ယောကျ်ားလေးအများစုက ဘောလုံးကန်ရတာ၊ မုတ်ဆိတ်မွေး ထားရတာကို သဘောကျကြပါတယ်။ ဒါပေမယ့် ဒါတွေက အပေါ်ယံ အချက်အလက်တွေပါပဲ။ အမျိုးသားတွေမှာ တခြားသူကို မပြောဘဲ လျှို့ဝှက်ထားတဲ့ အရာတွေ ရှိပါသေးတယ်။ အဲဒီအချက်တွေကို ဒီနေ့မှာ love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ဘာမှမလုပ်ဘဲနေရတဲ့ အချိန်တွေကို သဘောကျခြင်း

အမျိုးသားတွေက အလုပ်နဲ့ ပတ်သက်ပြီးတော့ အမြဲတမ်း တက်ကြွနေတာ မဟုတ်ပါဘူး။ သူတို့က လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ရွှင်ရွှင် တစ်ယောက်တည်း နေရတာကို ပိုသဘောကျပါတယ်။

၂။ အသေးအဖွဲအရာတွေကို သတိမထားမိခြင်း

အမျိုးသမီးတွေက အသေးစိတ် လိုက်တွေးတတ်၊ ပြောတတ်ပါတယ်။ ပွစိပွစိလည်း ခဏခဏ ပြောတတ်ပါသေးတယ်။ ဒါပေမယ့် အမျိုးသားတွေက ပွစိပွစိပြောတာကို အင်မတန်မုန်းပြီး ကောင်းကွက်ကိုပဲ ရွေးမြင်လိုက်ကြပါတယ်။

၃။ ပေါက်တိပေါက်ရှာ စဉ်းစားပြီး စိတ်ကို အပန်းဖြေခြင်း

အမျိုးသားတွေက တစ်ခါတရံမှာ စိတ်ကို အနားယူတယ်ဆိုပြီး တောင်စဉ်ရေမရ တွေးနေတတ်ပါတယ်။ ဥပမာ လမ်းပေါ်မှာ သွားနေတဲ့ ခရုက အင်္ကျီမပါတာလား၊ အိမ်မရှိတဲ့ ခရုလား ဆိုတာမျိုးပါ။

၄။ ကြောက်စိတ်

အမျိုးသားတွေမှာ ရဲရင့်တဲ့စိတ်၊ ပြတ်သားတဲ့စိတ်၊ မဟုတ်မခံစိတ်တွေ ရှိကြပါတယ်။ ဒါပေမယ့် သူတို့မှာ ကြောက်စိတ်လည်း ရှိကြပါတယ်။ အပြင်ပန်းမှာ သန်မာတယ် ထင်ရပေမယ့် ကြောက်စိတ်ကတော့ ရှိနေမြဲပါပဲ။ ဒါပေမယ့် သူတို့ရဲ့ကြောက်စိတ်ကို ထုတ်မပြ တတ်ကြပါဘူး။

၅။ အမျိုးသမီးတွေကို သုံးသပ်ခြင်း

အမျိုးသားတွေက အမျိုးသမီး ချောချောလှလှလေးတွေ တွေ့ရင် အကြောင်းမဲ့ လိုက်ကြည့်တာတော့ မဟုတ်ပါဘူး။ တစ်ချိန်မှာ အနာဂတ်က သူတို့ကလေးတွေရဲ့အမေအတွက် ဘယ်မိန်းကလေးက အကောင်းဆုံးဖြစ်မလဲ ဆိုတာကို တန်ဖိုးတွက်နေတာပါ။

၆။ အားပေးမှုကို အသိအမှတ်ပြုခြင်း

စိတ်အားငယ်နေချိန်မှာ အားပေးတဲ့သူကို အမျိုးသမီးတွေတင်မက အမျိုးသားတွေပါ လိုအပ်ပါတယ်။ သူတို့ကို စိတ်ဓါတ်ကျနေချိန်မှာ အားပေးတဲ့သူ၊ ဖေးမတဲ့သူကိုလည်း စိတ်ထဲမှာ သေသေချာချာ အသိအမှတ်ပြုပြီး ကျေးဇူးတင်တတ်ကြပါတယ်။

Zombie (lovemedia)

for zawgyi

မိန္းကေလးေတြမသိတဲ့ ေယာက်္ားေလးေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္ (၆) ခ်က္

