လောကမှာ အင်အားကြီးသူက အင်အားငယ်သူကို အနိုင်ယူတတ်တာ ဓမ္မတာ ပဲလေ။ အဲသလို အင်အားကြီးသူကို ကြောက်ရလို့လဲ တချို့က ကိုယ့်ချမ်းသာရရေး အဆင်ပြေရေး အတွက် ဘေးကင်းအောင် ပူဇော် ပသကြရ၊ လာဘ်ထိုးကြရတာ ပေါ့ဗျာ။

အဲ၊ အင်အားကြီးသူတွေ ကလည်း မိမိက နေရာတကာ အနိုင်ယူလာ တာများတော့ "ငါ့ကိုယ် ဘယ်သူမှ တော်လှန်နိုင်မှာ မဟုတ်ပါဘူးကွာ" ဆိုပြီး ကိုယ့်ကိုယ်ကို အထင်ကြီးလာ တတ်ပါတယ်။ အဲဒီ အထင်ကြီးမှုဟာ သူ့ကို ကောင်းကောင်းကြီး ဒုက္ခပေးတော့တာ ပါဘဲဗျ။

မကြာသေးခင်က တောင်အာဖရိကနိုင်ငံမှာ စပါးကြီးမြွေက ဖြူကောင်ကို မျိုတဲ့ သတင်းလေး တပုဒ် ဖတ်ရသဗျ။ တောင်အာဖရိက စပါးကြီးမြွေဟာ ကမ္ဘာမှာ အကြီးဆုံး လို့တောင် ပြောပါတယ်။ နောက်ပြီး တောင်အာဖရိက ဖြူကောင်ကလည်း ဆိုဒ်က ဝက်ပေါက်လောက် ရှိပါတယ်။ ဖြူထဲမှာတော့ ကမ္ဘာမှာ အကြီးဆုံး ပါဘဲတဲ့။

တနေ့ တောထဲမှာ စပါးကြီးမြွေက ဖြူကိုတွေ့တော့ ပတ်ပြီး မျိုပါတယ်။ သူပတ်တဲ့ အချိန်မှာ ဖြူကောင်ရဲ့ ဆူးတောင်တွေက နောက်ကို လဲနေတော့ မျိုတဲ့အခါမှာ ဗိုက်ထဲကို ချောချော မောမော ဝင်သွားတာ ပေါ့ဗျာ။ အတော်လေး ကြာတော့ အစာချေဖို့ လှုပ်ရှားတဲ့ အခါမှာ ဆူးတောင်တွေက သူ့ဗိုက်ကို စူးပြီး မအီမသာ ဖြစ်လာပါတယ်။ ဒီတော့ သူမျိုထားတဲ့ ဖြူကောင်ကို ပြန်အန်ထုတ်ဖို့ ကြိုးစား ပါတယ်။

သာမန်အကောင် ဆိုရင် တခဏခြင်းမှာ ပြန်အန်လို့ ရပါတယ်။ ဒါပေမဲ့ ဖြူကောင်ကို ပြန်အန်တဲ့ အခါမှာတော့ အန်ဖို့ ကြိုးစားလေ ဆူးတောင်တွေက နောက်လှန်ဖြစ်နေလို့ သူ့ဗိုက်နံရံတွေကို ပိုစူးလေ။ ပိုညှစ်ထုတ်လေ သူ့အသားထဲ ပိုဝင်လေနဲ့ နောက်ဆုံးတော့ သူ့ဗိုက်တွေ ပေါက်ပြီး သေဆုံး သွားပါသတဲ့။ နေရာတကာ အင်အားနဲ့ အနိုင်ယူ လာခဲ့တဲ့ စပါးကြီးမြွေ အခုတော့ မျိုမရ ထွေးမရ ဖြစ်ပြီး သေရရှာတယ်လေ။

