ဒီနေ့ ကျွန်တော် အရမ်းဝမ်းနည်းမိပါတယ်။ ကျွန်တော်တို့ ရုံးရှေ့က အုန်းပင်လေးကို အမြစ်ကနေ ခုတ်ထွင် ဖယ်ရှားလိုက်ရလို့ပါ။ အုန်းပင်ခုတ်တာနဲ့ အဲဒီလောက် ဝမ်းနည်းစရာလားလို့ မမေးပါနဲ့။ ကျွန်တော် ဒီရုံးမှာ ရုံးစောင့် အထွေထွေ လုပ်သား လုပ်လာတာ အနှစ်နှစ်ဆယ် ကျော်ပါပြီ။

ကျွန်တော်တို့ ရုံးရဲ့ ပထမဆုံး ရုံးအကြီးအကဲ တာဝန်ခံ ကျွန်တော့်ဆရာ ဦးထွန်းတင်က အဲဒီမြေ ကွက်လပ်လေးမှာ သစ်ဆိမ့်ပင် ငါးပင် စိုက်ပါတယ်။ ကျွန်တော်က ပေါင်းသင် မြေဆွ ရေလောင်း နေ့စဉ်လုပ်ရပါတယ်။ ကိုယ်တိုင်ပြုစုပျိုးထောင် ထားတဲ့ အပင်လေး တနေ့တခြား အခက်အလက်ဝေဖြာ ကြီးထွားလာတာ ကြည့်ရင်း ပီတိ ဖြစ်မိပါတယ်။

တရက်ထက် တရက် ကြီးလာတဲ့ သစ်ဆိမ့်ပင်လေးဟာ လူတရပ်နီးပါး ရှိလာပြီး အရိပ်ခိုလို့တောင် ရလာပါပြီ။ အဲဒီမှာတင် ကျွန်တော့်ဆရာ ဦးထွန်းတင် ပြောင်းရွှေ့ခွင့် ကျလာပြီး မန္တလေးဘက်က ဆရာဦးလှမွှေး ရောက်လာပါတယ်။

ဦးလှမွှေး တာဝန်ယူပြီး တပါတ်ကြာတော့ မောင်သိန်း ခဏ လို့ ခေါ်တာနဲ့ သစ်ဆိမ့်ပင် ရေလောင်းနေရာက ဆရာ့ရုံးခန်းသွားတွေ့ပါတယ်။ ဆရာ ဘာခိုင်းစရာရှိလဲ ဆိုတော့ ရုံးရှေ့မှာ သစ်ဆိမ့်ပင်တွေ ဘယ်သူ စိုက်တာလဲတဲ့။

"ဆရာ့အရင်က ဆရာဦးထွန်းတင် စိုက်သွားတာပါဆရာ"

"သစ်ဆိမ့်ပင်က ဘာအသုံးကျလဲ"

"နှစ်ရှည်ပင်ဆိုတော့ နောင်မှာတော့ သစ်ဆိမ့်စေ့ကနေ ဆီထုတ်လို့ရတယ်ဆရာ"

"ဘယ်ကာလမှ သီးမှန်းမသိတဲ့ အပင်ပါကွာ။ အုန်းပင်ကမှ တနှစ် နှစ်နှစ်ဆို အုန်းသီးစားရဦးမယ်။ ငါ့မွေးနံအရ ရုံးရှေ့မှာ သစ်ဆိမ့်ပင် မထားရဘူးကွ။ အဲဒီအပင်တွေ ခုတ်ပစ်လိုက်တော့ ပြီးရင် သစ်ဆိမ့်ပင်နေရာမှာ အုန်းပင်တွေ စိုက်လိုက်"

"ဟုတ် ဟုတ်ကဲ့ပါဆရာ"

