ဓနိတောရွာတွင် မပုကြွယ် အမည်ရှိသော မိန်းကလေးတယောက် ရှိလေသည်။ မပုကြွယ်သည် ဓနိတောရွာရှိ အစိုးရကျောင်း တကျောင်းတွင် စတုတ္ထတန်း၌ ပညာသင်ကြားနေသူ ဖြစ်သည်။ သူသည် ကျောင်းသွားရန် မပျင်းသော်လည်း စာကျက်ရန် အလွန်ပျင်းသည်။ ထို့ကြောင့် အတန်းထဲတွင် အပျင်းဆုံး ဖြစ်သည်။ ဆရာမ၏ အဆိုအမြည်ကို နေ့ရှိသမျှ ခံရသည်။

တနေ့သောအခါ ဆရာမက တတန်းလုံးကို နက်ဖြန်ခါ မင်္ဂလသုတ် နှစ်ပုဒ် ရအောင် ကျက်ခဲ့ရမည်ဟု မှာလိုက်သည်။ အကောင်းဆုံး ဆိုပြနိုင်သူကို ဗလာစာအုပ် တဒါဇင်နှင့် ခဲတံ ခြောက်ချောင်း ဆုချမည်ဟုလည်း ပြောသည်။ ထို့ကြောင့် တတန်းလုံး အားတက်ကြသည်။ ဆရာမ၏ ဆုကို အရယူမည်ဟု နှုတ်ကထုတ်ဖော် မပြောကြသော်လည်း စိတ်ထဲက ကြိတ်၍ ကြံနေကြသည်။ ထိုအထဲတွင် မပုကြွယ် တယောက်လည်း ပါသည်။

မပုကြွယ်သည် ထိုဆုကို အလွန် လိုချင်လာသည်။ ထို့ကြောင့် မင်္ဂလသုတ်ကို အရကျက်မည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုနေ့ ညနေတွင် မပုကြွယ်သည် အိမ်သို့ ရောက်လျှင်ရောက်ခြင်း ရေချိုးသည်။ ထမင်း စောစော စားသည်။ ပြီးလျှင် အိမ်နောက်ဖေး ခြံစည်းရိုး နားသို့ သွား၍ စာကျက်သည်။ ဆယ်ခေါက် ကျက်သော်လည်း အလွတ်မရနိုင်ချေ။ နောက်ဆုံးတွင် သူသည် စိတ်ပျက်လာသည်။

ထို့ကြောင့် လက်မှိုင်ချကာ ခြံစည်းရိုးကို ငေး၍ ကြည့်နေမိသည်။ ထိုသို့ ကြည့်နေခိုက် ခြံစည်းရိုးပေါ်သို့ တရွေ့ရွေ့ တက်လာသော ခရုငယ်တကောင်ကို သူမြင်ရသည်။ ခရုငယ်တကောင်သည် အလွန် နှေးကွေးလှသည်။ ခြံစည်းရိုးပေါ်သို့ တော်တော်နှင့် ရောက်နိုင်မည် မဟုတ်ဟု မပုကြွယ် ထင်မိသည်။ သို့ရာတွင် နောက်ဆုံး၌ ထိုခရုငယ်သည် ခြံစည်းရိုး၏ထိပ်သို့ ရောက်သွားလေသည်။

မပုကြွယ်သည် ထိုခရုငယ်ကို ကြည့်ရင်း အားကျလာသည်။ ခရုငယ်ကဲ့သို့ မရောက်မခြင်း မနားမနေ ကြိုးစားလျှင် နောက်ဆုံး၌ အောင်ရမည်ဟု မြင်လာသည်။ ထို့ကြောင့် မပုကြွယ်သည် စိတ်တင်းကာ သဲသဲမဲမဲ ကြိုးစား၍ ကျက်ပြန်သည်။ မိုးချုပ်သော်လည်း စာကျက်မရပ်သေး။ မိုးချုပ်၍ အိမ်ထဲသို့ ဝင်လာပြီးသည့်နောက် ဆက်၍ ကျက်ပြန်သည်။

