ကြောင်လေးတွေက နားလည်ရခက်တဲ့ ကလေးလေးတွေပါပဲ။ ခွေးလေးတွေကတော့ သူတို့ရဲ့အမူအရာကို ထင်ထင်ရှားရှား ပြတတ်ပါတယ်။ ကြောင်လေးတွေက ခွေးလေးတွေထက် ပိုပြီး ထိန်းချူပ်ရ ခက်ပြီးတော့ သူတို့ရဲ့ခံစားချက်တွေကို ပြသပုံကလည်း ကွဲပြားပါတယ်။

အဲဒါကြောင့် ကြောင်လေးတွေရဲ့ ထူးထူးဆန်းဆန်း အမူအရာတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ သင်အိပ်နေတဲ့အချိန်မှာ စကားလာပြောခြင်း

သင့်အနားမှာ တညောင်ညောင်နဲ့ လာလုပ်နေတာက သင့်ကို ချစ်တဲ့အကြောင်း ဖော်ပြနည်း တစ်မျိုးပါပဲ။ ဒါပေမယ့် ဆက်တိုက် တညောင်ညောင်နဲ့ စကားလာပြောနေရင် သူတို့ နေထိုင်မကောင်းတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အိပ်နေတုန်း စကားတွေ လာလာပြောနေတာကတော့ သင်ဂရုစိုက်တာကို ခံချင်လို့ပါ။

၂။ သင်သွားသမျှ နေရာတွေနောက်ကို လိုက်ခြင်း

ကြောင်လေးတွေက သူချစ်တဲ့သူနဲ့ တစ်ချိန်လုံး ရှိနေချင်ကြပါတယ်။ သူ့စိတ်ထဲမှာ ယုံကြည်ရသူလို့ မှတ်ယူတာကြောင့် သွားလေရာကို တကောက်ကောက်လိုက်နေမှာပါ။

၃။ သင့်လက်တွေ၊ ခြေထောက်ကို ဖြည်းဖြည်းချင်းကိုက်ခြင်း

ကြောင်လေးတွေက သူတို့နဲ့အတူ သင့်ကိုအတူတူ လာကစားစေချင်ရင် သင့်လက်တွေ၊ ခြေထောက်တွေကို ဖြည်းဖြည်းချင်း လာကိုင်ပါလိမ့်မယ်။ အဲဒီလိုကိုက်တာက သင့်ကို ရန်မူတာမဟုတ်လို့ စိတ်ပူစရာ မလိုပါဘူး။

၄။ သင့်ခြေထောက်နားမှာ ပွတ်သပ်နေခြင်း

ကြောင်လေးတွေက သဝန်တိုတတ်ကြပါတယ်။ သင့်ကို သူတို့ပိုင်ကြောင်း၊ ချစ်ကြောင်း သူတို့ကြည့်မရသူကို ပြချင်ရင် အမြီးနဲ့ သင့်ခြေထောက်နားမှာ လာရမ်းပြနေမှာပါ။ သင့်ဆီက ဂရုစိုက်တာခံချင်ရင်လည်း သင့်ခြေထောက်ကို သူ့ကိုယ်လုံးနဲ့ ပွတ်ဆွဲသွားမှာပါ။

၅။ သင့်ကို ကြည့်နေတဲ့အချိန်မှာ အမြီးထိပ်ဖြားကို ကွေးထားခြင်း

ကြောင်လေးတွေရဲ့ ခံစားချက်ကို အမြီးကို ကြည့်ပြီးတော့ သိနိုင်ပါတယ်။ သူ့အမြီးက ထောင်နေပြီး အမြီးထိပ်ဖျားက ကွေးနေရင် သင့်ကို ခင်ချင်လို့ပါ။

၆။ သင့်ကို စိုက်ကြည့်နေခြင်း

ကြောင်လေးတွေကလည်း လူတွေလိုပဲ သူတို့ချစ်တဲ့သူနားက မခွာပါဘူး။ အကြည့်တွေက သင့်ဆီကနေ မခွာဘဲ စိုက်ကြည့်နေရင် သင့်ကို တကယ်ချစ်တဲ့အဓိပ္ပါယ်ပါ။

