နောက်ဆုံး ပို့ဆောင်ဖို့ လာကြိုသည့်သူနှင့် အတူ မိန်းကလေး တယောက် သေဆုံးသွားသည်။ သူမ ဒါကို သတိထား မိတဲ့ အချိန် သေမင်းဟု ယူဆရသည့် ဝတ်ရုံနက် ခြုံထားသော လူကြီးက သူ့ဘေးရောက်နှင့် နေပြီ။ လက်ထဲမှာလည်း တဖက်က သူကိုင်နေကျ တူရွှင်း အရှည်ကြီးနှင့် နောက်တဖက်မှာ လက်ဆွဲ သေတ္တာလေး တခုနှင့်။

သေမင်းက ထိုမိန်းကလေးကို ပြောသည်။ "လာ ကလေးမလေး သွားဖို့ အချိန်တန်ပြီ"

မိန်းကလေး - "ဟင် မြန်လိုက်တာ။ သမီးမှာ လုပ်စရာ အစီအစဉ်တွေ အများကြီး ကျန်သေးတယ်"

သေမင်း - "တကယ် စိတ်မကောင်းပါဘူး။ အချိန် မရှိတော့လို့ပါ"

မိန်းကလေး - "ဦးလက်ထဲက သေတ္တာထဲမှာ ဘာတွေ ထည့်ထားတာလဲ"

သေမင်း - "မင်းနဲ့ ဆိုင်တဲ့ ဥစ္စာတွေ"

မိန်းကလေး - "သမီးနဲ့ ဆိုင်တဲ့ ဥစ္စာတွေ ဟုတ်လား။ ဦးဆိုလိုတာ သမီးရဲ့ အဝတ်အစားတွေ၊ ရွှေတွေ ငွေတွေ ကိုလား"

သေမင်း - "အဲဒီဥစ္စာတွေက မင်းနဲ့ အစကတည်းက မဆိုင်ခဲ့ဘူး။ အဲဒါတွေက ကမ္ဘာကြီးနဲ့ပဲ ဆိုင်တာ"

မိန်းကလေး - "ဒါဆို သမီးရဲ့ မှတ်ဉာဏ်တွေလား"

သေမင်း - "မှတ်ဉာဏ်က အချိန်နဲ့ပဲ ဆိုင်တာ"

မိန်းကလေး - "ဒါဆို သမီးရဲ့ ပညာလား"

သေမင်း - "ပညာက ပတ်ဝန်းကျင်နဲ့ပဲ ဆိုင်ခဲ့တာ"

မိန်းကလေး - "ဒါဆို သမီးရဲ့ မိတ်ဆွေတွေလား"

သေမင်း - "မဟုတ်ဘူး။ မိတ်ဆွေတွေက မင်းဖြတ်သန်း လာခဲ့တဲ့ ဘဝရဲ့ ဧည့်သည်တွေ"

မိန်းကလေး - "ဒါဆို သမီးရဲ့ ချစ်သူ လား"

သေမင်း - "မဟုတ်ဘူး။ သူက မင်းရဲ့ အတွေးနဲ့ပဲ ဆိုင်ခဲ့တာ"

မိန်းကလေး - "ဒါဆို ကျိန်းသေပြီ၊ အထဲထဲမှာ သမီးရဲ့ ခန္ဓာကိုယ်ပဲ ဖြစ်ရမယ်"

သေမင်း - "ဟင့်အင်း ခန္ဓာကိုယ်က မြေမှုန်နဲ့ပဲ ဆိုင်တာ"

မိန်းကလေး - "ဒါဆို နောက်ဆုံးဖြစ်တဲ့ သမီးရဲ့ ဝိညဉ်လား"

သေမင်း - "သနားစရာကောင်းတဲ့ မိန်းကလေးရယ် မင်းရဲ့ ဝိညဉ်က ငါနဲ့ပဲ ဆိုင်တာ"

မိန်းကလေး မျက်နှာမှာ အကြောက်တရားတွေနဲ့ ပြည့်လာနေခဲ့ပြီး ဇောချွေး ပြန်လာသည်။ သူမ မစောင့်နိုင်တော့ဘဲ သေမင်းရဲ့ လက်ထဲက သေတ္တာလေးကို ဆွဲယူ ဖွင့်လိုက်သည်။ အထဲမှာ ဘာမှ မပါ၊ ဗလာနတ္တိ ဖြစ်နေသည်။ သူမ အသည်းကွဲ သွားသည်။ မျက်ရည်အပြည့်နဲ့ သေမင်းကို မေးလိုက်သည်။

