တခါတုန်းက ခံစားမှုညီအကိုမောင်နှမတွေ ဖြစ်ကြတဲ့ မစိတ္တ၊ မောင်ပူဆွေး၊ မောင်သုတနဲ့ မောင်မေတ္တာ အပါအဝင် တခြားခံစားမှု မျိုးနွယ်တွေဟာ ကျွန်းတကျွန်းမှာ နေထိုင်ကြသတဲ့။ တနေ့မှာ တော့ သူတို့နေထိုင်တဲ့ ကျွန်းဟာ နစ်မြုပ်တော့မယ်ဆိုတာကို သိလိုက်ကြသတဲ့ကွယ်။

အဲဒီအချိန်မှာ မောင်မေတ္တာကလွဲပြီး တခြား ညီအကိုမောင်နှမတွေဟာ လှေကိုယ်စီနဲ့ ထွက်ခွာဖို့ စီစဉ်ကြတော့တာပေါ့။ မောင်မေတ္တာကတော့ ကျွန်းပေါ်မှာ နေလို့ရသမျှ နေဖို့ပဲ တွေးထားသတဲ့။ ဒီလိုနဲ့ ကျွန်းဟာ နစ်မြုပ်လုနီးနီး ဖြစ်လာတဲ့အခါမှာတော့ မောင်မေတ္တာတယောက် အကူအညီ တောင်းရပါတော့တယ်။

မောင်ဘောဂဟာ မောင်မေတ္တာနားကနေ လှေတစီးနဲ့ ဖြတ်သွားတာကို တွေ့တော့ မောင်မေတ္တာက "အကိုကြီးဘောဂ၊ ကျွန်တော် အကိုကြီးနဲ့ လိုက်လို့ရမလား" လို့ မေးလိုက်ပါတယ်။

မောင်ဘောဂက "ဝမ်းနည်းပါတယ် ညီလေးမေတ္တာ၊ ငါ မင်းကို မခေါ်နိုင်ဘူး။ ငါ့လှေထဲမှာ ရွှေတွေငွေတွေ အများကြီးပါတယ်။ ဒါကြောင့် မင်းအတွက် နေရာမရှိတော့ဘူး" လို့ ပြန်ဖြေသတဲ့။

ထို့နောက်မှာတော့ မောင်မေတ္တာက သူ့ဘေးမှာ ရွက်လွှင့်သွားနေတဲ့ မောင်မာနကို မေးလိုက်ပြန်ပါတယ်။ မောင်မာန ကလည်း မောင်ဘောဂ ဖြေသလိုပဲ ပြန်ဖြေသွားပါတယ်။ "ငါမင်းကို မကူညီနိုင်ဘူး ညီလေးမေတ္တာ၊ မင်းက ရေတွေ စိုနေတာကြောင့် ငါ့လှေ မြုပ်သွားနိုင်တယ်"

မောင်ပူဆွေးလည်း မောင်မေတ္တာအနား နီးလာပါတယ်။ အဲဒီအချိန်မှာ မောင်မေတ္တာက "ကိုကြီးပူဆွေး ကျွန်တော် လိုက်ပါရစေခင်ဗျာ" လို့ ခွင့်တောင်းလိုက်ပြန်သတဲ့။

"မရဘူး ညီလေးမေတ္တာ ငါဘာသာပဲ သွားမယ်" လို့ မောင်ပူဆွေးက မျက်နှာကြီး သုန်မှုန်ပြီးဖြေပါတယ်။ မောင်မေတ္တာရဲ့ ဘေးကနေ မစိတ္တလည်း ဖြတ်သွားပါတယ်။ မစိတ္တက အာရုံများနေပြီး မောင်မေတ္တာ ခေါ်တာကို ကြားတောင် မကြားဘူးတဲ့။

အဲဒီအချိန်မှာ "ဒီကိုလာ မောင်မေတ္တာ၊ ငါမင်းကို ခေါ်မယ်" ဆိုတဲ့ အသံကို မောင်မေတ္တာ ရုတ်တရက် ကြားလိုက်သတဲ့။ ခေါ်သူကလည်း သူတို့မျိုးနွယ်ထဲက အကြီးတယောက်ပါ။ အပျော်လွန်သွားတဲ့ မောင်မေတ္တာဟာ လှေပေါ်ကို ခုန်တက်လိုက်ပါတယ်။

ဒီလိုအခြေအနေမှာ မောင်မေတ္တာဟာ ဘယ်ကိုသွားမလဲဆိုတာတောင် မေးဖို့ မေ့နေသတဲ့။ ဒီလိုနဲ့ ကုန်းမြေတနေရာကို ရောက်သွားခဲ့ပါတယ်။ မောင်မေတ္တာကို ခေါ်လာသူကတော့ မောင်မေတ္တာကို ကုန်းပေါ် ချပေးပြီးတာနဲ့ ချက်ချင်းထွက်သွားသတဲ့။