ည ၉ နာရီထိုးသောအခါ သူသည် အတော်အတန် ဆိုနိုင်လာသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက် အိပ်ရာသို့ ဝင်သည်။ နံနက်မိုးလင်းလျှင် လင်းခြင်း မပုကြွယ်သည် အိပ်ရာမှထ၍ ကျက်ပြန်သည်။ ကျောင်းသွားချိန် မရောက်မီ မင်္ဂလသုတ် နှစ်ပုဒ်ကို အထစ်အငေါ့ မရှိ ဆိုနိုင်လာသည်။ မပုကြွယ်သည် နံနက် ၉ နာရီထိုးသောအခါ ကျောင်းသို့ သွားသည်။

ကျောင်းတက်လျှင် တက်ခြင်း ဆရာမက အတန်းသားအားလုံးကို ရှေ့သို့ တယောက်စီ ခေါ်၍ မင်္ဂလသုတ် ၂ ပုဒ်ကို အဆိုခိုင်းသည်။ ကျောင်းသူ ကျောင်းသားအများပင် ဆိုနိုင်ကြပါ၏။ သို့ရာတွင် စာတစ်လုံးစ နှစ်လုံးစ မေ့တတ်ကြသဖြင့် ဆရာမက သူတို့ကို ထောက်ပေးရသည်။ နောက်ဆုံး၌ မပုကြွယ် အလှည့်သို့ ရောက်လာသည်။ ထိုအခါ အတန်းသားများက ဝိုင်း၍ ရယ်ကြသည်။ မပုကြွယ်သည် သူတို့ကဲ့သို့ ဆိုနိုင်လိမ့်မည်ဟု မထင်ကြချေ။

မပုကြွယ်သည် ဘာမျှပြန်မပြော။ မိမိ၏နေရာမှ အသာထ၍ ဆရာမရှေ့သို့ သွားသည်။ ထို့နောက် မင်္ဂလသုတ် ၂ ပုဒ်ကို စာတလုံးမကျန် ဆိုပြသည်။ ဆရာမသည် အတော်အံ့ဩသွားသည်။ တတန်းလုံးလည်း အံ့အားသင့်၍ အားပါးတရ လက်ခုပ်တီးကာ ဩဘာပေးကြသည်။ ဆရာမက ယနေ့ အလွတ်ဆိုကြသူများတွင် မည်သူသည် အတော်ဆုံးနည်းဟု အတန်းသားများကို မေးလိုက်သည်။ မပုကြွယ် အတော်ဆုံးဟု တတန်းလုံးက ဖြေကြသည်။

ထိုအခါ ဆရာမသည် စာတလုံးမကျန် အလွတ်ရအောင် မပုကြွယ်စာကျက်ပုံအကြောင်း အတန်းသားအားလုံးသိရန် ပြောပြစေသည်။ မပုကြွယ်သည် ခရုငယ်ထံမှ သူ အတုယူခဲ့ရကြောင်းကို ရှင်းပြသည်။ မပုကြွယ်သည် အတန်းထဲတွင် အတော်ဆုံးဖြစ်သဖြင့် ဆရာမ ပေးသောဆုကို ရလေသည်။ crd

Zawgyi

မပုႂကြယ္ႏွင့္ ခ႐ုငယ္

ဓနိေတာ႐ြာတြင္ မပုႂကြယ္ အမည္ရွိေသာ မိန္းကေလးတေယာက္ ရွိေလသည္။ မပုႂကြယ္သည္ ဓနိေတာ႐ြာရွိ အစိုးရေက်ာင္း တေက်ာင္းတြင္ စတုတၳတန္း၌ ပညာသင္ၾကားေနသူ ျဖစ္သည္။ သူသည္ ေက်ာင္းသြားရန္ မပ်င္းေသာ္လည္း စာက်က္ရန္ အလြန္ပ်င္းသည္။ ထို႔ေၾကာင့္ အတန္းထဲတြင္ အပ်င္းဆုံး ျဖစ္သည္။ ဆရာမ၏ အဆိုအျမည္ကို ေန႔ရွိသမွ် ခံရသည္။