ကျွန်တော် ဘာပြောလို့ရမှာလဲဗျာ။ ဒီရုံးမှာ သူကအကြီးဆုံးပဲ။ သူက ခုတ်ဆို ခုတ်ရုံပဲလေ။ နောင်အနှစ် ဘယ်လောက်မှ သစ်ဆိမ့်သီးပြီး ဘယ်လိုအသုံးချရတယ် မရဘူး ကျနော်စိတ်မဝင်စားပါဘူး။ အရွက်ဖားဖားနဲ့ စိမ်းစိုနေတဲ့ သစ်ပင်တပင် ခုတ်ဖို့ ကျွန်တော် စိတ်မကောင်းတာတော့ အမှန်ပါပဲ။ စိတ်ထဲမှာတော့ ဆရာရယ် ဒီလောက်နှစ်ကြာအောင် ပြုစုပျိုးထောင်ခဲ့တဲ့ အပင်လေး ဆရာဆက်လက် ပြုစု ဂရုစိုက် ပေးလိုက်ရင် နောင်လာနောက်သားတွေ အရိပ်ခိုခို အသီးစားစား အကျိုးတခုခု ရှိမှာပါလို့။

ဒီလိုနဲ့ သစ်ဆိမ့်ပင်နေရာ အုန်းပင်လေးတွေစိုက် ရေလောင်းမြေဆွနဲ့ တနေ့တခြား အုန်းပင်လေး ကြီးထွားလာတာ ကြည့်ရင်း ကျွန်တော် ကြည်နူးနေမိပါတယ်။ အုန်းလက်လေးတွေ ဝေဖြာလို့ အပွင့်တောင် ပြလာပြီဆိုတော့ ပိုပျော်တာပေါ့ဗျာ။ ရုံးပတ်ဝန်းကျင် အလှူဘာညာ ရှိလို့ဖြစ်ဖြစ် အတာအိုး ပရိတ်အိုး ထိုးဖို့လိုလို အောက်ခြေက အုန်းလက် ကလေးတွေ ခုတ်သိမ်းပြီးပေးရတာလဲ ဝမ်းသာစရာပါပဲ။

ငှက်ပျောခြံပိုင်း အုန်းသံဝိုင်း သရက်ဓါးထစ် ပိန္နဲ ခဲပစ်ဆို တဲ့အတိုင်း အုန်းပင်လေးတွေမှာ သံဆူးကြိုးလေးတွေ ပတ်လို့ပေါ့။ ရှဉ့်တွေ ကြွက်တွေ မတက်နိုင်တော့ အုန်းသီးကင်းလေးတွေ ကိုက်ချ မခံရတော့ဘူးလေ။ အုန်းပင်ခြေအမြစ် လုံအောင် မြေဖို့ မီးသွေးနဲ့ ဆားလေးပုံ။

လေးနှစ်လောက် ကြာတော့ အုန်းသီးလေးတွေ အခိုင်လိုက် ထွက်လာပါပြီ။ ဆရာဦးလှမွှေးက မြစ်ကြီးနားဘက်လား မသိဘူး ရာထူးတိုးပြီး ပြောင်းရပါတယ်။ ဦးလှမွှေးနေရာကို ဦးမျိုးသစ် ရောက်လာပါတယ်။ ဒီနေ့ အုန်းပင်လေးတွေ ရေလောင်းနေတုန်း ဆရာမျိုး ရောက်လာပါတယ်။

"မောင်သိန်း ဘာလုပ်နေလဲကွ"

"ဟုတ်ဆရာ အုန်းပင်လေးတွေ ရေလောင်းနေတာပါဆရာ"

"မင်းကလည်းကွာ အလုပ်မရှိ အလုပ်ရှာ အုန်းပင် ရေလောင်းနေရတယ်လို့။ မင့်အုန်းပင် အုန်းသီးသီးတော့ ဘယ်လောက်ရမှာမို့လဲ။ တကယ်ဆို သရက်စိုက်ရမှာကွ။ အဲဒီအုန်းပင် ဘယ်သူစိုက်ခဲ့တာလဲ"

"ဆရာမွှေးပါ ဆရာ"

"အေး ဟုတ်ပြီ အဲဒါဆို အဲဒီအုန်းပင်တွေ ခုတ်ပစ်လိုက်တော့ ငါ စိန်တလုံး သရက်ပင် စိုက်မယ်"

