တခါက တောအုပ်ကြီးတခုနှင့် မနီးမဝေးရှိ ရွာငယ်လေးတရွာတွင် မုဆိုးလူငယ်တယောက် ရှိ၏။ ထိုမုဆိုးလေးမှာ လူငယ်ပီပီ သွက်လက်ဖျတ်လတ်၏။ လက်လည်း အလွန်ဖြောင့်၏။ ရိုးသားအေးဆေးပြီး စကားလည်း နည်း၏။

တနေ့ မုဆိုးလေးသည် ထိုတောအုပ်ကြီးထဲသို့ အမဲလိုက်ရန် ရောက်ရှိနေ၏။ တောအုပ်ကြီး၏ အလယ်လောက်ရှိ မြက်ခင်းပြင်တွင် သမင်ပျိုမလေး တကောင်သည် မြက်စားနေ၏။ မကြာမီပင် မုဆိုးသည် သမင်ပျိုမ လေးကို ပစ်ခတ်ရန် လေးညှို့ကြိုးကို တင်လိုက်၏။ မျက်စိလျှင်ပြီး နားပါးသော သမင်ပျိုမလေးက လေးညှို့ကြိုးသံကို ကြားလိုက်၏။ မုဆိုးလေးကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်လိုက်၏။

ထိုအချိန်မှာပင် မြက်ခင်းပြင်၏ တဖက်ထိပ်ရှိ ခပ်နိမ့်နိမ့် ကျွန်းပင်ပျိုတပင်၏ ခေါင်ထိပ်မှ နှံပြီစုတ်ငှက်ကလေးတကောင်၏ အော်မြည်သံကိုပါ သမင်ပျိုမလေး ကြားလိုက်ရ၏။

မုဆိုးကလေးက သမင်ပျိုမလေးကို မြားဖြင့် ပစ်ခတ်ရန် ချိန်ရွယ်လိုက်စဉ်မှာပင် သမင်ပျိုမလေးက မြက်ခင်းပြင်ပေါ်သို့ မှောက်လျက်သား ဝပ်ချလိုက်ပြီး "နှံပြီစုတ်ခေါင်းမှာ ရွှေတပိဿာရှိ၊ နှံပြီစုတ်ခေါင်းမှာ ရွှေတပိဿာရှိ" ဟု မနားတမ်း ဆက်တိုက် အော်ဟစ်လိုက်၏။

ထိုအခါ မုဆိုးလေးသည် ကျွန်းပင်ပျိုထိပ်ရှိ နှံပြီစုတ်ငှက်ဆီသို့ စိတ်ရောက်သွား၏။ အခွင့်ကောင်းကို စောင့်မျှော်နေသော သမင်ပျိုမလေးက ထိုအခိုက်မှာပင် ဘေးကင်းရာသို့ ထွက်ပြေးလွတ်မြောက် သွားတော့၏။ ဤသည်ကို မုဆိုးလေးက မသိ၊ မမြင်လိုက်ပေ။

မုဆိုးလေးက ရွှေတပိဿာကို လိုချင်တပ်မက်သော လောဘဇောကြောင့် သမင်ပျိုမလေးကို လက်လွတ်ခံကာ နှံပြီစုတ်ငှက်ကိုသာ အရယူတော့မည်ဟု ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် ကျွန်းပင်ပျိုထိပ်ရှိ နှံပြီစုတ်ငှက်ကို ပစ်ခတ်ရန် ချိန်ရွယ်လိုက်စဉ် နှံပြီစုတ်ငှက်က "ချင့်ယုံ၊ ချင့်ယုံ" ဟု အော်ဟစ်လျက် ရုတ်တရက် ထပြန်လိုက်၏။

