တခါတုန်းက ရွှေတွင်းတတွင်းမှာ အလုပ်လုပ်ခဲတဲ့ ဦးလေးကြီးတယောက် ရှိခဲ့တယ်။ သူဟာ လူလတ်ပိုင်း အရွယ်ကတည်း ကနေ အလုပ်လုပ်နေခဲ့တယ်။ သူဟာ အဲဒီရွှေတွင်းမှာ အလုပ်သမားခေါင်းဆောင်ကြီး ဖြစ်ခဲ့တယ်။

ဒါပေမဲ့ ဒီဦးလေးကြီးဟာ ပိုက်ဆံတခါမှ မစုဆောင်းထားဖူးဘူး။ ရလာသမျှ ကုန်အောင်သုံးလေ့ ရှိတယ်။ သူဟာ သဘောမနောလည်း ကောင်းလွန်းတဲ့အတွက် သူ့အလုပ်သမားတွေကို အမြဲတမ်း ပေးကမ်းကျွေးမွေးလေ့ ရှိပြီး ဘယ်သူပိုက်ဆံ လာချေးချေး ရှိရင် ပေးလိုက်တာချည်းပဲ။ ဦးလေးကြီးမှာ အပေါင်းအသင်းတွေကလည်း အများကြီးပဲ။

ဒီလိုနဲ့ အသက်ကြီးလာတော့ ဇနီးမယားကလည်း သေဆုံးသွားပြီး သူလည်း အသက်ကြီးလို့ အလုပ်ကနေ ပင်စင်ရ အနားယူ ရတယ်။ ဒါပေမဲ့ သူ့မှာစုဆောင်းထားတာ ဘာမှမရှိဘူး။ သူအလုပ် လုပ်လာတဲ့ သက်တမ်းတလျှောက် သူ့မှာ သားသမီး ၅ ယောက်တောင် ရှိခဲ့တယ်။ အားလုံးလည်း အတောင်စုံ အရွယ်ရောက် ပညာတွေ တတ်ကြလို့ အိမ်ထောင်ကိုယ်စီ ကျပြီးအသီးသီး ခွဲခွာနေကုန်ကြပြီ။

တနင်္လာနေ့။ ဦးလေးကြီးကနေ အဖိုးကြီးဖြစ်လာတဲ့ အဖိုးအိုက သမီးအငယ်ဆုံးအိမ်မှာ သွားနေတယ်။ အဲဒီတော့ သမက်ကပြောတာ "အဖေကလည်း ဘာလို့ တခြားအိမ် သွားမနေတာလဲ ကျွန်တော်တို့ နှစ်ယောက်တည်း နေချင်တာ မလွတ်လပ်ဘူး" တဲ့။ အင်္ဂါနေ့ကျတော့ အဖိုးကြီးလည်း သားအိမ်မှာ သွားနေတယ်။ ချွေးမက ဆောင့်ကြီးအောင့်ကြီးနဲ့ ပူညံပူညံ လုပ်တယ်။

တခြားသားတွေ အိမ်သွားနေပြန်တော့လည်း အတူတူပဲ မြေးတွေကအစ ပြောတာက "အဖိုးကို အမြင်ကတ်လိုက်တာ သားတို့ စားစရာ တွေ အကုန် ယူစားပစ်တယ်။ သားသားတို့ ဘာသွားစားတော့မှာလဲ" တဲ့။ ဒီလိုနဲ့ အဖိုးအိုကို သမက်တွေ ချွေးမတွေ မြေးတွေက ဘောလီဘောလို တလှည်စီ ပုတ်ထုတ်နေကြရော။

ဒီလိုနဲ့ တနေ့ကျတော့ အဖိုးကြီးက သားသမီးတွေ အကုန်ကို လှမ်းခေါ်လိုက်ပြီး လူစုံတော့ ပြောတာ "သားတို့ သမီးတို့ အဖေ ၂ နှစ်လောက် သားတို့ဆီ မနေတော့ဘူး။ အဖေ့သူငယ်ချင်း ရွေတွင်းပိုင်ရှင်က စာရေးလာတယ်။

အဖေ့ကို ရွေတွင်းမှာ ပြန်လာကူညီကြည့်ကြပ်ပေးဖို့ အကူအညီ လှမ်းတောင်းနေတယ်။ အဲ့ဒါကြောင့် အဖေ သွားကူရအုံးမယ်" ဆိုတော့ သားတွေ သမီးတွေလည်း အဖိုးကြီးနဲ့ လွတ်လွတ်ကျွတ်ကျွတ် နေရအောင် သွားဖို့ ဝိုင်းဝန်းအားပေးကြပါလေရော။