နောက်ထပ် အဲသလိုမျိုး ခပ်ဆန်ဆန် ဇာတ်လမ်း ရှိခဲ့ဖူးသဗျ။ ဘုရား လက်ထက်က ကောသလမင်းကြီး ပေါ့ဗျာ။ ဘုရင် ဆိုတော့ အင်အားကြီး သလောက် ရက်စက်ပုံလည်း ပေါက်ပါတယ်။ ဘုရားပွင့်တော့ မင်းသူဌေး သူကြွယ်တွေက ဗုဒ္ဓဘာသာ ပြောင်းကိုးကွယ်တော့ တိတ္ထိတွေ ဘက်က လာဘ်လာဘတွေ ဆုတ်ကုန်တာပေါ့ဗျာ။

ဒီတော့ သူတို့က "ဂေါတမ ဒီလောက် ဘုန်းကြီးတာ ဘူမိနက်သန် မှန်လို့ နေမယ်။ ဒီတော့ ဒို့လည်း သူ့ကျောင်းနား သွားပြီး ကျောင်းဆောက်မယ်" ဆိုပြီး ကြံကြပါသတဲ့ ဗျ။ ဒါကြောင့် ဆောက်ခွင့် ရအောင် ငွေတသိန်း ဘုရင်ကြီးကို သွားပြီး လာဘ်ထိုး သတဲ့။ ချက်ချင်း ဆောက်ခွင့်ပါမစ်က ကျတာပေါ့ဗျာ။

ရရချင်း ကျောင်းဘေးမှာ ဆူဆူ ညံညံနဲ့ ကျောင်းဆောက် ကြတော့ ဘုရားက အသံကြားလို့ အာနန္ဒာကို မေးတယ်။ အာနန္ဒာက တိတ္ထိတွေ ကျောင်းဆောက်နေကြောင်း ပြန်ဖြေတယ်။ ဒါဟာ နောက်ပိုင်းမှာ သာသနာတော်ရဲ့ အန္တရာယ်လည်း ဖြစ်နိုင်တယ်။ နောက်ပီး ဘာသာတခုနဲ့ တခု ရှုပ်ထွေးမှုတွေလည်း ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဘုရင်ကြီးကို ဆောက်လုပ်ခွင့် မပေးဖို့ ရှင်အာနန္ဒာ နန်းတော်ကို သွားပြောခိုင်းလိုက် ပါတယ်။

အာနန္ဒာက နန်းတော်ကို သွားတော့ ဘုရင်က လာဘ်ယူထားပြီးပြီ ဆိုတော့ ထွက်မတွေ့တော့ဘူး။ ဒါနဲ့ ကျောင်းပြန်လာတယ်။ ဘုရင်က အတွေ့ မခံကြောင်း ဘုရားလျှောက်တော့ ရှင်သာရိပုတြာနဲ့ ရှင်မောဂ္ဂလာန် တပည့်ကြီး နှစ်ပါးကို ထပ်လွှတ်တယ်။ ဒါလည်း ထွက်မတွေ့ဘူး။ နောက်တော့ ဘုရား ကိုယ်တိုင် ကြွသွားတော့ ဘုရင်က မနေရဲလို့ ထွက်တွေ့လာတယ်။

ဘုရားက ဘာသာ တခုနဲ့တခု ရန်တိုက်ပေးရင်၊ ရဟန်းတွေ အချင်းချင်း ရန်တိုက်ပေးရင် တိုင်းပြည် ပျက်စီး တတ်ကြောင်းကို ရှေးဇာတ်လမ်းတပုဒ် ထုတ်ဟော လိုက်တော့မှ ဘုရင်လည်း ထိတ်လန့် တုန်လှုပ် သွားတယ်။ ဒီတော့ သူလာဘ်စား ထားတဲ့ ကိစ္စက မျိုမရ၊ ထွေးမရ ဖြစ်နေတာပေါ့။ နောက်ဆုံးမှ ဆောက်လုပ်ခွင့် ပါမစ်ကို ပြန်ရုတ်သိမ်း လိုက်သဗျ။

