Anastasiya Knyazeva က ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အလှဆုံး မိန်းကလေးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ပါတယ်။ သူမရဲ့ မျက်လုံးပြာပြာလေးတွေ၊ ရှည်လျားတဲ့အညိုရောင်ဆံပင်လေးတွေ၊ ချောမောလှပတဲ့မျက်နှာကြောင့် လူအများရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ Anastasiya မှာ အခုဆိုရင် instagram follower ပေါင်း ၁.၄ သန်းတောင်ရှိနေပါပြီ။

Anastasiya က မော်ဒယ်အလုပ်ကို အသက်၂ နှစ်ခွဲအရွယ်ကတည်းက လုပ်ခဲ့တာပါ။ သူမရဲ့အလှကြောင့် အသက် ၄ နှစ်မှာတင် ထင်ပေါ်ကျော်ကြားလာခဲ့ပါတယ်။

Anastasiya က ကင်မရာရှေ့မှာ သဘာဝကျကျ လှပနေတာကြောင့် ကုန်ပစ္စည်းကုမ္ပဏီတွေက Anastasiya နဲ့ လက်တွဲလာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ အမေဖြစ်သူက Anastasiya အတွက် instagram account ဖွင့်ပေးခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ အသက် ၆ နှစ်အရွယ် Anastasiya ကို The Daily Mail သတင်းဌာနက ကမ္ဘာ့အလှဆုံးမိန်းကလေးအဖြစ် ဖော်ပြခဲ့ပါတယ်။ မျက်လုံးပြာပြာပိုင်ဆိုင်ထားပြီး အရုပ်မလေးနဲ့လည်း တူတာကြောင့် တစ်နေ့တခြားနာမည်ကြီးလာခဲ့ပါတယ်။

၂၀၁၈ခုနှစ်မှာတော့ Anastasiya က L'Officiel က ထုတ်ပြန်တဲ့ ကမ္ဘာ့အလှဆုံးကလေးတွေထဲမှာ ၅ ယောက်မြောက်နေရာကနေ ပါဝင်ခဲ့ပါတယ်။ ကလေးအဝတ်အစားကုမ္ပဏီတွေက Anastasiya နဲ့အတူ ကြော်ငြာတွေ ရိုက်ကူးခဲ့ပါတယ်။

Anastasiya က လူအများရဲ့အာရုံစိုက်မှုကို ရပေမယ့်လည်း သာမန်ကလေးတစ်ယောက်လို နေထိုင်ပါတယ်။ ကျောင်းလည်း ပုံမှန်တက်ပြီး ကျောင်းမှာလည်း လူအများရဲ့ချဉ်းကပ်မှုကို ရရှိခဲ့ပါတယ်။ Anastasiya က မော်ဒယ်အလုပ်နဲ့ ကျောင်းသူဘဝကို မျှတအောင်လို့ ကြိုးစားနေထိုင်သူပါ။

အင်္ဂလိပ်စာနဲ့ အကသင်ခန်းစာတွေကိုလည်း ကြိုးစားပမ်းစားလေ့လာပါတယ်။ အသက်ကြီးလာတဲ့အခါမှာ စားဖိုမှူး သို့မဟုတ် တိရစ္ဆာန်ဆေးကုဆရာဝန်ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

တကယ်တော့ Anastasiya တို့မိသားစုက ဖက်ရှင်၊ မော်ဒယ်လ်လောကနဲ့အလှမ်းဝေးသူပါ။ သူမရဲ့မိခင်က စီးပွားရေးပါရဂူတစ်ယောက်ဖြစ်ပီဲး အဖေကတော့ ကားထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ပါတယ်။ သူမထက် အသက် ၇ နှစ်ကြီးတဲ့အစ်ကိုဖြစ်သူကတော့ Anastasiya အတွက် အစွမ်းကုန်ကူညီပံ့ပိုးပေးပါတယ်။

Anastasiya ဟာ အနာဂတ်မှာလည်း မော်ဒယ်လ်လောကမှာ ကျော်ကြားလာနိုင်ကြောင်း ကျွမ်းကျင်သူတွေက မှန်းဆကြပါတယ်။

Zombie (lovemedia)

for zawgyi

တစ္ေန႔တျခား ပိုပိုလွလာတဲ့ ကမာၻ႔အလွဆုံးလို႔ သတ္မွတ္ခံထားရတဲ့မိန္းကေလး

Anastasiya Knyazeva က ၂၀၁၇ ခုႏွစ္အတြက္ ကမာၻ႔အလွဆုံးမိန္းကေလးအျဖစ္ သတ္မွတ္ျခင္း ခံခဲ့ပါတယ္။ သူမရဲ႕ မ်က္လုံးျပာျပာေလးေတြ၊ ရွည္လ်ားတဲ့အညိဳေရာင္ဆံပင္ေလးေတြ၊ ေခ်ာေမာလွပတဲ့မ်က္ႏွာေၾကာင့္ လူအမ်ားရဲ႕စိတ္ဝင္စားမႈကို ရရွိခဲ့ပါတယ္။ Anastasiya မွာ အခုဆိုရင္ instagram follower ေပါင္း ၁.၄ သန္းေတာင္ရွိေနပါၿပီ။