သို့ရာတွင် သွက်လက်ဖျတ်လတ်ပြီး လက်ဖြောင့်သော မုဆိုးလေး၏ မြားကို လွတ်မြောက်အောင် မရှောင်ကွင်းနိုင်သောကြောင့် "လူမမှန်ဘဲ ဗိုက်မှန်" ဆိုသကဲ့သို့ မြား၏ အသွားက နှံပြီစုတ်ငှက်ကို တိုက်ရိုက်မထိ မှန်သော်လည်း မြားအမြီးဖြင့် ရိုက်မိသွားလေသည်။ သို့ရာတွင် နှံပြီစုတ်ငှက်မှာ မူးမေ့သွားကာ ကျွန်းပင်ပျိုထိပ်ဖျားမှ မြက်ခင်းပြင်ပေါ်သို့ ဖုတ်ခနဲ ကျရောက်သွားပါသည်။

မုဆိုးလေးက ပြုတ်ကျလာသော နှံပြီစုတ်ငှက်ကို အံ့အားသင့်စွာ ခဏတာမျှ ငေးစိုက်ကြည့်နေခိုက်တွင် နှံပြီစုတ်ငှက်လေးသည် သတိတချက် ပြန်ဝင်လာပြီး "ချင့်ယုံ၊ ချင့်ယုံ" ဟု တိုးတိုးကလေးမြည်ကာ သေဆုံးသွားပါတော့သည်။ မုဆိုးကလေးက နှံပြီစုတ်ငှက် အသေကောင်ကို လွယ်အိတ်ထဲကောက်ထည့်ကာ အိမ်သို့ ဝမ်းမြောက်ဝမ်းသာ ပြန်လာခဲ့သည်။

အိမ်သို့ရောက်သော် မုဆိုးလေးက ဖြစ်ကြောင်းကုန်စင်ကို ကကြီးက အစ၊ အ အဆုံး အလုံးစုံကို ဇနီးသည်ကို ပြန်လည် ပြောပြလျက် နှံပြီစုတ် ငှက်အသေကောင်လေးကိုလည်း ထုတ်ပြလိုက်ပါသည်။

ထိုအခါ ဇနီးသည်က "တော်ဟာလေ လူဖြစ်နေပြီး တိရစ္ဆာန်လောက်မှ အသိဉာဏ် မရှိပါလား။ စာကလေးငှက်ရဲ့ ခန္ဓာကိုယ် တဝက်လောက်သာရှိပြီး ဦးခေါင်းကလည်း စာကလေးငှက်ရဲ့ ဦးခေါင်းထက် အများကြီးသေးငယ်တဲ့ နှံပြီစုတ်ငှက်ရဲ့ ခေါင်းထဲမှာ ရွှေတပိဿာ ဆိုတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ တပိဿာ မပြောနဲ့ တရွေးသားတောင်မှ မရှိနိုင်ပါဘူး။

အခုတော့ လူဖြစ်နေပါလျက်နဲ့ သမင်ပျိုမစကားကို မစဉ်းစား၊ မဆင်ခြင်၊ မတွေးတောဘဲ ပြောတိုင်းယုံမိတော့ လက်ထဲရောက်ခါနီး သမင်ပျိုမကို လက်လွှတ်လိုက်ရပြီ မဟုတ်လား" ဟု ပြောလိုက်လေသည်။

မုဆိုးလေးမှာ ဘာမှပြန်လည်မချေပ၊ မပြောဆိုနိုင်တော့ဘဲ နောင်တ အကြီးအကျယ် ရကာ ငေးငိုင်နေပါတော့သည်။ သူ၏နားထဲတွင်မူ "ချင့်ယုံ၊ ချင့်ယုံ" ဆိုသော နှံပြီစုတ်ငှက်၏ အသံက ပဲ့တင်ထပ်အောင် မြည်ဟိန်းနေပါတော့သည်။ ရွှေနွယ်ရိုး

Zawgyi

ခ်င့္ယုံ ခ်င့္ယုံ

တခါက ေတာအုပ္ႀကီးတခုႏွင့္ မနီးမေဝးရွိ ႐ြာငယ္ေလးတ႐ြာတြင္ မုဆိုးလူငယ္တေယာက္ ရွိ၏။ ထိုမုဆိုးေလးမွာ လူငယ္ပီပီ သြက္လက္ဖ်တ္လတ္၏။ လက္လည္း အလြန္ေျဖာင့္၏။ ႐ိုးသားေအးေဆးၿပီး စကားလည္း နည္း၏။

