မေမေတခါ ပြောဖူးတယ်။ "ဇရစ်ချိုး မျှစ်ချိုးရောင်းသူတွေကို ဈေးမဆစ်ပါနဲ့ သမီးရယ်။ သူတို့ဟာ ရတာလေးနဲ့ မကာအောင် သိပ်ပင်ပန်းကြတာ။ ကိုယ်ချင်းစာတတ်ရမယ်နော် သမီး" တဲ့။ "မဆစ်နဲ့" မောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ ပတ်သက်လို့ ဖေဖေ့စိတ်ထဲမှာ စွဲသွားတာလေး တခုက "မဆစ်နဲ့" ဆိုတဲ့ စကားလေး သမီးရဲ့။

ဟုတ်တယ် သူပြောဖူးတယ် "မဆစ်နဲ့" လို့။ ခရီးတခုတော့ ခရီးတခုပဲ သမီးရဲ့။ မကွေးဘက်လား၊ မုံရွာဘက်လား၊ ဒါမှမဟုတ် မတ္တရာဘက်လား၊ ဖေဖေကောင်း ကောင်း မမှတ်မိတော့ဘူး။ အဝေးပြေးကားကြီးနဲ့ သွားကြရာက တနေရာ ကားခဏ ထိုးရပ်လိုက်တဲ့အခါ ရေသန့်ဘူးရောင်းတဲ့ ကလေးမလေးတယောက် ကားအနားကို ကပ်လာပါလေရော။

ရေခဲ စိမ်ထားလို့ထင်ပါရဲ့ သူ့လက်ထဲက ရေသန့်ဘူး သုံးလေးဘူးဟာ ရေတွေသီးလို့။ ခြစ်ခြစ်တောက်အောင် ပူတဲ့ အညာနေရဲ့ အောက်မှာ "ရေသန့်ဘူး၊ ရေသန့်ဘူး" ဆိုတဲ့ အသံလေးဟာ စာနေတာပဲ။ နဂိုမူလ ညိုတဲ့အသားလေးဟာ နေအရှိန်မှာ ခြောက်နွမ်းလို့ပေါ့။

ထုံးစံအတိုင်း ဆရာချစ်ဦးညိုက ရေသန့်ဘူးဝယ်ဖို့ ပြင်ဆင်ပါတယ်။ ဟဲ့ သမီးလေး ရေသန့်ဘူး ဘယ်လောက်လဲ ဘာညာပေါ့။ကလေးမကလေးက သုံးရာတဲ့။ သည်တုန်းက ရေသန့်ဘူးဈေးက နှစ်ရာလောက်ပဲ ရှိတဲ့အချိန်၊ သုံးရာဆိုတော့နည်းနည်းလေး များသလိုလိုတော့ ရှိတာပေါ့။

အဲသည်မှာ ဆရာချစ်ဦးညိုက ဆစ်တော့တာပါ။ သမီးလေး များတယ်ဟဲ့တဲ့၊ နှစ်ရာ့ငါးဆယ်ထားတဲ့။ သူကလည်း ဘာရယ်လို့မဟုတ်ပါဘူး၊ ဆစ်နေကြမို့လိုပဲလား ကလေးမလေးကို ကျီစားချင်လို့ပဲလား၊ တခုခုကြောင့် ဆစ်လိုက်ပုံ ရပါတယ်။

အဲသည့်အချိန်မှာမောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ အသံ ထွက်လာတာပါ။ "ငချစ် မဆစ်နဲ့ကွ" တဲ့။ သူတို့ အချင်းချင်း ချစ်စနိုးစကား ဆိုတဲ့အခါ မောင်စိန်ဝင်း (ပုတီးကုန်း) ကို ဂွစာတဲ့၊ ဆရာချစ်ဦးညိုကို ငချစ်တဲ့။ အပြန်အလှန်ခေါ်နေကြမို့ ဖေဖေတို့ကတော့ နားယဉ်ပြီးသားပါ။

