တနေ့မှာပေါ့။ အရမ်း ဒေါသကြီးတတ်တဲ့ အမျိုးသမီးတယောက်ဟာ ဈေးကအပြန် သူမ တခါမှ မမြင်ဖူးတဲ့ သူစိမ်းတယောက်နဲ့မတော်တဆ ဝင်တိုက်မိပါတယ်။ အမျိုးသမီးလည်း ပြာပြာသလဲနဲ့ "အို ကျွန်မကို ခွင့်လွှတ်ပါ" လို့ ပြောလိုက်တယ်။ အတိုက်ခံရတဲ့ သူစိမ်းကလည်း

"ကျွန်တော်က တခြားကိစ္စတခုမှာ အာရုံရောက်နေလို့ အမ လာတာကို မမြင်မိလိုက်ဘူး။ အဲဒါကြောင့် အခုလို ဖြစ်သွားရတာပါ။ ကျွန်တော့်ကိုလည်း ခွင့်လွှတ်ပါဗျာ" လို့ ပြန်ပြောသတဲ့။ အဲဒီသူစိမ်းနဲ့ အမျိုးသမီးဟာ အရမ်းကို ယဉ်ကျေးစွာနဲ့ တယောက်ကို တယောက် အပြန်အလှန် တောင်းပန်ကြပြီး လမ်းခွဲလိုက်ကြတယ်။

အဲဒီနေ့ ညနေမှာ အမျိုးသမီးဟာ ညနေစာအတွက် ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်နေစဉ်မှာ သူမရဲ့ သားလေးက သူမဘေးမှာ ငြိမ်ငြိမ်လေး လာရပ်နေတယ်။ သူမ အနောက်ကို လှည့်လိုက်တဲ့အခါ နောက်မှာရောက်နေတဲ့ သားလေးနဲ့ တိုက်မိပြီး လက်ထဲမှာ ကိုင်ထားတဲ့ ပန်းကန်တွေ ကျကွဲသွားတယ်။

အဲဒီအချိန်မှာ အမျိုးသမီးဟာ သူ့ရဲ့ဒေါသကို မထိန်းနိုင်ပဲ သားလေးကို မျက်မှောင်ကြုတ်ပြီး "ဒီကနေ ထွက်သွားစမ်း" လို့ အော်ငေါက်ပြီး ကြိမ်းမောင်းလိုက်တယ်။ မထင်မှတ်ပဲ အမေဖြစ်သူရဲ့ အော်ငေါက်ကြိမ်းမောင်းခြင်းကို ခံလိုက်ရတဲ့ သားလေးဟာ စိတ်မကောင်းစွာနဲ့ မီးဖိုခန်းထဲကနေ ထွက်သွားခဲ့တယ်။

သားလေးထွက်သွားတော့ သူမဟာ သားကို ပြင်းပြင်ထန်ထန် ပြောဆိုမိသွားတယ် ဆိုတာကို သတိမထားမိဘူး။ သူမရဲ့ သားလေးဟာ ညနေစာ မစားပဲ အစောကြီး အိပ်ရာဝင်ပြီး အိပ်သွားခဲ့တယ်။ ထမင်းစားချိန်ရောက်မှ သားလေး ညနေစာမစားပဲ အစောကြီး အိပ်ရာ ဝင်သွားတာကို သူမ သတိထားမိတယ်လေ။ အဲဒီအခါကျမှ သူမအနေနဲ့ သားလေးကို အော်ငေါက်ကြိမ်းမောင်းလိုက်မိလို့ သားလေး စိတ်မကောင်း ဖြစ်သွားတာကို သိလိုက်ရတယ်။