တေန႔ေသာအခါ ဆရာမက တတန္းလုံးကို နက္ျဖန္ခါ မဂၤလသုတ္ ႏွစ္ပုဒ္ ရေအာင္ က်က္ခဲ့ရမည္ဟု မွာလိုက္သည္။ အေကာင္းဆုံး ဆိုျပႏိုင္သူကို ဗလာစာအုပ္ တဒါဇင္ႏွင့္ ခဲတံ ေျခာက္ေခ်ာင္း ဆုခ်မည္ဟုလည္း ေျပာသည္။ ထို႔ေၾကာင့္ တတန္းလုံး အားတက္ၾကသည္။ ဆရာမ၏ ဆုကို အရယူမည္ဟု ႏႈတ္ကထုတ္ေဖာ္ မေျပာၾကေသာ္လည္း စိတ္ထဲက ႀကိတ္၍ ႀကံေနၾကသည္။ ထိုအထဲတြင္ မပုႂကြယ္ တေယာက္လည္း ပါသည္။

မပုႂကြယ္သည္ ထိုဆုကို အလြန္ လိုခ်င္လာသည္။ ထို႔ေၾကာင့္ မဂၤလသုတ္ကို အရက်က္မည္ဟု ဆုံးျဖတ္လိုက္သည္။ ထိုေန႔ ညေနတြင္ မပုႂကြယ္သည္ အိမ္သို႔ ေရာက္လွ်င္ေရာက္ျခင္း ေရခ်ိဳးသည္။ ထမင္း ေစာေစာ စားသည္။ ၿပီးလွ်င္ အိမ္ေနာက္ေဖး ၿခံစည္း႐ိုး နားသို႔ သြား၍ စာက်က္သည္။ ဆယ္ေခါက္ က်က္ေသာ္လည္း အလြတ္မရႏိုင္ေခ်။ ေနာက္ဆုံးတြင္ သူသည္ စိတ္ပ်က္လာသည္။

ထို႔ေၾကာင့္ လက္မႈိင္ခ်ကာ ၿခံစည္း႐ိုးကို ေငး၍ ၾကည့္ေနမိသည္။ ထိုသို႔ ၾကည့္ေနခိုက္ ၿခံစည္း႐ိုးေပၚသို႔ တေ႐ြ႕ေ႐ြ႕ တက္လာေသာ ခ႐ုငယ္တေကာင္ကို သူျမင္ရသည္။ ခ႐ုငယ္တေကာင္သည္ အလြန္ ေႏွးေကြးလွသည္။ ၿခံစည္း႐ိုးေပၚသို႔ ေတာ္ေတာ္ႏွင့္ ေရာက္ႏိုင္မည္ မဟုတ္ဟု မပုႂကြယ္ ထင္မိသည္။ သို႔ရာတြင္ ေနာက္ဆုံး၌ ထိုခ႐ုငယ္သည္ ၿခံစည္း႐ိုး၏ထိပ္သို႔ ေရာက္သြားေလသည္။

မပုႂကြယ္သည္ ထိုခ႐ုငယ္ကို ၾကည့္ရင္း အားက်လာသည္။ ခ႐ုငယ္ကဲ့သို႔ မေရာက္မျခင္း မနားမေန ႀကိဳးစားလွ်င္ ေနာက္ဆုံး၌ ေအာင္ရမည္ဟု ျမင္လာသည္။ ထို႔ေၾကာင့္ မပုႂကြယ္သည္ စိတ္တင္းကာ သဲသဲမဲမဲ ႀကိဳးစား၍ က်က္ျပန္သည္။ မိုးခ်ဳပ္ေသာ္လည္း စာက်က္မရပ္ေသး။ မိုးခ်ဳပ္၍ အိမ္ထဲသို႔ ဝင္လာၿပီးသည့္ေနာက္ ဆက္၍ က်က္ျပန္သည္။

