တစ်ခါတရံမှာ နာကျည်းချက်တွေက ဘဝကို အမြင့်ရောက်အောင်လို့ တွန်းပို့ပေးနိုင်ပါတယ်။ Jen Atkin က ရည်းစားဟောင်းရဲ့စွန့်ပစ်ခံရာကနေ ဘဝအတွက် အောင်မြင်အောင်လို့ ပြုလုပ်နိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်တုန်းက Jen Atkin က ပန်းချီဆွဲတဲ့အလုပ်နဲ့ အလုပ်များနေခဲ့ပါတယ်။ အလုပ်များတာကြောင့် အသင့်စားအစားအစာတွေ စားပြီး ခန္ဓာကိုယ်ကလည်း ကိုယ်အလေးချိန်အများကြီး တက်လာခဲ့ပါတယ်။

Jen Atkin ရဲ့ရည်းစားက ဝလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ထားခဲ့ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို ထိခိုက်စေမယ့် နာမည်ပြောင်တွေလည်း ပေးခဲ့ပါသေးတယ်။ အဲဒီအချိန်ကတော့ Jen Atkin အတွက် အခက်အခဲဆုံးအချိန်တွေပါ။

Jen Atkin က အစားအသောက်ကို အရမ်းသဘောကျသူပါ။ အမေက ဟင်းချက်ကောင်းသလို သူမကိုယ်တိုင်ကလည်း အစားအစာတွေကို နှစ်သက်ပါတယ်။ သူငယ်ချင်းတွေနဲ့လည်း အပြင်သွားတိုင်း အသင့်စားအစားအစာတွေ၊ ကျန်းမာရေးနဲ့မညီညွတ်တာတွေ စားတတ်ပါတယ်။

Jen Atkin က သူမရဲ့ခန္ဓာကိုယ်အပေါ်မှာ အကောင်းမြင်စိတ်ထားပါတယ်။ ဒါ့အပြင် ရည်းစားကလည်း သူ့ကို အရမ်းချစ်တယ်လို့ ယုံကြည်ထားပါတယ်။ ဒါပေမယ့် ယုံကြည်ထားရတဲ့သူက သူမရဲ့ကိုယ်အလေးချိန်ကြောင့် ထားသွားချိန်မှာတော့ ထိခိုက်ခံစားခဲ့ရပါတယ်။

အဲဒါကြောင့် Jen Atkin က အစားအစာတွေကို အချိန်ဇယားဆွဲပြီး စနစ်တကျစားပါတယ်။ ကျန်းမာရေးနဲ့ သင့်တော်တဲ့အစားအစားတွေကို ရွေးချယ်စားသောက်တဲ့အပြင် gym ကိုလည်း သွားပါတယ်။

၂ နှစ်အတွင်းမှာ Jen Atkin ရဲ့ကိုယ်အလေးချိန်က သိသိသာသာ ကျသွားပါတယ်။ အဲဒီနောက်မှာ အားမလျှော့ဘဲနဲ့ အလှမယ်ပြိုင်ပွဲတွေကို ဝင်ပြိုင်ခဲ့တဲ့အခါ ၂၀၁၈ ခုနှစ်မှာ Miss England first runner-up ဆုကိုရရှိခဲ့ပါတယ်။

ဇွဲမလျှော့ဘဲ ဆက်လက်ယှဉ်ပြိုင်ခဲ့တဲ့အခါ Miss Great Britain ဆုကိုပါ ရရှိသွားခဲ့ပါတယ်။ Jen ရဲ့ရည်းစားဟောင်းက သူမအတွက်တော့ ဂုဏ်ယူနေမှာပါ။ ဒါပေမယ့် ရည်းစားဟောင်းနဲ့ ပြန်မတွဲခဲ့ပါဘူး။

Jen Atkin က Miss Great Britain ဆုကို ရရှိပြီး ၅ လအကြာမှာ လက်ထပ်ခဲ့လိုက်ပါတယ်။ Jen Atkin က မခံချင်စိတ်နဲ့ ကြိုးစားခဲ့တာကြောင့် အလှမယ်ဆုအပြင် သူမအပေါ် တကယ်ချစ်မြတ်နိုးသူနဲ့လည်း တွေ့ဆုံခဲ့ရပါတယ်။

Zombie (lovemedia)

for zawgyi

ဝလို႔ ထားခဲ့တဲ့ ရည္းစားေဟာင္းကို စိတ္နာၿပီး ႀကိဳးစားလိုက္ရာကေန Miss Great Britain ဆုကို ရရွိခဲ့သူ