အဲ၊ ဒါပေမဲ့ လည်း။ အခုလို ဘုရားကို စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်ခဲ့တဲ့ အပြစ်ကြောင့် နောက်ဆုံး အသက် ရှစ်ဆယ် အိုကြီး ချက်မ အရွယ်ရောက်မှ သူ့ရဲ့ စစ်သူကြီးက အာဏာသိမ်းတာကို ခံလိုက်ရပါတယ်။ အကူအညီရဖို့ သူ့တူ အဇာတသတ် မင်းဆီ ထွက်ပြေးပြန် တော့လည်း အချိန် နောက်ကျပြီး မြို့ဝင်ဂိတ်တံခါး ပိတ်သွားလို့ မြို့ပြင်ဘက် ဇရပ်ပေါ်မှာ ညအိပ်ရင်း နတ်ရွာစံသွား ရလေသဗျ။

အင်း၊ သူလည်း တသိန်းတန် အထုပ်ကြီးကို သွားမျိုမိလို့ ထီးနန်းလည်း အလုခံရပြီး၊ နောက်ဆုံး မြို့ပြင်မှာ သူတောင်းစားလို သေခါ ဘဝနိဂုံး ချုပ်သွားရ သဗျ။ အထက်က ဖြူကောင် မျိုမိလို့ သေသွားရတဲ့ စပါးကြီးမြွေနဲ့ သူ့ဘဝ သိပ်မထူးလှ ပါဘူးဗျာ။ အော် အစား အစား ကြည့်စားကြ။ အဲဒါမျိုးက လျက်ဆားလျက် လို့ မရဘူး။ Crd ဦးနန္ဒာစာရ (မုံရွာ)

for zawgyi

အစားမေတာ္ တလုပ္

ေလာကမွာ အင္အားႀကီးသူက အင္အားငယ္သူကို အႏိုင္ယူတတ္တာ ဓမၼတာ ပဲေလ။ အဲသလို အင္အားႀကီးသူကို ေၾကာက္ရလို႔လဲ တခ်ိဳ႕က ကိုယ့္ခ်မ္းသာရေရး အဆင္ေျပေရး အတြက္ ေဘးကင္းေအာင္ ပူေဇာ္ ပသၾကရ၊ လာဘ္ထိုးၾကရတာ ေပါ့ဗ်ာ။

အဲ၊ အင္အားႀကီးသူေတြ ကလည္း မိမိက ေနရာတကာ အႏိုင္ယူလာ တာမ်ားေတာ့ "ငါ့ကိုယ္ ဘယ္သူမွ ေတာ္လွန္ႏိုင္မွာ မဟုတ္ပါဘူးကြာ" ဆိုၿပီး ကိုယ့္ကိုယ္ကို အထင္ႀကီးလာ တတ္ပါတယ္။ အဲဒီ အထင္ႀကီးမႈဟာ သူ႔ကို ေကာင္းေကာင္းႀကီး ဒုကၡေပးေတာ့တာ ပါဘဲဗ်။

မၾကာေသးခင္က ေတာင္အာဖရိကႏိုင္ငံမွာ စပါးႀကီးေႁမြက ျဖဴေကာင္ကို မ်ိဳတဲ့ သတင္းေလး တပုဒ္ ဖတ္ရသဗ်။ ေတာင္အာဖရိက စပါးႀကီးေႁမြဟာ ကမာၻမွာ အႀကီးဆုံး လို႔ေတာင္ ေျပာပါတယ္။ ေနာက္ၿပီး ေတာင္အာဖရိက ျဖဴေကာင္ကလည္း ဆိုဒ္က ဝက္ေပါက္ေလာက္ ရွိပါတယ္။ ျဖဴထဲမွာေတာ့ ကမာၻမွာ အႀကီးဆုံး ပါဘဲတဲ့။

တေန႔ ေတာထဲမွာ စပါးႀကီးေႁမြက ျဖဴကိုေတြ႕ေတာ့ ပတ္ၿပီး မ်ိဳပါတယ္။ သူပတ္တဲ့ အခ်ိန္မွာ ျဖဴေကာင္ရဲ႕ ဆူးေတာင္ေတြက ေနာက္ကို လဲေနေတာ့ မ်ိဳတဲ့အခါမွာ ဗိုက္ထဲကို ေခ်ာေခ်ာ ေမာေမာ ဝင္သြားတာ ေပါ့ဗ်ာ။ အေတာ္ေလး ၾကာေတာ့ အစာေခ်ဖို႔ လႈပ္ရွားတဲ့ အခါမွာ ဆူးေတာင္ေတြက သူ႔ဗိုက္ကို စူးၿပီး မအီမသာ ျဖစ္လာပါတယ္။ ဒီေတာ့ သူမ်ိဳထားတဲ့ ျဖဴေကာင္ကို ျပန္အန္ထုတ္ဖို႔ ႀကိဳးစား ပါတယ္။