ထား အဲတာက အရေးမကြီးလှပါဘူး။ မဆစ်နဲ့ ဆိုတာက အရေးကြီးတာပါ။ နင်လား ငါလား အနေအထားနဲ့ ဘဝကိုကျားကုတ်ကျားခဲ ရုန်းကန်နေတဲ့ ကလေးတွေကို ပိုက်ဆံကလေး ငါးဆယ် တရာ များသွားရုံနဲ့ မဆစ်နဲ့လို့ လှမ်းတားလိုက်တာက အရေးကြီးတာပါ။

သည်လို သဘောထားမျိုးကို ဖေဖေ သိပ်ကြိုက်သွားတယ်။ဆရာချစ်ဦးညိုကလည်း သိပ်ကြိုက်သွားပုံ ရပါတယ်။ အေးပါကွာ အေးပါကွာ လို့ ဆိုပြီး ကလေးမလေးပြောတဲ့အတိုင်း ရေသုံးလေးဘူး ပေးဝယ်လိုက်တော့တာပါ။

အရပ်ထဲမှာ တပုလင်း ၁၅၀၀ ထက် မပိုတဲ့ ဘီယာပုလင်းကို လေဆိပ်ထဲက ပြည်ပထွက်ခွာ အခန်းထဲမှာ ၅၀၀၀ ပေးပြီး သောက်ခဲ့ရဖူးပါတယ်။ အရပ်ထဲမှာ ၆၀၀ လောက်ပဲ တန်တဲ့ ဘီယာဘူးကို လေယာဉ်ပေါ်မှာ ၁၅၀၀ ပေးပြီး သောက်ခဲ့ရဖူးပါတယ်။ ရေနွေးကြမ်းတခွက် ၅၀၀ လည်း ဖေဖေတို့ သောက်ခဲ့ကြရတာပဲ မဟုတ်လား။

သူ့နေရာ သူ့ဒေသအလိုက် အဟန့်နဲ့ အခန့်နဲ့ တောင်းဆိုတဲ့ နှုန်းတွေကိုတောင် ဖေဖေတို့ ဆစ်ခွင့်မရဘဲ စားသုံးခဲ့ကြတာပဲ ဥစ္စာ။ဘာဖြစ်လို့ မိုးထဲလေထဲက ရုန်းရုန်းကန်ကန် ဘဝတွေကို ဘာကြောင့်များ တိတိကျကျကြီး ဆစ်နေတော့မှာလဲ။ ဖေဖေ့ အသိတယောက် ဂျာနယ်ဝယ်ပုံကလေးကလည်း စိတ်ဝင်စားစရာကောင်းတယ်။

မီးပွိုင့်မိလို့ ဂျာနယ်သမားလေးတွေ ရောက်လာတဲ့အခါ ဝယ်တော့တာပဲ။ ၇၀၀တဲ့။ ရပ်ကွက်ထဲမှာ ၆၀၀ သမီးရဲ့။ သူက ကိုယ်လည်း ဆင်းရဲနေတာမှ မဟုတ်တာဗျာ တဲ့။ ကားလမ်းပေါ်မှာ ရပ်နေရရှာတာက ၁၀၀ မက တန်ပါတယ်တဲ့။ တမင်တကာ အားပေးတာပါတဲ့။ ရပ်တည်မှုလေး နည်းနည်း အသက်ရှူ ချောင်ပါစေပေါ့။

တခါက ပြောင်းဖူးပြုတ် ရောင်းတဲ့ မိန်းမရွယ်ကလေးတဦး ဖေဖေတို့အိမ် တံစက်မြိတ်မှာ ပြောင်းဖူးပြုတ်တောင်းကို ချတော့ တိုတိုကလေး ညှပ်ထားတဲ့ သူ့ဆံပင်လေးတွေကို ကြည့်ပြီး မေးမိတယ်။ ဆံပင်တွေ ညှပ်ထားတာလားပေါ့။