သူမလည်း စိတ်မကောင်းစွာနဲ့ပဲ စောစောအိပ်ရာဝင်ခဲ့တယ်။ ဒါပေမဲ့ သူမ ဘယ်လိုမှ အိပ်မပျော်နိုင်ပဲ ဖြစ်နေတယ်။ အဲဒီအချိန်မှာပဲ သူမစိတ်ထဲ ဈေးကအပြန် သူစိမ်းတယောက်နဲ့ ဝင်တိုက်မိပြီး အပြန်အလှန် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆို တောင်းပန်ခဲ့တာကို သတိရမိပြီး အတွေးတခု ဝင်လာတယ်။ ငါဟာ သူစိမ်းနဲ့ ဆက်ဆံတဲ့အခါမှာ ယဉ်ကျေးသိမ်မွေ့ပြီးတော့ ကိုယ်ချစ်တဲ့ ကိုယ်သွေးသားနဲ့ ဆက်ဆံတာကျတော့ ဘာလို့ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံနေတာလဲလို့ တွေးမိတယ်။ သူမဟာ စိတ်မကောင်းစွာ အတွေးနယ်ချဲ့ရင်း အိပ်ပျော်သွားတယ်။

အဲဒီအချိန်မှာ အိပ်မက် မက်နေသလိုလို တစုံတယောက်က သူမကို လာပြောနေသလို သူမ နားထဲမှာ အသံတခုကို ကြားလိုက်ရတယ်။

"မီးဖိုခန်း တံခါးနားကို သွားကြည့်လိုက်ပါ။ တံခါးနားမှာ ပန်းတွေ ကျနေတာကို တွေ့ရလိမ့်မယ်။ အဲဒီပန်းလေးတွေဟာ သမီးကို ပေးဖို့အတွက် သမီးရဲ့ သားလေးကိုယ်တိုင် ခူးလာတာပါ။ ပန်းလေးတွေက သမီးကြိုက်တဲ့ အပြာရောင် ပန်းလေးတွေပါ။ သမီးကို အံ့သြသွားစေချင်လို့ သူ တိတ်တိတ်လေး သမီးနောက်မှာ ရပ်နေရှာတာပါ။ သူ့ ရင်ထဲက ခံစားချက်တွေကို သမီး တခါမှ မမြင်ဘူးမို့လား" လို့ ပြောပြီး အသံဟာ ပျောက်ကွယ်သွားကာ သူမလည်း အိပ်မက်ကနေ လန့်နိုးလာခဲ့တယ်။

အဲဒီအချိန်မှာ သူမ အရမ်းကို စိတ်မကောင်းဖြစ်ပြီး သူမရဲ့ ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာပါတယ်။ ပြီးတော့ သူမ သားလေးအိပ်ယာနားဆီကို တိတ်တိတ်လေး သွားပြီး အိပ်ယာဘေးမှာ သွားဒူးထောက်လိုက်တယ်။ "ထပါဦး သားလေးရယ်။ ဒီပန်းလေးတွေက မေမေ့အတွက် သားလေး ခူးလာပေးတာလား" လို့ သူမ သားလေးကို မေးလိုက်တယ်။

သားလေးက "ဒီပန်းတွေကို ဟိုး အပင်နားမှာ တွေ့တာ မေမေ။ ပန်းလေးတွေက မေမေ့လိုပဲ အရမ်းလှလို့ သား ခူးလာတာပါ မမေ။ မေမေက အပြာရောင်ပန်းလေးတွေကို ကြိုက်မယ်ဆိုတာကို သားသိလို့လေ" လို့ ပြောတယ်။

သားလေးဆီက စကားကို ကြားလိုက်ရတော့ "သားလေးရယ် မေမေ ဒီနေ့ သားကို ပြုမူလိုက်တဲ့ အမူအရာအတွက် မေမေ တောင်းပန်ပါတယ်ကွယ်။ သားကို မေမေ အဲဒီလို မအော်သင့်ပါဘူး" လို့ ပြောတော့ သားလေးက

