ဗြိတိန်နိုင်ငံက ခွေးလေးတစ်ကောင်ဟာ  အရက်စွဲတဲ့ရောဂါကို ခံစားနေရပါတယ်။ Labrador retriever အမျိုးအစားခွေးလေးရဲ့အရင်သခင်က သူ့ကို အရက်တွေ မူးအောင်တိုက်ပြီး အိမ်အပြင်ဘက်မှာ တစ်ညလုံးပစ်ထားလေ့ရှိခဲ့တာကြောင့်ပါ။

ခွေးလေးနာမည်ကတော့ Coco လို့ခေါ်ပြီး အသက် ၂ နှစ်ရှိပါပြီ။ သူ့ဘဝရဲ့တစ်ဝက်လောက်ဟာ သခင်က အရက်မူးအောင်တိုက်ပြီး ပစ်ထားခဲ့တဲ့အချိန်တွေဖြစ်တာကြောင့် အရက်ကို စွဲသွားခဲ့ပါတယ်။

ခွေးလေးရဲ့ သခင် သေဆုံးသွားတာကြောင့်တိရစ္ဆာန်ပြုစုစောင့်ရှောက်ရေးဂေဟာက ဝန်ထမ်းတွေက ခွေးလေးနဲ့ အခြားခွေးလေးတစ်ကောင်ကို ကယ်တင်ခဲ့ပါတယ်။

တကယ်တော့ ခွေးလေးနှစ်ကောင်လုံးက အရက်စွဲနေတာပါ။ အရက်ဒဏ်တွေကြောင့် ခွေးတစ်ကောင်က သေသွားခဲ့ပြီး Coco ပဲ ကျန်နေခဲ့ပါတယ်။ ခွေးလေးကို နေကောင်းလာအောင်လို့ ၄ ပတ်ခန့်ကြာအောင် ကုသလိုက်ရပါတယ်။

ခွေးလေးက အခုဆိုရင် နေကောင်းသွားခဲ့ပါပြီ။ ဒါပေမယ့် အခြားခွေးလေးတွေလို ပြေးလွှားမဆော့နိုင်သေးတာကြောင့် သခင်အသစ်ကိုတော့ မရရှိသေးပါဘူး။ ဒါ့အပြင် ခွေးလေးက အမြဲလိုလို စိတ်ပူပန်မှုကိုလည်း ခံစားနေရပါတယ်။

Zombie (lovemedia)

for zawgyi

အရက္ကို အလြန္အကြၽံစြဲလမ္းသြားတဲ့ ေခြးေလး

ၿဗိတိန္ႏိုင္ငံက ေခြးေလးတစ္ေကာင္ဟာ  အရက္စြဲတဲ့ေရာဂါကို ခံစားေနရပါတယ္။ Labrador retriever အမ်ိဳးအစားေခြးေလးရဲ႕အရင္သခင္က သူ႔ကို အရက္ေတြ မူးေအာင္တိုက္ၿပီး အိမ္အျပင္ဘက္မွာ တစ္ညလုံးပစ္ထားေလ့ရွိခဲ့တာေၾကာင့္ပါ။

ေခြးေလးနာမည္ကေတာ့ Coco လို႔ေခၚၿပီး အသက္ ၂ ႏွစ္ရွိပါၿပီ။ သူ႔ဘဝရဲ႕တစ္ဝက္ေလာက္ဟာ သခင္က အရက္မူးေအာင္တိုက္ၿပီး ပစ္ထားခဲ့တဲ့အခ်ိန္ေတြျဖစ္တာေၾကာင့္ အရက္ကို စြဲသြားခဲ့ပါတယ္။ ေခြးေလးရဲ႕ သခင္ ေသဆုံးသြားတာေၾကာင့္တိရစာၦန္ျပဳစုေစာင့္ေရွာက္ေရးေဂဟာက ဝန္ထမ္းေတြက ေခြးေလးနဲ႔ အျခားေခြးေလးတစ္ေကာင္ကို ကယ္တင္ခဲ့ပါတယ္။

တကယ္ေတာ့ ေခြးေလးႏွစ္ေကာင္လုံးက အရက္စြဲေနတာပါ။ အရက္ဒဏ္ေတြေၾကာင့္ ေခြးတစ္ေကာင္က ေသသြားခဲ့ၿပီး Coco ပဲ က်န္ေနခဲ့ပါတယ္။ ေခြးေလးကို ေနေကာင္းလာေအာင္လို႔ ၄ ပတ္ခန႔္ၾကာေအာင္ ကုသလိုက္ရပါတယ္။

ေခြးေလးက အခုဆိုရင္ ေနေကာင္းသြားခဲ့ပါၿပီ။ ဒါေပမယ့္ အျခားေခြးေလးေတြလို ေျပးလႊားမေဆာ့ႏိုင္ေသးတာေၾကာင့္ သခင္အသစ္ကိုေတာ့ မရရွိေသးပါဘူး။ ဒါ့အျပင္ ေခြးေလးက အၿမဲလိုလို စိတ္ပူပန္မႈကိုလည္း ခံစားေနရပါတယ္။

Zombie (lovemedia)