သူက ပြောင်းဖူးပြုတ်တောင်းက ပူလို့တဲ့။ ဆံပင်တွေ ကျွတ်လွန်းလို့ ညှပ်ထားတာတဲ့။ အဝတ်စကို ဖယ်တဲ့အခါ ပြောင်းဖူးပြုတ်တွေ ဆီကနေအငွေ့လေးတွေ ထွက်လာတော့ ဖေဖေ့ရင်ထဲမှာ နာလိုက်တာ။ ဘယ်တော့မှ မဆစ်ဘူး။ မဆစ်ချင်ဘူး။ မဆစ်ရက်ဘူး။

ဘဝတဝမ်းတခါးကို ခြေကုန်လက်ပန်းကျမတတ် ကူးခတ်နေရတဲ့ သူတွေ ရှိပါတယ်။ သူတို့ကို ဘယ်တော့မှ ဖေဖေ မဆစ်ချင်တော့ဘူး။ ပိုသွားပါစေ သမီးရယ်။ သာသွားပါစေ။ ကားအရောင်းအဝယ်ကျတော့ ဆစ်ချင်ဆစ်ပေါ့။ အိမ်အရောင်းအဝယ်ကျတော့ ဆစ်ချင်ဆစ်ပေါ့။ လက်ဝတ်လက်စား အရောင်းအဝယ်ကျတော့ ဆစ်ချင်ဆစ်ပေါ့။ ချွေးကို ဆစ်ဖို့ရာ ခက်လွန်းပါတယ်။ ဆရာ မောင်သာချိူ

for zawgyi

ေခြၽးေတြကို ေဈးမဆစ္ပါနဲ႔

ေမေမတခါ ေျပာဖူးတယ္။ "ဇရစ္ခ်ိဳး မွ်စ္ခ်ိဳးေရာင္းသူေတြကို ေဈးမဆစ္ပါနဲ႔ သမီးရယ္။ သူတို႔ဟာ ရတာေလးနဲ႔ မကာေအာင္ သိပ္ပင္ပန္းၾကတာ။ ကိုယ္ခ်င္းစာတတ္ရမယ္ေနာ္ သမီး" တဲ့။ "မဆစ္နဲ႔" ေမာင္စိန္ဝင္း(ပုတီးကုန္း) နဲ႔ ပတ္သက္လို႔ ေဖေဖ့စိတ္ထဲမွာ စြဲသြားတာေလး တခုက "မဆစ္နဲ႔" ဆိုတဲ့ စကားေလး သမီးရဲ႕။

ဟုတ္တယ္ သူေျပာဖူးတယ္ "မဆစ္နဲ႔" လို႔။ ခရီးတခုေတာ့ ခရီးတခုပဲ သမီးရဲ႕။ မေကြးဘက္လား၊ မုံ႐ြာဘက္လား၊ ဒါမွမဟုတ္ မတၱရာဘက္လား၊ ေဖေဖေကာင္း ေကာင္း မမွတ္မိေတာ့ဘူး။ အေဝးေျပးကားႀကီးနဲ႔ သြားၾကရာက တေနရာ ကားခဏ ထိုးရပ္လိုက္တဲ့အခါ ေရသန႔္ဘူးေရာင္းတဲ့ ကေလးမေလးတေယာက္ ကားအနားကို ကပ္လာပါေလေရာ။

ေရခဲ စိမ္ထားလို႔ထင္ပါရဲ႕ သူ႔လက္ထဲက ေရသန႔္ဘူး သုံးေလးဘူးဟာ ေရေတြသီးလို႔။ ျခစ္ျခစ္ေတာက္ေအာင္ ပူတဲ့ အညာေနရဲ႕ ေအာက္မွာ "ေရသန႔္ဘူး၊ ေရသန႔္ဘူး" ဆိုတဲ့ အသံေလးဟာ စာေနတာပဲ။ နဂိုမူလ ညိဳတဲ့အသားေလးဟာ ေနအရွိန္မွာ ေျခာက္ႏြမ္းလို႔ေပါ့။