"ရပါတယ် မေမေရယ်။ မေမေ့ကို သားချစ်တယ်" တဲ့။

"သားရယ် မေမေကလည်း သားကို ချစ်ပါတယ်။ နောက်ပြီး သားလေး ခူးပေးတဲ့ ဒီအပြာရောင်ပန်းလေးကိုလည်း မေမေ အရမ်းကြိုက်ပါတယ်ကွယ်" လို့ သားကို ပြန်ပြောလိုက်တယ်။

ဒီစာစုလေးမှာ သင်ခန်းစာ ပေးချင်တာကတော့ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့နဲ့ မရင်းနီးတဲ့ သူစိမ်းတွေအပေါ်မှာ ဆိုရင် ယဉ်ကျေးချိုသာစွာ ဆက်ဆံတတ်ပေမဲ့ ကျွန်ုပ်တို့ ချစ်ခင်တဲ့ လူတွေအပေါ်မှာတော့ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမိတတ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ ချစ်ရတဲ့သူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း ယဉ်ကျေးချိုသာစွာ ပြောဆို ဆက်ဆံခြင်းဖြင့် ကျွန်ုပ်တို့ရဲ ပျော်ရွှင်စရာကောင်းတဲ့ မေတ္တာအိမ်ကလေး တည်ဆောက်ကြပါစို့။ crd

Zawgyi

ဘာ့ေၾကာင့္ ခြင့္မလႊတ္ႏိုင္ရတာလဲ

တေန႔မွာေပါ့။ အရမ္း ေဒါသႀကီးတတ္တဲ့ အမ်ိဳးသမီးတေယာက္ဟာ ေဈးကအျပန္ သူမ တခါမွ မျမင္ဖူးတဲ့ သူစိမ္းတေယာက္နဲ႔မေတာ္တဆ ဝင္တိုက္မိပါတယ္။ အမ်ိဳးသမီးလည္း ျပာျပာသလဲနဲ႔ "အို ကြၽန္မကို ခြင့္လႊတ္ပါ" လို႔ ေျပာလိုက္တယ္။ အတိုက္ခံရတဲ့ သူစိမ္းကလည္း

"ကြၽန္ေတာ္က တျခားကိစၥတခုမွာ အာ႐ုံေရာက္ေနလို႔ အမ လာတာကို မျမင္မိလိုက္ဘူး။ အဲဒါေၾကာင့္ အခုလို ျဖစ္သြားရတာပါ။ ကြၽန္ေတာ့္ကိုလည္း ခြင့္လႊတ္ပါဗ်ာ" လို႔ ျပန္ေျပာသတဲ့။ အဲဒီသူစိမ္းနဲ႔ အမ်ိဳးသမီးဟာ အရမ္းကို ယဥ္ေက်းစြာနဲ႔ တေယာက္ကို တေယာက္ အျပန္အလွန္ ေတာင္းပန္ၾကၿပီး လမ္းခြဲလိုက္ၾကတယ္။

အဲဒီေန႔ ညေနမွာ အမ်ိဳးသမီးဟာ ညေနစာအတြက္ ကိုယ္တိုင္ ခ်က္ျပဳတ္ျပင္ဆင္ေနစဥ္မွာ သူမရဲ႕ သားေလးက သူမေဘးမွာ ၿငိမ္ၿငိမ္ေလး လာရပ္ေနတယ္။ သူမ အေနာက္ကို လွည့္လိုက္တဲ့အခါ ေနာက္မွာေရာက္ေနတဲ့ သားေလးနဲ႔ တိုက္မိၿပီး လက္ထဲမွာ ကိုင္ထားတဲ့ ပန္းကန္ေတြ က်ကြဲသြားတယ္။