ကျွန်တော် တဒင်္ဂ ဆွံ့အသွားခဲ့ပါတယ်။ သစ်ပင်တပင် ဖြစ်ထွန်းအောင် အချိန်တွေ လုပ်အားတွေ စေတနာတွေ ရင်းနှီးခဲ့ရတာပါ။ ဒီအပင်က ရမယ့် အသီးအပွင့် ခံစားရအောင် စဉ်ဆက်မပြတ် ပြုစုပျိုးထောင် ဖို့ လိုပါတယ်။ အရင်လူ စိုက်ခဲ့တဲ့ အပင်ကို ဘာလို့ ဆက်လက် မပံ့ပိုးချင်ကြတာပါလဲ။ အောင်မြင်ခဲ့ရင် နောက်လူလုပ်တာ မဟုတ်ဘူး အရင်လူ လုပ်ခဲ့တာလို့ ပြောကြရင် အရင်လူ ဂုဏ်တက်သွားမှာ စိုးရိမ်လို့လား။

ကိုယ့်ကို မချီးကျူးကြပဲ အရင်လူကို ချီးမွမ်းကြမှာ မလိုလားလို့လား။ ငါလုပ်တာ ငါ့နံမည် မထင်ပေါ်မှာကြောင့်လား။ ငါ့လုပ်တာကမှ အမှန်လို့ ယူဆပြီး ငါလုပ်တဲ့အလုပ်ပဲ အောင်မြင်တယ် လို့ အောင်မြင်တဲ့အလုပ်ဟာ ငါလုပ်တာလို့ ဖြစ်ချင်တာလား။ အထင်ခံချင်တာလား။ အရင်လူ လုပ်ခဲ့တာတွေကို နောက်လူက ဆက်လက်ပံ့ပိုးပေးလို့ အောင်မြင်သွားမှာမျိုး မဖြစ်ချင်တာလား။

တကယ်ဆို ပထမဆုံး ဆရာဦးထွန်းတင် စိုက်ခဲ့တဲ့ သစ်ဆိမ့်ပင်လေးတွေကို ဆရာအဆက်ဆက် ပြုစုခဲ့မယ်ဆိုလျှင် ခုအချိန် အသီးမစားရသေးတောင် အရိပ်အာဝါသ ကောင်းကောင်း ရနေလောက်ပြီ။ အုန်းပင်လေးကိုလည်း ဆက်လက်ပြုစုပေးလျင် ရှေ့နှစ်ဆို အုန်းသီးတွေ မြိုင်မြိုင်ကြီးကို သီးတော့မှာ။

အရင်လူ ကောင်းတယ် မကောင်းဘူ၊ နောက်လူ ကောင်းတယ် မကောင်းဘူး၊ ကျွန်တော့် အဆင့်နဲ့ ပြောဖို့မရှိပါ။ ကျွန်တော့် အုန်းပင်လေး စဉ်ဆက်မပြတ် ကြီးထွားအောင်မြင်ချင်တာ တခုပါပဲ။ ရုံးစောင့်လုပ်သားအဆင့်နဲ့ ကျွန်တော် ဉာဏ်မမီတော့ပါဘူး။

ဘာပဲဖြစ်ဖြစ် အုန်းပင်ခုတ်နေတဲ့ ကျွန်တော့်လက်တွေ တုန်ရင်လို့ ကျွန်တော့် မျက်လုံးမှာလည်း မျက်ရည်တွေ ဝဲလို့၊ နှလုံးသားမှာ ရှိုက်ကြီးတငင် ငိုလို့။ တချို့ အရာတွေနဲ့ ထပ်တူကြသွားခဲ့ရင်လဲ Sorry ပါ။ crd

Zawgyi

᠌က်ေနာ္တို႔႐ုံးက အုန္းပင္ေလး

ဒီေန႔ ကြၽန္ေတာ္ အရမ္းဝမ္းနည္းမိပါတယ္။ ကြၽန္ေတာ္တို႔ ႐ုံးေရွ႕က အုန္းပင္ေလးကို အျမစ္ကေန ခုတ္ထြင္ ဖယ္ရွားလိုက္ရလို႔ပါ။ အုန္းပင္ခုတ္တာနဲ႔ အဲဒီေလာက္ ဝမ္းနည္းစရာလားလို႔ မေမးပါနဲ႔။ ကြၽန္ေတာ္ ဒီ႐ုံးမွာ ႐ုံးေစာင့္ အေထြေထြ လုပ္သား လုပ္လာတာ အႏွစ္ႏွစ္ဆယ္ ေက်ာ္ပါၿပီ။

