၁။ ကျီးကန်းက ကြက်ဥ မကြိုက်ဘူး၊ ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။ ခွေးက အစပိုင်း ကျေးဇူးတင် တယ်ပေါ့။ ကြာတော့ အကျင့် ဖြစ်သွားတယ်။ အကျင့် ဖြစ်လာတော့ ဒါက သူ့ကို ပေးကို ပေးရမယ် ဆိုတဲ့စိတ် ဖြစ်လာတယ်။

တနေ့ ကျတော့ ကျီးကန်းက ကြက်ဥကို ငါးကို ပေးလိုက်တော့ ခွေးက မကျေနပ်တော့ဘူး။ ကြက်ဥဟာ အစကတည်းက ကျီးကန်းဟာ ဆိုတာ သူ မေ့သွားတယ်။ ကြက်ဥ ဘယ်သူ့ကို ပေးမယ်ဆိုတာ ကျီးကန်းမှာ ဆုံးဖြတ်ခွင့် ရှိတယ်ဆိုတာ မေ့သွားတယ်။ ဒါနဲ့ သူတို့စကားများ ကြပြီး အခင်အမင် ပျက်သွားကြတယ်။

၂။ သိပ်ပူတဲ့ နွေရာသီတခုမှာ လူတစုက မြစ်ရေလှိုင်းထဲမှာ ဖောင်စီး သွားကြတယ်။ ဖောင်စီးရင်းနဲ့ ရေဆော့ရင်း ကောင်မလေးတယောက်ရဲ့ ဖိနပ် ရေထဲ ကျသွားတယ်။ ကမ်းပေါ်ရောက်ဖို့ ပူခြစ်နေတဲ့ သဲပြင်ကျယ်ကြီးကို ဖြတ်ရမယ်။ ဒါနဲ့ ကောင်မလေးက သူနဲ့ လှေအတူ စီးတဲ့ သူတွေထဲမှ တယောက်ယောက်ကများ ဖိနပ် ငှားနိုင်မလားလို့ အကူအညီ တောင်းတယ်။ လူတယောက်မှာ ဖိနပ်တရံပဲ ပါတာ ဘယ်သူမှ မပေးချင် ကြဘူး။

ကောင်မလေးက မကျေနပ် ဖြစ်သွားတယ်။ ဒါနဲ့ သူက ဒီလူတွေ အားလုံး မကောင်းဘူး ကူညီချင်စိတ် မရှိဘူးလို့ တွက်လိုက်တယ်။ နောက်တော့ လူတယောက်က သူ့ဖိနပ်ကို ပေးလိုက်တယ်။ ကောင်မလေးက ကျေးဇူးတင်ကြောင်း ပြောလိုက်တယ်။ ဖိနပ်ပေးလိုက်တဲ့လူက "ဘယ်သူမှ မင်းကို ကူညီဖို့ တာဝန်မရှိပါဘူး။ မင်းကို ကူညီတာ ခင်မင်မှုတခု ကြောင့်ပဲ။ မကူညီဖြစ်ရင် ဒါကို ဒေါသမကြီးပါနဲ့။ ဒါ သမားရိုးကျပါ"

အဲ့ဒီလို ပြောတော့ ကောင်မလေးစိတ်ထဲ တွေးမိသွားတယ်။ အဲ့ချိန်က စပြီး သူ့ကို ကူညီဖူးသူတွေကို အမြဲ မှတ်သားထားပြီး ပြန်လည် ကျေးဇူးဆပ်လေ့ ရှိလာပါတယ်။ ကျနော်တို့ဟာ အမြဲတမ်း သူများက ကိုယ့်အပေါ် ကောင်းဖို့ပဲ မျှော်လင့်ကြတယ်။ အစပိုင်းတော့ ကျေးဇူးတင် မဆုံးဘူးပေါ့။

ကြာလာတော့ သူများ ကိုယ့်အပေါ် ကောင်းတာကို အမြဲ လိုချင်တဲ့ အကျင့် ဖြစ်လာတယ်။ ဒါကို ဖြစ်သင့်တဲ့ အရာလို့ ထင်လာတယ်။ တနေ့မှာ ကိုယ့်အပေါ် မကောင်းခဲ့ရင် အပြစ်တင် ရှုတ်ချမိတော့တယ်။ တကယ်တမ်းကျတော့ သူများ မကောင်းတော့တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့စိတ်တွေက ပြောင်းကုန်တာပါ။ ရနေကျ ဆိုတော့ ကျေးဇူးတရား ဆိုတာကို မေ့သွားတာပါ။