Anastasiya က ေမာ္ဒယ္အလုပ္ကို အသက္၂ ႏွစ္ခြဲအ႐ြယ္ကတည္းက လုပ္ခဲ့တာပါ။ သူမရဲ႕အလွေၾကာင့္ အသက္ ၄ ႏွစ္မွာတင္ ထင္ေပၚေက်ာ္ၾကားလာခဲ့ပါတယ္။ Anastasiya က ကင္မရာေရွ႕မွာ သဘာဝက်က် လွပေနတာေၾကာင့္ ကုန္ပစၥည္းကုမၸဏီေတြက Anastasiya နဲ႔ လက္တြဲလာခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္မွာေတာ့ အေမျဖစ္သူက Anastasiya အတြက္ instagram account ဖြင့္ေပးခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္မွာေတာ့ အသက္ ၆ ႏွစ္အ႐ြယ္ Anastasiya ကို The Daily Mail သတင္းဌာနက ကမာၻ႔အလွဆုံးမိန္းကေလးအျဖစ္ ေဖာ္ျပခဲ့ပါတယ္။ မ်က္လုံးျပာျပာပိုင္ဆိုင္ထားၿပီး အ႐ုပ္မေလးနဲ႔လည္း တူတာေၾကာင့္ တစ္ေန႔တျခားနာမည္ႀကီးလာခဲ့ပါတယ္။

၂၀၁၈ခုႏွစ္မွာေတာ့ Anastasiya က L'Officiel က ထုတ္ျပန္တဲ့ ကမာၻ႔အလွဆုံးကေလးေတြထဲမွာ ၅ ေယာက္ေျမာက္ေနရာကေန ပါဝင္ခဲ့ပါတယ္။ ကေလးအဝတ္အစားကုမၸဏီေတြက Anastasiya နဲ႔အတူ ေၾကာ္ျငာေတြ ႐ိုက္ကူးခဲ့ပါတယ္။

Anastasiya က လူအမ်ားရဲ႕အာ႐ုံစိုက္မႈကို ရေပမယ့္လည္း သာမန္ကေလးတစ္ေယာက္လို ေနထိုင္ပါတယ္။ ေက်ာင္းလည္း ပုံမွန္တက္ၿပီး ေက်ာင္းမွာလည္း လူအမ်ားရဲ႕ခ်ဥ္းကပ္မႈကို ရရွိခဲ့ပါတယ္။ Anastasiya က ေမာ္ဒယ္အလုပ္နဲ႔ ေက်ာင္းသူဘဝကို မွ်တေအာင္လို႔ ႀကိဳးစားေနထိုင္သူပါ။ အဂၤလိပ္စာနဲ႔ အကသင္ခန္းစာေတြကိုလည္း ႀကိဳးစားပမ္းစားေလ့လာပါတယ္။ အသက္ႀကီးလာတဲ့အခါမွာ စားဖိုမႉး သို႔မဟုတ္ တိရစာၦန္ေဆးကုဆရာဝန္ျဖစ္ခ်င္တယ္လို႔ ဆိုပါတယ္။

တကယ္ေတာ့ Anastasiya တို႔မိသားစုက ဖက္ရွင္၊ ေမာ္ဒယ္လ္ေလာကနဲ႔အလွမ္းေဝးသူပါ။ သူမရဲ႕မိခင္က စီးပြားေရးပါရဂူတစ္ေယာက္ျဖစ္ပီဲး အေဖကေတာ့ ကားထုတ္လုပ္ေရးလုပ္ငန္းကို လုပ္ကိုင္ပါတယ္။ သူမထက္ အသက္ ၇ ႏွစ္ႀကီးတဲ့အစ္ကိုျဖစ္သူကေတာ့ Anastasiya အတြက္ အစြမ္းကုန္ကူညီပံ့ပိုးေပးပါတယ္။

Anastasiya ဟာ အနာဂတ္မွာလည္း ေမာ္ဒယ္လ္ေလာကမွာ ေက်ာ္ၾကားလာႏိုင္ေၾကာင္း ကြၽမ္းက်င္သူေတြက မွန္းဆၾကပါတယ္။

Zombie (lovemedia)