ထုံးစံအတိုင္း ဆရာခ်စ္ဦးညိဳက ေရသန႔္ဘူးဝယ္ဖို႔ ျပင္ဆင္ပါတယ္။ ဟဲ့ သမီးေလး ေရသန႔္ဘူး ဘယ္ေလာက္လဲ ဘာညာေပါ့။ကေလးမကေလးက သုံးရာတဲ့။ သည္တုန္းက ေရသန႔္ဘူးေဈးက ႏွစ္ရာေလာက္ပဲ ရွိတဲ့အခ်ိန္၊ သုံးရာဆိုေတာ့နည္းနည္းေလး မ်ားသလိုလိုေတာ့ ရွိတာေပါ့။

အဲသည္မွာ ဆရာခ်စ္ဦးညိဳက ဆစ္ေတာ့တာပါ။ သမီးေလး မ်ားတယ္ဟဲ့တဲ့၊ ႏွစ္ရာ့ငါးဆယ္ထားတဲ့။ သူကလည္း ဘာရယ္လို႔မဟုတ္ပါဘူး၊ ဆစ္ေနၾကမို႔လိုပဲလား ကေလးမေလးကို က်ီစားခ်င္လို႔ပဲလား၊ တခုခုေၾကာင့္ ဆစ္လိုက္ပုံ ရပါတယ္။

အဲသည့္အခ်ိန္မွာေမာင္စိန္ဝင္း (ပုတီးကုန္း) ရဲ႕ အသံ ထြက္လာတာပါ။ "ငခ်စ္ မဆစ္နဲ႔ကြ" တဲ့။ သူတို႔ အခ်င္းခ်င္း ခ်စ္စႏိုးစကား ဆိုတဲ့အခါ ေမာင္စိန္ဝင္း (ပုတီးကုန္း) ကို ဂြစာတဲ့၊ ဆရာခ်စ္ဦးညိဳကို ငခ်စ္တဲ့။ အျပန္အလွန္ေခၚေနၾကမို႔ ေဖေဖတို႔ကေတာ့ နားယဥ္ၿပီးသားပါ။

ထား အဲတာက အေရးမႀကီးလွပါဘူး။ မဆစ္နဲ႔ ဆိုတာက အေရးႀကီးတာပါ။ နင္လား ငါလား အေနအထားနဲ႔ ဘဝကိုက်ားကုတ္က်ားခဲ ႐ုန္းကန္ေနတဲ့ ကေလးေတြကို ပိုက္ဆံကေလး ငါးဆယ္ တရာ မ်ားသြား႐ုံနဲ႔ မဆစ္နဲ႔လို႔ လွမ္းတားလိုက္တာက အေရးႀကီးတာပါ။

သည္လို သေဘာထားမ်ိဳးကို ေဖေဖ သိပ္ႀကိဳက္သြားတယ္။ဆရာခ်စ္ဦးညိဳကလည္း သိပ္ႀကိဳက္သြားပုံ ရပါတယ္။ ေအးပါကြာ ေအးပါကြာ လို႔ ဆိုၿပီး ကေလးမေလးေျပာတဲ့အတိုင္း ေရသုံးေလးဘူး ေပးဝယ္လိုက္ေတာ့တာပါ။

အရပ္ထဲမွာ တပုလင္း ၁၅၀၀ ထက္ မပိုတဲ့ ဘီယာပုလင္းကို ေလဆိပ္ထဲက ျပည္ပထြက္ခြာ အခန္းထဲမွာ ၅၀၀၀ ေပးၿပီး ေသာက္ခဲ့ရဖူးပါတယ္။ အရပ္ထဲမွာ ၆၀၀ ေလာက္ပဲ တန္တဲ့ ဘီယာဘူးကို ေလယာဥ္ေပၚမွာ ၁၅၀၀ ေပးၿပီး ေသာက္ခဲ့ရဖူးပါတယ္။ ေရေႏြးၾကမ္းတခြက္ ၅၀၀ လည္း ေဖေဖတို႔ ေသာက္ခဲ့ၾကရတာပဲ မဟုတ္လား။