၂ နှစ်လည်း ပြည့်ရော အဖိုးကြီးဟာ သံသေတ္တာလေးတလုံးနဲ့ ပြန်ရောက်လာတယ်။ သားသမီးတွေက ထူးခြားတဲ့ သံသေတ္တာလေးကို မြင်ကြတော့ အံသြစွာနဲ့ ဝိုင်းမေးကြတယ်။ "အဖေ အဲ့တာ ဘာသေတ္တာလေးလဲ" ပေါ့။ အဖိုးအိုကလည်း ပြောပြတယ်။

"ဒါ အဖေ့ သူငယ်ချင်း ရွေတွင်းပိုင်ရှင်ဆီကနေ ရလာတဲ့ နောက်ဆုံးလက်ကျန် အမွေသေတ္တာလေးပါ။ တကယ်လို့ အဖေ့ကိုနောက်ဆုံး ထွက်သက်အထိ ကောင်းကောင်းမွန်မွန် ဂရုစိုက်ပြုစုတဲ့ သားသမီးကို အဖေ ဒီသေတ္တာလေး အမွေပေးမယ်" ဆိုတော့ သားသမီးတွေ အကုန်လုံးရင်တွေခုန် ဝမ်းတွေ သာကုန်ကြရော အလုအယက် အဖိုးအိုကို ဂရု တစိုက်ပြုစုကုန်ကြပါလေရော။

တနင်္လာနေ့ သမီးအငယ်အိမ်။ အင်္ဂါ သားအငယ်အိမ်။ ဗုဒ္ဓဟူး သားအလတ်အိမ် စသဖြင့် အစဉ်လိုက်အတိုင်း လိုက်ပြီး အပြုစု ခံ နေခဲ့လိုက်တာ တနင်္လာနေ့တောင် မကုန်သေးဘူး သားအငယ်က အတင်း လာခေါ်သွားလိုက် သားအကြီးက ပြန်လာလုလိုက်နဲ့ အဖိုးကို သူ့ထက်ငါ အပြိုင်အဆိုင် အဝတ်ကောင်း အစားကောင်းတွေနဲ့ အိမ်ဦးခန်းမှာ ကောင်းကောင်းမွန်မွန် ရိုရိုသေသေ လိုလေသေးမရှိ ဂရုတွေ စိုက်ကုန်ကြပါလေရော။

ဒီလိုနဲ့ အချိန် ၇ နှစ်ကျော်လောက် ကြာတော့ အဖိုးအိုလည်း သက်တမ်းစေ့လို သေဆုံးသွားရှာပါလေရော။ အသုဘပွဲ ပြီးတော့ သားသမီးတွေ အကုန်လုံးစုပြီး သေတ္တာလေးကို အမွေခွဲကြမလို့ ဖွင့်ကြတယ်။ သမီးအကြီးဆုံးက သူအဖေ လည်ပင်းမှာ အမြဲဆွဲထားတဲ့ သေတ္တာသော့လေးနဲ့ စူးရှစွာ စိုက်ကြည့်နေကြတဲ့ မျက်လုံးတွေအောက်မှာ သေတ္တာကို ဖွင့်လိုက်တယ်။

အထဲမှာ ပိတ်စအဖြူတထုပ် တွေ့တော့ ဖြည်ကြည့်ကြတယ်။ အထုပ်ထဲမှာ စက္ကူခေါက်ခလေး တခု ထွက်လာတယ်။ အမကြီးက စက္ကူ ခေါက်ကို ဖြန့်လိုက်ပြီး အထဲက စာတွေကို မောင်လေးညီမလေးတွေကို ဖတ်ပြလိုက်တော့တယ်။ စာထဲမှာရေးထားတာက

