မကြာသေးခင်က လေ့လာချက်တွေအရ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အိပ်စက်ပုံနဲ့ ကလေးရဲ့ ဖွံ့ဖြိုးမှုက ဆက်စပ်နေကြောင်း တွေ့ရပါတယ်။ အဲဒါကြောင့် ကလေးအတွက် အန္တရာယ် မဖြစ်စေမယ့် မိခင်ရဲ့အိပ်စက်ပုံတွေကို ဖော်ပြပေးပါမယ်နော်။

၁။ မှောက်အိပ်ခြင်း

ကိုယ်ဝန်မရှိတဲ့အချိန်၊ ကိုယ်ဝန်လနုစအချိန်မှာ မှောက်အိပ်တာက ပြဿနာ သိပ်မရှိပါဘူး။ ဒါပေမယ့် ကိုယ်ဝန် ပထမ ၃ လပြီးသွားတဲ့ အချိန်မှာ မှောက်အိပ်ရင် ကလေးရဲ့ ကြီးထွားမှုကို အနှောင့်အယှက် ဖြစ်စေလို့ ဒီပုံစံကို မရွေးချယ်သင့်ပါဘူး။

၂။ ဘေးစောင်းအိပ်ခြင်း

ဘေးစောင်းအိပ်တာက မိခင်ရော ကလေးအတွက်ပါ စိတ်ချရပါတယ်။ သွေးစီးဆင်းမှုကိုလည်း ကောင်းမွန်စေပါတယ်။ နှစ်ဖက်လုံးကို ဘေးစောင်းအိပ်တာ ကောင်းပေမယ့် ဘယ်ဘက်ကို စောင်းအိပ်တာ ပိုကောင်းပါတယ်။ ဘယ်ဘက်ကို စောင်းအိပ်ရင်..

- အာဟာရနဲ့သွေးတွေက ကလေးဆီကို ရောက်စေပါတယ်။

- အသေမွေးနိုင်ခြေကို နည်းစေပါတယ်။

- ကျောက်ကပ်က အညစ်အကြေးနဲ့အရည်တွေကို ဖယ်ရှားဖို့ ကူညီပေးပါတယ်။

၃။ ဒူးထောက်သည့်ပုံစံ

ဒီပုံစံကတော့ အိပ်စက်တဲ့ပုံစံ မဟုတ်ပေမယ့် အမေနဲ့ကလေးအတွက် အကျိုးရှိစေပါတယ်။ ဒူးနဲ့ တံတောင်ဆစ်ကို ထောက်ထားရင် ကျောနာတာကို သက်သာစေပြီး သက်တောင့်သက်သာ ဖြစ်စေမှာပါ။ ကလေးအတွက်လည်း ဗိုက်ထဲမှာ ပုံစံမှန်စေတာကြောင့် မွေးဖွားတဲ့အခါ လွယ်ကူစေပါတယ်။ ဒူးအောက်မှာ ခေါင်းအုံးတစ်လုံး သို့မဟုတ် ယောဂဖျာကို ခင်းထားပြီး လေးဘက်ထောက်လိုက်ပါ။ ပုခုံးက ခုံးမတက်လာအောင် သတိထားဖို့ လိုပါတယ်။ ပြီးရင်တော့ ဖြည်းဖြည်းချင်းထပါ။

ကိုယ်ဝန်ဆောင်စဉ်မှာ နှစ်ခြိုက်စွာအိပ်ပျော်ဖို့အတွက်

- ခေါင်းအုံးတွေကို မှီပြီး ဘေးစောင်းအိပ်ပါ။

- ဘေးစောင်းအိပ်တဲ့အခါ ခြေထောက်နှစ်ဖက်ကြားမှာ ခေါင်းအုံးထားအိပ်ပါ။

- ညဘက်မှာ ရင်ပူလာရင် ခေါင်းအုံးအောက်မှာ နောက်ထပ်ခေါင်းအုံး ထားအိပ်ပါ။

- ဆံပင်ကို လျော့လျော့လေးထုံးပြီး အိပ်ပါ။

- နေ့လယ်တစ်မှေး အိပ်စဉ်မှာလည်း ညဘက်အိပ်သလိုပဲ သတိထားပြီး အိပ်ပါ။

- ညဘက်နိုးလာလို့ အိပ်နည်းမမှန်ရင် ဘယ်ဘက်ကိုစောင်းပြီး ပြန်အိပ်ပါ။

ပက်လက်အိပ်တဲ့ပုံစံကို ရှောင်ကြဉ်ပါ။

ကိုယ်ဝန်ဆောင်စဉ်မှာ ပက်လက်အိပ်ရင် ကိုယ်တွင်းအင်္ဂါတွေမှာ ဖိအားတွေ သက်ရောက်တာကြောင့် အချင်းကနေ သွေးစီးဆင်းတာကို အခက်အခဲ ဖြစ်စေမှာပါ။ အဲဒါကြောင့် ပုံစံမှန်တဲ့ အိပ်စက်ခြင်းက အရေးကြီးပါတယ်။