တေန႔ မုဆိုးေလးသည္ ထိုေတာအုပ္ႀကီးထဲသို႔ အမဲလိုက္ရန္ ေရာက္ရွိေန၏။ ေတာအုပ္ႀကီး၏ အလယ္ေလာက္ရွိ ျမက္ခင္းျပင္တြင္ သမင္ပ်ိဳမေလး တေကာင္သည္ ျမက္စားေန၏။ မၾကာမီပင္ မုဆိုးသည္ သမင္ပ်ိဳမ ေလးကို ပစ္ခတ္ရန္ ေလးညႇိဳ႕ႀကိဳးကို တင္လိုက္၏။ မ်က္စိလွ်င္ၿပီး နားပါးေသာ သမင္ပ်ိဳမေလးက ေလးညႇိဳ႕ႀကိဳးသံကို ၾကားလိုက္၏။ မုဆိုးေလးကိုလည္း မ်က္ဝါးထင္ထင္ ေတြ႕ျမင္လိုက္၏။

ထိုအခ်ိန္မွာပင္ ျမက္ခင္းျပင္၏ တဖက္ထိပ္ရွိ ခပ္နိမ့္နိမ့္ ကြၽန္းပင္ပ်ိဳတပင္၏ ေခါင္ထိပ္မွ ႏွံၿပီစုတ္ငွက္ကေလးတေကာင္၏ ေအာ္ျမည္သံကိုပါ သမင္ပ်ိဳမေလး ၾကားလိုက္ရ၏။ မုဆိုးကေလးက သမင္ပ်ိဳမေလးကို ျမားျဖင့္ ပစ္ခတ္ရန္ ခ်ိန္႐ြယ္လိုက္စဥ္မွာပင္ သမင္ပ်ိဳမေလးက ျမက္ခင္းျပင္ေပၚသို႔ ေမွာက္လ်က္သား ဝပ္ခ်လိုက္ၿပီး "ႏွံၿပီစုတ္ေခါင္းမွာ ေ႐ႊတပိႆာရွိ၊ ႏွံၿပီစုတ္ေခါင္းမွာ ေ႐ႊတပိႆာရွိ" ဟု မနားတမ္း ဆက္တိုက္ ေအာ္ဟစ္လိုက္၏။

ထိုအခါ မုဆိုးေလးသည္ ကြၽန္းပင္ပ်ိဳထိပ္ရွိ ႏွံၿပီစုတ္ငွက္ဆီသို႔ စိတ္ေရာက္သြား၏။ အခြင့္ေကာင္းကို ေစာင့္ေမွ်ာ္ေနေသာ သမင္ပ်ိဳမေလးက ထိုအခိုက္မွာပင္ ေဘးကင္းရာသို႔ ထြက္ေျပးလြတ္ေျမာက္ သြားေတာ့၏။ ဤသည္ကို မုဆိုးေလးက မသိ၊ မျမင္လိုက္ေပ။

မုဆိုးေလးက ေ႐ႊတပိႆာကို လိုခ်င္တပ္မက္ေသာ ေလာဘေဇာေၾကာင့္ သမင္ပ်ိဳမေလးကို လက္လြတ္ခံကာ ႏွံၿပီစုတ္ငွက္ကိုသာ အရယူေတာ့မည္ဟု ဆုံးျဖတ္လိုက္၏။ ထို႔ေၾကာင့္ ကြၽန္းပင္ပ်ိဳထိပ္ရွိ ႏွံၿပီစုတ္ငွက္ကို ပစ္ခတ္ရန္ ခ်ိန္႐ြယ္လိုက္စဥ္ ႏွံၿပီစုတ္ငွက္က "ခ်င့္ယုံ၊ ခ်င့္ယုံ" ဟု ေအာ္ဟစ္လ်က္ ႐ုတ္တရက္ ထျပန္လိုက္၏။