၇။ သူ့ရဲ့ ဗိုက်ကို ပြဖို့ မကြောက်ခြင်း

ကြောင်လေးတွေက သူစိမ်းတွေချီရင် ထွက်ပြေးကြပါတယ်။ သူတို့ကို ပက်လက်လှန်ပြီး ဗိုက်ကို ပွတ်ပေးမယ်ဆိုရင် အခန့်မသင့်တဲ့အခါ အကုတ်ခံရဦးမှာပါ။ ဒါပေမယ့် သူတို့ယုံရတဲ့သူ၊ ချစ်တဲ့သူ ဆိုရင်တော့ သူတို့ကိုယ်တိုင် လိုလိုလားလားနဲ့ ဗိုက်ကို အပွတ်ခံပါတယ်။

၈။ သင့်ဆီကို လက်ဆောင်လေးတွေ ယူလာပေးခြင်း

ကြောင်လေးတွေက သင့်ကိုချစ်တဲ့အခါ လက်ဆောင်လေးတွေ ယူလာပေးတတ်ပါတယ်။ သင်ကြိုက်တဲ့ အစားအစာကို မသိလို့ လက်ဆောင်အဖြစ် ကြွက်တွေ၊ မြွေတွေ၊ သစ်ရွက်တွေ၊ အမှိုက်တွေ၊ အိမ်မြှောင်လေးတွေ ယူလာပေးမှာပါ။

၉။ သင်နဲ့ မျက်နှာရှေ့မှာ ပေါ်ပေါ်လာခြင်း

သင်က အလုပ်များလို့ သူ့ကို ဂရုမစိုက်နိုင်ရင် သင့်မျက်နှာကို သူ့မျက်နှာနဲ့ တိုးဝှေ့ပူးကပ်နေမှာပါ။ အဲဒီအခါ သူ့ကို ချစ်ကြောင်းပြဖို့ နဖူးချင်းထိပြီး ကစားပေးလိုက်ပါ။

၁၀။ နှိပ်ပေးခြင်း

ကြောင်လေးက သင့်ကို နှိပ်ပေးနေတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်ကို စောင်နဲ့ လွှမ်းထားပါ။ မဟုတ်ရင်တော့ စိတ်မထင်ရင် အကုတ်ခံရနိုင်ပါတယ်။ သင့်ကို နှိပ်ပေးတဲ့ အကြောင်းအရင်း နှစ်ခုရှိပါတယ်။ သူ တက်အိပ်ဖို့ သက်တောင့်သက်သာဖြစ်မယ့် နေရာကို ရှာတာဖြစ်နိုင်သလို သင်နဲ့နေရတာ ပျော်လို့ နှိပ်ပေးတာလည်း ဖြစ်နိုင်ပါတယ်။

ကြောင်ရဲ့အမြီးကို ကြည့်ပြီး သူ့ခံစားချက်ကို ဘယ်လိုသိနိုင်မလဲ

သူက ကြောင်ကို စိတ်တိုအောင် စထားလို့ အမြီးက အပေါ်ကို ထောင်ပြီး ကွေးနေရင် ရန်လိုနေတာပါ။ အမြီးက အောက်ချထားပြီး ကွေးနေရင် သူတို့ပျော်ရွှင်နေလို့ပါ။

Zombie (lovemedia)

for zawygi

နားလည္ရခက္တဲ့ ေၾကာင္ေလးေတြအမူအရာ (၁၀) ခု

ေၾကာင္ေလးေတြက နားလည္ရခက္တဲ့ ကေလးေလးေတြပါပဲ။ ေခြးေလးေတြကေတာ့ သူတို႔ရဲ႕အမူအရာကို ထင္ထင္ရွားရွား ျပတတ္ပါတယ္။ ေၾကာင္ေလးေတြက ေခြးေလးေတြထက္ ပိုၿပီး ထိန္းခ်ဴပ္ရ ခက္ၿပီးေတာ့ သူတို႔ရဲ႕ခံစားခ်က္ေတြကို ျပသပုံကလည္း ကြဲျပားပါတယ္။