မောင်မေတ္တာဟာ သူ့ကို လှေပေါ်ခေါ်တင်လာသူအပေါ် အကြွေးတင်သွားပြီ ဆိုတာကို သိတဲ့ အတွက် မောင်သုတကို မေးလိုက်ပါတယ်။ "ညီလေးကို ကယ်တာ ဘယ်သူလဲ ကိုကြီးသုတ" ဆိုတော့ မာင်သုတက "ကိုကြီးချိန်ပါ" လို့ ပြန်ဖြေလိုက်သတဲ့။

"ကိုကြီးချိန်" လို့ မောင်မေတ္တာ ရေရွတ်ပြီး တွေးလိုက်ပါတယ်။ အကိုကြီးချိန်က ဘာလို့ သူ့ကို ကယ်သလဲ ဆိုတဲ့ အတွေးမျိုးနဲ့ပေါ့။ မောင်မေတ္တာ သိချင်နေတာကိုသိတဲ့ မောင်သုတက မောင်မေတ္တာရဲ့ မျက်နှာကို ကြည့်ပြီး "ငါ့ညီ မောင်မေတ္တာက ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ အကိုကြီးချိန်က သိလို့ကယ်တာပေါ့" လို့ ပြန်ဖြေလိုက်သတဲ့ကွယ်။

ဒီပုံပြင်လေးရဲ့ ပေးချင်တဲ့ သင်ခန်းစာကတော့ "အချိန်တန်ရင် သူ နားလည်လာလိမ့်မယ်" ဆိုတဲ့ မြန်မာလူမျိုးတို့ရဲ့ အသုံးအတိုင်း မေတ္တာရဲ့ တန်ဖိုးကို အချိန်က အဆုံးအဖြတ် ပေးတယ်ဆိုတဲ့ သင်ခန်းစာလေးပါပဲကွယ်။ (Love and time ကို မြန်မာမှုပြုပါသည်) နန္ဒမန်းကြယ်(တွင်းငယ်)

Zawgyi

ေမာင္ေမတၱာႏွင့္ ညီအကိုေမာင္ႏွမမ်ား

တခါတုန္းက ခံစားမႈညီအကိုေမာင္ႏွမေတြ ျဖစ္ၾကတဲ့ မစိတၱ၊ ေမာင္ပူေဆြး၊ ေမာင္သုတနဲ႔ ေမာင္ေမတၱာ အပါအဝင္ တျခားခံစားမႈ မ်ိဳးႏြယ္ေတြဟာ ကြၽန္းတကြၽန္းမွာ ေနထိုင္ၾကသတဲ့။ တေန႔မွာ ေတာ့ သူတို႔ေနထိုင္တဲ့ ကြၽန္းဟာ နစ္ျမဳပ္ေတာ့မယ္ဆိုတာကို သိလိုက္ၾကသတဲ့ကြယ္။

အဲဒီအခ်ိန္မွာ ေမာင္ေမတၱာကလြဲၿပီး တျခား ညီအကိုေမာင္ႏွမေတြဟာ ေလွကိုယ္စီနဲ႔ ထြက္ခြာဖို႔ စီစဥ္ၾကေတာ့တာေပါ့။ ေမာင္ေမတၱာကေတာ့ ကြၽန္းေပၚမွာ ေနလို႔ရသမွ် ေနဖို႔ပဲ ေတြးထားသတဲ့။ ဒီလိုနဲ႔ ကြၽန္းဟာ နစ္ျမဳပ္လုနီးနီး ျဖစ္လာတဲ့အခါမွာေတာ့ ေမာင္ေမတၱာတေယာက္ အကူအညီ ေတာင္းရပါေတာ့တယ္။

ေမာင္ေဘာဂဟာ ေမာင္ေမတၱာနားကေန ေလွတစီးနဲ႔ ျဖတ္သြားတာကို ေတြ႕ေတာ့ ေမာင္ေမတၱာက "အကိုႀကီးေဘာဂ၊ ကြၽန္ေတာ္ အကိုႀကီးနဲ႔ လိုက္လို႔ရမလား" လို႔ ေမးလိုက္ပါတယ္။ ေမာင္ေဘာဂက "ဝမ္းနည္းပါတယ္ ညီေလးေမတၱာ၊ ငါ မင္းကို မေခၚႏိုင္ဘူး။ ငါ့ေလွထဲမွာ ေ႐ႊေတြေငြေတြ အမ်ားႀကီးပါတယ္။ ဒါေၾကာင့္ မင္းအတြက္ ေနရာမရွိေတာ့ဘူး" လို႔ ျပန္ေျဖသတဲ့။