ည ၉ နာရီထိုးေသာအခါ သူသည္ အေတာ္အတန္ ဆိုႏိုင္လာသျဖင့္ ဝမ္းေျမာက္ဝမ္းသာ ျဖစ္လ်က္ အိပ္ရာသို႔ ဝင္သည္။ နံနက္မိုးလင္းလွ်င္ လင္းျခင္း မပုႂကြယ္သည္ အိပ္ရာမွထ၍ က်က္ျပန္သည္။ ေက်ာင္းသြားခ်ိန္ မေရာက္မီ မဂၤလသုတ္ ႏွစ္ပုဒ္ကို အထစ္အေငါ့ မရွိ ဆိုႏိုင္လာသည္။ မပုႂကြယ္သည္ နံနက္ ၉ နာရီထိုးေသာအခါ ေက်ာင္းသို႔ သြားသည္။

ေက်ာင္းတက္လွ်င္ တက္ျခင္း ဆရာမက အတန္းသားအားလုံးကို ေရွ႕သို႔ တေယာက္စီ ေခၚ၍ မဂၤလသုတ္ ၂ ပုဒ္ကို အဆိုခိုင္းသည္။ ေက်ာင္းသူ ေက်ာင္းသားအမ်ားပင္ ဆိုႏိုင္ၾကပါ၏။ သို႔ရာတြင္ စာတစ္လုံးစ ႏွစ္လုံးစ ေမ့တတ္ၾကသျဖင့္ ဆရာမက သူတို႔ကို ေထာက္ေပးရသည္။ ေနာက္ဆုံး၌ မပုႂကြယ္ အလွည့္သို႔ ေရာက္လာသည္။ ထိုအခါ အတန္းသားမ်ားက ဝိုင္း၍ ရယ္ၾကသည္။ မပုႂကြယ္သည္ သူတို႔ကဲ့သို႔ ဆိုႏိုင္လိမ့္မည္ဟု မထင္ၾကေခ်။

မပုႂကြယ္သည္ ဘာမွ်ျပန္မေျပာ။ မိမိ၏ေနရာမွ အသာထ၍ ဆရာမေရွ႕သို႔ သြားသည္။ ထို႔ေနာက္ မဂၤလသုတ္ ၂ ပုဒ္ကို စာတလုံးမက်န္ ဆိုျပသည္။ ဆရာမသည္ အေတာ္အံ့ဩသြားသည္။ တတန္းလုံးလည္း အံ့အားသင့္၍ အားပါးတရ လက္ခုပ္တီးကာ ဩဘာေပးၾကသည္။ ဆရာမက ယေန႔ အလြတ္ဆိုၾကသူမ်ားတြင္ မည္သူသည္ အေတာ္ဆုံးနည္းဟု အတန္းသားမ်ားကို ေမးလိုက္သည္။ မပုႂကြယ္ အေတာ္ဆုံးဟု တတန္းလုံးက ေျဖၾကသည္။

ထိုအခါ ဆရာမသည္ စာတလုံးမက်န္ အလြတ္ရေအာင္ မပုႂကြယ္စာက်က္ပုံအေၾကာင္း အတန္းသားအားလုံးသိရန္ ေျပာျပေစသည္။ မပုႂကြယ္သည္ ခ႐ုငယ္ထံမွ သူ အတုယူခဲ့ရေၾကာင္းကို ရွင္းျပသည္။ မပုႂကြယ္သည္ အတန္းထဲတြင္ အေတာ္ဆုံးျဖစ္သျဖင့္ ဆရာမ ေပးေသာဆုကို ရေလသည္။ crd ေရးမယ္ေပ့ခ်္