ကလေးတစ်ယောက် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့၊ ပညာတတ်ဖို့၊ လိမ္မာယဉ်ကျေးဖို့၊ဘဝမှာ လိုက်လျောညီထွေ နေတတ်ဖို့အတွက် အချိန်တွေအများကြီး လိုအပ်ပါတယ်။

ကလေးတွေရဲ့တချို့အမူအရာတွေကို လျစ်လျူရှုထားရင် ကြီးလာရင် ဆိုးဆိုးထိခိုက်လာစေမှာပါ။ အဲဒါကြောင့် ကလေးတွေရဲ့ ဘယ်လို အမူအရာတွေကို လျစ်လျူမရှုထားသင့်သလဲ ဆိုတာကို ဖော်ပြပေးပါမယ်နော်။

၁။ အခြားသူတွေရဲ့ မကောင်းတဲ့ လုပ်ရပ်ကို ဆိတ်ဆိတ်နေခြင်း

သင့်ကလေး အနီးအနားမှာ အခြားသူတွေက မကောင်းတဲ့ လုပ်ရပ်တွေ လုပ်နေတဲ့အခါ တာဝန်ရှိသူကို အကြောင်းကြားဖို့ လိုအပ်ကြောင်း သင်ထားပေးသင့်ပါတယ်။ ပါးစပ်ဖွာတာနဲ့ နိုးကြားသတိရှိတာ မတူကြောင်း သင့်ကလေးကို ရှင်းပြဖို့ အရေးကြီးပါတယ်။ ပြီးတော့ သင့်ကလေး ပြောတာကိုလည်း သေသေချာချာ နားထောင်ပေးပါ။ အဲဒီအခါ ပြဿနာရဲ့အဖြေကို အတူတူ ရှာဖွေနိုင်မှာပါ။

၂။ မောင်နှမချင်း ယှဉ်ပြိုင်ခြင်း

သင့်ကလေးက မောင်နှမချင်း ယှဉ်ပြိုင်နေရင် ကောင်းတဲ့အချက် မဟုတ်ပါဘူး။ ပြဿနာရဲ့အရင်းခံကို ရှာဖွေပြီးကလေးတွေကြားက ပဋိပက္ခတွေကို မျှမျှတတ ဖြေရှင်းတတ်ဖို့ သင်ပေးပါ။ မောင်နှချင်း တစ်ယောက်ကိုတစ်ယောက် လေးစားမှုထားဖို့က အရေးကြီးပါတယ်။ မိဘတွေဘက်ကလည်း ကလေးတစ်ယောက်ချင်းစီကို အချိန် မျှမျှတတပေးပြီး ဆက်ဆံတာက အကူအညီ ဖြစ်စေမှာပါ။

၃။ ခိုးခြင်း

ခိုးတာက အရမ်းကိုသတိထားပြီး ပြုပြင်ပေးရမယ့် အကျင့်ပါပဲ။ သင့်ကလေးက ပထမဆုံးအကြိမ်ခိုးရင် ခိုးရတဲ့အကြောင်းရင်းကို မေးပြီး ခိုးတာက ဘယ်လောက်ဆိုးလဲဆိုတာကို ရှင်းပြပါ။ ပြီးတော့ ခိုးလာတဲ့ပစ္စည်းကို ပိုင်ရှင်ဆီပြန်ပေးပြီး တောင်းပန်ဖို့ပြောပါ။ သင့်ကလေးက ခိုးတာကို ဆက်တိုက်လုပ်နေရင် စိတ်ရောဂါဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ မဟုတ်ရင် ခိုးတတ်တဲ့အကျင့်က တစ်သက်လုံးပါသွားနိုင်ပါတယ်။

၄။ အခြားသူများကို လေးလေးစားစား မဆက်ဆံခြင်း

သင့်ကလေးက အပြောအဆို အမူအရာတွေ ရိုင်းပျနေတဲ့အခါ အကြောင်းအရင်းကို အရင်ဆုံးရှာပါ။ စိတ်ခံစားချက်နဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုမှန်မှန် ထိန်းချုပ်ရမလဲ ဆိုတာကို သင်ပေးထားသင့်ပါတယ်။ သင့်ကလေးက ပိုရိုင်းလာရင်တော့ သေသေချာချာ ဆုံးမဖို့ လိုအပ်လာပါပြီ။