အဲဒီအခ်ိန္မွာ အမ်ိဳးသမီးဟာ သူ႔ရဲ႕ေဒါသကို မထိန္းႏိုင္ပဲ သားေလးကို မ်က္ေမွာင္ၾကဳတ္ၿပီး "ဒီကေန ထြက္သြားစမ္း" လို႔ ေအာ္ေငါက္ၿပီး ႀကိမ္းေမာင္းလိုက္တယ္။ မထင္မွတ္ပဲ အေမျဖစ္သူရဲ႕ ေအာ္ေငါက္ႀကိမ္းေမာင္းျခင္းကို ခံလိုက္ရတဲ့ သားေလးဟာ စိတ္မေကာင္းစြာနဲ႔ မီးဖိုခန္းထဲကေန ထြက္သြားခဲ့တယ္။

သားေလးထြက္သြားေတာ့ သူမဟာ သားကို ျပင္းျပင္ထန္ထန္ ေျပာဆိုမိသြားတယ္ ဆိုတာကို သတိမထားမိဘူး။ သူမရဲ႕ သားေလးဟာ ညေနစာ မစားပဲ အေစာႀကီး အိပ္ရာဝင္ၿပီး အိပ္သြားခဲ့တယ္။ ထမင္းစားခ်ိန္ေရာက္မွ သားေလး ညေနစာမစားပဲ အေစာႀကီး အိပ္ရာ ဝင္သြားတာကို သူမ သတိထားမိတယ္ေလ။ အဲဒီအခါက်မွ သူမအေနနဲ႔ သားေလးကို ေအာ္ေငါက္ႀကိမ္းေမာင္းလိုက္မိလို႔ သားေလး စိတ္မေကာင္း ျဖစ္သြားတာကို သိလိုက္ရတယ္။

သူမလည္း စိတ္မေကာင္းစြာနဲ႔ပဲ ေစာေစာအိပ္ရာဝင္ခဲ့တယ္။ ဒါေပမဲ့ သူမ ဘယ္လိုမွ အိပ္မေပ်ာ္ႏိုင္ပဲ ျဖစ္ေနတယ္။ အဲဒီအခ်ိန္မွာပဲ သူမစိတ္ထဲ ေဈးကအျပန္ သူစိမ္းတေယာက္နဲ႔ ဝင္တိုက္မိၿပီး အျပန္အလွန္ ယဥ္ေက်းသိမ္ေမြ႕စြာ ေျပာဆို ေတာင္းပန္ခဲ့တာကို သတိရမိၿပီး အေတြးတခု ဝင္လာတယ္။ ငါဟာ သူစိမ္းနဲ႔ ဆက္ဆံတဲ့အခါမွာ ယဥ္ေက်းသိမ္ေမြ႕ၿပီးေတာ့ ကိုယ္ခ်စ္တဲ့ ကိုယ္ေသြးသားနဲ႔ ဆက္ဆံတာက်ေတာ့ ဘာလို႔ ၾကမ္းၾကမ္းတမ္းတမ္း ဆက္ဆံေနတာလဲလို႔ ေတြးမိတယ္။ သူမဟာ စိတ္မေကာင္းစြာ အေတြးနယ္ခ်ဲ႕ရင္း အိပ္ေပ်ာ္သြားတယ္။

အဲဒီအခ်ိန္မွာ အိပ္မက္ မက္ေနသလိုလို တစုံတေယာက္က သူမကို လာေျပာေနသလို သူမ နားထဲမွာ အသံတခုကို ၾကားလိုက္ရတယ္။ "မီးဖိုခန္း တံခါးနားကို သြားၾကည့္လိုက္ပါ။ တံခါးနားမွာ ပန္းေတြ က်ေနတာကို ေတြ႕ရလိမ့္မယ္။ အဲဒီပန္းေလးေတြဟာ သမီးကို ေပးဖို႔အတြက္ သမီးရဲ႕ သားေလးကိုယ္တိုင္ ခူးလာတာပါ။ ပန္းေလးေတြက သမီးႀကိဳက္တဲ့ အျပာေရာင္ ပန္းေလးေတြပါ။ သမီးကို အံ့ၾသသြားေစခ်င္လို႔ သူ တိတ္တိတ္ေလး သမီးေနာက္မွာ ရပ္ေနရွာတာပါ။ သူ႔ ရင္ထဲက ခံစားခ်က္ေတြကို သမီး တခါမွ မျမင္ဘူးမို႔လား" လို႔ ေျပာၿပီး အသံဟာ ေပ်ာက္ကြယ္သြားကာ သူမလည္း အိပ္မက္ကေန လန႔္ႏိုးလာခဲ့တယ္။