တစ္ခါတရံမွာ နာက်ည္းခ်က္ေတြက ဘဝကို အျမင့္ေရာက္ေအာင္လို႔ တြန္းပို႔ေပးႏိုင္ပါတယ္။ Jen Atkin က ရည္းစားေဟာင္းရဲ႕စြန႔္ပစ္ခံရာကေန ဘဝအတြက္ ေအာင္ျမင္ေအာင္လို႔ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၆ ႏွစ္တုန္းက Jen Atkin က ပန္းခ်ီဆြဲတဲ့အလုပ္နဲ႔ အလုပ္မ်ားေနခဲ့ပါတယ္။ အလုပ္မ်ားတာေၾကာင့္ အသင့္စားအစားအစာေတြ စားၿပီး ခႏၶာကိုယ္ကလည္း ကိုယ္အေလးခ်ိန္အမ်ားႀကီး တက္လာခဲ့ပါတယ္။ Jen Atkin ရဲ႕ရည္းစားက ဝလို႔ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ ထားခဲ့ပါတယ္။ ဒါ့အျပင္ ခႏၶာကိုယ္ကို ထိခိုက္ေစမယ့္ နာမည္ေျပာင္ေတြလည္း ေပးခဲ့ပါေသးတယ္။ အဲဒီအခ်ိန္ကေတာ့ Jen Atkin အတြက္ အခက္အခဲဆုံးအခ်ိန္ေတြပါ။

Jen Atkin က အစားအေသာက္ကို အရမ္းသေဘာက်သူပါ။ အေမက ဟင္းခ်က္ေကာင္းသလို သူမကိုယ္တိုင္ကလည္း အစားအစာေတြကို ႏွစ္သက္ပါတယ္။ သူငယ္ခ်င္းေတြနဲ႔လည္း အျပင္သြားတိုင္း အသင့္စားအစားအစာေတြ၊ က်န္းမာေရးနဲ႔မညီၫြတ္တာေတြ စားတတ္ပါတယ္။

Jen Atkin က သူမရဲ႕ခႏၶာကိုယ္အေပၚမွာ အေကာင္းျမင္စိတ္ထားပါတယ္။ ဒါ့အျပင္ ရည္းစားကလည္း သူ႔ကို အရမ္းခ်စ္တယ္လို႔ ယုံၾကည္ထားပါတယ္။ ဒါေပမယ့္ ယုံၾကည္ထားရတဲ့သူက သူမရဲ႕ကိုယ္အေလးခ်ိန္ေၾကာင့္ ထားသြားခ်ိန္မွာေတာ့ ထိခိုက္ခံစားခဲ့ရပါတယ္။

အဲဒါေၾကာင့္ Jen Atkin က အစားအစာေတြကို အခ်ိန္ဇယားဆြဲၿပီး စနစ္တက်စားပါတယ္။ က်န္းမာေရးနဲ႔ သင့္ေတာ္တဲ့အစားအစားေတြကို ေ႐ြးခ်ယ္စားေသာက္တဲ့အျပင္ gym ကိုလည္း သြားပါတယ္။ ၂ ႏွစ္အတြင္းမွာ Jen Atkin ရဲ႕ကိုယ္အေလးခ်ိန္က သိသိသာသာ က်သြားပါတယ္။ အဲဒီေနာက္မွာ အားမေလွ်ာ့ဘဲနဲ႔ အလွမယ္ၿပိဳင္ပြဲေတြကို ဝင္ၿပိဳင္ခဲ့တဲ့အခါ ၂၀၁၈ ခုႏွစ္မွာ Miss England first runner-up ဆုကိုရရွိခဲ့ပါတယ္။

ဇြဲမေလွ်ာ့ဘဲ ဆက္လက္ယွဥ္ၿပိဳင္ခဲ့တဲ့အခါ Miss Great Britain ဆုကိုပါ ရရွိသြားခဲ့ပါတယ္။ Jen ရဲ႕ရည္းစားေဟာင္းက သူမအတြက္ေတာ့ ဂုဏ္ယူေနမွာပါ။ ဒါေပမယ့္ ရည္းစားေဟာင္းနဲ႔ ျပန္မတြဲခဲ့ပါဘူး။ Jen Atkin က Miss Great Britain ဆုကို ရရွိၿပီး ၅ လအၾကာမွာ လက္ထပ္ခဲ့လိုက္ပါတယ္။ Jen Atkin က မခံခ်င္စိတ္နဲ႔ ႀကိဳးစားခဲ့တာေၾကာင့္ အလွမယ္ဆုအျပင္ သူမအေပၚ တကယ္ခ်စ္ျမတ္ႏိုးသူနဲ႔လည္း ေတြ႕ဆုံခဲ့ရပါတယ္။

Zombie (lovemedia)