ကြၽန္ေတာ္တို႔ ႐ုံးရဲ႕ ပထမဆုံး ႐ုံးအႀကီးအကဲ တာဝန္ခံ ကြၽန္ေတာ့္ဆရာ ဦးထြန္းတင္က အဲဒီေျမ ကြက္လပ္ေလးမွာ သစ္ဆိမ့္ပင္ ငါးပင္ စိုက္ပါတယ္။ ကြၽန္ေတာ္က ေပါင္းသင္ ေျမဆြ ေရေလာင္း ေန႔စဥ္လုပ္ရပါတယ္။ ကိုယ္တိုင္ျပဳစုပ်ိဳးေထာင္ ထားတဲ့ အပင္ေလး တေန႔တျခား အခက္အလက္ေဝျဖာ ႀကီးထြားလာတာ ၾကည့္ရင္း ပီတိျဖစ္မိပါတယ္။ တရက္ထက္ တရက္ ႀကီးလာတဲ့ သစ္ဆိမ့္ပင္ေလးဟာ လူတရပ္နီးပါး ရွိလာၿပီး အရိပ္ခိုလို႔ေတာင္ ရလာပါၿပီ။ အဲဒီမွာတင္ ကြၽန္ေတာ့္ဆရာ ဦးထြန္းတင္ ေျပာင္းေ႐ႊ႕ခြင့္ က်လာၿပီး မႏၲေလးဘက္က ဆရာဦးလွေမႊး ေရာက္လာပါတယ္။

ဦးလွေမႊး တာဝန္ယူၿပီး တပါတ္ၾကာေတာ့ ေမာင္သိန္း ခဏ လို႔ ေခၚတာနဲ႔ သစ္ဆိမ့္ပင္ ေရေလာင္းေနရာက ဆရာ့႐ုံးခန္းသြားေတြ႕ပါတယ္။ ဆရာ ဘာခိုင္းစရာရွိလဲ ဆိုေတာ့ ႐ုံးေရွ႕မွာ သစ္ဆိမ့္ပင္ေတြ ဘယ္သူ စိုက္တာလဲတဲ့။ "ဆရာ့အရင္က ဆရာဦးထြန္းတင္ စိုက္သြားတာပါဆရာ" "သစ္ဆိမ့္ပင္က ဘာအသုံးက်လဲ"

"ႏွစ္ရွည္ပင္ဆိုေတာ့ ေနာင္မွာေတာ့ သစ္ဆိမ့္ေစ့ကေန ဆီထုတ္လို႔ရတယ္ဆရာ" "ဘယ္ကာလမွ သီးမွန္းမသိတဲ့ အပင္ပါကြာ။ အုန္းပင္ကမွ တႏွစ္ ႏွစ္ႏွစ္ဆို အုန္းသီးစားရဦးမယ္။ ငါ့ေမြးနံအရ ႐ုံးေရွ႕မွာ သစ္ဆိမ့္ပင္ မထားရဘူးကြ။ အဲဒီအပင္ေတြ ခုတ္ပစ္လိုက္ေတာ့ ၿပီးရင္ သစ္ဆိမ့္ပင္ေနရာမွာ အုန္းပင္ေတြ စိုက္လိုက္" "ဟုတ္ ဟုတ္ကဲ့ပါဆရာ"

