ခိုးပြေးလို့ လက်ထပ်ရတဲ့ မိန်းကလေး တယောက် တန်ဖိုးနဲ့ တင့်တောင်း တင့်တယ် လူကြီးစုံရာနဲ့ တင်တောင်း ခံရတဲ့ မိန်းကလေး တယောက် တန်ဖိုး ဘယ်လိုမှ မတူနိုင်ပါဘူး။ ပစ္စည်းတောင်မှ သူ့တန်ဖိုး အလျောက် ဈေးကြီး ပေးဝယ်တာနဲ့ ခိုးပြီး အလကား ရတဲ့ ခိုးရာပစ္စည်း တန်ဖိုး အသီးသီး ရှိတာပဲ။

နောက်တချက်က ကိုယ့်ကို လာတောင်းလို့ ကိုယ့်ဘက်က သူနဲ့ စည်းမကျော် ထားဘူးဆို မိန်းကလေးဘက်က ကိုယ့်မိဘ မျက်နှာ မငယ်ရဘူး။ ခိုးပြေးပြီးမှ ပြန်လာအပ်ရင် ယောကျာ်းလေး ဘက်က ဘာပြောပြော ကိုယ့်မိဘတွေ မျက်နှာငယ်စွာ လက်ခံရတော့မယ်။

ကိုယ့်သမီးက စည်းကျော် ပြီးပြီကိုး။ သူ့သားက လှေကား သုံးထစ်ဆင်း လူပျို ပြန်ဖြစ်နိုင် ပေမယ့် ကိုယ့်သမီးက အပျို ပြန်မဖြစ်နိုင် တော့သလို ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်ထဲ ကိုယ့်သမီးကို မမျောစေ ချင်တော့ ကိုယ်ပဲ ခေါင်းငုံ့ ခံရတာပေါ့။

ပြီးတော့ နောက်တချက် တသက်လုံး ကျွေးမွေးလာတဲ့ မိဘတွေကို ပတ်ဝန်းကျင်က လက်ညှိုးထိုး ခံရမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ အဲ့ဒါကြောင့် ဘယ်လောက်ပဲ ချစ်ပါစေ မိဘကို ဆန့်ကျင်ပြီး ခိုးပြေးမယ့် အလုပ်မျိုး မလုပ်ဘဲ မိဘ သဘော တူအောင် ကြိုးစားသင့် ပါတယ်။

နောက်တခု ပြောရရင် အခုခေတ်မှာ (living together) တွေ များလာတယ်။ ရည်းစား ဆိုတာနဲ့ အဆင့် ကျော်ကြတယ်။ တကယ်တော့ အဲ့ဒါတွေက အနောက်တိုင်း ယဉ်ကျေးမှုတွေ ကိုယ်နေတာက မြန်မာပြည်၊ မြန်မာမိန်းကလေး တယောက် အနေနဲ့ အရှက်သိက္ခာကို ထိန်းသိမ်း သင့်ပါတယ်။

(Living together) နေပြီး (RS goals) လို့ ထင်နေတဲ့ သူတွေရော နေလိုက်ပါပြီရဲ့ အဲဒီ တယောက်နဲ့ လက်မထပ်ဖြစ် ရင်ရော နောက်တယောက်နဲ့လား။ အဲ့ဒါဆိုရင် ပြည့်တန်ဆာ တွေနဲ့ ဘာထူးတော့မလဲ။ ပြည့်တန်ဆာ တွေတောင် ဘဝပေး အခြေအနေ အရ လုပ်နေရလို့ ပြောရရင် သူတို့ကတောင် ပိုသာပါတယ်။

မိန်းကလေးတွေ အနေနဲ့ ဘယ်လောက် ချစ်ချစ် ကိုယ့်ကိုယ်ကို ပိုချစ်ပါ။ အရမ်းချစ်လို့ ဘဝပေးပြီး ချစ်တယ် ဆိုတာ မလုပ်မိပါစေနဲ့။ ကဲ ကိုယ် ဘဝပေး ချစ်တော့ရော ကိုယ့်ကို တန်ဖိုးထားမယ် ထင်သလား။ No ပါ။

ယောကျာ်း ဆိုတာမျိုးက (၁၀) မှာ(၉) ယောက်က မရခင်သာ လိုချင်တာ လက်တည့်စမ်း ချင်တာ ရလို့ ရိုးသွားရင် ပစ်သွားတတ်တဲ့ လူတွေချည်းပဲ။ ယောကျာ်း အကုန်လုံးတော့ မဟုတ်ပါဘူး။

ဒါပေမယ့် ကောင်းတဲ့ တယောက်နဲ့ တွေ့နိုင်မယ် ထင်သလား။ ကိုယ့်ကံ အဲဒီလောက် ကောင်းမယ်လို့ ယုံကြည်နိုင် သလား။ ကိုယ့် စိတ်တောင် အမျိုးမျိုး ပြောင်းနေတာ သူများစိတ်ကို ထိန်းချုပ်ဖို့ မဖြစ်နိုင် ပါဘူးလေ။