သူ႔ေနရာ သူ႔ေဒသအလိုက္ အဟန႔္နဲ႔ အခန႔္နဲ႔ ေတာင္းဆိုတဲ့ ႏႈန္းေတြကိုေတာင္ ေဖေဖတို႔ ဆစ္ခြင့္မရဘဲ စားသုံးခဲ့ၾကတာပဲ ဥစၥာ။ဘာျဖစ္လို႔ မိုးထဲေလထဲက ႐ုန္း႐ုန္းကန္ကန္ ဘဝေတြကို ဘာေၾကာင့္မ်ား တိတိက်က်ႀကီး ဆစ္ေနေတာ့မွာလဲ။ ေဖေဖ့ အသိတေယာက္ ဂ်ာနယ္ဝယ္ပုံကေလးကလည္း စိတ္ဝင္စားစရာေကာင္းတယ္။

မီးပြိဳင့္မိလို႔ ဂ်ာနယ္သမားေလးေတြ ေရာက္လာတဲ့အခါ ဝယ္ေတာ့တာပဲ။ ၇၀၀တဲ့။ ရပ္ကြက္ထဲမွာ ၆၀၀ သမီးရဲ႕။ သူက ကိုယ္လည္း ဆင္းရဲေနတာမွ မဟုတ္တာဗ်ာ တဲ့။ ကားလမ္းေပၚမွာ ရပ္ေနရရွာတာက ၁၀၀ မက တန္ပါတယ္တဲ့။ တမင္တကာ အားေပးတာပါတဲ့။ ရပ္တည္မႈေလး နည္းနည္း အသက္ရႉ ေခ်ာင္ပါေစေပါ့။

တခါက ေျပာင္းဖူးျပဳတ္ ေရာင္းတဲ့ မိန္းမ႐ြယ္ကေလးတဦး ေဖေဖတို႔အိမ္ တံစက္ၿမိတ္မွာ ေျပာင္းဖူးျပဳတ္ေတာင္းကို ခ်ေတာ့ တိုတိုကေလး ညႇပ္ထားတဲ့ သူ႔ဆံပင္ေလးေတြကို ၾကည့္ၿပီး ေမးမိတယ္။ ဆံပင္ေတြ ညႇပ္ထားတာလားေပါ့။

သူက ေျပာင္းဖူးျပဳတ္ေတာင္းက ပူလို႔တဲ့။ ဆံပင္ေတြ ကြၽတ္လြန္းလို႔ ညႇပ္ထားတာတဲ့။ အဝတ္စကို ဖယ္တဲ့အခါ ေျပာင္းဖူးျပဳတ္ေတြ ဆီကေနအေငြ႕ေလးေတြ ထြက္လာေတာ့ ေဖေဖ့ရင္ထဲမွာ နာလိုက္တာ။ ဘယ္ေတာ့မွ မဆစ္ဘူး။ မဆစ္ခ်င္ဘူး။ မဆစ္ရက္ဘူး။

ဘဝတဝမ္းတခါးကို ေျခကုန္လက္ပန္းက်မတတ္ ကူးခတ္ေနရတဲ့ သူေတြ ရွိပါတယ္။ သူတို႔ကို ဘယ္ေတာ့မွ ေဖေဖ မဆစ္ခ်င္ေတာ့ဘူး။ ပိုသြားပါေစ သမီးရယ္။ သာသြားပါေစ။ ကားအေရာင္းအဝယ္က်ေတာ့ ဆစ္ခ်င္ဆစ္ေပါ့။ အိမ္အေရာင္းအဝယ္က်ေတာ့ ဆစ္ခ်င္ဆစ္ေပါ့။ လက္ဝတ္လက္စား အေရာင္းအဝယ္က်ေတာ့ ဆစ္ခ်င္ဆစ္ေပါ့။ ေခြၽးကို ဆစ္ဖို႔ရာ ခက္လြန္းပါတယ္။ ဆရာ ေမာင္သာခ်ိဴ