"အရင်ဆုံး အဖေ့အနေနဲ့ အဖေ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ဒီထဲက ကျောက်ခဲတုံးလေးတွေကို ကျေးဇူးတင်မိတယ်။ သားတို့ သမီးတို့ ဒီကျောက်ခဲလေးတွေကို ကိုယ့်ကိုယ်ကို သတိပေးနိုင်ဖို့ ဘဝရဲ့ သင်္ခန်းစာ အထိမ်းအမှတ်အဖြစ် အညီအမျှ ခွဲယူပြီး သိမ်းထားစေချင်တယ်။ ခုချိန်က စပြီး ကြိုးစားစုဆောင်းကြပါ။ ဒါမှ သားတို့ သမီးတို့ အိုမင်းလာတဲ့ အခါ အဖေ့လိုမျိုး မသိမ်ငယ်ကြရမှာ" တဲ့။

ဒီအကြောင်းအရာလေးက ဘာကို ပြောပြသလဲ ဆိုတော့ လျော့မတွက်ပါနဲ့။ ဘယ်သူ့ကိုမှ ကိုယ့်ကို လာကျွေးမွေး စောင့်ရှောက် လိမ့်မယ်ရယ်လို့ မမျှော်လင့်ပါနဲ့။ ခုချိန်ကစပြီး စုဆောင်းထားကြပါ။ ဒါမှသာ ဘဝအဖျားပိုင်းမှာ အေးချမ်းနိုင်ပါလိမ့်မယ်။

အကြောင်းအရာလေးကို ဖတ်ပြီး အကြောင်းအရာလေး မျှလောက်သာပဲလို့ သဘောမထားမိပါစေနဲ့။ ဘာကြောင့်လဲဆိုတော့ မပြင်ဆင် မစုဆောင်းတတ်တဲ့ လူတိုင်းအတွက် ဖြစ်လာနိုင်လို့ပါ။ ကိုယ့်ကိုယ်ကို အားကိုးတာလောက် ဘယ်သူ့ကိုမှ အားကိုးလို့ မရ နိုင်ပါဘူး။ Wan Yan Kha

for zawgyi

အိုစာမင္းစာ စုေဆာင္းပါ

တခါတုန္းက ေ႐ႊတြင္းတတြင္းမွာ အလုပ္လုပ္ခဲတဲ့ ဦးေလးႀကီးတေယာက္ ရွိခဲ့တယ္။ သူဟာ လူလတ္ပိုင္း အ႐ြယ္ကတည္း ကေန အလုပ္လုပ္ေနခဲ့တယ္။ သူဟာ အဲဒီေ႐ႊတြင္းမွာ အလုပ္သမားေခါင္းေဆာင္ႀကီး ျဖစ္ခဲ့တယ္။

ဒါေပမဲ့ ဒီဦးေလးႀကီးဟာ ပိုက္ဆံတခါမွ မစုေဆာင္းထားဖူးဘူး။ ရလာသမွ် ကုန္ေအာင္သုံးေလ့ ရွိတယ္။ သူဟာ သေဘာမေနာလည္း ေကာင္းလြန္းတဲ့အတြက္ သူ႔အလုပ္သမားေတြကို အၿမဲတမ္း ေပးကမ္းေကြၽးေမြးေလ့ ရွိၿပီး ဘယ္သူပိုက္ဆံ လာေခ်းေခ်း ရွိရင္ ေပးလိုက္တာခ်ည္းပဲ။ ဦးေလးႀကီးမွာ အေပါင္းအသင္းေတြကလည္း အမ်ားႀကီးပဲ။

ဒီလိုနဲ႔ အသက္ႀကီးလာေတာ့ ဇနီးမယားကလည္း ေသဆုံးသြားၿပီး သူလည္း အသက္ႀကီးလို႔ အလုပ္ကေန ပင္စင္ရ အနားယူ ရတယ္။ ဒါေပမဲ့ သူ႔မွာစုေဆာင္းထားတာ ဘာမွမရွိဘူး။ သူအလုပ္ လုပ္လာတဲ့ သက္တမ္းတေလွ်ာက္ သူ႔မွာ သားသမီး ၅ ေယာက္ေတာင္ ရွိခဲ့တယ္။ အားလုံးလည္း အေတာင္စုံ အ႐ြယ္ေရာက္ ပညာေတြ တတ္ၾကလို႔ အိမ္ေထာင္ကိုယ္စီ က်ၿပီးအသီးသီး ခြဲခြာေနကုန္ၾကၿပီ။