၃။ ညနေတခုမှာ ဆိတ်လေး တကောင်ဟာ တောင်ကုန်းပေါ်မှာ ဆော့နေတယ်။ ရုတ်တရက် သစ်ပင် ခြုံကြားထဲက ဝံပုလွေ တကောင်ထွက်လာပြီး ဆိတ်ကိုစားမယ် ပြင်တယ်။ ဆိတ်လေးဟာ အသံကျယ်နဲ့ အော်ပြီး သူငယ်ချင်းတွေကို အကူအညီ လှမ်းတောင်းတယ်။ နွားက သစ်ပင်ခြုံထဲမှ တချက် လှမ်းကြည့်ပြီး ဝံပုလွေကို မြင်တော့ ပြေးပါလေရော။ မြင်းက ခေါင်းငုံ့ပြီး တချက်ကြည့်၊ ဝံပုလွေ မြင်တော့ ဝှစ်ကနဲကို ပြေးပြန်ရော။

ဝက်ကလည်း ဖြတ်သွားရင်း ဝံပုလွေကို မြင်တာနဲ့ ကမန်းကတန်း တောင်ပေါ်က ဆင်းပြေးရော။ တောင်အောက်မှာရှိတဲ့ ခွေးကတော့ ဆိတ်အော်သံ ကြားတော့ ကမန်းကတန်း တောင်ပေါ်ပြေးတက်၊ ခြုံပုတ်တွေ ထဲက ဖြတ်ပြီး ဝံပုလွေရဲ့ လည်မြိုကို ကိုက်ခဲပစ် လိုက်တယ်။ ဝံပုလွေက နာလွန်းလို့ ထအော်တယ်။ ခွေးမာန်ဖီ လိုက်တော့ လန့်ပြီး ပြေးပါလေရော။

ဆိတ်ကလေး အိမ်ပြန်ရောက်တော့ သူငယ်ချင်းတွေ အားလုံး ရောက်လာတယ်။ နွားက နင်က ဘာလို့ ငါ့ကို မခေါ်တာလဲ။ ငါ့ဂျိုနဲ့ သူ့ဗိုက်ပေါက်အောင် လုပ်ပစ်မှာပေါ့။ မြင်းက နင်က ဘာလို့ ငါ့ကို မပြောလဲ။ ငါ့ခွာနဲ့ သူ့ခေါင်းကို ကန်ပစ်မှာပေါ့။ ဝက်က နင်ငါ့ကို ခေါ်ရောပေါ့။ ငါတချက် ပက်လိုက်ရင် သူတောင်ပေါ် ကတောင် ပြုတ်ကျသွားမှာ။ အဲ့ဒီလို ပြောသံတွေကြားမှာ ခွေးလေး မပါခဲ့ပါ။

မိတ်ဆွေစစ် ဆိုတာ စကားအလှတွေ သုံးနေစရာ မလိုပါဘူး။ တကယ် လိုအပ်ချိန်မှာ မင်းကို လက်လှမ်း ကူညီတဲ့သူဟာ မိတ်ဆွေစစ်ပါ။ အနားမှာ ရှိနေတဲ့ သူငယ်ချင်းတွေ ခင်မင်နေတဲ့ သူငယ်ချင်းတွေဟာ သူငယ်ချင်းအစစ် ဟုတ် မဟုတ် မသေချာသေးပါ။

တခါတေလ အဝေးမှာ ရှိနေပြီး အမြဲတမ်း ပေါင်းသင်းနေတာ မဟုတ်ပေမယ့် မင်းတကယ် အကူအညီ လိုအပ်နေချိန်မှာ အပိုမပြောဘဲ ကူညီတဲ့သူ ဂရုစိုက်တဲ့ သူသာ တကယ့်မိတ်ဆွေ တကယ့် သူငယ်ချင်း အစစ်ပါပဲ။

ဘဝမှာ တန်ဖိုးထားသင့်တဲ့ မိတ်ဆွေ သူငယ်ချင်းကောင်းများ ပိုင်ဆိုင်ကြပါစေ။ Crd

for zawgyi

မေမ့လိုက္ပါနဲ႔

၁။ က်ီးကန္းက ၾကက္ဥ မႀကိဳက္ဘူး၊ ၾကက္ဥကို အၿမဲတမ္း ေခြးကို ေပးတယ္။ ေခြးက အစပိုင္း ေက်းဇူးတင္ တယ္ေပါ့။ ၾကာေတာ့ အက်င့္ ျဖစ္သြားတယ္။ အက်င့္ ျဖစ္လာေတာ့ ဒါက သူ႔ကို ေပးကို ေပးရမယ္ ဆိုတဲ့စိတ္ ျဖစ္လာတယ္။