အဲဒါေၾကာင့္ ေၾကာင္ေလးေတြရဲ႕ ထူးထူးဆန္းဆန္း အမူအရာေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ သင္အိပ္ေနတဲ့အခ်ိန္မွာ စကားလာေျပာျခင္း

သင့္အနားမွာ တေညာင္ေညာင္နဲ႔ လာလုပ္ေနတာက သင့္ကို ခ်စ္တဲ့အေၾကာင္း ေဖာ္ျပနည္း တစ္မ်ိဳးပါပဲ။ ဒါေပမယ့္ ဆက္တိုက္ တေညာင္ေညာင္နဲ႔ စကားလာေျပာေနရင္ သူတို႔ ေနထိုင္မေကာင္းတာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ အိပ္ေနတုန္း စကားေတြ လာလာေျပာေနတာကေတာ့ သင္ဂ႐ုစိုက္တာကို ခံခ်င္လို႔ပါ။

၂။ သင္သြားသမွ် ေနရာေတြေနာက္ကို လိုက္ျခင္း

ေၾကာင္ေလးေတြက သူခ်စ္တဲ့သူနဲ႔ တစ္ခ်ိန္လုံး ရွိေနခ်င္ၾကပါတယ္။ သူ႔စိတ္ထဲမွာ ယုံၾကည္ရသူလို႔ မွတ္ယူတာေၾကာင့္ သြားေလရာကို တေကာက္ေကာက္လိုက္ေနမွာပါ။

၃။ သင့္လက္ေတြ၊ ေျခေထာက္ကို ျဖည္းျဖည္းခ်င္းကိုက္ျခင္း

ေၾကာင္ေလးေတြက သူတို႔နဲ႔အတူ သင့္ကိုအတူတူ လာကစားေစခ်င္ရင္ သင့္လက္ေတြ၊ ေျခေထာက္ေတြကို ျဖည္းျဖည္းခ်င္း လာကိုင္ပါလိမ့္မယ္။ အဲဒီလိုကိုက္တာက သင့္ကို ရန္မူတာမဟုတ္လို႔ စိတ္ပူစရာ မလိုပါဘူး။

၄။ သင့္ေျခေထာက္နားမွာ ပြတ္သပ္ေနျခင္း

ေၾကာင္ေလးေတြက သဝန္တိုတတ္ၾကပါတယ္။ သင့္ကို သူတို႔ပိုင္ေၾကာင္း၊ ခ်စ္ေၾကာင္း သူတို႔ၾကည့္မရသူကို ျပခ်င္ရင္ အၿမီးနဲ႔ သင့္ေျခေထာက္နားမွာ လာရမ္းျပေနမွာပါ။ သင့္ဆီက ဂ႐ုစိုက္တာခံခ်င္ရင္လည္း သင့္ေျခေထာက္ကို သူ႔ကိုယ္လုံးနဲ႔ ပြတ္ဆြဲသြားမွာပါ။

၅။ သင့္ကို ၾကည့္ေနတဲ့အခ်ိန္မွာ အၿမီးထိပ္ျဖားကို ေကြးထားျခင္း

ေၾကာင္ေလးေတြရဲ႕ ခံစားခ်က္ကို အၿမီးကို ၾကည့္ၿပီးေတာ့ သိႏိုင္ပါတယ္။ သူ႔အၿမီးက ေထာင္ေနၿပီး အၿမီးထိပ္ဖ်ားက ေကြးေနရင္ သင့္ကို ခင္ခ်င္လို႔ပါ။

၆။ သင့္ကို စိုက္ၾကည့္ေနျခင္း

ေၾကာင္ေလးေတြကလည္း လူေတြလိုပဲ သူတို႔ခ်စ္တဲ့သူနားက မခြာပါဘူး။ အၾကည့္ေတြက သင့္ဆီကေန မခြာဘဲ စိုက္ၾကည့္ေနရင္ သင့္ကို တကယ္ခ်စ္တဲ့အဓိပၸါယ္ပါ။