သာမန္အေကာင္ ဆိုရင္ တခဏျခင္းမွာ ျပန္အန္လို႔ ရပါတယ္။ ဒါေပမဲ့ ျဖဴေကာင္ကို ျပန္အန္တဲ့ အခါမွာေတာ့ အန္ဖို႔ ႀကိဳးစားေလ ဆူးေတာင္ေတြက ေနာက္လွန္ျဖစ္ေနလို႔ သူ႔ဗိုက္နံရံေတြကို ပိုစူးေလ။ ပိုညႇစ္ထုတ္ေလ သူ႔အသားထဲ ပိုဝင္ေလနဲ႔ ေနာက္ဆုံးေတာ့ သူ႔ဗိုက္ေတြ ေပါက္ၿပီး ေသဆုံး သြားပါသတဲ့။ ေနရာတကာ အင္အားနဲ႔ အႏိုင္ယူ လာခဲ့တဲ့ စပါးႀကီးေႁမြ အခုေတာ့ မ်ိဳမရ ေထြးမရ ျဖစ္ၿပီး ေသရရွာတယ္ေလ။

ေနာက္ထပ္ အဲသလိုမ်ိဳး ခပ္ဆန္ဆန္ ဇာတ္လမ္း ရွိခဲ့ဖူးသဗ်။ ဘုရား လက္ထက္က ေကာသလမင္းႀကီး ေပါ့ဗ်ာ။ ဘုရင္ ဆိုေတာ့ အင္အားႀကီး သေလာက္ ရက္စက္ပုံလည္း ေပါက္ပါတယ္။ ဘုရားပြင့္ေတာ့ မင္းသူေဌး သူႂကြယ္ေတြက ဗုဒၶဘာသာ ေျပာင္းကိုးကြယ္ေတာ့ တိတၳိေတြ ဘက္က လာဘ္လာဘေတြ ဆုတ္ကုန္တာေပါ့ဗ်ာ။

ဒီေတာ့ သူတို႔က "ေဂါတမ ဒီေလာက္ ဘုန္းႀကီးတာ ဘူမိနက္သန္ မွန္လို႔ ေနမယ္။ ဒီေတာ့ ဒို႔လည္း သူ႔ေက်ာင္းနား သြားၿပီး ေက်ာင္းေဆာက္မယ္" ဆိုၿပီး ႀကံၾကပါသတဲ့ ဗ်။ ဒါေၾကာင့္ ေဆာက္ခြင့္ ရေအာင္ ေငြတသိန္း ဘုရင္ႀကီးကို သြားၿပီး လာဘ္ထိုး သတဲ့။ ခ်က္ခ်င္း ေဆာက္ခြင့္ပါမစ္က က်တာေပါ့ဗ်ာ။

ရရခ်င္း ေက်ာင္းေဘးမွာ ဆူဆူ ညံညံနဲ႔ ေက်ာင္းေဆာက္ ၾကေတာ့ ဘုရားက အသံၾကားလို႔ အာနႏၵာကို ေမးတယ္။ အာနႏၵာက တိတၳိေတြ ေက်ာင္းေဆာက္ေနေၾကာင္း ျပန္ေျဖတယ္။ ဒါဟာ ေနာက္ပိုင္းမွာ သာသနာေတာ္ရဲ႕ အႏၲရာယ္လည္း ျဖစ္ႏိုင္တယ္။ ေနာက္ပီး ဘာသာတခုနဲ႔ တခု ရႈပ္ေထြးမႈေတြလည္း ျဖစ္လာႏိုင္တယ္။ ဒါေၾကာင့္ ဘုရင္ႀကီးကို ေဆာက္လုပ္ခြင့္ မေပးဖို႔ ရွင္အာနႏၵာ နန္းေတာ္ကို သြားေျပာခိုင္းလိုက္ ပါတယ္။