ကြၽန္ေတာ္ ဘာေျပာလို႔ရမွာလဲဗ်ာ။ ဒီ႐ုံးမွာ သူကအႀကီးဆုံးပဲ။ သူက ခုတ္ဆို ခုတ္႐ုံပဲေလ။ ေနာင္အႏွစ္ ဘယ္ေလာက္မွ သစ္ဆိမ့္သီးၿပီး ဘယ္လိုအသုံးခ်ရတယ္ မရဘူး က်ေနာ္စိတ္မဝင္စားပါဘူး။ အ႐ြက္ဖားဖားနဲ႔ စိမ္းစိုေနတဲ့ သစ္ပင္တပင္ ခုတ္ဖို႔ ကြၽန္ေတာ္ စိတ္မေကာင္းတာေတာ့ အမွန္ပါပဲ။ စိတ္ထဲမွာေတာ့ ဆရာရယ္ ဒီေလာက္ႏွစ္ၾကာေအာင္ ျပဳစုပ်ိဳးေထာင္ခဲ့တဲ့ အပင္ေလး ဆရာဆက္လက္ ျပဳစု ဂ႐ုစိုက္ ေပးလိုက္ရင္ ေနာင္လာေနာက္သားေတြ အရိပ္ခိုခို အသီးစားစား အက်ိဳးတခုခု ရွိမွာပါလို႔။

ဒီလိုနဲ႔ သစ္ဆိမ့္ပင္ေနရာ အုန္းပင္ေလးေတြစိုက္ ေရေလာင္းေျမဆြနဲ႔ တေန႔တျခား အုန္းပင္ေလး ႀကီးထြားလာတာ ၾကည့္ရင္း ကြၽန္ေတာ္ ၾကည္ႏူးေနမိပါတယ္။ အုန္းလက္ေလးေတြ ေဝျဖာလို႔ အပြင့္ေတာင္ ျပလာၿပီဆိုေတာ့ ပိုေပ်ာ္တာေပါ့ဗ်ာ။ ႐ုံးပတ္ဝန္းက်င္ အလႉဘာညာ ရွိလို႔ျဖစ္ျဖစ္ အတာအိုး ပရိတ္အိုး ထိုးဖို႔လိုလို ေအာက္ေျခက အုန္းလက္ ကေလးေတြ ခုတ္သိမ္းၿပီးေပးရတာလဲ ဝမ္းသာစရာပါပဲ။

ငွက္ေပ်ာၿခံပိုင္း အုန္းသံဝိုင္း သရက္ဓါးထစ္ ပိႏၷဲ ခဲပစ္ဆို တဲ့အတိုင္း အုန္းပင္ေလးေတြမွာ သံဆူးႀကိဳးေလးေတြ ပတ္လို႔ေပါ့။ ရွဥ့္ေတြ ႂကြက္ေတြ မတက္ႏိုင္ေတာ့ အုန္းသီးကင္းေလးေတြ ကိုက္ခ် မခံရေတာ့ဘူးေလ။ အုန္းပင္ေျခအျမစ္ လုံေအာင္ ေျမဖို႔ မီးေသြးနဲ႔ ဆားေလးပုံ။

ေလးႏွစ္ေလာက္ ၾကာေတာ့ အုန္းသီးေလးေတြ အခိုင္လိုက္ ထြက္လာပါၿပီ။ ဆရာဦးလွေမႊးက ျမစ္ႀကီးနားဘက္လား မသိဘူး ရာထူးတိုးၿပီး ေျပာင္းရပါတယ္။ ဦးလွေမႊးေနရာကို ဦးမ်ိဳးသစ္ ေရာက္လာပါတယ္။ ဒီေန႔ အုန္းပင္ေလးေတြ ေရေလာင္းေနတုန္း ဆရာမ်ိဳး ေရာက္လာပါတယ္။ "ေမာင္သိန္း ဘာလုပ္ေနလဲကြ" "ဟုတ္ဆရာ အုန္းပင္ေလးေတြ ေရေလာင္းေနတာပါဆရာ"

"မင္းကလည္းကြာ အလုပ္မရွိ အလုပ္ရွာ အုန္းပင္ ေရေလာင္းေနရတယ္လို႔။ မင့္အုန္းပင္ အုန္းသီးသီးေတာ့ ဘယ္ေလာက္ရမွာမို႔လဲ။ တကယ္ဆို သရက္စိုက္ရမွာကြ။ အဲဒီအုန္းပင္ ဘယ္သူစိုက္ခဲ့တာလဲ" "ဆရာေမႊးပါ ဆရာ" "ေအး ဟုတ္ၿပီ အဲဒါဆို အဲဒီအုန္းပင္ေတြ ခုတ္ပစ္လိုက္ေတာ့ ငါ စိန္တလုံး သရက္ပင္ စိုက္မယ္"