တနလၤာေန႔။ ဦးေလးႀကီးကေန အဖိုးႀကီးျဖစ္လာတဲ့ အဖိုးအိုက သမီးအငယ္ဆုံးအိမ္မွာ သြားေနတယ္။ အဲဒီေတာ့ သမက္ကေျပာတာ "အေဖကလည္း ဘာလို႔ တျခားအိမ္ သြားမေနတာလဲ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္တည္း ေနခ်င္တာ မလြတ္လပ္ဘူး" တဲ့။ အဂၤါေန႔က်ေတာ့ အဖိုးႀကီးလည္း သားအိမ္မွာ သြားေနတယ္။ ေခြၽးမက ေဆာင့္ႀကီးေအာင့္ႀကီးနဲ႔ ပူညံပူညံ လုပ္တယ္။

တျခားသားေတြ အိမ္သြားေနျပန္ေတာ့လည္း အတူတူပဲ ေျမးေတြကအစ ေျပာတာက "အဖိုးကို အျမင္ကတ္လိုက္တာ သားတို႔ စားစရာ ေတြ အကုန္ ယူစားပစ္တယ္။ သားသားတို႔ ဘာသြားစားေတာ့မွာလဲ" တဲ့။ ဒီလိုနဲ႔ အဖိုးအိုကို သမက္ေတြ ေခြၽးမေတြ ေျမးေတြက ေဘာလီေဘာလို တလွည္စီ ပုတ္ထုတ္ေနၾကေရာ။

ဒီလိုနဲ႔ တေန႔က်ေတာ့ အဖိုးႀကီးက သားသမီးေတြ အကုန္ကို လွမ္းေခၚလိုက္ၿပီး လူစုံေတာ့ ေျပာတာ "သားတို႔ သမီးတို႔ အေဖ ၂ ႏွစ္ေလာက္ သားတို႔ဆီ မေနေတာ့ဘူး။ အေဖ့သူငယ္ခ်င္း ေ႐ြတြင္းပိုင္ရွင္က စာေရးလာတယ္။

အေဖ့ကို ေ႐ြတြင္းမွာ ျပန္လာကူညီၾကည့္ၾကပ္ေပးဖို႔ အကူအညီ လွမ္းေတာင္းေနတယ္။ အဲ့ဒါေၾကာင့္ အေဖ သြားကူရအုံးမယ္" ဆိုေတာ့ သားေတြ သမီးေတြလည္း အဖိုးႀကီးနဲ႔ လြတ္လြတ္ကြၽတ္ကြၽတ္ ေနရေအာင္ သြားဖို႔ ဝိုင္းဝန္းအားေပးၾကပါေလေရာ။

၂ ႏွစ္လည္း ျပည့္ေရာ အဖိုးႀကီးဟာ သံေသတၱာေလးတလုံးနဲ႔ ျပန္ေရာက္လာတယ္။ သားသမီးေတြက ထူးျခားတဲ့ သံေသတၱာေလးကို ျမင္ၾကေတာ့ အံၾသစြာနဲ႔ ဝိုင္းေမးၾကတယ္။ "အေဖ အဲ့တာ ဘာေသတၱာေလးလဲ" ေပါ့။ အဖိုးအိုကလည္း ေျပာျပတယ္။

"ဒါ အေဖ့ သူငယ္ခ်င္း ေ႐ြတြင္းပိုင္ရွင္ဆီကေန ရလာတဲ့ ေနာက္ဆုံးလက္က်န္ အေမြေသတၱာေလးပါ။ တကယ္လို႔ အေဖ့ကိုေနာက္ဆုံး ထြက္သက္အထိ ေကာင္းေကာင္းမြန္မြန္ ဂ႐ုစိုက္ျပဳစုတဲ့ သားသမီးကို အေဖ ဒီေသတၱာေလး အေမြေပးမယ္" ဆိုေတာ့ သားသမီးေတြ အကုန္လုံးရင္ေတြခုန္ ဝမ္းေတြ သာကုန္ၾကေရာ အလုအယက္ အဖိုးအိုကို ဂ႐ု တစိုက္ျပဳစုကုန္ၾကပါေလေရာ။

တနလၤာေန႔ သမီးအငယ္အိမ္။ အဂၤါ သားအငယ္အိမ္။ ဗုဒၶဟူး သားအလတ္အိမ္ စသျဖင့္ အစဥ္လိုက္အတိုင္း လိုက္ၿပီး အျပဳစု ခံ ေနခဲ့လိုက္တာ တနလၤာေန႔ေတာင္ မကုန္ေသးဘူး သားအငယ္က အတင္း လာေခၚသြားလိုက္ သားအႀကီးက ျပန္လာလုလိုက္နဲ႔ အဖိုးကို သူ႔ထက္ငါ အၿပိဳင္အဆိုင္ အဝတ္ေကာင္း အစားေကာင္းေတြနဲ႔ အိမ္ဦးခန္းမွာ ေကာင္းေကာင္းမြန္မြန္ ႐ို႐ိုေသေသ လိုေလေသးမရွိ ဂ႐ုေတြ စိုက္ကုန္ၾကပါေလေရာ။