မိန်းကလေး - "သမီး ဘယ်တုန်းကမှ ဘာမှ မပိုင်ဆိုင် ခဲ့ဘူးပေါ့လေ ဟုတ်သလား"

သေမင်း - "ဟုတ်တယ် မင်း ဘယ်တုန်းကမှ ဘယ်အရာမှ မပိုင်ဆိုင်ခဲ့ဘူး"

မိန်းကလေး - "ဒါဆို ဘယ်အရာက သမီးနဲ့ ဆိုင်ခဲ့သလဲ"

သေမင်း - "မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ မင်း အသက်ရှိစဉ် အခါက မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို မင်းပိုင်ဆိုင် ခဲ့တယ်။ လူဘဝဆိုတာ မျက်တောင် တချက် ခတ်တိုင်းမှာ ဖြစ်ပျက် သွားကြတာပဲလေ" တဲ့။

မှတ်ချက် ။ ။ သေမင်းသည် သင်တို့ထင်ခဲ့သလို ကြောက်မက်ဖွယ်ရာ ကောင်းသောသူ မဟုတ်ပါ။ သင့်ရဲ့ နောက်ဆုံးခရီးကို လိုက်လံ ပို့ဆောင်ဖို့ လာကြိုသည့် သူသာပင်။

သင့်ရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို ကောင်းကောင်း တန်ဖိုးထားပါ။ အသက်ကို တန်ဖိုးထားပါ။ အသက်မှာ ပျော်ရွှင်ပါ။ အသက်ကို ရှင်သန်ပါ။ သေမင်းသေတ္တာထဲမှာ ထည့်သွားနိုင်တဲ့ ဒါန၊ သီလ၊ ဘာဝနာ များကို ပြုပါ။ Crd

for zawgyi

ေသမင္းလက္ထဲက ေသတၱာ

ေနာက္ဆုံး ပို႔ေဆာင္ဖို႔ လာႀကိဳသည့္သူႏွင့္ အတူ မိန္းကေလး တေယာက္ ေသဆုံးသြားသည္။ သူမ ဒါကို သတိထား မိတဲ့ အခ်ိန္ ေသမင္းဟု ယူဆရသည့္ ဝတ္႐ုံနက္ ၿခဳံထားေသာ လူႀကီးက သူ႔ေဘးေရာက္ႏွင့္ ေနၿပီ။ လက္ထဲမွာလည္း တဖက္က သူကိုင္ေနက် တူ႐ႊင္း အရွည္ႀကီးႏွင့္ ေနာက္တဖက္မွာ လက္ဆြဲ ေသတၱာေလး တခုႏွင့္။

ေသမင္းက ထိုမိန္းကေလးကို ေျပာသည္။ "လာ ကေလးမေလး သြားဖို႔ အခ်ိန္တန္ၿပီ"

မိန္းကေလး - "ဟင္ ျမန္လိုက္တာ။ သမီးမွာ လုပ္စရာ အစီအစဥ္ေတြ အမ်ားႀကီး က်န္ေသးတယ္"

ေသမင္း - "တကယ္ စိတ္မေကာင္းပါဘူး။ အခ်ိန္ မရွိေတာ့လို႔ပါ"

မိန္းကေလး - "ဦးလက္ထဲက ေသတၱာထဲမွာ ဘာေတြ ထည့္ထားတာလဲ"

ေသမင္း - "မင္းနဲ႔ ဆိုင္တဲ့ ဥစၥာေတြ"

မိန္းကေလး - "သမီးနဲ႔ ဆိုင္တဲ့ ဥစၥာေတြ ဟုတ္လား။ ဦးဆိုလိုတာ သမီးရဲ႕ အဝတ္အစားေတြ၊ ေ႐ႊေတြ ေငြေတြ ကိုလား"

ေသမင္း - "အဲဒီဥစၥာေတြက မင္းနဲ႔ အစကတည္းက မဆိုင္ခဲ့ဘူး။ အဲဒါေတြက ကမာၻႀကီးနဲ႔ပဲ ဆိုင္တာ"

မိန္းကေလး - "ဒါဆို သမီးရဲ႕ မွတ္ဉာဏ္ေတြလား"

ေသမင္း - "မွတ္ဉာဏ္က အခ်ိန္နဲ႔ပဲ ဆိုင္တာ"

မိန္းကေလး - "ဒါဆို သမီးရဲ႕ ပညာလား"

