ကိုယ်က ငယ်ပါသေးတယ် ဆိုပြီး ဘဝကို ဖြစ်သလို မနေပါနဲ့။ ပိုက်ဆံရှာပါ။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေ နိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ၊ ပိုက်ဆံ ရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။

အပေါင်းသင်းတွေထဲ ကြည့်ပါ၊ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင် ပါတယ်။ လူမှုအဖွဲ့စည်း တခုခုကို ကြည့်ပါ၊ ပိုက်ဆံရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။

ဘယ်နည်းနဲ့ ကြည့်ကြည့် သင်ပိုက်ဆံ ရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေ အတွက် သင်လုပ်ချင်တဲ့ အရာတွေအတွက် သင်ပြောချင်တဲ့ စကားတွေအတွက် အားလုံး မဟုတ်ရင်တောင် တော်တော်များများ လုပ်လို့ရပါတယ်။

ခင်မင်မှုက ပိုအရေးကြီးတယ်။ ဟုတ်ကဲ့။ လူတော်တော် များများကတော့ ငွေရှိရင် ပိုခင်တတ်ကြပါတယ်။ ရိုးသားမှုက ပိုအရေးကြီးတယ်။ ဟုတ်ကဲ့။ လူအများစုကတော့ မရိုးသားရင်တောင် ငွေရှိတဲ့လူဆို သိပ်မပြောရဲကြပါဘူး။

ပညာက ပိုအရေးကြီးတယ်။ ဟုတ်ကဲ့။ ငွေရှိမှ ပညာသင်လို့ရတဲ့ ခေတ်မှာ ပညာရွှေအိုးက ငွေရှိမှ ဝယ်လို့ရတာပါ။ ကိုယ်ကျင့်တရားက အရေးကြီးဆုံး။ ဟုတ်ကဲ့။ ကိုယ်ကျင့်တရား မကောင်းတဲ့သူတွေ ငွေရှိလာရင် အမှန်တရား ရောက်လာဖို့ ခြေလှမ်းတွေက သိပ်နှေးကွေးလွန်းပါတယ်။

စိတ်ချမ်းသာဖို့က အရေးကြီးတယ်။ ဟုတ်ကဲ့။ ငွေရှိလည်း စိတ်ဆင်းရဲတဲ့သူတွေ ရှိပါတယ်။ ဒါပေမယ့် ငတ်နေရင်း စိတ်ဆင်းရဲနေရတဲ့ သူတွေထက်တော့ နည်းနည်းသက်သာတာပေါ့။

အချစ်က အရေးကြီးတယ်။ ဟုတ်ကဲ့။ ရယ်စရာ အကောင်းဆုံး ပျက်လုံးပါ။ လူတွေအားလုံး လိုလိုကတော့ ငွေမရှိရင် ရုပ်ဆိုးတယ် မြင်တယ်၊ ငွေမရှိရင် နံတယ်လို့ ထင်မယ်၊ ငွေ မရှိရင် ပိုင်းလုံးလို့ မြင်တယ်။ ငွေ မရှိရင် ရင်မခုန်ကြတော့ပါဘူး။ ဒါပါပဲ။ ဘယ်နည်းနဲ့ တွေးတွေး ငွေရှိမှ အရာအားလုံးလိုလို အဆင်ပြေနိုင်ပါတယ်။ ဒါကြောင့် ပိုက်ဆံများများ ရှာပါ။ crd

Zawgyi

ေငြဟာ အဓိက လက္နက္တခုပါ

ကိုယ္က ငယ္ပါေသးတယ္ ဆိုၿပီး ဘဝကို ျဖစ္သလို မေနပါနဲ႔။ ပိုက္ဆံရွာပါ။ ေလာကမွာ ပိုက္ဆံရွိမွ ပိုအဆင္ေျပ ႏိုင္ပါတယ္။ မိသားစုထဲမွာ ၾကည့္ပါ၊ ပိုက္ဆံ ရွာႏိုင္တဲ့သူက ပိုအေရးပါ အရာေရာက္ပါတယ္။