ဒီလိုနဲ႔ အခ်ိန္ ၇ ႏွစ္ေက်ာ္ေလာက္ ၾကာေတာ့ အဖိုးအိုလည္း သက္တမ္းေစ့လို ေသဆုံးသြားရွာပါေလေရာ။ အသုဘပြဲ ၿပီးေတာ့ သားသမီးေတြ အကုန္လုံးစုၿပီး ေသတၱာေလးကို အေမြခြဲၾကမလို႔ ဖြင့္ၾကတယ္။ သမီးအႀကီးဆုံးက သူအေဖ လည္ပင္းမွာ အၿမဲဆြဲထားတဲ့ ေသတၱာေသာ့ေလးနဲ႔ စူးရွစြာ စိုက္ၾကည့္ေနၾကတဲ့ မ်က္လုံးေတြေအာက္မွာ ေသတၱာကို ဖြင့္လိုက္တယ္။

အထဲမွာ ပိတ္စအျဖဴတထုပ္ ေတြ႕ေတာ့ ျဖည္ၾကည့္ၾကတယ္။ အထုပ္ထဲမွာ စကၠဴေခါက္ခေလး တခု ထြက္လာတယ္။ အမႀကီးက စကၠဴ ေခါက္ကို ျဖန႔္လိုက္ၿပီး အထဲက စာေတြကို ေမာင္ေလးညီမေလးေတြကို ဖတ္ျပလိုက္ေတာ့တယ္။ စာထဲမွာေရးထားတာက

"အရင္ဆုံး အေဖ့အေနနဲ႔ အေဖ့ကို ေကြၽးေမြးေစာင့္ေရွာက္ခဲ့တဲ့ ဒီထဲက ေက်ာက္ခဲတုံးေလးေတြကို ေက်းဇူးတင္မိတယ္။ သားတို႔ သမီးတို႔ ဒီေက်ာက္ခဲေလးေတြကို ကိုယ့္ကိုယ္ကို သတိေပးႏိုင္ဖို႔ ဘဝရဲ႕ သခၤန္းစာ အထိမ္းအမွတ္အျဖစ္ အညီအမွ် ခြဲယူၿပီး သိမ္းထားေစခ်င္တယ္။ ခုခ်ိန္က စၿပီး ႀကိဳးစားစုေဆာင္းၾကပါ။ ဒါမွ သားတို႔ သမီးတို႔ အိုမင္းလာတဲ့ အခါ အေဖ့လိုမ်ိဳး မသိမ္ငယ္ၾကရမွာ" တဲ့။

ဒီအေၾကာင္းအရာေလးက ဘာကို ေျပာျပသလဲ ဆိုေတာ့ ေလ်ာ့မတြက္ပါနဲ႔။ ဘယ္သူ႔ကိုမွ ကိုယ့္ကို လာေကြၽးေမြး ေစာင့္ေရွာက္ လိမ့္မယ္ရယ္လို႔ မေမွ်ာ္လင့္ပါနဲ႔။ ခုခ်ိန္ကစၿပီး စုေဆာင္းထားၾကပါ။ ဒါမွသာ ဘဝအဖ်ားပိုင္းမွာ ေအးခ်မ္းႏိုင္ပါလိမ့္မယ္။

အေၾကာင္းအရာေလးကို ဖတ္ၿပီး အေၾကာင္းအရာေလး မွ်ေလာက္သာပဲလို႔ သေဘာမထားမိပါေစနဲ႔။ ဘာေၾကာင့္လဲဆိုေတာ့ မျပင္ဆင္ မစုေဆာင္းတတ္တဲ့ လူတိုင္းအတြက္ ျဖစ္လာႏိုင္လို႔ပါ။ ကိုယ့္ကိုယ္ကို အားကိုးတာေလာက္ ဘယ္သူ႔ကိုမွ အားကိုးလို႔ မရ ႏိုင္ပါဘူး။ Wan Yan Kha