သို႔ရာတြင္ သြက္လက္ဖ်တ္လတ္ၿပီး လက္ေျဖာင့္ေသာ မုဆိုးေလး၏ ျမားကို လြတ္ေျမာက္ေအာင္ မေရွာင္ကြင္းႏိုင္ေသာေၾကာင့္ "လူမမွန္ဘဲ ဗိုက္မွန္" ဆိုသကဲ့သို႔ ျမား၏ အသြားက ႏွံၿပီစုတ္ငွက္ကို တိုက္႐ိုက္မထိ မွန္ေသာ္လည္း ျမားအၿမီးျဖင့္ ႐ိုက္မိသြားေလသည္။ သို႔ရာတြင္ ႏွံၿပီစုတ္ငွက္မွာ မူးေမ့သြားကာ ကြၽန္းပင္ပ်ိဳထိပ္ဖ်ားမွ ျမက္ခင္းျပင္ေပၚသို႔ ဖုတ္ခနဲ က်ေရာက္သြားပါသည္။

မုဆိုးေလးက ျပဳတ္က်လာေသာ ႏွံၿပီစုတ္ငွက္ကို အံ့အားသင့္စြာ ခဏတာမွ် ေငးစိုက္ၾကည့္ေနခိုက္တြင္ ႏွံၿပီစုတ္ငွက္ေလးသည္ သတိတခ်က္ ျပန္ဝင္လာၿပီး "ခ်င့္ယုံ၊ ခ်င့္ယုံ" ဟု တိုးတိုးကေလးျမည္ကာ ေသဆုံးသြားပါေတာ့သည္။ မုဆိုးကေလးက ႏွံၿပီစုတ္ငွက္ အေသေကာင္ကို လြယ္အိတ္ထဲေကာက္ထည့္ကာ အိမ္သို႔ ဝမ္းေျမာက္ဝမ္းသာ ျပန္လာခဲ့သည္။

အိမ္သို႔ေရာက္ေသာ္ မုဆိုးေလးက ျဖစ္ေၾကာင္းကုန္စင္ကို ကႀကီးက အစ၊ အ အဆုံး အလုံးစုံကို ဇနီးသည္ကို ျပန္လည္ ေျပာျပလ်က္ ႏွံၿပီစုတ္ ငွက္အေသေကာင္ေလးကိုလည္း ထုတ္ျပလိုက္ပါသည္။

ထိုအခါ ဇနီးသည္က "ေတာ္ဟာေလ လူျဖစ္ေနၿပီး တိရစာၦန္ေလာက္မွ အသိဉာဏ္ မရွိပါလား။ စာကေလးငွက္ရဲ႕ ခႏၶာကိုယ္ တဝက္ေလာက္သာရွိၿပီး ဦးေခါင္းကလည္း စာကေလးငွက္ရဲ႕ ဦးေခါင္းထက္ အမ်ားႀကီးေသးငယ္တဲ့ ႏွံၿပီစုတ္ငွက္ရဲ႕ ေခါင္းထဲမွာ ေ႐ႊတပိႆာ ဆိုတာ ဘယ္လိုလုပ္ ရွိႏိုင္မွာလဲ။ တပိႆာ မေျပာနဲ႔ တေ႐ြးသားေတာင္မွ မရွိႏိုင္ပါဘူး။

အခုေတာ့ လူျဖစ္ေနပါလ်က္နဲ႔ သမင္ပ်ိဳမစကားကို မစဥ္းစား၊ မဆင္ျခင္၊ မေတြးေတာဘဲ ေျပာတိုင္းယုံမိေတာ့ လက္ထဲေရာက္ခါနီး သမင္ပ်ိဳမကို လက္လႊတ္လိုက္ရၿပီ မဟုတ္လား" ဟု ေျပာလိုက္ေလသည္။

မုဆိုးေလးမွာ ဘာမွျပန္လည္မေခ်ပ၊ မေျပာဆိုႏိုင္ေတာ့ဘဲ ေနာင္တ အႀကီးအက်ယ္ ရကာ ေငးငိုင္ေနပါေတာ့သည္။ သူ၏နားထဲတြင္မူ "ခ်င့္ယုံ၊ ခ်င့္ယုံ" ဆိုေသာ ႏွံၿပီစုတ္ငွက္၏ အသံက ပဲ့တင္ထပ္ေအာင္ ျမည္ဟိန္းေနပါေတာ့သည္။ ေ႐ႊႏြယ္႐ိုး