အေပါင္းသင္းေတြထဲ ၾကည့္ပါ၊ ပိုက္ဆံရွိတဲ့သူက ပိုလူရာဝင္ ပါတယ္။ လူမႈအဖြဲ႕စည္း တခုခုကို ၾကည့္ပါ၊ ပိုက္ဆံရွိတဲ့သူက ပိုအရာေရာက္ပါတယ္။ ဒါဟာ ေလာကႀကီးထဲမွာ ရာခိုင္ႏႈန္း ေတာ္ေတာ္မ်ားမ်ား ျဖစ္ေနတာပါ။

ဘယ္နည္းနဲ႔ ၾကည့္ၾကည့္ သင္ပိုက္ဆံ ရွာရပါမယ္။ ေငြစုရပါမယ္။ သင္ပိုက္ဆံရွိမွ သင္ခ်စ္တဲ့သူေတြ အတြက္ သင္လုပ္ခ်င္တဲ့ အရာေတြအတြက္ သင္ေျပာခ်င္တဲ့ စကားေတြအတြက္ အားလုံး မဟုတ္ရင္ေတာင္ ေတာ္ေတာ္မ်ားမ်ား လုပ္လို႔ရပါတယ္။

ခင္မင္မႈက ပိုအေရးႀကီးတယ္။ ဟုတ္ကဲ့။ လူေတာ္ေတာ္ မ်ားမ်ားကေတာ့ ေငြရွိရင္ ပိုခင္တတ္ၾကပါတယ္။ ႐ိုးသားမႈက ပိုအေရးႀကီးတယ္။ ဟုတ္ကဲ့။ လူအမ်ားစုကေတာ့ မ႐ိုးသားရင္ေတာင္ ေငြရွိတဲ့လူဆို သိပ္မေျပာရဲၾကပါဘူး။

ပညာက ပိုအေရးႀကီးတယ္။ ဟုတ္ကဲ့။ ေငြရွိမွ ပညာသင္လို႔ရတဲ့ ေခတ္မွာ ပညာေ႐ႊအိုးက ေငြရွိမွ ဝယ္လို႔ရတာပါ။ ကိုယ္က်င့္တရားက အေရးႀကီးဆုံး။ ဟုတ္ကဲ့။ ကိုယ္က်င့္တရား မေကာင္းတဲ့သူေတြ ေငြရွိလာရင္ အမွန္တရား ေရာက္လာဖို႔ ေျခလွမ္းေတြက သိပ္ေႏွးေကြးလြန္းပါတယ္။

စိတ္ခ်မ္းသာဖို႔က အေရးႀကီးတယ္။ ဟုတ္ကဲ့။ ေငြရွိလည္း စိတ္ဆင္းရဲတဲ့သူေတြ ရွိပါတယ္။ ဒါေပမယ့္ ငတ္ေနရင္း စိတ္ဆင္းရဲေနရတဲ့ သူေတြထက္ေတာ့ နည္းနည္းသက္သာတာေပါ့။

အခ်စ္က အေရးႀကီးတယ္။ ဟုတ္ကဲ့။ ရယ္စရာ အေကာင္းဆုံး ပ်က္လုံးပါ။ လူေတြအားလုံး လိုလိုကေတာ့ ေငြမရွိရင္ ႐ုပ္ဆိုးတယ္ ျမင္တယ္၊ ေငြမရွိရင္ နံတယ္လို႔ ထင္မယ္၊ ေငြ မရွိရင္ ပိုင္းလုံးလို႔ ျမင္တယ္။ ေငြ မရွိရင္ ရင္မခုန္ၾကေတာ့ပါဘူး။ ဒါပါပဲ။ ဘယ္နည္းနဲ႔ ေတြးေတြး ေငြရွိမွ အရာအားလုံးလိုလို အဆင္ေျပႏိုင္ပါတယ္။ ဒါေၾကာင့္ ပိုက္ဆံမ်ားမ်ား ရွာပါ။ crd