ေယာက်္ားေလးအမ်ားစုက ေဘာလုံးကန္ရတာ၊ မုတ္ဆိတ္ေမြးထားရတာကို သေဘာက်ၾကပါတယ္။ ဒါေပမယ့္ ဒါေတြက အေပၚယံ အခ်က္အလက္ေတြပါပဲ။ အမ်ိဳးသားေတြမွာ တျခားသူကို မေျပာဘဲ လွ်ိဳ႕ဝွက္ထားတဲ့ အရာေတြ ရွိပါေသးတယ္။ အဲဒီအခ်က္ေတြကို ဒီေန႔မွာ love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ဘာမွမလုပ္ဘဲေနရတဲ့ အခ်ိန္ေတြကို သေဘာက်ျခင္း

အမ်ိဳးသားေတြက အလုပ္နဲ႔ ပတ္သက္ၿပီးေတာ့ အၿမဲတမ္း တက္ႂကြေနတာ မဟုတ္ပါဘူး။ သူတို႔က လြတ္လြတ္လပ္လပ္နဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ တစ္ေယာက္တည္း ေနရတာကို ပိုသေဘာက်ပါတယ္။

၂။ အေသးအဖြဲအရာေတြကို သတိမထားမိျခင္း

အမ်ိဳးသမီးေတြက အေသးစိတ္ လိုက္ေတြးတတ္၊ ေျပာတတ္ပါတယ္။ ပြစိပြစိလည္း ခဏခဏ ေျပာတတ္ပါေသးတယ္။ ဒါေပမယ့္ အမ်ိဳးသားေတြက ပြစိပြစိေျပာတာကို အင္မတန္မုန္းၿပီး ေကာင္းကြက္ကိုပဲ ေ႐ြးျမင္လိုက္ၾကပါတယ္။

၃။ ေပါက္တိေပါက္ရွာ စဥ္းစားၿပီး စိတ္ကို အပန္းေျဖျခင္း

အမ်ိဳးသားေတြက တစ္ခါတရံမွာ စိတ္ကို အနားယူတယ္ဆိုၿပီး ေတာင္စဥ္ေရမရ ေတြးေနတတ္ပါတယ္။ ဥပမာ လမ္းေပၚမွာ သြားေနတဲ့ ခ႐ုက အက်ႌမပါတာလား၊ အိမ္မရွိတဲ့ ခ႐ုလား ဆိုတာမ်ိဳးပါ။

၄။ေၾကာက္စိတ္

အမ်ိဳးသားေတြမွာ ရဲရင့္တဲ့စိတ္၊ ျပတ္သားတဲ့စိတ္၊ မဟုတ္မခံစိတ္ေတြ ရွိၾကပါတယ္။ ဒါေပမယ့္ သူတို႔မွာ ေၾကာက္စိတ္လည္း ရွိၾကပါတယ္။ အျပင္ပန္းမွာ သန္မာတယ္ ထင္ရေပမယ့္ ေၾကာက္စိတ္ကေတာ့ ရွိေနၿမဲပါပဲ။ ဒါေပမယ့္ သူတို႔ရဲ႕ေၾကာက္စိတ္ကို ထုတ္မျပ တတ္ၾကပါဘူး။

၅။ အမ်ိဳးသမီးေတြကို သုံးသပ္ျခင္း

အမ်ိဳးသားေတြက အမ်ိဳးသမီး ေခ်ာေခ်ာလွလွေလးေတြ ေတြ႕ရင္ အေၾကာင္းမဲ့ လိုက္ၾကည့္တာေတာ့ မဟုတ္ပါဘူး။ တစ္ခ်ိန္မွာ အနာဂတ္က သူတို႔ကေလးေတြရဲ႕အေမအတြက္ ဘယ္မိန္းကေလးက အေကာင္းဆုံးျဖစ္မလဲ ဆိုတာကို တန္ဖိုးတြက္ေနတာပါ။

၆။ အားေပးမႈကို အသိအမွတ္ျပဳျခင္း

စိတ္အားငယ္ေနခ်ိန္မွာ အားေပးတဲ့သူကို အမ်ိဳးသမီးေတြတင္မက အမ်ိဳးသားေတြပါ လိုအပ္ပါတယ္။ သူတို႔ကို စိတ္ဓါတ္က်ေနခ်ိန္မွာ အားေပးတဲ့သူ၊ ေဖးမတဲ့သူကိုလည္း စိတ္ထဲမွာ ေသေသခ်ာခ်ာ အသိအမွတ္ျပဳၿပီး ေက်းဇူးတင္တတ္ၾကပါတယ္။

Zombie (lovemedia)