၇။ သူ႔ရဲ႕ ဗိုက္ကို ျပဖို႔ မေၾကာက္ျခင္း

ေၾကာင္ေလးေတြက သူစိမ္းေတြခ်ီရင္ ထြက္ေျပးၾကပါတယ္။ သူတို႔ကို ပက္လက္လွန္ၿပီး ဗိုက္ကို ပြတ္ေပးမယ္ဆိုရင္ အခန႔္မသင့္တဲ့အခါ အကုတ္ခံရဦးမွာပါ။ ဒါေပမယ့္ သူတို႔ယုံရတဲ့သူ၊ ခ်စ္တဲ့သူ ဆိုရင္ေတာ့ သူတို႔ကိုယ္တိုင္ လိုလိုလားလားနဲ႔ ဗိုက္ကို အပြတ္ခံပါတယ္။

၈။ သင့္ဆီကို လက္ေဆာင္ေလးေတြ ယူလာေပးျခင္း

ေၾကာင္ေလးေတြက သင့္ကိုခ်စ္တဲ့အခါ လက္ေဆာင္ေလးေတြ ယူလာေပးတတ္ပါတယ္။ သင္ႀကိဳက္တဲ့ အစားအစာကို မသိလို႔ လက္ေဆာင္အျဖစ္ ႂကြက္ေတြ၊ ေႁမြေတြ၊ သစ္႐ြက္ေတြ၊ အမႈိက္ေတြ၊ အိမ္ေျမႇာင္ေလးေတြ ယူလာေပးမွာပါ။

၉။ သင္နဲ႔ မ်က္ႏွာေရွ႕မွာ ေပၚေပၚလာျခင္း

သင္က အလုပ္မ်ားလို႔ သူ႔ကို ဂ႐ုမစိုက္ႏိုင္ရင္ သင့္မ်က္ႏွာကို သူ႔မ်က္ႏွာနဲ႔ တိုးေဝွ႔ပူးကပ္ေနမွာပါ။ အဲဒီအခါ သူ႔ကို ခ်စ္ေၾကာင္းျပဖို႔ နဖူးခ်င္းထိၿပီး ကစားေပးလိုက္ပါ။

၁၀။ ႏွိပ္ေပးျခင္း

ေၾကာင္ေလးက သင့္ကို ႏွိပ္ေပးေနတဲ့အခ်ိန္မွာ သင့္ခႏၶာကိုယ္ကို ေစာင္နဲ႔ လႊမ္းထားပါ။ မဟုတ္ရင္ေတာ့ စိတ္မထင္ရင္ အကုတ္ခံရႏိုင္ပါတယ္။ သင့္ကို ႏွိပ္ေပးတဲ့ အေၾကာင္းအရင္း ႏွစ္ခုရွိပါတယ္။ သူ တက္အိပ္ဖို႔ သက္ေတာင့္သက္သာျဖစ္မယ့္ ေနရာကို ရွာတာျဖစ္ႏိုင္သလို သင္နဲ႔ေနရတာ ေပ်ာ္လို႔ ႏွိပ္ေပးတာလည္း ျဖစ္ႏိုင္ပါတယ္။

ေၾကာင္ရဲ႕အၿမီးကို ၾကည့္ၿပီး သူ႔ခံစားခ်က္ကို ဘယ္လိုသိႏိုင္မလဲ

သူက ေၾကာင္ကို စိတ္တိုေအာင္ စထားလို႔ အၿမီးက အေပၚကို ေထာင္ၿပီး ေကြးေနရင္ ရန္လိုေနတာပါ။ အၿမီးက ေအာက္ခ်ထားၿပီး ေကြးေနရင္ သူတို႔ေပ်ာ္႐ႊင္ေနလို႔ပါ။

Zombie (lovemedia)