ကြၽန္ေတာ္ တဒဂၤ ဆြံ႕အသြားခဲ့ပါတယ္။ သစ္ပင္တပင္ ျဖစ္ထြန္းေအာင္ အခ်ိန္ေတြ လုပ္အားေတြ ေစတနာေတြ ရင္းႏွီးခဲ့ရတာပါ။ ဒီအပင္က ရမယ့္ အသီးအပြင့္ ခံစားရေအာင္ စဥ္ဆက္မျပတ္ ျပဳစုပ်ိဳးေထာင္ ဖို႔ လိုပါတယ္။ အရင္လူ စိုက္ခဲ့တဲ့ အပင္ကို ဘာလို႔ ဆက္လက္ မပံ့ပိုးခ်င္ၾကတာပါလဲ။ ေအာင္ျမင္ခဲ့ရင္ ေနာက္လူလုပ္တာ မဟုတ္ဘူး အရင္လူ လုပ္ခဲ့တာလို႔ ေျပာၾကရင္ အရင္လူ ဂုဏ္တက္သြားမွာ စိုးရိမ္လို႔လား။

ကိုယ့္ကို မခ်ီးက်ဴးၾကပဲ အရင္လူကို ခ်ီးမြမ္းၾကမွာ မလိုလားလို႔လား။ ငါလုပ္တာ ငါ့နံမည္ မထင္ေပၚမွာေၾကာင့္လား။ ငါ့လုပ္တာကမွ အမွန္လို႔ ယူဆၿပီး ငါလုပ္တဲ့အလုပ္ပဲ ေအာင္ျမင္တယ္ လို႔ ေအာင္ျမင္တဲ့အလုပ္ဟာ ငါလုပ္တာလို႔ ျဖစ္ခ်င္တာလား။ အထင္ခံခ်င္တာလား။ အရင္လူ လုပ္ခဲ့တာေတြကို ေနာက္လူက ဆက္လက္ပံ့ပိုးေပးလို႔ ေအာင္ျမင္သြားမွာမ်ိဳး မျဖစ္ခ်င္တာလား။

တကယ္ဆို ပထမဆုံး ဆရာဦးထြန္းတင္ စိုက္ခဲ့တဲ့ သစ္ဆိမ့္ပင္ေလးေတြကို ဆရာအဆက္ဆက္ ျပဳစုခဲ့မယ္ဆိုလွ်င္ ခုအခ်ိန္ အသီးမစားရေသးေတာင္ အရိပ္အာဝါသ ေကာင္းေကာင္း ရေနေလာက္ၿပီ။ အုန္းပင္ေလးကိုလည္း ဆက္လက္ျပဳစုေပးလ်င္ ေရွ႕ႏွစ္ဆို အုန္းသီးေတြ ၿမိဳင္ၿမိဳင္ႀကီးကို သီးေတာ့မွာ။

အရင္လူ ေကာင္းတယ္ မေကာင္းဘူ၊ ေနာက္လူ ေကာင္းတယ္ မေကာင္းဘူး၊ ကြၽန္ေတာ့္ အဆင့္နဲ႔ ေျပာဖို႔မရွိပါ။ ကြၽန္ေတာ့္ အုန္းပင္ေလး စဥ္ဆက္မျပတ္ ႀကီးထြားေအာင္ျမင္ခ်င္တာ တခုပါပဲ။ ႐ုံးေစာင့္လုပ္သားအဆင့္နဲ႔ ကြၽန္ေတာ္ ဉာဏ္မမီေတာ့ပါဘူး။ ဘာပဲျဖစ္ျဖစ္ အုန္းပင္ခုတ္ေနတဲ့ ကြၽန္ေတာ့္လက္ေတြ တုန္ရင္လို႔ ကြၽန္ေတာ့္ မ်က္လုံးမွာလည္း မ်က္ရည္ေတြ ဝဲလို႔၊ ႏွလုံးသားမွာ ရႈိက္ႀကီးတငင္ ငိုလို႔။ တခ်ိဳ႕ အရာေတြနဲ႔ ထပ္တူၾကသြားခဲ့ရင္လဲ Sorry ပါ။ crd