ပြီးတော့ ယောကျာ်းဆိုတာ ကိုယ်ကသာ လူပျို စစ်ချင်မှ စစ်မယ် ကိုယ်ယူမယ့် မိန်းကလေးဆိုတာ အပျိုစင်ပဲ လိုချင်ကြတာ။ ငါ မပါဘူးလို့ ပြောမယ့် ယောကျာ်းတွေ ရှိမှာပဲ။ ဒါပေမယ့် သူတို့တွေတောင် ကိုယ်ချစ်လို့ ခွင့်လွှတ်တာ ဖြစ်ချင်ဖြစ်မယ်၊ ဖြစ်နိုင်ရင် ကိုယ်လက်ထပ်မယ့်သူ အပျိုစင်ပဲ ဖြစ်ချင်ကြတာပါ။

အပျိုစင်ဘဝ ဆိုတာ ကိုယ့်ကို တန်ဖိုးထားပြီး တဘဝလုံး စောင့်ရှောက်ပေးမယ့် ကိုယ့်ကို လက်ထပ်ယူမယ့် ယောကျာ်းတယောက်အတွက် ပေးရမယ့် အရာတခုပါ။ ပထမဆုံး အကြိမ် အတားအဆီး မရှိ ရလာမယ့် ကလေးလေးကိုလည်း ကြိုဆိုပေးပါ။

ပျော်ရွှင်တဲ့ သိက္ခာရှိတဲ့ မိသားစုလေး တခု ဖန်တီးပေးပါ။ ဒီစာစုလေး ဖတ်ပြီးလို့ ကိုယ့်ကိုယ်ကို တန်ဖိုးထား တတ်တဲ့ မိန်းကလေးတွေ တယောက်လောက် ရှိမယ် ဆိုရင်တောင် ကျေနပ်မိပါတယ်။ Crd

for zawgyi

မိန္းကေလးတေယာက္ရဲ႕ တန္ဖိုး

ခိုးေျပးလို႔ လက္ထပ္ရတဲ့ မိန္းကေလး တေယာက္ တန္ဖိုးနဲ႔ တင့္ေတာင္း တင့္တယ္ လူႀကီးစုံရာနဲ႔ တင္ေတာင္း ခံရတဲ့ မိန္းကေလး တေယာက္ တန္ဖိုး ဘယ္လိုမွ မတူႏိုင္ပါဘူး။ ပစၥည္းေတာင္မွ သူ႔တန္ဖိုး အေလ်ာက္ ေဈးႀကီး ေပးဝယ္တာနဲ႔ ခိုးၿပီး အလကား ရတဲ့ ခိုးရာပစၥည္း တန္ဖိုး အသီးသီး ရွိတာပဲ။

ေနာက္တခ်က္က ကိုယ့္ကို လာေတာင္းလို႔ ကိုယ့္ဘက္က သူနဲ႔ စည္းမေက်ာ္ ထားဘူးဆို မိန္းကေလးဘက္က ကိုယ့္မိဘ မ်က္ႏွာ မငယ္ရဘူး။ ခိုးေျပးၿပီးမွ ျပန္လာအပ္ရင္ ေယာက်ာ္းေလး ဘက္က ဘာေျပာေျပာ ကိုယ့္မိဘေတြ မ်က္ႏွာငယ္စြာ လက္ခံရေတာ့မယ္။

ကိုယ့္သမီးက စည္းေက်ာ္ ၿပီးၿပီကိုး။ သူ႔သားက ေလွကား သုံးထစ္ဆင္း လူပ်ိဳ ျပန္ျဖစ္ႏိုင္ ေပမယ့္ ကိုယ့္သမီးက အပ်ိဳ ျပန္မျဖစ္ႏိုင္ ေတာ့သလို ပတ္ဝန္းက်င္ရဲ႕ တံေတြးခြက္ထဲ ကိုယ့္သမီးကို မေမ်ာေစ ခ်င္ေတာ့ ကိုယ္ပဲ ေခါင္းငုံ႔ ခံရတာေပါ့။

ၿပီးေတာ့ ေနာက္တခ်က္ တသက္လုံး ေကြၽးေမြးလာတဲ့ မိဘေတြကို ပတ္ဝန္းက်င္က လက္ညႇိဳးထိုး ခံရမယ့္ အလုပ္မ်ိဳး ဘယ္ေတာ့မွ မလုပ္ပါနဲ႔။ အဲ့ဒါေၾကာင့္ ဘယ္ေလာက္ပဲ ခ်စ္ပါေစ မိဘကို ဆန႔္က်င္ၿပီး ခိုးေျပးမယ့္ အလုပ္မ်ိဳး မလုပ္ဘဲ မိဘ သေဘာ တူေအာင္ ႀကိဳးစားသင့္ ပါတယ္။