တေန႔ က်ေတာ့ က်ီးကန္းက ၾကက္ဥကို ငါးကို ေပးလိုက္ေတာ့ ေခြးက မေက်နပ္ေတာ့ဘူး။ ၾကက္ဥဟာ အစကတည္းက က်ီးကန္းဟာ ဆိုတာ သူ ေမ့သြားတယ္။ ၾကက္ဥ ဘယ္သူ႔ကို ေပးမယ္ဆိုတာ က်ီးကန္းမွာ ဆုံးျဖတ္ခြင့္ ရွိတယ္ဆိုတာ ေမ့သြားတယ္။ ဒါနဲ႔ သူတို႔စကားမ်ား ၾကၿပီး အခင္အမင္ ပ်က္သြားၾကတယ္။

၂။ သိပ္ပူတဲ့ ေႏြရာသီတခုမွာ လူတစုက ျမစ္ေရလႈိင္းထဲမွာ ေဖာင္စီး သြားၾကတယ္။ ေဖာင္စီးရင္းနဲ႔ ေရေဆာ့ရင္း ေကာင္မေလးတေယာက္ရဲ႕ ဖိနပ္ ေရထဲ က်သြားတယ္။ ကမ္းေပၚေရာက္ဖို႔ ပူျခစ္ေနတဲ့ သဲျပင္က်ယ္ႀကီးကို ျဖတ္ရမယ္။ ဒါနဲ႔ ေကာင္မေလးက သူနဲ႔ ေလွအတူ စီးတဲ့ သူေတြထဲမွ တေယာက္ေယာက္ကမ်ား ဖိနပ္ ငွားႏိုင္မလားလို႔ အကူအညီ ေတာင္းတယ္။ လူတေယာက္မွာ ဖိနပ္တရံပဲ ပါတာ ဘယ္သူမွ မေပးခ်င္ ၾကဘူး။

ေကာင္မေလးက မေက်နပ္ ျဖစ္သြားတယ္။ ဒါနဲ႔ သူက ဒီလူေတြ အားလုံး မေကာင္းဘူး ကူညီခ်င္စိတ္ မရွိဘူးလို႔ တြက္လိုက္တယ္။ ေနာက္ေတာ့ လူတေယာက္က သူ႔ဖိနပ္ကို ေပးလိုက္တယ္။ ေကာင္မေလးက ေက်းဇူးတင္ေၾကာင္း ေျပာလိုက္တယ္။ ဖိနပ္ေပးလိုက္တဲ့လူက "ဘယ္သူမွ မင္းကို ကူညီဖို႔ တာဝန္မရွိပါဘူး။ မင္းကို ကူညီတာ ခင္မင္မႈတခု ေၾကာင့္ပဲ။ မကူညီျဖစ္ရင္ ဒါကို ေဒါသမႀကီးပါနဲ႔။ ဒါ သမား႐ိုးက်ပါ"

အဲ့ဒီလို ေျပာေတာ့ ေကာင္မေလးစိတ္ထဲ ေတြးမိသြားတယ္။ အဲ့ခ်ိန္က စၿပီး သူ႔ကို ကူညီဖူးသူေတြကို အၿမဲ မွတ္သားထားၿပီး ျပန္လည္ ေက်းဇူးဆပ္ေလ့ ရွိလာပါတယ္။ က်ေနာ္တို႔ဟာ အၿမဲတမ္း သူမ်ားက ကိုယ့္အေပၚ ေကာင္းဖို႔ပဲ ေမွ်ာ္လင့္ၾကတယ္။ အစပိုင္းေတာ့ ေက်းဇူးတင္ မဆုံးဘူးေပါ့။

ၾကာလာေတာ့ သူမ်ား ကိုယ့္အေပၚ ေကာင္းတာကို အၿမဲ လိုခ်င္တဲ့ အက်င့္ ျဖစ္လာတယ္။ ဒါကို ျဖစ္သင့္တဲ့ အရာလို႔ ထင္လာတယ္။ တေန႔မွာ ကိုယ့္အေပၚ မေကာင္းခဲ့ရင္ အျပစ္တင္ ရႈတ္ခ်မိေတာ့တယ္။ တကယ္တမ္းက်ေတာ့ သူမ်ား မေကာင္းေတာ့တာ မဟုတ္ပါဘူး။ ကိုယ့္ရဲ႕စိတ္ေတြက ေျပာင္းကုန္တာပါ။ ရေနက် ဆိုေတာ့ ေက်းဇူးတရား ဆိုတာကို ေမ့သြားတာပါ။