ထို႔ေနာက္မွာေတာ့ ေမာင္ေမတၱာက သူ႔ေဘးမွာ ႐ြက္လႊင့္သြားေနတဲ့ ေမာင္မာနကို ေမးလိုက္ျပန္ပါတယ္။ ေမာင္မာန ကလည္း ေမာင္ေဘာဂ ေျဖသလိုပဲ ျပန္ေျဖသြားပါတယ္။ "ငါမင္းကို မကူညီႏိုင္ဘူး ညီေလးေမတၱာ၊ မင္းက ေရေတြ စိုေနတာေၾကာင့္ ငါ့ေလွ ျမဳပ္သြားႏိုင္တယ္"

ေမာင္ပူေဆြးလည္း ေမာင္ေမတၱာအနား နီးလာပါတယ္။ အဲဒီအခ်ိန္မွာ ေမာင္ေမတၱာက "ကိုႀကီးပူေဆြး ကြၽန္ေတာ္ လိုက္ပါရေစခင္ဗ်ာ" လို႔ ခြင့္ေတာင္းလိုက္ျပန္သတဲ့။ "မရဘူး ညီေလးေမတၱာ ငါဘာသာပဲ သြားမယ္" လို႔ ေမာင္ပူေဆြးက မ်က္ႏွာႀကီး သုန္မႈန္ၿပီးေျဖပါတယ္။ ေမာင္ေမတၱာရဲ႕ ေဘးကေန မစိတၱလည္း ျဖတ္သြားပါတယ္။ မစိတၱက အာ႐ုံမ်ားေနၿပီး ေမာင္ေမတၱာ ေခၚတာကို ၾကားေတာင္ မၾကားဘူးတဲ့။

အဲဒီအခ်ိန္မွာ "ဒီကိုလာ ေမာင္ေမတၱာ၊ ငါမင္းကို ေခၚမယ္" ဆိုတဲ့ အသံကို ေမာင္ေမတၱာ ႐ုတ္တရက္ ၾကားလိုက္သတဲ့။ ေခၚသူကလည္း သူတို႔မ်ိဳးႏြယ္ထဲက အႀကီးတေယာက္ပါ။ အေပ်ာ္လြန္သြားတဲ့ ေမာင္ေမတၱာဟာ ေလွေပၚကို ခုန္တက္လိုက္ပါတယ္။ ဒီလိုအေျခအေနမွာ ေမာင္ေမတၱာဟာ ဘယ္ကိုသြားမလဲဆိုတာေတာင္ ေမးဖို႔ ေမ့ေနသတဲ့။ ဒီလိုနဲ႔ ကုန္းေျမတေနရာကို ေရာက္သြားခဲ့ပါတယ္။ ေမာင္ေမတၱာကို ေခၚလာသူကေတာ့ ေမာင္ေမတၱာကို ကုန္းေပၚ ခ်ေပးၿပီးတာနဲ႔ ခ်က္ခ်င္းထြက္သြားသတဲ့။

ေမာင္ေမတၱာဟာ သူ႔ကို ေလွေပၚေခၚတင္လာသူအေပၚ အေႂကြးတင္သြားၿပီ ဆိုတာကို သိတဲ့ အတြက္ ေမာင္သုတကို ေမးလိုက္ပါတယ္။ "ညီေလးကို ကယ္တာ ဘယ္သူလဲ ကိုႀကီးသုတ" ဆိုေတာ့ မာင္သုတက "ကိုႀကီးခ်ိန္ပါ" လို႔ ျပန္ေျဖလိုက္သတဲ့။ "ကိုႀကီးခ်ိန္" လို႔ ေမာင္ေမတၱာ ေရ႐ြတ္ၿပီး ေတြးလိုက္ပါတယ္။ အကိုႀကီးခ်ိန္က ဘာလို႔ သူ႔ကို ကယ္သလဲ ဆိုတဲ့ အေတြးမ်ိဳးနဲ႔ေပါ့။ ေမာင္ေမတၱာ သိခ်င္ေနတာကိုသိတဲ့ ေမာင္သုတက ေမာင္ေမတၱာရဲ႕ မ်က္ႏွာကို ၾကည့္ၿပီး "ငါ့ညီ ေမာင္ေမတၱာက ဘယ္ေလာက္ တန္ဖိုးရွိတယ္ဆိုတာ အကိုႀကီးခ်ိန္က သိလို႔ကယ္တာေပါ့" လို႔ ျပန္ေျဖလိုက္သတဲ့ကြယ္။

ဒီပုံျပင္ေလးရဲ႕ ေပးခ်င္တဲ့ သင္ခန္းစာကေတာ့ "အခ်ိန္တန္ရင္ သူ နားလည္လာလိမ့္မယ္" ဆိုတဲ့ ျမန္မာလူမ်ိဳးတို႔ရဲ႕ အသုံးအတိုင္း ေမတၱာရဲ႕ တန္ဖိုးကို အခ်ိန္က အဆုံးအျဖတ္ ေပးတယ္ဆိုတဲ့ သင္ခန္းစာေလးပါပဲကြယ္။ (Love and time ကို ျမန္မာမႈျပဳပါသည္) နႏၵမန္းၾကယ္(တြင္းငယ္)