အာနႏၵာက နန္းေတာ္ကို သြားေတာ့ ဘုရင္က လာဘ္ယူထားၿပီးၿပီ ဆိုေတာ့ ထြက္မေတြ႕ေတာ့ဘူး။ ဒါနဲ႔ ေက်ာင္းျပန္လာတယ္။ ဘုရင္က အေတြ႕ မခံေၾကာင္း ဘုရားေလွ်ာက္ေတာ့ ရွင္သာရိပုၾတာနဲ႔ ရွင္ေမာဂၢလာန္ တပည့္ႀကီး ႏွစ္ပါးကို ထပ္လႊတ္တယ္။ ဒါလည္း ထြက္မေတြ႕ဘူး။ ေနာက္ေတာ့ ဘုရား ကိုယ္တိုင္ ႂကြသြားေတာ့ ဘုရင္က မေနရဲလို႔ ထြက္ေတြ႕လာတယ္။

ဘုရားက ဘာသာ တခုနဲ႔တခု ရန္တိုက္ေပးရင္၊ ရဟန္းေတြ အခ်င္းခ်င္း ရန္တိုက္ေပးရင္ တိုင္းျပည္ ပ်က္စီး တတ္ေၾကာင္းကို ေရွးဇာတ္လမ္းတပုဒ္ ထုတ္ေဟာ လိုက္ေတာ့မွ ဘုရင္လည္း ထိတ္လန႔္ တုန္လႈပ္ သြားတယ္။ ဒီေတာ့ သူလာဘ္စား ထားတဲ့ ကိစၥက မ်ိဳမရ၊ ေထြးမရ ျဖစ္ေနတာေပါ့။ ေနာက္ဆုံးမွ ေဆာက္လုပ္ခြင့္ ပါမစ္ကို ျပန္႐ုတ္သိမ္း လိုက္သဗ်။

အဲ၊ ဒါေပမဲ့ လည္း။ အခုလို ဘုရားကို စိတ္အေႏွာက္အယွက္ ျဖစ္ေအာင္ လုပ္ခဲ့တဲ့ အျပစ္ေၾကာင့္ ေနာက္ဆုံး အသက္ ရွစ္ဆယ္ အိုႀကီး ခ်က္မ အ႐ြယ္ေရာက္မွ သူ႔ရဲ႕ စစ္သူႀကီးက အာဏာသိမ္းတာကို ခံလိုက္ရပါတယ္။ အကူအညီရဖို႔ သူ႔တူ အဇာတသတ္ မင္းဆီ ထြက္ေျပးျပန္ ေတာ့လည္း အခ်ိန္ ေနာက္က်ၿပီး ၿမိဳ႕ဝင္ဂိတ္တံခါး ပိတ္သြားလို႔ ၿမိဳ႕ျပင္ဘက္ ဇရပ္ေပၚမွာ ညအိပ္ရင္း နတ္႐ြာစံသြား ရေလသဗ်။

အင္း၊ သူလည္း တသိန္းတန္ အထုပ္ႀကီးကို သြားမ်ိဳမိလို႔ ထီးနန္းလည္း အလုခံရၿပီး၊ ေနာက္ဆုံး ၿမိဳ႕ျပင္မွာ သူေတာင္းစားလို ေသခါ ဘဝနိဂုံး ခ်ဳပ္သြားရ သဗ်။ အထက္က ျဖဴေကာင္ မ်ိဳမိလို႔ ေသသြားရတဲ့ စပါးႀကီးေႁမြနဲ႔ သူ႔ဘဝ သိပ္မထူးလွ ပါဘူးဗ်ာ။ ေအာ္ အစား အစား ၾကည့္စားၾက။ အဲဒါမ်ိဳးက လ်က္ဆားလ်က္ လို႔ မရဘူး။ Crd ဦးနႏၵာစာရ (မုံ႐ြာ)