လေ့လာချက်တွေအရ ဓာတ်ပုံတစ်ပုံကို ကြည့်လိုက်တာနဲ့ သူ့ရဲ့အသွင်အပြင်၊ အဝတ်အစားအရောင်တို့ကနေတစ်ဆင့် သူ့အကြောင်းကို ခန့်မှန်းသိရှိနိုင်ပါတယ်။ ဒါ့အပြင် အဝတ်အစားရွေးချယ်မှုကနေလည်း လူတစ်ယောက်အကြောင်းကို သိနိုင်ပါတယ်။

အဲဒါကြောင့် အဝတ်အစားတွေက သင့်ရဲ့ပုံရိပ်နဲ့ အောင်မြင်မှုကို ဘယ်လိုသက်ရောက်နိုင်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပုံမှန်နဲ့ကွဲပြားနေတဲ့အဝတ်အစားတွေက သင့်ရဲ့ယှဉ်ပြိုင်လိုစိတ်ကို ဖော်ပြနေတတ်ပါတယ်။

အဝတ်အစားတွေက စိတ်ရဲ့အခြေအနေနဲ့လည်း ဆက်နွယ်မှုရှိနေပါတယ်။ သူများနဲ့မတူဘဲ ထူးခြားနေတဲ့အရောင်တွေကို ရွေးချယ်တတ်သူတွေဟာ ယှဉ်ပြိုင်လိုစိတ်ပြင်းပြကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် အနီရောင်အဝတ်အစား၊ အသုံးအဆောင်တွေကို အမြဲလိုလို ရွေးချယ်တတ်သူတွေဟာ ကြိုးစားလိုစိတ် ပိုမိုပြင်းထန်လေ့ရှိပါတယ်။

၂။ ရိုးရှင်းတဲ့အဝတ်အစားတွေကို ဝတ်ဆင်လေ့ရှိသူတွေဟာ တီထွင်ဉာဏ်ပိုပြီးကောင်းမွန်နေတတ်ပါတယ်။

အဝတ်အစားရိုးစင်းပေမယ့် သူ့ရဲ့အတွေးအခေါ်တွေက မြင့်မားနေနိုင်ပါတယ်။ ရိုးစင်းတဲ့အဝတ်အစားတွေကို ဝတ်ဆင်လေ့ရှိသူတွေဟာ ခပ်အေးအေးနေတတ်ပြီး တွေးခေါ်နေရတာကို သဘောကြပါတယ်။ ထူးခြားတဲ့တီထွင်မှုတွေကိုလည်း ပြုလုပ်နိုင်ကြပါတယ်။

၃။ ကိုယ်ပိုင်စတိုင်တွေက သင့်ရဲ့အတွင်းစိတ်ကို ဖော်ပြပေးနိုင်ပါတယ်။

လွတ်လပ်တဲ့အတွေးအခေါ်နဲ့ ပေါင်းစပ်ထားတဲ့ ကိုယ်ပိုင်စတိုင်တွေဟာ နေရာတိုင်းအတွက်တော့ မသင့်တော်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ်ပိုင်စတိုင်တွေက သင့်ရဲ့စိတ်ကူးကွန့်မြူးနိုင်မှုကို ဖော်ပြပေးနိုင်ပါတယ်။

၄။ နေရာနဲ့သင့်လျော်တဲ့အဝတ်အစားကို ရွေးချယ်တတ်သူဟာ အာရုံစိုက်မှုကောင်းကြပါတယ်။

နေရာဒေသနဲ့သင့်တော်တဲ့အဝတ်အစားကို ရွေးချယ်တတ်သူတွေဟာ အခြားသူတွေထက် အရာရာမှာ အာရုံစူးစိုက်နိုင်ကြပါတယ်။ အထူးသဖြင့် ဓာတ်ခွဲခန်းနဲ့သက်ဆိုင်တဲ့အလုပ်တွေမှာဆိုရင် သင့်လျော်တဲ့အဝတ်အစားဝတ်ဆင်သူတွေက အလုပ်ကို ပိုမိုအာရုံစိုက်နိုင်ကြပါတယ်။

၅။ အဝတ်အစားတွေက သင့်ရဲ့ရည်မှန်းချက်ကို ပြောပြနိုင်ပါတယ်။

ဦးနှောက်က မီလီစက္ကန့်အတွင်းမှာတောင် အတွေးပေါင်းမြောက်များစွာကို တွေးခေါ်နေပါတယ်။ အဝတ်အစားတွေက သင့်ရဲ့အတွေးအမြင်တွေ၊ အနာဂတ်အကြောင်းအရာတွေကို ပြောပြပေးနိုင်ပါတယ်။ အောင်မြင်မှုနဲ့နီးစပ်ဖို့ဆိုရင် အဝတ်အစားကလည်းအရေးကြီးတဲ့အရာအဖြစ် ပါဝင်နေပါတယ်။