ေသမင္း - "ပညာက ပတ္ဝန္းက်င္နဲ႔ပဲ ဆိုင္ခဲ့တာ"

မိန္းကေလး - "ဒါဆို သမီးရဲ႕ မိတ္ေဆြေတြလား"

ေသမင္း - "မဟုတ္ဘူး။ မိတ္ေဆြေတြက မင္းျဖတ္သန္း လာခဲ့တဲ့ ဘဝရဲ႕ ဧည့္သည္ေတြ"

မိန္းကေလး - "ဒါဆို သမီးရဲ႕ ခ်စ္သူ လား"

ေသမင္း - "မဟုတ္ဘူး။ သူက မင္းရဲ႕ အေတြးနဲ႔ပဲ ဆိုင္ခဲ့တာ"

မိန္းကေလး - "ဒါဆို က်ိန္းေသၿပီ၊ အထဲထဲမွာ သမီးရဲ႕ ခႏၶာကိုယ္ပဲ ျဖစ္ရမယ္"

ေသမင္း - "ဟင့္အင္း ခႏၶာကိုယ္က ေျမမႈန္နဲ႔ပဲ ဆိုင္တာ"

မိန္းကေလး - "ဒါဆို ေနာက္ဆုံးျဖစ္တဲ့ သမီးရဲ႕ ဝိညဥ္လား"

ေသမင္း - "သနားစရာေကာင္းတဲ့ မိန္းကေလးရယ္ မင္းရဲ႕ ဝိညဥ္က ငါနဲ႔ပဲ ဆိုင္တာ"

မိန္းကေလး မ်က္ႏွာမွာ အေၾကာက္တရားေတြနဲ႔ ျပည့္လာေနခဲ့ၿပီး ေဇာေခြၽး ျပန္လာသည္။ သူမ မေစာင့္ႏိုင္ေတာ့ဘဲ ေသမင္းရဲ႕ လက္ထဲက ေသတၱာေလးကို ဆြဲယူ ဖြင့္လိုက္သည္။ အထဲမွာ ဘာမွ မပါ၊ ဗလာနတၱိ ျဖစ္ေနသည္။ သူမ အသည္းကြဲ သြားသည္။ မ်က္ရည္အျပည့္နဲ႔ ေသမင္းကို ေမးလိုက္သည္။

မိန္းကေလး - "သမီး ဘယ္တုန္းကမွ ဘာမွ မပိုင္ဆိုင္ ခဲ့ဘူးေပါ့ေလ ဟုတ္သလား"

ေသမင္း - "ဟုတ္တယ္ မင္း ဘယ္တုန္းကမွ ဘယ္အရာမွ မပိုင္ဆိုင္ခဲ့ဘူး"

မိန္းကေလး - "ဒါဆို ဘယ္အရာက သမီးနဲ႔ ဆိုင္ခဲ့သလဲ"

ေသမင္း - "မင္းရဲ႕ စကၠန႔္တိုင္း၊ မိနစ္တိုင္း၊ မင္း အသက္ရွိစဥ္ အခါက မင္းရဲ႕ စကၠန႔္တိုင္း၊ မိနစ္တိုင္းကို မင္းပိုင္ဆိုင္ ခဲ့တယ္။ လူဘဝဆိုတာ မ်က္ေတာင္ တခ်က္ ခတ္တိုင္းမွာ ျဖစ္ပ်က္ သြားၾကတာပဲေလ" တဲ့။

မွတ္ခ်က္ ။ ။ ေသမင္းသည္ သင္တို႔ထင္ခဲ့သလို ေၾကာက္မက္ဖြယ္ရာ ေကာင္းေသာသူ မဟုတ္ပါ။ သင့္ရဲ႕ ေနာက္ဆုံးခရီးကို လိုက္လံ ပို႔ေဆာင္ဖို႔ လာႀကိဳသည့္ သူသာပင္။

သင့္ရဲ႕ စကၠန႔္တိုင္း၊ မိနစ္တိုင္းကို ေကာင္းေကာင္း တန္ဖိုးထားပါ။ အသက္ကို တန္ဖိုးထားပါ။ အသက္မွာ ေပ်ာ္႐ႊင္ပါ။ အသက္ကို ရွင္သန္ပါ။ ေသမင္းေသတၱာထဲမွာ ထည့္သြားႏိုင္တဲ့ ဒါန၊ သီလ၊ ဘာဝနာ မ်ားကို ျပဳပါ။ Crd