၅။ မရိုးသားခြင်း

လိမ်ညာတတ်တာကလည်း အကျင့်ဆိုး တစ်ခုပါပဲ။ ရိုးသားမှုနဲ့ ယုံကြည်မှုက ဘဝမှာ အရေးပါကြောင်း သင့်ကလေးကို အေးအေးဆေးဆေး ပြောပြပါ။ လက်မခံနိုင်လောက်အောင် လိမ်လာတဲ့အခါ ထိုက်တန်တဲ့ အပြစ်ဒဏ်ပေးဖို့က အရေးကြီးပါတယ်။

၆။ ဂျီကျခြင်း

အသံဆိုးနဲ့ ဂျီကျနာက ကြာလာရင် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ မိဘတွေ အလုပ်များတဲ့အခါ အလိုက်တသိနဲ့ နေပေးဖို့၊ ခဏခဏ ဂျီမကျဖို့ သေသေချာချာ ပြောပြထားသင့်ပါတယ်။

၇။ ရိုင်းပျသော အမူအရာ

ကလေးတွေကို ယဉ်ကျေးတဲ့ အမူအရာ သင်ပေးတဲ့အခါ ကလေးအပေါ် ဖိအားတွေ မများသွားစေဖို့လည်း အရေးကြီးပါတယ်။ ကလေးအရွယ်မှာ အိမ်က လူကြီးတွေ လုပ်တတ်တဲ့အကျင့်ကို အမှန်ထင်ပြီး အတုခိုးတတ်ပါတယ်။ အဲဒါကြောင့် ကလေးတွေမှာ ယဉ်ကျေးတဲ့ အမူအရာတွေ ရှိဖို့က မိသားစုပတ်ဝန်းကျင်နဲ့လည်း သက်ဆိုင်နေပါတယ်။

Zombie (lovemedia)

for zawgyi

လ်စ္လ်ဴရႈထားရင္ အႏၲရာယ္မ်ားတဲ့ ကေလးေတြရဲ႕ အမူအရာ (၇) ခု

ကေလးတစ္ေယာက္ ေကာင္းေကာင္းမြန္မြန္ ႀကီးျပင္းလာဖို႔၊ ပညာတတ္ဖို႔၊ လိမၼာယဥ္ေက်းဖို႔၊ဘဝမွာ လိုက္ေလ်ာညီေထြ ေနတတ္ဖို႔အတြက္ အခ်ိန္ေတြအမ်ားႀကီး လိုအပ္ပါတယ္။ ကေလးေတြရဲ႕တခ်ိဳ႕အမူအရာေတြကို လ်စ္လ်ဴရႈထားရင္ ႀကီးလာရင္ ဆိုးဆိုးထိခိုက္လာေစမွာပါ။ အဲဒါေၾကာင့္ ကေလးေတြရဲ႕ ဘယ္လို အမူအရာေတြကို လ်စ္လ်ဴမရႈထားသင့္သလဲ ဆိုတာကို ေဖာ္ျပေပးပါမယ္ေနာ္။

၁။ အျခားသူေတြရဲ႕ မေကာင္းတဲ့လုပ္ရပ္ကို ဆိတ္ဆိတ္ေနျခင္း

သင့္ကေလး အနီးအနားမွာ အျခားသူေတြက မေကာင္းတဲ့ လုပ္ရပ္ေတြ လုပ္ေနတဲ့အခါ တာဝန္ရွိသူကို အေၾကာင္းၾကားဖို႔ လိုအပ္ေၾကာင္း သင္ထားေပးသင့္ပါတယ္။ ပါးစပ္ဖြာတာနဲ႔ ႏိုးၾကားသတိရွိတာ မတူေၾကာင္း သင့္ကေလးကို ရွင္းျပဖို႔ အေရးႀကီးပါတယ္။ ၿပီးေတာ့ သင့္ကေလး ေျပာတာကိုလည္း ေသေသခ်ာခ်ာ နားေထာင္ေပးပါ။ အဲဒီအခါ ျပႆနာရဲ႕အေျဖကို အတူတူ ရွာေဖြႏိုင္မွာပါ။