Zombie(LoveMedia)

for zawgyi

အဝတ္အစားေတြက သင့္ရဲ႕ပုံရိပ္နဲ႔ေအာင္ျမင္မႈကို ဘယ္လိုသက္ေရာက္ႏိုင္လဲ

ေလ့လာခ်က္ေတြအရ ဓာတ္ပုံတစ္ပုံကို ၾကည့္လိုက္တာနဲ႔ သူ႔ရဲ႕အသြင္အျပင္၊ အဝတ္အစားအေရာင္တို႔ကေနတစ္ဆင့္ သူ႔အေၾကာင္းကို ခန႔္မွန္းသိရွိႏိုင္ပါတယ္။ ဒါ့အျပင္ အဝတ္အစားေ႐ြးခ်ယ္မႈကေနလည္း လူတစ္ေယာက္အေၾကာင္းကို သိႏိုင္ပါတယ္။ အဲဒါေၾကာင့္ အဝတ္အစားေတြက သင့္ရဲ႕ပုံရိပ္နဲ႔ ေအာင္ျမင္မႈကို ဘယ္လိုသက္ေရာက္ႏိုင္လဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ပုံမွန္နဲ႔ကြဲျပားေနတဲ့အဝတ္အစားေတြက သင့္ရဲ႕ယွဥ္ၿပိဳင္လိုစိတ္ကို ေဖာ္ျပေနတတ္ပါတယ္။

အဝတ္အစားေတြက စိတ္ရဲ႕အေျခအေနနဲ႔လည္း ဆက္ႏြယ္မႈရွိေနပါတယ္။ သူမ်ားနဲ႔မတူဘဲ ထူးျခားေနတဲ့အေရာင္ေတြကို ေ႐ြးခ်ယ္တတ္သူေတြဟာ ယွဥ္ၿပိဳင္လိုစိတ္ျပင္းျပေၾကာင္း ေတြ႕ရပါတယ္။ ဒါ့အျပင္ အနီေရာင္အဝတ္အစား၊ အသုံးအေဆာင္ေတြကို အၿမဲလိုလို ေ႐ြးခ်ယ္တတ္သူေတြဟာ ႀကိဳးစားလိုစိတ္ ပိုမိုျပင္းထန္ေလ့ရွိပါတယ္။

၂။ ႐ိုးရွင္းတဲ့အဝတ္အစားေတြကို ဝတ္ဆင္ေလ့ရွိသူေတြဟာ တီထြင္ဉာဏ္ပိုၿပီးေကာင္းမြန္ေနတတ္ပါတယ္။

အဝတ္အစား႐ိုးစင္းေပမယ့္ သူ႔ရဲ႕အေတြးအေခၚေတြက ျမင့္မားေနႏိုင္ပါတယ္။ ႐ိုးစင္းတဲ့အဝတ္အစားေတြကို ဝတ္ဆင္ေလ့ရွိသူေတြဟာ ခပ္ေအးေအးေနတတ္ၿပီး ေတြးေခၚေနရတာကို သေဘာၾကပါတယ္။ ထူးျခားတဲ့တီထြင္မႈေတြကိုလည္း ျပဳလုပ္ႏိုင္ၾကပါတယ္။

၃။ ကိုယ္ပိုင္စတိုင္ေတြက သင့္ရဲ႕အတြင္းစိတ္ကို ေဖာ္ျပေပးႏိုင္ပါတယ္။

လြတ္လပ္တဲ့အေတြးအေခၚနဲ႔ ေပါင္းစပ္ထားတဲ့ ကိုယ္ပိုင္စတိုင္ေတြဟာ ေနရာတိုင္းအတြက္ေတာ့ မသင့္ေတာ္ႏိုင္ပါဘူး။ ဒါေပမယ့္ ကိုယ္ပိုင္စတိုင္ေတြက သင့္ရဲ႕စိတ္ကူးကြန႔္ျမဴးႏိုင္မႈကို ေဖာ္ျပေပးႏိုင္ပါတယ္။

၄။ ေနရာနဲ႔သင့္ေလ်ာ္တဲ့အဝတ္အစားကို ေ႐ြးခ်ယ္တတ္သူဟာ အာ႐ုံစိုက္မႈေကာင္းၾကပါတယ္။

ေနရာေဒသနဲ႔သင့္ေတာ္တဲ့အဝတ္အစားကို ေ႐ြးခ်ယ္တတ္သူေတြဟာ အျခားသူေတြထက္ အရာရာမွာ အာ႐ုံစူးစိုက္ႏိုင္ၾကပါတယ္။ အထူးသျဖင့္ ဓာတ္ခြဲခန္းနဲ႔သက္ဆိုင္တဲ့အလုပ္ေတြမွာဆိုရင္ သင့္ေလ်ာ္တဲ့အဝတ္အစားဝတ္ဆင္သူေတြက အလုပ္ကို ပိုမိုအာ႐ုံစိုက္ႏိုင္ၾကပါတယ္။

၅။ အဝတ္အစားေတြက သင့္ရဲ႕ရည္မွန္းခ်က္ကို ေျပာျပႏိုင္ပါတယ္။

ဦးေႏွာက္က မီလီစကၠန႔္အတြင္းမွာေတာင္ အေတြးေပါင္းေျမာက္မ်ားစြာကို ေတြးေခၚေနပါတယ္။ အဝတ္အစားေတြက သင့္ရဲ႕အေတြးအျမင္ေတြ၊ အနာဂတ္အေၾကာင္းအရာေတြကို ေျပာျပေပးႏိုင္ပါတယ္။ ေအာင္ျမင္မႈနဲ႔နီးစပ္ဖို႔ဆိုရင္ အဝတ္အစားကလည္းအေရးႀကီးတဲ့အရာအျဖစ္ ပါဝင္ေနပါတယ္။

Zombie(LoveMedia)