Zombie (lovemedia)

for zawgyi

ကိုယ္ဝန္ေဆာင္တဲ့အခ်ိန္မွာ အိပ္စက္သင့္တဲ့ပုံစံ (၃) မ်ိဳး

မၾကာေသးခင္က ေလ့လာခ်က္ေတြအရ ကိုယ္ဝန္ေဆာင္မိခင္ရဲ႕အိပ္စက္ပုံနဲ႔ ကေလးရဲ႕ ဖြံ႕ၿဖိဳးမႈက ဆက္စပ္ေနေၾကာင္း ေတြ႕ရပါတယ္။ အဲဒါေၾကာင့္ ကေလးအတြက္ အႏၲရာယ္ မျဖစ္ေစမယ့္ မိခင္ရဲ႕အိပ္စက္ပုံေတြကို ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ေမွာက္အိပ္ျခင္း

ကိုယ္ဝန္မရွိတဲ့အခ်ိန္၊ ကိုယ္ဝန္လႏုစအခ်ိန္မွာ ေမွာက္အိပ္တာက ျပႆနာ သိပ္မရွိပါဘူး။ ဒါေပမယ့္ ကိုယ္ဝန္ ပထမ ၃ လၿပီးသြားတဲ့ အခ်ိန္မွာ ေမွာက္အိပ္ရင္ ကေလးရဲ႕ ႀကီးထြားမႈကို အေႏွာင့္အယွက္ ျဖစ္ေစလို႔ ဒီပုံစံကို မေ႐ြးခ်ယ္သင့္ပါဘူး။

၂။ ေဘးေစာင္းအိပ္ျခင္း

ေဘးေစာင္းအိပ္တာက မိခင္ေရာ ကေလးအတြက္ပါ စိတ္ခ်ရပါတယ္။ ေသြးစီးဆင္းမႈကိုလည္း ေကာင္းမြန္ေစပါတယ္။ ႏွစ္ဖက္လုံးကို ေဘးေစာင္းအိပ္တာ ေကာင္းေပမယ့္ ဘယ္ဘက္ကို ေစာင္းအိပ္တာ ပိုေကာင္းပါတယ္။ ဘယ္ဘက္ကို ေစာင္းအိပ္ရင္..

- အာဟာရနဲ႔ေသြးေတြက ကေလးဆီကို ေရာက္ေစပါတယ္။

- အေသေမြးႏိုင္ေျခကို နည္းေစပါတယ္။

- ေက်ာက္ကပ္က အညစ္အေၾကးနဲ႔အရည္ေတြကို ဖယ္ရွားဖို႔ ကူညီေပးပါတယ္။

၃။ ဒူးေထာက္သည့္ပုံစံ

ဒီပုံစံကေတာ့ အိပ္စက္တဲ့ပုံစံ မဟုတ္ေပမယ့္ အေမနဲ႔ကေလးအတြက္ အက်ိဳးရွိေစပါတယ္။ ဒူးနဲ႔ တံေတာင္ဆစ္ကို ေထာက္ထားရင္ ေက်ာနာတာကို သက္သာေစၿပီး သက္ေတာင့္သက္သာ ျဖစ္ေစမွာပါ။ ကေလးအတြက္လည္း ဗိုက္ထဲမွာ ပုံစံမွန္ေစတာေၾကာင့္ ေမြးဖြားတဲ့အခါ လြယ္ကူေစပါတယ္။ ဒူးေအာက္မွာ ေခါင္းအုံးတစ္လုံး သို႔မဟုတ္ ေယာဂဖ်ာကို ခင္းထားၿပီး ေလးဘက္ေထာက္လိုက္ပါ။ ပုခုံးက ခုံးမတက္လာေအာင္ သတိထားဖို႔ လိုပါတယ္။ ၿပီးရင္ေတာ့ ျဖည္းျဖည္းခ်င္းထပါ။

ကိုယ္ဝန္ေဆာင္စဥ္မွာ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ဖို႔အတြက္

- ေခါင္းအုံးေတြကို မွီၿပီး ေဘးေစာင္းအိပ္ပါ။

- ေဘးေစာင္းအိပ္တဲ့အခါ ေျခေထာက္ႏွစ္ဖက္ၾကားမွာ ေခါင္းအုံးထားအိပ္ပါ။

- ညဘက္မွာ ရင္ပူလာရင္ ေခါင္းအုံးေအာက္မွာ ေနာက္ထပ္ေခါင္းအုံး ထားအိပ္ပါ။

- ဆံပင္ကို ေလ်ာ့ေလ်ာ့ေလးထုံးၿပီး အိပ္ပါ။

- ေန႔လယ္တစ္ေမွး အိပ္စဥ္မွာလည္း ညဘက္အိပ္သလိုပဲ သတိထားၿပီး အိပ္ပါ။

- ညဘက္ႏိုးလာလို႔ အိပ္နည္းမမွန္ရင္ ဘယ္ဘက္ကိုေစာင္းၿပီး ျပန္အိပ္ပါ။

ပက္လက္အိပ္တဲ့ပုံစံကို ေရွာင္ၾကဥ္ပါ။

ကိုယ္ဝန္ေဆာင္စဥ္မွာ ပက္လက္အိပ္ရင္ ကိုယ္တြင္းအဂၤါေတြမွာ ဖိအားေတြ သက္ေရာက္တာေၾကာင့္ အခ်င္းကေန ေသြးစီးဆင္းတာကို အခက္အခဲ ျဖစ္ေစမွာပါ။ အဲဒါေၾကာင့္ ပုံစံမွန္တဲ့ အိပ္စက္ျခင္းက အေရးႀကီးပါတယ္။

Zombie (lovemedia)