၂။ ေမာင္ႏွမခ်င္း ယွဥ္ၿပိဳင္ျခင္း

သင့္ကေလးက ေမာင္ႏွမခ်င္း ယွဥ္ၿပိဳင္ေနရင္ ေကာင္းတဲ့အခ်က္ မဟုတ္ပါဘူး။ ျပႆနာရဲ႕အရင္းခံကို ရွာေဖြၿပီးကေလးေတြၾကားက ပဋိပကၡေတြကို မွ်မွ်တတ ေျဖရွင္းတတ္ဖို႔ သင္ေပးပါ။ ေမာင္ႏွခ်င္း တစ္ေယာက္ကိုတစ္ေယာက္ ေလးစားမႈထားဖို႔က အေရးႀကီးပါတယ္။ မိဘေတြဘက္ကလည္း ကေလးတစ္ေယာက္ခ်င္းစီကို အခ်ိန္ မွ်မွ်တတေပးၿပီး ဆက္ဆံတာက အကူအညီ ျဖစ္ေစမွာပါ။

၃။ ခိုးျခင္း

ခိုးတာက အရမ္းကိုသတိထားၿပီး ျပဳျပင္ေပးရမယ့္ အက်င့္ပါပဲ။ သင့္ကေလးက ပထမဆုံးအႀကိမ္ခိုးရင္ ခိုးရတဲ့အေၾကာင္းရင္းကို ေမးၿပီး ခိုးတာက ဘယ္ေလာက္ဆိုးလဲဆိုတာကို ရွင္းျပပါ။ ၿပီးေတာ့ ခိုးလာတဲ့ပစၥည္းကို ပိုင္ရွင္ဆီျပန္ေပးၿပီး ေတာင္းပန္ဖို႔ေျပာပါ။ သင့္ကေလးက ခိုးတာကို ဆက္တိုက္လုပ္ေနရင္ စိတ္ေရာဂါဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။ မဟုတ္ရင္ ခိုးတတ္တဲ့အက်င့္က တစ္သက္လုံးပါသြားႏိုင္ပါတယ္။

၄။ အျခားသူမ်ားကို ေလးေလးစားစားမဆက္ဆံျခင္း

သင့္ကေလးက အေျပာအဆိုအမူအရာေတြ ႐ိုင္းပ်ေနတဲ့အခါ အေၾကာင္းအရင္းကို အရင္ဆုံးရွာပါ။ စိတ္ခံစားခ်က္နဲ႔ ဆုံးျဖတ္ခ်က္ကို ဘယ္လိုမွန္မွန္ထိန္းခ်ဳပ္ရမလဲဆိုတာကို သင္ေပးထားသင့္ပါတယ္။ သင့္ကေလးက ပို႐ိုင္းလာရင္ေတာ့ ေသေသခ်ာခ်ာ ဆုံးမဖို႔ လိုအပ္လာပါၿပီ။

၅။ မ႐ိုးသားျခင္း

လိမ္ညာတတ္တာကလည္း အက်င့္ဆိုး တစ္ခုပါပဲ။ ႐ိုးသားမႈနဲ႔ ယုံၾကည္မႈက ဘဝမွာ အေရးပါေၾကာင္း သင့္ကေလးကို ေအးေအးေဆးေဆး ေျပာျပပါ။ လက္မခံႏိုင္ေလာက္ေအာင္ လိမ္လာတဲ့အခါ ထိုက္တန္တဲ့ အျပစ္ဒဏ္ေပးဖို႔က အေရးႀကီးပါတယ္။

၆။ ဂ်ီက်ျခင္း

အသံဆိုးနဲ႔ ဂ်ီက်နာက ၾကာလာရင္ စိတ္အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ မိဘေတြ အလုပ္မ်ားတဲ့အခါ အလိုက္တသိနဲ႔ ေနေပးဖို႔၊ ခဏခဏ ဂ်ီမက်ဖို႔ ေသေသခ်ာခ်ာ ေျပာျပထားသင့္ပါတယ္။

၇။ ႐ိုင္းပ်ေသာ အမူအရာ

ကေလးေတြကို ယဥ္ေက်းတဲ့ အမူအရာ သင္ေပးတဲ့အခါ ကေလးအေပၚ ဖိအားေတြ မမ်ားသြားေစဖို႔လည္း အေရးႀကီးပါတယ္။ ကေလးအ႐ြယ္မွာ အိမ္က လူႀကီးေတြ လုပ္တတ္တဲ့အက်င့္ကို အမွန္ထင္ၿပီး အတုခိုးတတ္ပါတယ္။ အဲဒါေၾကာင့္ ကေလးေတြမွာ ယဥ္ေက်းတဲ့ အမူအရာေတြ ရွိဖို႔က မိသားစုပတ္ဝန္းက်င္နဲ႔လည္း သက္ဆိုင္ေနပါတယ္။

Zombie (lovemedia)