အဲဒီအခ်ိန္မွာ သူမ အရမ္းကို စိတ္မေကာင္းျဖစ္ၿပီး သူမရဲ႕ ပါးျပင္ေပၚကို မ်က္ရည္ေတြ စီးက်လာပါတယ္။ ၿပီးေတာ့ သူမ သားေလးအိပ္ယာနားဆီကို တိတ္တိတ္ေလး သြားၿပီး အိပ္ယာေဘးမွာ သြားဒူးေထာက္လိုက္တယ္။ "ထပါဦး သားေလးရယ္။ ဒီပန္းေလးေတြက ေမေမ့အတြက္ သားေလး ခူးလာေပးတာလား" လို႔ သူမ သားေလးကို ေမးလိုက္တယ္။ သားေလးက "ဒီပန္းေတြကို ဟိုး အပင္နားမွာ ေတြ႕တာ ေမေမ။ ပန္းေလးေတြက ေမေမ့လိုပဲ အရမ္းလွလို႔ သား ခူးလာတာပါ မေမ။ ေမေမက အျပာေရာင္ပန္းေလးေတြကို ႀကိဳက္မယ္ဆိုတာကို သားသိလို႔ေလ" လို႔ ေျပာတယ္။

သားေလးဆီက စကားကို ၾကားလိုက္ရေတာ့ "သားေလးရယ္ ေမေမ ဒီေန႔ သားကို ျပဳမူလိုက္တဲ့ အမူအရာအတြက္ ေမေမ ေတာင္းပန္ပါတယ္ကြယ္။ သားကို ေမေမ အဲဒီလို မေအာ္သင့္ပါဘူး" လို႔ ေျပာေတာ့ သားေလးက "ရပါတယ္ ေမေမရယ္။ ေမေမ့ကို သားခ်စ္တယ္" တဲ့။ "သားရယ္ ေမေမကလည္း သားကို ခ်စ္ပါတယ္။ ေနာက္ၿပီး သားေလး ခူးေပးတဲ့ ဒီအျပာေရာင္ပန္းေလးကိုလည္း ေမေမ အရမ္းႀကိဳက္ပါတယ္ကြယ္" လို႔ သားကို ျပန္ေျပာလိုက္တယ္။

ဒီစာစုေလးမွာ သင္ခန္းစာ ေပးခ်င္တာကေတာ့ ကြၽႏ္ုပ္တို႔ဟာ ကြၽႏ္ုပ္တို႔နဲ႔ မရင္းနီးတဲ့ သူစိမ္းေတြအေပၚမွာ ဆိုရင္ ယဥ္ေက်းခ်ိဳသာစြာ ဆက္ဆံတတ္ေပမဲ့ ကြၽႏ္ုပ္တို႔ ခ်စ္ခင္တဲ့ လူေတြအေပၚမွာေတာ့ ၾကမ္းၾကမ္းတမ္းတမ္း ဆက္ဆံမိတတ္ပါတယ္။ ဒါေၾကာင့္ ကြၽႏ္ုပ္တို႔ ခ်စ္ရတဲ့သူေတြနဲ႔ ဆက္ဆံတဲ့ အခါမွာလည္း ယဥ္ေက်းခ်ိဳသာစြာ ေျပာဆို ဆက္ဆံျခင္းျဖင့္ ကြၽႏ္ုပ္တို႔ရဲ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ေမတၱာအိမ္ကေလး တည္ေဆာက္ၾကပါစို႔။ crd