၃။ ညေနတခုမွာ ဆိတ္ေလး တေကာင္ဟာ ေတာင္ကုန္းေပၚမွာ ေဆာ့ေနတယ္။ ႐ုတ္တရက္ သစ္ပင္ ၿခဳံၾကားထဲက ဝံပုေလြ တေကာင္ထြက္လာၿပီး ဆိတ္ကိုစားမယ္ ျပင္တယ္။ ဆိတ္ေလးဟာ အသံက်ယ္နဲ႔ ေအာ္ၿပီး သူငယ္ခ်င္းေတြကို အကူအညီ လွမ္းေတာင္းတယ္။ ႏြားက သစ္ပင္ၿခဳံထဲမွ တခ်က္ လွမ္းၾကည့္ၿပီး ဝံပုေလြကို ျမင္ေတာ့ ေျပးပါေလေရာ။ ျမင္းက ေခါင္းငုံ႔ၿပီး တခ်က္ၾကည့္၊ ဝံပုေလြ ျမင္ေတာ့ ဝွစ္ကနဲကို ေျပးျပန္ေရာ။

ဝက္ကလည္း ျဖတ္သြားရင္း ဝံပုေလြကို ျမင္တာနဲ႔ ကမန္းကတန္း ေတာင္ေပၚက ဆင္းေျပးေရာ။ ေတာင္ေအာက္မွာရွိတဲ့ ေခြးကေတာ့ ဆိတ္ေအာ္သံ ၾကားေတာ့ ကမန္းကတန္း ေတာင္ေပၚေျပးတက္၊ ၿခဳံပုတ္ေတြ ထဲက ျဖတ္ၿပီး ဝံပုေလြရဲ႕ လည္ၿမိဳကို ကိုက္ခဲပစ္ လိုက္တယ္။ ဝံပုေလြက နာလြန္းလို႔ ထေအာ္တယ္။ ေခြးမာန္ဖီ လိုက္ေတာ့ လန႔္ၿပီး ေျပးပါေလေရာ။

ဆိတ္ကေလး အိမ္ျပန္ေရာက္ေတာ့ သူငယ္ခ်င္းေတြ အားလုံး ေရာက္လာတယ္။ ႏြားက နင္က ဘာလို႔ ငါ့ကို မေခၚတာလဲ။ ငါ့ဂ်ိဳနဲ႔ သူ႔ဗိုက္ေပါက္ေအာင္ လုပ္ပစ္မွာေပါ့။ ျမင္းက နင္က ဘာလို႔ ငါ့ကို မေျပာလဲ။ ငါ့ခြာနဲ႔ သူ႔ေခါင္းကို ကန္ပစ္မွာေပါ့။ ဝက္က နင္ငါ့ကို ေခၚေရာေပါ့။ ငါတခ်က္ ပက္လိုက္ရင္ သူေတာင္ေပၚ ကေတာင္ ျပဳတ္က်သြားမွာ။ အဲ့ဒီလို ေျပာသံေတြၾကားမွာ ေခြးေလး မပါခဲ့ပါ။

မိတ္ေဆြစစ္ ဆိုတာ စကားအလွေတြ သုံးေနစရာ မလိုပါဘူး။ တကယ္ လိုအပ္ခ်ိန္မွာ မင္းကို လက္လွမ္း ကူညီတဲ့သူဟာ မိတ္ေဆြစစ္ပါ။ အနားမွာ ရွိေနတဲ့ သူငယ္ခ်င္းေတြ ခင္မင္ေနတဲ့ သူငယ္ခ်င္းေတြဟာ သူငယ္ခ်င္းအစစ္ ဟုတ္ မဟုတ္ မေသခ်ာေသးပါ။

တခါေတလ အေဝးမွာ ရွိေနၿပီး အၿမဲတမ္း ေပါင္းသင္းေနတာ မဟုတ္ေပမယ့္ မင္းတကယ္ အကူအညီ လိုအပ္ေနခ်ိန္မွာ အပိုမေျပာဘဲ ကူညီတဲ့သူ ဂ႐ုစိုက္တဲ့ သူသာ တကယ့္မိတ္ေဆြ တကယ့္ သူငယ္ခ်င္း အစစ္ပါပဲ။

ဘဝမွာ တန္ဖိုးထားသင့္တဲ့ မိတ္ေဆြ သူငယ္ခ်င္းေကာင္းမ်ား ပိုင္ဆိုင္ၾကပါေစ။ Crd