ေနာက္တခု ေျပာရရင္ အခုေခတ္မွာ (living together) ေတြ မ်ားလာတယ္။ ရည္းစား ဆိုတာနဲ႔ အဆင့္ ေက်ာ္ၾကတယ္။ တကယ္ေတာ့ အဲ့ဒါေတြက အေနာက္တိုင္း ယဥ္ေက်းမႈေတြ ကိုယ္ေနတာက ျမန္မာျပည္၊ ျမန္မာမိန္းကေလး တေယာက္ အေနနဲ႔ အရွက္သိကၡာကို ထိန္းသိမ္း သင့္ပါတယ္။

(Living together) ေနၿပီး (RS goals) လို႔ ထင္ေနတဲ့ သူေတြေရာ ေနလိုက္ပါၿပီရဲ႕ အဲဒီ တေယာက္နဲ႔ လက္မထပ္ျဖစ္ ရင္ေရာ ေနာက္တေယာက္နဲ႔လား။ အဲ့ဒါဆိုရင္ ျပည့္တန္ဆာ ေတြနဲ႔ ဘာထူးေတာ့မလဲ။ ျပည့္တန္ဆာ ေတြေတာင္ ဘဝေပး အေျခအေန အရ လုပ္ေနရလို႔ ေျပာရရင္ သူတို႔ကေတာင္ ပိုသာပါတယ္။

မိန္းကေလးေတြ အေနနဲ႔ ဘယ္ေလာက္ ခ်စ္ခ်စ္ ကိုယ့္ကိုယ္ကို ပိုခ်စ္ပါ။ အရမ္းခ်စ္လို႔ ဘဝေပးၿပီး ခ်စ္တယ္ ဆိုတာ မလုပ္မိပါေစနဲ႔။ ကဲ ကိုယ္ ဘဝေပး ခ်စ္ေတာ့ေရာ ကိုယ့္ကို တန္ဖိုးထားမယ္ ထင္သလား။ No ပါ။

ေယာက်ာ္း ဆိုတာမ်ိဳးက (၁၀) မွာ(၉) ေယာက္က မရခင္သာ လိုခ်င္တာ လက္တည့္စမ္း ခ်င္တာ ရလို႔ ႐ိုးသြားရင္ ပစ္သြားတတ္တဲ့ လူေတြခ်ည္းပဲ။ ေယာက်ာ္း အကုန္လုံးေတာ့ မဟုတ္ပါဘူး။

ဒါေပမယ့္ ေကာင္းတဲ့ တေယာက္နဲ႔ ေတြ႕ႏိုင္မယ္ ထင္သလား။ ကိုယ့္ကံ အဲဒီေလာက္ ေကာင္းမယ္လို႔ ယုံၾကည္ႏိုင္ သလား။ ကိုယ့္ စိတ္ေတာင္ အမ်ိဳးမ်ိဳး ေျပာင္းေနတာ သူမ်ားစိတ္ကို ထိန္းခ်ဳပ္ဖို႔ မျဖစ္ႏိုင္ ပါဘူးေလ။

ၿပီးေတာ့ ေယာက်ာ္းဆိုတာ ကိုယ္ကသာ လူပ်ိဳ စစ္ခ်င္မွ စစ္မယ္ ကိုယ္ယူမယ့္ မိန္းကေလးဆိုတာ အပ်ိဳစင္ပဲ လိုခ်င္ၾကတာ။ ငါ မပါဘူးလို႔ ေျပာမယ့္ ေယာက်ာ္းေတြ ရွိမွာပဲ။ ဒါေပမယ့္ သူတို႔ေတြေတာင္ ကိုယ္ခ်စ္လို႔ ခြင့္လႊတ္တာ ျဖစ္ခ်င္ျဖစ္မယ္၊ ျဖစ္ႏိုင္ရင္ ကိုယ္လက္ထပ္မယ့္သူ အပ်ိဳစင္ပဲ ျဖစ္ခ်င္ၾကတာပါ။

အပ်ိဳစင္ဘဝ ဆိုတာ ကိုယ့္ကို တန္ဖိုးထားၿပီး တဘဝလုံး ေစာင့္ေရွာက္ေပးမယ့္ ကိုယ့္ကို လက္ထပ္ယူမယ့္ ေယာက်ာ္းတေယာက္အတြက္ ေပးရမယ့္ အရာတခုပါ။ ပထမဆုံး အႀကိမ္ အတားအဆီး မရွိ ရလာမယ့္ ကေလးေလးကိုလည္း ႀကိဳဆိုေပးပါ။

ေပ်ာ္႐ႊင္တဲ့ သိကၡာရွိတဲ့ မိသားစုေလး တခု ဖန္တီးေပးပါ။ ဒီစာစုေလး ဖတ္ၿပီးလို႔ ကိုယ့္ကိုယ္ကို တန္ဖိုးထား တတ္တဲ့ မိန္းကေလးေတြ တေယာက္ေလာက္ ရွိမယ္ ဆိုရင္ေတာင္ ေက်နပ္မိပါတယ္။ Crd