကိုဆယ်ဖို့ ရေငုပ်သမားတွေကို အကူအညီတောင်းပါတယ်။ ဖုန်းကို ပြန်လိုချင်ရတဲ့အကြောင်းအရင်းကတော့ ဖုန်းထဲမှာ အစိုးရနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့အချက်အလက်တွေ ပါဝင်တာကြောင့်ပါ။ ရေငုပ်သမားတွေက ဖုန်းကို ရှာမတွေ့တဲ့အခါ ဆည်ထဲက ရေတွေကို စုပ်ထုတ်လိုက်ပါတယ်။

သူစုပ်ထုတ်လိုက်တဲ့ ဆယ်ထဲကနေရာက လယ်မြေ ဧက ၁၅၀၀ ကို လုံလုံလောက်လောက် ရေပေးဝေနိုင်မယ့်ပမာဏပါ။ Rajesh Vishwas က ရေတွေကို စုပ်ထုပ်ဖို့အတွက် ပြည်နယ်အစိုးရကို တရားဝင်ခွင့်ပြုချက်မတောင်းပါဘူး။

ရေလီတာသန်းပေါင်းများစွာကို ခွင့်ပြုချက်မရဘဲ စုပ်ထုတ်လိုက်တာကြောင့် လက်ရှိမှာတော့ ရာထူးကနေ ခေတ္တဆိုင်းငံ့ခံထားရပါတယ်။ အိန္ဒိယနိုင်ငံက ကမ္ဘာပေါ်မှာ ရေအခက်အခဲကြုံတွေ့ရတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။

vdo 1

vdo 2

Zombie(Lovemedia)

for zawgyi

ဆယ်လ်ဖီရိုက်ရင်း ဖုန်းက ဆည်ထဲပြုတ်ကျသွားတာကြောင့် ဆည်ထဲကရေတွေအားလုံးကို စုပ်ထုတ်လိုက်တဲ့အရာရှိ






Zombie(Lovemedia)